ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
Mark Zuckerberg သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် အဆင့်များ လျင်မြန်စွာ ခုန်ကျော်တက်နေပြီး မကြာမီတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာဖွယ်ရှိကြောင်း Business Insider သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Facebook, Instagram, Threads နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီဖြစ်သော Meta ၏ စီအီးအို Mark Zuckerberg သည် ယခုနှစ်အတွင်း ပြိုင်ဘက်ကင်း ဝင်ငွေအဖြစ် ကန်ဒေါ်လာ ၅၁ ဘီလီယံအထိ ပိုမို ချမ်းသာလာခဲ့ရာ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၇၉ ဘီလီယံရှိလာခဲ့ကြောင်း Bloomberg ဘီလျံနာ ညွှန်းကိန်းတွင် ဖော်ပြသည်။
ယခုသတင်းရေးသားနေချိန်တွင် Mark Zuckerberg သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်း၌ စတုတ္ထ နေရာတွင် ရပ်တည်နေသည်။
၎င်း၏ ရှေ့တွင် Tesla မှ Elon Musk (ကြွယ်ဝမှု ကန်ဒေါ်လာ ၂၄၈ ဘီလီယံ)၊ Amazon မှ Jeff Bezos (ကြွယ်ဝမှု ကန်ဒေါ်လာ ၂၀၂ ဘီလီယံ)နှင့် LVMH မှ Bernard Arnault (ကြွယ်ဝမှု ကန်ဒေါ်လာ ၁၈၀ ဘီလီယံ) တို့ ရပ်တည်နေသည်။
Mark Zuckerberg သည် ယခုနှစ်အစပိုင်းတွင် ဆဌမနေရာ၌ ရှိခဲ့၏။
Mark Zuckerberg သည် Elon Musk နှင့် Jeff Bezos တို့နောက်တွင် များစွာပြတ်ကျန်နေသေးသော်လည်း သို့သော် နည်းပညာကုမ္ပဏီတို့၏ ရှယ်ယာမှာ အတက်ကြမ်းလေ့ရှိတတ်သောကြောင့် ရှေ့မှ ၂ ဦးနှင့် ကြွယ်ဝမှု ကွာဟချက် အချိန်တိုအတွင်း နည်းပါးလာနိုင်ဖွယ်ရှိသည်။
သာဓကအနေဖြင့် ကြည့်မည်ဆိုလျှင် Elon Musk သည် ယခုနှစ် ဧပြီလက ကန်ဒေါ်လာ ၁၆၄ ဘီလီယံသာ ချမ်းသာသော်လည်း ၄ လတာအတွင်း ကြွယ်ဝမှု ကန်ဒေါ်လာ ၈၄ ဘီလီယံတိုးလာသည်ကို ကြည့်ပါ။
ထို့အပြင် Jeff Bezos ၏ ယခုနှစ်ဇန်နဝါရီလ ကြွယ်ဝမှုမှာ ယခု Mark Zuckerberg ချမ်းသာသလောက် မရှိခဲ့သေးချေ။
Tesla နှင့် Amazon အတွက် ကံမကောင်းသည့်နေ့အချို့ပေါ်ပေါက်ပြီး Mark Zuckerberg အတွက် ကံကောင်းသည့်နေ့အချို့ ပေါ်ပေါက်လာသည်နှင့် ထိပ်ဆုံးနေရာသို့ ချက်ချင်းရောက်လာမည် ဖြစ်သည်။
ထို့အပြင် Elon Musk နှင့် Jeff Bezos တို့ ငွေအလုံးအရင်း လှူဒါန်းမှုများ ပြုလုပ်ပါကလည်း Mark Zuckerberg ထိပ်ဆုံးနေရာသို့ ရောက်လာနိုင်သည်။
Warren Buffett ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော်ရှိသော်လည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်မလာသည့်အကြောင်းရင်းမှာလည်း သူ၏ ကြွယ်ဝမှု ထက်ဝက်ကျော်ကို လှူဒါန်းခဲ့သောကြောင့်ပင်တည်း။
