နယူးဇီလန်နိုင်ငံတွင် ဆေးခန်းကလေးတစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီး နောင်အခါအတွင် တစ်နိုင်ငံလုံး၌ အကြီးမားဆုံး ဆေးရုံအုပ်စုကြီး ပိုင်ဆိုင်လာသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ရန်ဂျ်နာ ပတဲလ်က သူ၏ စည်းစိမ်များကို လှူဒါန်း ပေးကမ်းပစ်

နယူးဇီလန်နိုင်ငံတွင် ဆေးခန်းကလေးတစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီး နောင်အခါအတွင် တစ်နိုင်ငံလုံး၌ အကြီးမားဆုံး ဆေးရုံအုပ်စုကြီး ပိုင်ဆိုင်လာသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ရန်ဂျ်နာ ပတဲလ်က သူ၏ စည်းစိမ်များကို လှူဒါန်း ပေးကမ်းပစ် - Property Knowledge in Myanmar from iMyanmarHouse.com
17 Sep 2024 11:01 am တွင် တင်ခဲ့သည်
438 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

နယူးဇီလန်နိုင်ငံတွင် ဆေးခန်းကလေးတစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီး နောင်အခါအတွင် တစ်နိုင်ငံလုံး၌ အကြီးမားဆုံး ဆေးရုံအုပ်စုကြီး ပိုင်ဆိုင်လာသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ရန်ဂျ်နာ ပတဲလ်က သူ၏ စည်းစိမ်များကို လှူဒါန်း ပေးကမ်းပစ်

ရန်ဂျ်နာ ပတဲလ်နှင့် ခင်ပွန်းဖြစ်သူတို့သည် အောင်မြင်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကွန်ရက်ကြီး တစ်ခုကို တည်ထောင်နိုင်ခဲ့ပြီးနောက်ပိုင်း အများနှင့် ကွဲပြားသော လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။

၎င်းတို့ ရှာဖွေစုဆောင်းခဲ့သော ဒေါ်လာ သန်းပေါင်းများစွာကို မည်သို့မည်ပုံ အသုံးပြုလိုက်သနည်း။

သန်းကြွယ်သူဌေး ရန်ဂျ်နာ ပတဲလ်အတွက် ချမ်းသာကြွယ်ဝမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ခိုလှုံရာ အရိပ်အမိုး တစ်ခု၊ စားပွဲပေါ်တွင် စားစရာရှိခြင်း၊ သွားလာစရာ ကားတစ်စင်းရှိခြင်း ဖြစ်သည်။

“ပစ္စည်းဥစ္စာ ဒါ့ထက်များလာရင် ဟာသဖြစ်လာတယ်။ ဘယ်အချိန်မှာ ကိုယ့်အတွက် လုံလောက်ပြီလဲဆိုတာ သိဖို့လိုပါတယ်” ဟု ပတဲလ်က ပြောသည်။

ပတဲလ်နှင့် ခင်ပွန်းဖြစ်သူ ဆရာဝန် ကန်တီးလာတို့မှာ များစွာကြွယ်ဝချမ်းသာသည်။

၎င်းတို့ ဇနီးမောင်နှံသည် Tamaki Health အမည်ရှိ ဆေးရုံအုပ်စုကြီးကို တည်ထောင်ထားသည်။

၁၉၇၇ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၊ Otara မြို့၌ ဆေးခန်းတစ်ခုဖွင့်ကာ စတင်ခဲ့ကြခြင်း ဖြစ်သည်။

(မှတ်ချက်။ နယူးဇီလန်နိုင်ငံသည် သြစတေးလျနိုင်ငံ၏ အရှေ့တောင်ဘက် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း တည်ရှိပြီး တောင်ပိုင်းနှင့် မြောက်ပိုင်း ကျွန်းကြီး ၂ ခုဖြင့် ဖွဲ့စည်းထားသည်။Auckland သည် မြောက်ဘက်ရှိ ကျွန်းကြီး၏ မြောက်ဖျားပိုင်းတွင် တည်ရှိသည်။)

နောင်အခါတွင် နယူးဇီလန်၌ ပုဂ္ဂလိကပိုင် အကြီးမားဆုံး ဆေးရုံအုပ်စု ဖြစ်လာခဲ့သည်။ ပတဲလ်သည် စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာ ဆုတံဆိပ်ပေါင်းများစွာ ရရှိထားပြီးလည်း ဖြစ်သည်။

