Johnny Depp ၏ လူအများသတိမထားမိသော ရက်ရောသည့်အလှူ (သို့မဟုတ်) ရုပ်ရှင်ကားတစ်ခုတွင် တွဲဖက် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသား Heath Ledger မှာ ဆေးညွှန်းဖြင့်ပေးသော စပ်ဆေးများ သောက်ကာ အသက်ရှူရပ်ပြီး သေဆုံးသွားခဲ့ရာ Johnny Depp က ထိုရုပ်ရှင်ကားမှ ရသော ဝင်ငွေအားလုံးကို ကွယ်လွန်သူ၏ ၂ နှစ်အရွယ်သမီးငယ်အား လှူဒါန်းခဲ့ပုံ

Johnny Depp ၏ လူအများသတိမထားမိသော ရက်ရောသည့်အလှူ (သို့မဟုတ်) ရုပ်ရှင်ကားတစ်ခုတွင် တွဲဖက် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသား Heath Ledger မှာ ဆေးညွှန်းဖြင့်ပေးသော စပ်ဆေးများ သောက်ကာ အသက်ရှူရပ်ပြီး သေဆုံးသွားခဲ့ရာ Johnny Depp က ထိုရုပ်ရှင်ကားမှ ရသော ဝင်ငွေအားလုံးကို ကွယ်လွန်သူ၏ ၂ နှစ်အရွယ်သမီးငယ်အား လှူဒါန်းခဲ့ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
11 Sep 2024 10:04 am တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

Pirates of the Carribbean ဖြင့် ကမ္ဘာကျော်ခဲ့သူ Johnny Depp သည် သြစတေးလျ ရုပ်ရှင်မင်းသား Heath Ledger မကွယ်လွန်မီ ဝက်ဝက်ကွဲအောင်မြင်ခဲ့သော ရုပ်ရှင်ဇာတ်ကားတစ်ခုတွင် အတူတွဲဖက် သရုပ်ဆောင် ခဲ့ဖူးသည်။

((Heath Ledger ဘယ်သူလဲ))

Heath Ledger (မွေး ၁၉၇၉-ကွယ်လွန် ၂၀၀၈) သည် သြစတေးလျသရုပ်ဆောင်တစ်ဦးဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်မျှဖြင့် ကွယ်လွန်ခဲ့သော်လည်း ရုပ်ရှင်ကားပေါင်း ၂၀ တွင် ပါဝင်သရုပ်ဆောင်သွားခဲ့သည်။

အဆိုပါ ရုပ်ရှင်များအနက် Johnny Depp နှင့်အတူ သရုပ်ဆောင်ခဲ့သော The Imaginarium of Doctor Panassus ဇာတ်ကားအပြင် The Dark Night ဇာတ်ကားတို့မှာ Heath Ledger ကွယ်လွန်ပြီးနောက်ပိုင်းတွင်မှ ရုံတင်ပြသခဲ့သော ဇာတ်ကားများ ဖြစ်သည်။

Heath Ledger သည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ် ၊ Broome လမ်း၊ အမှတ် ၄၂၁ ရှိ အခန်းတွင် ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် အိပ်ရာထဲ၌ ဝတ်လစ်စလစ် မှောက်လျက် အနေအထားဖြင့် ခေါ်မရတော့သည်ကို သူ၏ အိမ်အကူဖြစ်သူက တွေ့ရှိခဲ့သည်။

အရေးပေါ် ဆေးဘက်ဝန်ထမ်းများရောက်ရှိလာပြီး CPR နည်းဖြင့် အရေးပေါ်ကုသမှုများ ပြုလုပ်ခဲ့သော်လည်း ပြန်လည်သတိလည်လာစေရန် မလုပ်နိုင်တော့ဘဲ ညနေ ၃ နာရီ ၃၆ မိနစ်တွင် သေဆုံးကြောင်း ကြေညာခဲ့ပြီး Heath Ledger ၏ အလောင်းကို တိုက်ခန်းမှ သယ်ထုတ်သွားခဲ့သည်။

ရင်ခွဲဆေးစစ်ချက်အရ oxycodone, hydrocodone, diazepam, temazepam, alprazolam နှင့် doxylamine တို့ ပေါင်းစည်းအဆိပ်သင့်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကောက်ချက်ဆွဲခဲ့သည်။

