Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရှိတော့၍ ယောက္ခအိမ်မှ မြေတိုက်ခန်းထဲ သွားနေရလျှင်ပင် မမှုခဲ့ကြောင်း ၎င်း၏ ဇနီးဟောင်း ပြောပြ

Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရှိတော့၍ ယောက္ခအိမ်မှ မြေတိုက်ခန်းထဲ သွားနေရလျှင်ပင် မမှုခဲ့ကြောင်း ၎င်း၏ ဇနီးဟောင်း ပြောပြ - Property News in Myanmar from iMyanmarHouse.com
19 Sep 2024 10:01 am တွင် တင်ခဲ့သည်
928 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပ်စတင် မတ်စ်သည် လက်ရှိ ကမ္ဘာ့အကျော်ကြားဆုံး စီးပွားရေးလုပ်ငန်းရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သော Elon Musk နှင့် အတူနေထိုင်ဖြတ်သန်းခဲ့သည့် ဖြစ်ရပ်များအကြောင်း ပြောစရာ အများအပြား ရှိနေသည်။

ဂျပ်စတင် မတ်စ်သည် Elon Musk ၏ ပထမဇနီး၊ ကလေး ၅ ယောက်မိခင် ဖြစ်သည်။

TEDxUIUC ကွန်ဖရင့်တွင် Visionaries are People who can see in the dark ခေါင်းစဉ်ဖြင့် ဆွေးနွေးကြ ရာ၌ ဂျပ်စတင် မတ်စ်က သူတို့နှစ်ဦး ကောလိပ်တွင် စတင်ဆုံစည်းခဲ့ချိန်မှ စကာ ဖြတ်သန်းမှု အတွေ့အကြုံများ အကြောင်း မသိုမဝှက် ပြောပြခဲ့သည်။

“ကျွန်မတို့ စတွေ့တဲ့အချိန်မှာ ကျွန်မက ၁၈ နှစ်၊ သူက ၁၉ နှစ်ပေါ့။” ဟု ဂျပ်စတင် မတ်စ်က ဆိုသည်။

၎င်းတို့၏ ဘဝလမ်းကြောင်းများ ကောလိပ်တွင် စတင်ထိတွေ့ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။

Elon Musk မှာ ယခုဖြတ်သန်းနေသော ဘဝကိုရောက်ရန် ထိုစဉ်ကတည်းက အခိုင်အမာဆုံးဖြတ် ရည်မှန်း ထားခဲ့သူ ဖြစ်၏။

“သူက ကျွန်မကို ဖုန်းခေါ်..အပြင်သွားဖို့ပြော…။ ကျွန်မက မသွားဘူးလို့ ငြင်း…ဒီလိုနဲ့ပဲ ကျွန်မတို့ နှစ်ယောက် အတူနေခဲ့ကြပါတယ်”

၎င်းတို့နှစ်ဦးသည် အခြားအခန်းဖော် ၃ ဦးနှင့်အတူ တိုက်ခန်းငယ်လေးတစ်ခုတွင် စုပေါင်းနေထိုင်ခဲ့ကြ၏။

ထိုစဉ်က ၎င်းတို့စုံတွဲနှင့်အတူ ကျောရှည်ခွေးပုတစ်ကောင်လည်းရှိပြီး အိမ်ပြင်တွင် အပေါ့အလေးသွားရန် သင်ပေးမထားသောခွေးဖြစ်ကြောင်း ဂျပ်စတင်မတ်စ်က ပြောသည်။

နောင်အခါတွင် Bel Air ရှိ စံအိမ်ကြီးတစ်လုံးသို့ ပြောင်းရွှေ့နေထိုင်သောအခါတွင်လည်း ထိုခွေးမှာ အပြင်တွင် အပေါ့အလေးမသွားတတ်သေးကြောင်း သူမက ပြောပြသည်။

စီးပွားရေးနယ်တွင် အလွန်အောင်မြင်မှုရလာသည့်တိုင် အချို့အရာများမှာ ယခင်အတိုင်းမပြောင်းလဲခဲ့။

Elon Musk ကို အများက အလွန်ခမ်းနားကြီးကျယ်သူဟု မှတ်ထင်ကြသော်လည်း ဂျပ်စတင် မတ်စ်က ပြောပြသည်မှာ Elon Musk သည် ရုံးကိစ္စ ဖောင်ဖြည့်ရသည့်အခါမျိုးတွင် မိမိကိုယ်ကို စီအီးအိုဟု ဖော်ပြခြင်းမပြုဘဲ အင်ဂျင်နီယာဟုသာ ရေးသားလေ့ရှိသည်ဟု ဆိုသည်။