ပတဲလ်တို့ ဇနီးမောင်နှံသည် ၂၀၂၂ ခုနှစ်တွင် အဆိုပါလုပ်ငန်းကြီးရှိ ရှယ်ယာများအားလုံးကို ရောင်းချကာ အများပြည်သူ အကျိုးပြုလုပ်ငန်းများကို အာရုံစိုက်လုပ်ကိုင်နေသည်။

ယင်းအနက် Auckland မြို့၊ Papatoetoe အရပ်တွင်ဟိန္ဒူဘုရားကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းမှု၊ နယူးဇီလန်ရှိ မိသားစု အန္တရာယ်များ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးသည့် Gandhi Nivas အမည်ရှိ အဖွဲ့တစ်ခု တည်ထောင်ခဲ့ခြင်းများ အပါအဝင် ဖြစ်သည်။

(မှတ်ချက်။ နယူးဇီလန်တွင် အမျိုးသားတစ်ဦးသည် ‘ရဲတပ်ဖွဲ့ လုံခြုံရေးအမိန့်’ (PSO) ထုတ်ပြန်ခြင်းခံရပါက ထိုအမျိုးသားမှာ သူ၏မိသားစုနေထိုင်ရာအိမ်သို့ သတ်မှတ်ထားသည့် အချိန်ကာလအပိုင်းအခြားတစ်ခု သွားရောက်ခွင့် မရှိချေ။ ထိုသို့ အမိန့်ထုတ်ခံရသော အမျိုးသားကို ရဲတပ်ဖွဲ့က Gandhi Nivas အဖွဲ့မှ ဆောက်လုပ်ပေးထားသော နေအိမ် ၃ လုံးအနက်တစ်ခုသို့ ခေါ်ဆောင်သွားကာ နေထိုင်စေလေ့ရှိသည်။ ထိုသို့ လုပ်ဆောင်သောကြောင့် မိသားစုအတွင်း အန္တရာယ်ကျရောက်မှုများ ကျဆင်းသွားစေခဲ့ပြီး ဘေးကင်းလုံခြုံမှု မြင့်တက်လာစေခဲ့သည်)

ပတဲလ်သည် RNZ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့သည်။

(ရန်ဂျ်နာ ပတဲလ်က RNZ သတင်းဌာနမှ Anusha Bradely နှင့် သျှရီ ဆွာမိ နာရယန်းဘုရားကျောင်းတွင် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ပုံ။ ဓာတ်ပုံ-RNZ/ Cole Eastham-Farrelly)

ပတဲလ်က ၎င်းတို့၏ ကြွယ်ဝမှုမှ မည်မျှလှူဒါန်းခဲ့သည်ကိုမူ အတိအကျ ထုတ်ဖော်မပြောခဲ့သော်လည်း ပိုင်ဆိုင်မှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ခန့်မှန်းပြောကြားသည်။

တတိယမျိုးဆက် နယူးဇီလန်တို့ကမူ ပတဲလ်၏ လုပ်ရပ်မှာ ဉာဏ်မရှိသောလုပ်ရပ်ဟု ရှုမြင်ကြဖွယ်ရှိသည်။

“အရှေ့တိုင်းယုံကြည်ချက်က များများလှူလေ များများပြန်ရလေပဲ။ ကျွန်မတို့မှာလည်း ဒီအတိုင်း အကျိုးပေးမှု ခံစားရတယ်လို့ ကျွန်မထင်ပါတယ်”

“ပြန်လည်ပေးဆပ်တာဟာ ကိုယ့်အတွက် အကြီးမားဆုံးခွန်အားပါပဲ။ အသက် ၆၀ ကျော်ပြီးနောက်ပိုင်း ကျွန်မ တွေးမိတာက….ငါ့အတွက် ဘာတွေများ ထပ်ပြီး လိုအပ်ဦးမှာလဲ...လို့ တွေးမိပါတယ်။ အခုကျွန်မအသက် ၇၀ နီးပါးရှိပါပြီ။ ကျွန်မခံစားရတာက ကိုယ်ဘယ်နှစ်နှစ်လောက် နေရဦးမလဲဆိုတာပဲ။ ကောင်းတာတွေ ဘာတွေ လုပ်နိုင်မလဲ။ တမူကွဲပြားတာ ဘာတွေလုပ်နိုင်မလဲ”

“ဒီဘုရားကျောင်းဟာ ကျွန်မတို့ရဲ့ အံ့အားသင့်ဖွယ်လုပ်ဆောင်ချက်တွေ ပေါက်ဖွားရာနေရာပါပဲ”

ရန်ဂျ်နာ ပတဲလ်သည် မိသားစု၏ သစ်သီးဆိုင်လေးတွင် ဈေးရောင်းပေးရင်း customer တို့အား ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းကျွမ်းကျင်မှုကို လေ့လာသင်ယူခဲ့သည်။