အဆိုပါဆေးများသည် အိပ်မပျော်ခြင်း၊ စိတ်ဖိစီးခြင်း၊ နာကျင်မှုနှင့် အအေးမိခြင်းတို့အတွက် အမေရိကန်တွင် ဆရာဝန်များ ပေးလေ့ရှိသော ဆေးများဖြစ်သည်။

မှုခင်းဆေးပညာရှင် Jason Payne James က ၂၀၁၇ ခုနှစ်အတွင်း ပြောကြားခဲ့သည်မှာ Heath Ledger သည် ၎င်းသောက်သုံးခဲ့သည့်ဆေးများအနက် hydrocodone နှင့် oxycodone ၂ မျိုး မသောက်ဘဲ ဖယ်ထားခဲ့လျှင် အသက်ရှင်ခဲ့မည်ဖြစ်ကြောင်း ပြောသည်။

ဗဟိုအာရုံကြောစနစ်ကို ဖိနှိမ်ပေးသော diazepam ကဲ့သို့ benzodiazepine ဆေးများနှင့် opioid တို့ကို တွဲဖက်သောက်သုံးမှုကြောင့် အသက်ရှူနှုန်းအလွန်နှေးကွေးကာ သေဆုံးသည်အထိ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

 

((Johnny Depp ၏ ရက်ရောမှု))

Johnny Depp က ၂၀၀၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သော The Imaginarium of Doctor Parnassus ရုပ်ရှင် ဇာတ်ကားမှ ရရှိသည့် ဝင်ငွေအားလုံးကို Heath Ledger ၏ သမီးငယ်အား လှူဒါန်းခဲ့ကြောင်း ထုတ်ဖော်ပြောပြ လာသည်။

အဆိုပါဇာတ်ကားတွင် Johnny Depp နှင့်အတူ Heath Ledger လည်း ပါဝင်သရုပ်ဆောင်ခဲ့ရာ ၎င်းမကွယ်လွန်မီ နောက်ဆုံးပါဝင်သရုပ်ဆောင်သွားခဲ့သည့်ဇာတ်ကား ဖြစ်သည်။

Johnny Depp က ထိုရုပ်ရှင်ကားအတွက် ရရှိသည့် သရုပ်ဆောင်ကြေးအားလုံးကို အချိန်မတန်မီ သေဆုံးခဲ့ရ သော Heath Ledger အား ကူညီသည့်အနေဖြင့် ၎င်း၏သမီးငယ် Matilda အား လှူဒါန်းပေးမည်ဟု ကတိပြု ခဲ့သည်။

Heath Ledger သည် ဇာတ်ကား ရိုက်ကူးနေမှု ၃ ပုံ ၁ ပုံမျှသာ ရှိသေးချိန်တွင် ရုတ်တရက်သေဆုံးသွား ခဲ့ခြင်းဖြစ်ရာ Johnny Depp နှင့် Jude Law တို့အပါအဝင် အခြားသရုပ်ဆောင်များက ဇာတ်ကြောင်း အနည်းငယ် ပြောင်းလဲကာ ဆက်လက်ရိုက်ကူးခဲ့ရသည်။

ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသော Colin Farrell နှင့် Jude Law တို့ကလည်း ဇာတ်ကားမှ ရသော သရုပ်ဆောင်ကြေးကို Heath Ledger ၏ ၂ နှစ်အရွယ်သမီးငယ်ကို လှူဒါန်းရန် ကတိပြုခဲ့ကြသည်။

ထိုအချိန်က ဖော်ပြခဲ့သော သတင်းများအရ Heath Ledger သည် ၎င်းငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးလိမ့်မည် ဟု မထင်ခဲ့ရာ သူ၏သေတမ်းစာတွင် သမီးဖြစ်သူကို ထည့်သွင်းပြင်ဆင်ရေးသားခဲ့ရခြင်း မရှိသေးကြောင်း ဖော်ပြသည်။

ထို့ကြောင့် ကျန်ရစ်သောဇနီး Michelle Williams ရင်ဆိုင်ရသော အကျပ်အတည်းများ ပြေလည်စေရန်အတွက် ဟောလိဝုဒ်ကြယ်ပွင့် ၃ ဦးက ဝိုင်းဝန်းကူညီခဲ့ကြခြင်း ဖြစ်သည်။

Johnny Depp ၏ အဆိုပါရက်ရောမှုကို နှစ်ပေါင်းများစွာ လူအများ သတိမထား၊ အာရုံမစိုက်မိခဲ့။