Elon Musk ၏ အဝတ်ဗီရိုတွင်လည်း အများစုမှာ တီရှပ်နှင့် ဂျင်းဘောင်းဘီများသာ။

Elon Musk ၏ ဒီဇိုင်းပုံစံကို ပြောင်းပေးရန် ဒီဇိုင်နာတစ်ဦးက ကြိုးစားခဲ့သော်လည်း Elon Musk က “ကျွန်တော်က သားနား ခေတ်မီနေလို့ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အင်ဂျင်နီယာ တစ်ယောက်လို ဖြစ်နေမှရမယ်” ဟု ပြောလေ့ရှိသည်။

ဂျပ်စတင် မတ်စ် မျက်လုံးပြူးခဲ့ရသည့် ဖြစ်ရပ်တစ်ခုမှာ Elon Musk က အာကာသအတွင်းသို့ ဒုံးပျံ လွှတ်တင်ရေး ရည်မှန်းချက် အထမြောက်ရန် အရာအားလုံးကို စတေးရန် ပြင်ဆင်ထားကြောင်း၊ မိမိတို့ တမိသားစုလုံး နေစရာ မရှိဘဲ ယောက္ခမအိမ် မြေအောက်ခန်းတွင် နေရမည်ဆိုလျှင်ပင် မမှုကြောင်း ပြောခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

“ကျွန်မ…အဲဒီအချိန်ကို ပြန်သွားပြီး သူ့ကို တစ်ခု ပြန်ပြောချင်တယ်…ကျွန်မ မိဘတွေရဲ့ မြေအောက်ခန်းကို ရှင်မြင်ဖူးလား..လို့” ဟု ဂျပ်စတင်မတ်စ်က ပြောသည်။

Elon Musk ၏ စိတ်ကို ကျွန်ုပ်တို့အများစု မည်သည့်အခါမှ အပြည့်အဝ နားလည်နိုင်မည်မဟုတ်ချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk's Ex-Wife And Mom Of 5 Says He Was Willing To Give Up His Fortune For Space Goals, Even If It Meant Moving In With Her Parents (benzinga)

Photo Cerdit - Getty Images

[Zawgyi]

Elon Musk က အာကာသအတြင္း ဒံုးပ်ံလႊတ္တင္ႏိုင္ေရးအတြက္ မိမိပိုင္ဆိုင္သမွ် အားလံုး ေရာင္းခ် သံုးစြဲရန္ႏွင့္ မိသားစု ေနစရာမရွိေတာ့၍ ေယာကၡအိမ္မွ ေျမတိုက္ခန္းထဲ သြားေနရလွ်င္ပင္ မမႈခဲ့ေၾကာင္း ၎၏ ဇနီးေဟာင္း ေျပာျပ

ဂ်ပ္စတင္ မတ္စ္သည္ လက္ရွိ ကမၻာ့အေက်ာ္ၾကားဆံုး စီးပြားေရးလုပ္ငန္းရွင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္ေသာ Elon Musk ႏွင့္ အတူေနထုိင္ျဖတ္သန္းခဲ့သည့္ ျဖစ္ရပ္မ်ားအေၾကာင္း ေျပာစရာ အမ်ားအျပား ရွိေနသည္။

ဂ်ပ္စတင္ မတ္စ္သည္ Elon Musk ၏ ပထမဇနီး၊ ကေလး ၅ ေယာက္မိခင္ ျဖစ္သည္။

TEDxUIUC ကြန္ဖရင့္တြင္ Visionaries are People who can see in the dark ေခါင္းစဥ္ျဖင့္ ေဆြးေႏြးၾက ရာ၌ ဂ်ပ္စတင္ မတ္စ္က သူတို႔ႏွစ္ဦး ေကာလိပ္တြင္ စတင္ဆံုစည္းခဲ့ခ်ိန္မွ စကာ ျဖတ္သန္းမႈ အေတြ႔အၾကံဳမ်ား အေၾကာင္း မသိုမဝွက္ ေျပာျပခဲ့သည္။

“ကၽြန္မတို႔ စေတြ႔တဲ့အခ်ိန္မွာ ကၽြန္မက ၁၈ ႏွစ္၊ သူက ၁၉ ႏွစ္ေပါ့။” ဟု ဂ်ပ္စတင္ မတ္စ္က ဆိုသည္။

၎တုိ႔၏ ဘဝလမ္းေၾကာင္းမ်ား ေကာလိပ္တြင္ စတင္ထိေတြ႔ဆံုစည္းခဲ့ၾကျခင္း ျဖစ္သည္။

Elon Musk မွာ ယခုျဖတ္သန္းေနေသာ ဘဝကိုေရာက္ရန္ ထိုစဥ္ကတည္းက အခိုင္အမာဆံုးျဖတ္ ရည္မွန္း ထားခဲ့သူ ျဖစ္၏။