“ကျောင်းအားချိန်တွေမှာ ကျွန်မတို့ရဲ့ အလုပ်က ဆိုင်မှာ ဝိုင်းကူဖို့ပါ။ customer ကို ပဓာနပြုတဲ့ ဝန်ဆောင်မှုကို လျင်မြန်စွာ လေ့လာတတ်မြောက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်တုန်းက ဈေးဝယ်သူတွေက ဆိုင်ထဲက ဘယ်ပစ္စည်းကိုမှ လက်ဖျားနဲ့တောင် မထိကြပါဘူး။ သူတို့အတွက် အိတ်တစ်လုံးထဲမှာ ကိုယ်တိုင်ထည့်ပေးရပါတယ်။”

“ဈေးဝယ်တစ်ယောက်က မက်မွန်းသီး တစ်ပေါင်လိုချင်တယ်ဆိုရင် အကောင်းဆုံးအသီးတွေကိုပဲ ရွေးထည့်ပေးရတယ်။ ဘာကြောင့်လဲဆိုတော့ အနာအဆာရှိတဲ့အသီးတွေပေးမိရင် သူတို့က ပြန်ယူလာတယ်။ ဒါမှမဟုတ် နောက်ကို လာမဝယ်ကြတော့ဘူး”

သစ်သီးဆိုင်လေးတွင် ဈေးရောင်းရင်း ပတဲလ်သည် ငွေ၏တန်ဖိုးကို လေ့လာသင်ယူခဲ့သလို customer များအပေါ် ဝေဖန်မှုများ မလုပ်ခြင်း၏ အရေးကြီးပုံကို လေ့လာသင်ယူသိရှိခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Auckland millionaire businesswoman Ranjna Patel on giving wealth away (nzherald, gandhinivas) Photo Credit- RNZ/ Cole Eastham-Farrelly

[Zawgyi]

နယူးဇီလန္ႏိုင္ငံတြင္ ေဆးခန္းကေလးတစ္ခု စတင္ဖြင့္လွစ္ခဲ့ျပီး ေနာင္အခါအတြင္ တစ္ႏိုင္ငံလံုး၌ အၾကီးမားဆံုး ေဆးရံုအုပ္စုၾကီး ပိုင္ဆိုင္လာသည့္ စီးပြားေရးလုပ္ငန္းရွင္ အမ်ဳိးသမီးၾကီး ရန္ဂ်္နာ ပတဲလ္က သူ၏ စည္းစိမ္မ်ားကို လွဴဒါန္း ေပးကမ္းပစ္

ရန္ဂ်္နာ ပတဲလ္ႏွင့္ ခင္ပြန္းျဖစ္သူတို႔သည္ ေအာင္ျမင္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းကြန္ရက္ၾကီး တစ္ခုကို တည္ေထာင္ႏိုင္ခဲ့ျပီးေနာက္ပိုင္း အမ်ားႏွင့္ ကြဲျပားေသာ လမ္းေၾကာင္းကို ေရြးခ်ယ္ခဲ့ၾကသည္။

၎တို႔ ရွာေဖြစုေဆာင္းခဲ့ေသာ ေဒၚလာ သန္းေပါင္းမ်ားစြာကို မည္သို႔မည္ပံု အသံုးျပဳလုိက္သနည္း။

သန္းၾကြယ္သူေဌး ရန္ဂ်္နာ ပတဲလ္အတြက္ ခ်မ္းသာၾကြယ္ဝမႈ၏ အဓိပၸာယ္ဖြင့္ဆိုခ်က္မွာ ခိုလံႈရာ အရိပ္အမိုး တစ္ခု၊ စားပြဲေပၚတြင္ စားစရာရွိျခင္း၊ သြားလာစရာ ကားတစ္စင္းရွိျခင္း ျဖစ္သည္။

“ပစၥည္းဥစၥာ ဒါ့ထက္မ်ားလာရင္ ဟာသျဖစ္လာတယ္။ ဘယ္အခ်ိန္မွာ ကိုယ့္အတြက္ လံုေလာက္ျပီလဲဆိုတာ သိဖုိ႔လိုပါတယ္” ဟု ပတဲလ္က ေျပာသည္။

ပတဲလ္ႏွင့္ ခင္ပြန္းျဖစ္သူ ဆရာဝန္ ကန္တီးလာတို႔မွာ မ်ားစြာၾကြယ္ဝခ်မ္းသာသည္။

၎တို႔ ဇနီးေမာင္ႏွံသည္ Tamaki Health အမည္ရွိ ေဆးရံုအုပ္စုၾကီးကို တည္ေထာင္ထားသည္။

၁၉၇၇ ခုႏွစ္တြင္ နယူးဇီလန္ႏိုင္ငံ၊ Otara ျမိဳ႕၌ ေဆးခန္းတစ္ခုဖြင့္ကာ စတင္ခဲ့ၾကျခင္း ျဖစ္သည္။