Mark Zuckerberg ၏ ယခုနှစ် စီးပွားတက်မှု ပမာဏမှာ Elon Musk နှင့် Jeff Bezos တို့ထက် များပြားနေသောကြောင့်လည်း မကြာမီ ဖြတ်ကျော်သွားမည်ဟု ခန့်မှန်းနေကြခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း Mark Zuckerberg ကြွယ်ဝမှုတိုးလာသည်မှာ ကန်ဒေါ်လာ ၅၁ ဘီလီယံဖြစ်ပြီး Elon Musk မှာ ကန်ဒေါ်လာ ၁၉ ဘီလီယံ၊ Jeff Bezos မှာ ကန်ဒေါ်လာ ၂၅ ဘီလီယံ ဖြစ်သည်။
အသက်အားဖြင့်ဆိုလျှင်လည်း Mark Zuckerberg မှာ အသက် ၄၀ သာရှိသေးရာ Elon Musk (၅၃ နှစ်) နှင့် Jeff Bezos ( ၆၀ နှစ်) တို့ထက် ပိုမိုကြိုးစားရန် အချိန်ရှိနေသည်။
Warren Buffett ၏ ကြွယ်ဝမှု ၉၉ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နောက်ပိုင်းမှ ရရှိလာခြင်းဖြစ်ကြောင်း စာရေးဆရာ Morgan Housel က The Psychology of Money စာအုပ်တွင် ရေးသားခဲ့မှုကို နှိုင်းဆကြည့်နိုင်သည်။
Mark Zuckerberg သည် အသက် ငယ်ရွယ်သေးသော်လည်း စီးပွားရေးဂုရုကြီးများဖြစ်သော ဘီလ်ဂိတ်၊ Warren Buffett နှင့် Google မှ Larry Page, Sergey Brin တို့ထက် ပိုမိုချမ်းသာအောင် စွမ်းဆောင်ထား နိုင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Mark Zuckerberg could become the richest person on the planet after a $51 billion wealth surge this year (businessinsider)
[Zawgyi]
Mark Zuckerberg မွာ ယခုႏွစ္အတြင္း ကန္ေဒၚလာ ၅၁ ဘီလီယံ ပိုမိုခ်မ္းသာလာခဲ့ရာ မၾကာမီအခ်ိန္အတြင္း ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာႏိုင္ေၾကာင္း ခန္႔မွန္းၾက
Mark Zuckerberg သည္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားစာရင္းတြင္ အဆင့္မ်ား လ်င္ျမန္စြာ ခုန္ေက်ာ္တက္ေနျပီး မၾကာမီတြင္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္အျဖစ္ ထိပ္ဆံုးေနရာသို႔ ပထမဆံုးအၾကိမ္ ေရာက္ရွိလာဖြယ္ရွိေၾကာင္း Business Insider သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။
Facebook, Instagram, Threads ႏွင့္ WhatsApp တို႔၏ မိခင္ကုမၸဏီျဖစ္ေသာ Meta ၏ စီအီးအို Mark Zuckerberg သည္ ယခုႏွစ္အတြင္း ျပိဳင္ဘက္ကင္း ဝင္ေငြအျဖစ္ ကန္ေဒၚလာ ၅၁ ဘီလီယံအထိ ပိုမို ခ်မ္းသာလာခဲ့ရာ သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၇၉ ဘီလီယံရွိလာခဲ့ေၾကာင္း Bloomberg ဘီလ်ံနာ ညႊန္းကိန္းတြင္ ေဖာ္ျပသည္။
ယခုသတင္းေရးသားေနခ်ိန္တြင္ Mark Zuckerberg သည္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားစာရင္း၌ စတုတၳ ေနရာတြင္ ရပ္တည္ေနသည္။
၎၏ ေရွ႕တြင္ Tesla မွ Elon Musk (ၾကြယ္ဝမႈ ကန္ေဒၚလာ ၂၄၈ ဘီလီယံ)၊ Amazon မွ Jeff Bezos (ၾကြယ္ဝမႈ ကန္ေဒၚလာ ၂၀၂ ဘီလီယံ)ႏွင့္ LVMH မွ Bernard Arnault (ၾကြယ္ဝမႈ ကန္ေဒၚလာ ၁၈၀ ဘီလီယံ) တို႔ ရပ္တည္ေနသည္။