သို့သော် ဇနီးဟောင်း အမ်ဘာဟာ့ထ် အပေါ် အသရေဖျက်မှုဖြင့် တရားစွဲရာတွင် အနိုင်ရခဲ့ပြီး ရရှိသော လျော်ကြေး ဒေါ်လာ ၁ သန်းကို ပရဟိတအဖွဲ့သို့ လှူဒါန်းခဲ့မှုမှာ လူသိများခဲ့ပြီးနောက်ပိုင်း ယခင်က ရက်ရက်ရောရာလှူဒါန်းခဲ့မှုများအပေါ် အများက ပြန်လည်အာရုံစိုက်လာမိခဲ့သည်။

 

Johnny Depp သည် ၂၀၀၅ ခုနှစ်ကလည်း စာရေးဆရာ Hunter S Thompson ၏ ဈာပနအတွက် ဒေါ်လာ ၃ သန်း ရန်ပုံငွေ မတည်ပေးခဲ့သည်။

Johnny Depp ပါဝင်သရုပ်ဆောင်ခဲ့သော Fear and Loathing in Las Vegas ရုပ်ရှင်ကားမှာ စာရေးဆရာ Hunter S Thompson ၏ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်သည်။

Hunter S Thompson မှာ မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်ပြီး ၎င်း၏ အရိုးပြာများကို Johnny Depp က အမြောက်ကြီးတစ်ခုမှတဆင့် အမြောက်ပစ်ကာ ဖြန့်ကြဲစေခဲ့သည်။

Heath Ledger ၏ သမီးဖြစ်သူ Matilda မှာ အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယနေ့တိုင် နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်တွင် မိခင်နှင့်အတူ နေထိုင်နေဆဲ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Johnny Depp gave his entire movie salary to Heath Ledger’s daughter (joe)

 

[Zawgyi]

Johnny Depp ၏ လူအမ်ားသတိမထားမိေသာ ရက္ေရာသည့္အလွဴ (သို႔မဟုတ္) ရုပ္ရွင္ကားတစ္ခုတြင္ တြဲဖက္ သရုပ္ေဆာင္ခဲ့ေသာ ရုပ္ရွင္မင္းသား Heath Ledger မွာ ေဆးညႊန္းျဖင့္ေပးေသာ စပ္ေဆးမ်ား ေသာက္ကာ အသက္ရွဴရပ္ျပီး ေသဆံုးသြားခဲ့ရာ Johnny Depp က ထိုရုပ္ရွင္ကားမွ ရေသာ ဝင္ေငြအားလံုးကို ကြယ္လြန္သူ၏ ၂ ႏွစ္အရြယ္သမီးငယ္အား လွဴဒါန္းခဲ့ပံု

Pirates of the Carribbean ျဖင့္ ကမၻာေက်ာ္ခဲ့သူ Johnny Depp သည္ ၾသစေတးလ် ရုပ္ရွင္မင္းသား Heath Ledger မကြယ္လြန္မီ ဝက္ဝက္ကြဲေအာင္ျမင္ခဲ့ေသာ ရုပ္ရွင္ဇာတ္ကားတစ္ခုတြင္ အတူတြဲဖက္ သရုပ္ေဆာင္ ခဲ့ဖူးသည္။

((Heath Ledger ဘယ္သူလဲ))

Heath Ledger (ေမြး ၁၉၇၉-ကြယ္လြန္ ၂၀၀၈) သည္ ၾသစေတးလ်သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး အသက္ ၂၈ ႏွစ္အရြယ္မွ်ျဖင့္ ကြယ္လြန္ခဲ့ေသာ္လည္း ရုပ္ရွင္ကားေပါင္း ၂၀ တြင္ ပါဝင္သရုပ္ေဆာင္သြားခဲ့သည္။

အဆိုပါ ရုပ္ရွင္မ်ားအနက္ Johnny Depp ႏွင့္အတူ သရုပ္ေဆာင္ခဲ့ေသာ The Imaginarium of Doctor Panassus ဇာတ္ကားအျပင္ The Dark Night ဇာတ္ကားတို႔မွာ Heath Ledger ကြယ္လြန္ျပီးေနာက္ပိုင္းတြင္မွ ရုံတင္ျပသခဲ့ေသာ ဇာတ္ကားမ်ား ျဖစ္သည္။