(မွတ္ခ်က္။ နယူးဇီလန္ႏိုင္ငံသည္ ၾသစေတးလ်ႏိုင္ငံ၏ အေရွ႕ေတာင္ဘက္ ေတာင္ပစိဖိတ္သမုဒၵရာအတြင္း တည္ရွိျပီး ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္း ကၽြန္းၾကီး ၂ ခုျဖင့္ ဖြဲ႔စည္းထားသည္။Auckland သည္ ေျမာက္ဘက္ရွိ ကၽြန္းၾကီး၏ ေျမာက္ဖ်ားပိုင္းတြင္ တည္ရွိသည္။)

ေနာင္အခါတြင္ နယူးဇီလန္၌ ပုဂၢလိကပိုင္ အၾကီးမားဆံုး ေဆးရံုအုပ္စု ျဖစ္လာခဲ့သည္။ ပတဲလ္သည္ စီးပြားေရးစြမ္းေဆာင္မႈဆိုင္ရာ ဆုတံဆိပ္ေပါင္းမ်ားစြာ ရရွိထားျပီးလည္း ျဖစ္သည္။

ပတဲလ္တို႔ ဇနီးေမာင္ႏွံသည္ ၂၀၂၂ ခုႏွစ္တြင္ အဆိုပါလုပ္ငန္းၾကီးရွိ ရွယ္ယာမ်ားအားလံုးကို ေရာင္းခ်ကာ အမ်ားျပည္သူ အက်ဳိးျပဳလုပ္ငန္းမ်ားကို အာရံုစိုက္လုပ္ကိုင္ေနသည္။

ယင္းအနက္ Auckland ျမိဳ႕၊ Papatoetoe အရပ္တြင္ဟိႏၵဴဘုရားေက်ာင္းတစ္ခု ေဆာက္လုပ္လွဴဒါန္းမႈ၊ နယူးဇီလန္ရွိ မိသားစု အႏၱရာယ္မ်ား ၾကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေပးသည့္ Gandhi Nivas အမည္ရွိ အဖြဲ႔တစ္ခု တည္ေထာင္ခဲ့ျခင္းမ်ား အပါအဝင္ ျဖစ္သည္။

(မွတ္ခ်က္။ နယူးဇီလန္တြင္ အမ်ဳိးသားတစ္ဦးသည္ ‘ရဲတပ္ဖြဲ႔ လံုျခံဳေရးအမိန္႔’ (PSO) ထုတ္ျပန္ျခင္းခံရပါက ထိုအမ်ဳိးသားမွာ သူ၏မိသားစုေနထုိင္ရာအိမ္သုိ႔ သတ္မွတ္ထားသည့္ အခ်ိန္ကာလအပိုင္းအျခားတစ္ခု သြားေရာက္ခြင့္ မရွိေခ်။ ထိုသို႔ အမိန္႔ထုတ္ခံရေသာ အမ်ဳိးသားကို ရဲတပ္ဖြဲ႔က Gandhi Nivas အဖြဲ႔မွ ေဆာက္လုပ္ေပးထားေသာ ေနအိမ္ ၃ လံုးအနက္တစ္ခုသို႔ ေခၚေဆာင္သြားကာ ေနထုိင္ေစေလ့ရွိသည္။ ထိုသို႔ လုပ္ေဆာင္ေသာေၾကာင့္ မိသားစုအတြင္း အႏၱရာယ္က်ေရာက္မႈမ်ား က်ဆင္းသြားေစခဲ့ျပီး ေဘးကင္းလံုျခံဳမႈ ျမင့္တက္လာေစခဲ့သည္)

ပတဲလ္သည္ RNZ သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတစ္ခု ျပဳလုပ္ခဲ့သည္။

(ရန္ဂ်္နာ ပတဲလ္က RNZ သတင္းဌာနမွ Anusha Bradely ႏွင့္ သွ်ရီ ဆြာမိ နာရယန္းဘုရားေက်ာင္းတြင္ ေတြ႔ဆံုေမးျမန္းခန္း ျပဳလုပ္ခဲ့ပံု။ ဓာတ္ပံု-RNZ/ Cole Eastham-Farrelly)