Mark Zuckerberg သည္ ယခုႏွစ္အစပိုင္းတြင္ ဆဌမေနရာ၌ ရွိခဲ့၏။
Mark Zuckerberg သည္ Elon Musk ႏွင့္ Jeff Bezos တို႔ေနာက္တြင္ မ်ားစြာျပတ္က်န္ေနေသးေသာ္လည္း သို႔ေသာ္ နည္းပညာကုမၸဏီတို႔၏ ရွယ္ယာမွာ အတက္ၾကမ္းေလ့ရွိတတ္ေသာေၾကာင့္ ေရွ႕မွ ၂ ဦးႏွင့္ ၾကြယ္ဝမႈ ကြာဟခ်က္ အခ်ိန္တိုအတြင္း နည္းပါးလာႏိုင္ဖြယ္ရွိသည္။
သာဓကအေနျဖင့္ ၾကည့္မည္ဆိုလွ်င္ Elon Musk သည္ ယခုႏွစ္ ဧျပီလက ကန္ေဒၚလာ ၁၆၄ ဘီလီယံသာ ခ်မ္းသာေသာ္လည္း ၄ လတာအတြင္း ၾကြယ္ဝမႈ ကန္ေဒၚလာ ၈၄ ဘီလီယံတိုးလာသည္ကို ၾကည့္ပါ။
ထို႔အျပင္ Jeff Bezos ၏ ယခုႏွစ္ဇန္နဝါရီလ ၾကြယ္ဝမႈမွာ ယခု Mark Zuckerberg ခ်မ္းသာသေလာက္ မရွိခဲ့ေသးေခ်။
Tesla ႏွင့္ Amazon အတြက္ ကံမေကာင္းသည့္ေန႔အခ်ဳိ႕ေပၚေပါက္ျပီး Mark Zuckerberg အတြက္ ကံေကာင္းသည့္ေန႔အခ်ိဳ႕ ေပၚေပါက္လာသည္ႏွင့္ ထိပ္ဆံုးေနရာသို႔ ခ်က္ခ်င္းေရာက္လာမည္ ျဖစ္သည္။
ထို႔အျပင္ Elon Musk ႏွင့္ Jeff Bezos တုိ႔ ေငြအလံုးအရင္း လွဴဒါန္းမႈမ်ား ျပဳလုပ္ပါကလည္း Mark Zuckerberg ထိပ္ဆံုးေနရာသို႔ ေရာက္လာႏိုင္သည္။
Warren Buffett ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၃၀၀ ဘီလီယံေက်ာ္ရွိေသာ္လည္း ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ ျဖစ္မလာသည့္အေၾကာင္းရင္းမွာလည္း သူ၏ ၾကြယ္ဝမႈ ထက္ဝက္ေက်ာ္ကို လွဴဒါန္းခဲ့ေသာေၾကာင့္ပင္တည္း။
Mark Zuckerberg ၏ ယခုႏွစ္ စီးပြားတက္မႈ ပမာဏမွာ Elon Musk ႏွင့္ Jeff Bezos တုိ႔ထက္ မ်ားျပားေနေသာေၾကာင့္လည္း မၾကာမီ ျဖတ္ေက်ာ္သြားမည္ဟု ခန္႔မွန္းေနၾကျခင္း ျဖစ္သည္။
ယခုႏွစ္အတြင္း Mark Zuckerberg ၾကြယ္ဝမႈတိုးလာသည္မွာ ကန္ေဒၚလာ ၅၁ ဘီလီယံျဖစ္ျပီး Elon Musk မွာ ကန္ေဒၚလာ ၁၉ ဘီလီယံ၊ Jeff Bezos မွာ ကန္ေဒၚလာ ၂၅ ဘီလီယံ ျဖစ္သည္။
အသက္အားျဖင့္ဆိုလွ်င္လည္း Mark Zuckerberg မွာ အသက္ ၄၀ သာရွိေသးရာ Elon Musk (၅၃ ႏွစ္) ႏွင့္ Jeff Bezos ( ၆၀ ႏွစ္) တို႔ထက္ ပိုမိုၾကိဳးစားရန္ အခ်ိန္ရွိေနသည္။
Warren Buffett ၏ ၾကြယ္ဝမႈ ၉၉ ရာခုိင္ႏႈန္းမွာ အသက္ ၆၅ ႏွစ္ေနာက္ပိုင္းမွ ရရွိလာျခင္းျဖစ္ေၾကာင္း စာေရးဆရာ Morgan Housel က The Psychology of Money စာအုပ္တြင္ ေရးသားခဲ့မႈကို ႏိႈင္းဆၾကည့္ႏိုင္သည္။
Mark Zuckerberg သည္ အသက္ ငယ္ရြယ္ေသးေသာ္လည္း စီးပြားေရးဂုရုၾကီးမ်ားျဖစ္ေသာ ဘီလ္ဂိတ္၊ Warren Buffett ႏွင့္ Google မွ Larry Page, Sergey Brin တုိ႔ထက္ ပိုမိုခ်မ္းသာေအာင္ စြမ္းေဆာင္ထား ႏိုင္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Mark Zuckerberg could become the richest person on the planet after a $51 billion wealth surge this year (businessinsider)