“သူက ကၽြန္မကို ဖုန္းေခၚ..အျပင္သြားဖုိ႔ေျပာ…။ ကၽြန္မက မသြားဘူးလို႔ ျငင္း…ဒီလိုနဲ႔ပဲ ကၽြန္မတို႔ ႏွစ္ေယာက္ အတူေနခဲ့ၾကပါတယ္”

၎တို႔ႏွစ္ဦးသည္ အျခားအခန္းေဖာ္ ၃ ဦးႏွင့္အတူ တိုက္ခန္းငယ္ေလးတစ္ခုတြင္ စုေပါင္းေနထိုင္ခဲ့ၾက၏။

ထိုစဥ္က ၎တို႔စံုတြဲႏွင့္အတူ ေက်ာရွည္ေခြးပုတစ္ေကာင္လည္းရွိျပီး အိမ္ျပင္တြင္ အေပါ့အေလးသြားရန္ သင္ေပးမထားေသာေခြးျဖစ္ေၾကာင္း ဂ်ပ္စတင္မတ္စ္က ေျပာသည္။

ေနာင္အခါတြင္ Bel Air ရွိ စံအိမ္ၾကီးတစ္လံုးသို႔ ေျပာင္းေရႊ႕ေနထိုင္ေသာအခါတြင္လည္း ထိုေခြးမွာ အျပင္တြင္ အေပါ့အေလးမသြားတတ္ေသးေၾကာင္း သူမက ေျပာျပသည္။

စီးပြားေရးနယ္တြင္ အလြန္ေအာင္ျမင္မႈရလာသည့္တိုင္ အခ်ဳိ႕အရာမ်ားမွာ ယခင္အတိုင္းမေျပာင္းလဲခဲ့။

Elon Musk ကို အမ်ားက အလြန္ခမ္းနားၾကီးက်ယ္သူဟု မွတ္ထင္ၾကေသာ္လည္း ဂ်ပ္စတင္ မတ္စ္က ေျပာျပသည္မွာ Elon Musk သည္ ရံုးကိစၥ ေဖာင္ျဖည့္ရသည့္အခါမ်ဳိးတြင္ မိမိကိုယ္ကို စီအီးအိုဟု ေဖာ္ျပျခင္းမျပဳဘဲ အင္ဂ်င္နီယာဟုသာ ေရးသားေလ့ရွိသည္ဟု ဆိုသည္။

Elon Musk ၏ အဝတ္ဗီရိုတြင္လည္း အမ်ားစုမွာ တီရွပ္ႏွင့္ ဂ်င္းေဘာင္းဘီမ်ားသာ။

Elon Musk ၏ ဒီဇိုင္းပံုစံကို ေျပာင္းေပးရန္ ဒီဇုိင္နာတစ္ဦးက ၾကိဳးစားခဲ့ေသာ္လည္း Elon Musk က “ကၽြန္ေတာ္က သားနား ေခတ္မီေနလို႔ မျဖစ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္က အင္ဂ်င္နီယာ တစ္ေယာက္လို ျဖစ္ေနမွရမယ္” ဟု ေျပာေလ့ရွိသည္။

ဂ်ပ္စတင္ မတ္စ္ မ်က္လံုးျပဴးခဲ့ရသည့္ ျဖစ္ရပ္တစ္ခုမွာ Elon Musk က အာကာသအတြင္းသို႔ ဒံုးပ်ံ လႊတ္တင္ေရး ရည္မွန္းခ်က္ အထေျမာက္ရန္ အရာအားလံုးကို စေတးရန္ ျပင္ဆင္ထားေၾကာင္း၊ မိမိတို႔ တမိသားစုလံုး ေနစရာ မရွိဘဲ ေယာကၡမအိမ္ ေျမေအာက္ခန္းတြင္ ေနရမည္ဆုိလွ်င္ပင္ မမႈေၾကာင္း ေျပာခဲ့သည့္ ျဖစ္ရပ္ျဖစ္သည္။

“ကၽြန္မ…အဲဒီအခ်ိန္ကို ျပန္သြားျပီး သူ႔ကို တစ္ခု ျပန္ေျပာခ်င္တယ္…ကၽြန္မ မိဘေတြရဲ႕ ေျမေအာက္ခန္းကို ရွင္ျမင္ဖူးလား..လို႔” ဟု ဂ်ပ္စတင္မတ္စ္က ေျပာသည္။

Elon Musk ၏ စိတ္ကို ကၽြႏု္ပ္တို႔အမ်ားစု မည္သည့္အခါမွ အျပည့္အဝ နားလည္ႏိုင္မည္မဟုတ္ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk's Ex-Wife And Mom Of 5 Says He Was Willing To Give Up His Fortune For Space Goals, Even If It Meant Moving In With Her Parents (benzinga)

Photo Cerdit - Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service