ပတဲလ္က ၎တုိ႔၏ ၾကြယ္ဝမႈမွ မည္မွ်လွဴဒါန္းခဲ့သည္ကိုမူ အတိအက် ထုတ္ေဖာ္မေျပာခဲ့ေသာ္လည္း ပိုင္ဆိုင္မႈ၏ ၄၀ ရာခိုင္ႏႈန္းခန္႔ရွိေၾကာင္း ခန္႔မွန္းေျပာၾကားသည္။

တတိယမ်ဳိးဆက္ နယူးဇီလန္တို႔ကမူ ပတဲလ္၏ လုပ္ရပ္မွာ ဥာဏ္မရွိေသာလုပ္ရပ္ဟု ရႈျမင္ၾကဖြယ္ရွိသည္။

“အေရွ႕တုိင္းယံုၾကည္ခ်က္က မ်ားမ်ားလွဴေလ မ်ားမ်ားျပန္ရေလပဲ။ ကၽြန္မတို႔မွာလည္း ဒီအတိုင္း အက်ဳိးေပးမႈ ခံစားရတယ္လို႔ ကၽြႏ္မထင္ပါတယ္”

“ျပန္လည္ေပးဆပ္တာဟာ ကိုယ့္အတြက္ အၾကီးမားဆံုးခြန္အားပါပဲ။ အသက္ ၆၀ ေက်ာ္ျပီးေနာက္ပိုင္း ကၽြန္မ ေတြးမိတာက….ငါ့အတြက္ ဘာေတြမ်ား ထပ္ျပီး လိုအပ္ဦးမွာလဲ...လို႔ ေတြးမိပါတယ္။ အခုကၽြန္မအသက္ ၇၀ နီးပါးရွိပါျပီ။ ကၽြန္မခံစားရတာက ကိုယ္ဘယ္ႏွစ္ႏွစ္ေလာက္ ေနရဦးမလဲဆိုတာပဲ။ ေကာင္းတာေတြ ဘာေတြ လုပ္ႏိုင္မလဲ။ တမူကြဲျပားတာ ဘာေတြလုပ္ႏိုင္မလဲ”

“ဒီဘုရားေက်ာင္းဟာ ကၽြန္မတို႔ရဲ႕ အံ့အားသင့္ဖြယ္လုပ္ေဆာင္ခ်က္ေတြ ေပါက္ဖြားရာေနရာပါပဲ”

ရန္ဂ်္နာ ပတဲလ္သည္ မိသားစု၏ သစ္သီးဆိုင္ေလးတြင္ ေစ်းေရာင္းေပးရင္း customer တို႔အား ဝန္ေဆာင္မႈ ေပးသည့္ လုပ္ငန္းကၽြမ္းက်င္မႈကို ေလ့လာသင္ယူခဲ့သည္။

“ေက်ာင္းအားခ်ိန္ေတြမွာ ကၽြန္မတို႔ရဲ႕ အလုပ္က ဆိုင္မွာ ဝိုင္းကူဖို႔ပါ။ customer ကို ပဓာနျပဳတဲ့ ဝန္ေဆာင္မႈကို လ်င္ျမန္စြာ ေလ့လာတတ္ေျမာက္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီေခတ္တုန္းက ေစ်းဝယ္သူေတြက ဆိုင္ထဲက ဘယ္ပစၥည္းကိုမွ လက္ဖ်ားနဲ႔ေတာင္ မထိၾကပါဘူး။ သူတို႔အတြက္ အိတ္တစ္လံုးထဲမွာ ကိုယ္တိုင္ထည့္ေပးရပါတယ္။”

“ေစ်းဝယ္တစ္ေယာက္က မက္မြန္းသီး တစ္ေပါင္လိုခ်င္တယ္ဆိုရင္ အေကာင္းဆံုးအသီးေတြကိုပဲ ေရြးထည့္ေပးရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အနာအဆာရွိတဲ့အသီးေတြေပးမိရင္ သူတို႔က ျပန္ယူလာတယ္။ ဒါမွမဟုတ္ ေနာက္ကို လာမဝယ္ၾကေတာ့ဘူး”

သစ္သီးဆိုင္ေလးတြင္ ေစ်းေရာင္းရင္း ပတဲလ္သည္ ေငြ၏တန္ဖုိးကို ေလ့လာသင္ယူခဲ့သလို customer မ်ားအေပၚ ေဝဖန္မႈမ်ား မလုပ္ျခင္း၏ အေရးၾကီးပံုကို ေလ့လာသင္ယူသိရွိခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Auckland millionaire businesswoman Ranjna Patel on giving wealth away (nzherald, gandhinivas) Photo Credit- RNZ/ Cole Eastham-Farrelly

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...

ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
magical-world
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service