Heath Ledger သည္ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္ ၊ Broome လမ္း၊ အမွတ္ ၄၂၁ ရွိ အခန္းတြင္ ၂၀၀၈ ခုႏွစ္၊ ဇန္နဝါရီလ ၂၂ ရက္ေန႔ ညေန ၃ နာရီဝန္းက်င္ခန္႔တြင္ အိပ္ရာထဲ၌ ဝတ္လစ္စလစ္ ေမွာက္လ်က္ အေနအထားျဖင့္ ေခၚမရေတာ့သည္ကို သူ၏ အိမ္အကူျဖစ္သူက ေတြ႔ရွိခဲ့သည္။

အေရးေပၚ ေဆးဘက္ဝန္ထမ္းမ်ားေရာက္ရွိလာျပီး CPR နည္းျဖင့္ အေရးေပၚကုသမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ျပန္လည္သတိလည္လာေစရန္ မလုပ္ႏိုင္ေတာ့ဘဲ ညေန ၃ နာရီ ၃၆ မိနစ္တြင္ ေသဆံုးေၾကာင္း ေၾကညာခဲ့ျပီး Heath Ledger ၏ အေလာင္းကို တိုက္ခန္းမွ သယ္ထုတ္သြားခဲ့သည္။

ရင္ခြဲေဆးစစ္ခ်က္အရ oxycodone, hydrocodone, diazepam, temazepam, alprazolam ႏွင့္ doxylamine တို႔ ေပါင္းစည္းအဆိပ္သင့္ကာ ေသဆံုးခဲ့ရျခင္းျဖစ္ေၾကာင္း ေကာက္ခ်က္ဆြဲခဲ့သည္။

အဆိုပါေဆးမ်ားသည္ အိပ္မေပ်ာ္ျခင္း၊ စိတ္ဖိစီးျခင္း၊ နာက်င္မႈႏွင့္ အေအးမိျခင္းတို႔အတြက္ အေမရိကန္တြင္ ဆရာဝန္မ်ား ေပးေလ့ရွိေသာ ေဆးမ်ားျဖစ္သည္။

မႈခင္းေဆးပညာရွင္ Jason Payne James က ၂၀၁၇ ခုႏွစ္အတြင္း ေျပာၾကားခဲ့သည္မွာ Heath Ledger သည္ ၎ေသာက္သံုးခဲ့သည့္ေဆးမ်ားအနက္ hydrocodone ႏွင့္ oxycodone ၂ မ်ဳိး မေသာက္ဘဲ ဖယ္ထားခဲ့လွ်င္ အသက္ရွင္ခဲ့မည္ျဖစ္ေၾကာင္း ေျပာသည္။

ဗဟိုအာရံုေၾကာစနစ္ကို ဖိႏွိမ္ေပးေသာ diazepam ကဲ့သို႔ benzodiazepine ေဆးမ်ားႏွင့္ opioid တို႔ကို တြဲဖက္ေသာက္သံုးမႈေၾကာင့္ အသက္ရွဴႏႈန္းအလြန္ေႏွးေကြးကာ ေသဆံုးသည္အထိ ျဖစ္ခဲ့ရျခင္း ျဖစ္သည္။

((Johnny Depp ၏ ရက္ေရာမႈ))

Johnny Depp က ၂၀၀၉ ခုႏွစ္တြင္ ရံုတင္ျပသခဲ့ေသာ The Imaginarium of Doctor Parnassus ရုပ္ရွင္ ဇာတ္ကားမွ ရရွိသည့္ ဝင္ေငြအားလံုးကို Heath Ledger ၏ သမီးငယ္အား လွဴဒါန္းခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာျပ လာသည္။

အဆိုပါဇာတ္ကားတြင္ Johnny Depp ႏွင့္အတူ Heath Ledger လည္း ပါဝင္သရုပ္ေဆာင္ခဲ့ရာ ၎မကြယ္လြန္မီ ေနာက္ဆံုးပါဝင္သရုပ္ေဆာင္သြားခဲ့သည့္ဇာတ္ကား ျဖစ္သည္။

Johnny Depp က ထိုရုပ္ရွင္ကားအတြက္ ရရွိသည့္ သရုပ္ေဆာင္ေၾကးအားလံုးကို အခ်ိန္မတန္မီ ေသဆံုးခဲ့ရ ေသာ Heath Ledger အား ကူညီသည့္အေနျဖင့္ ၎၏သမီးငယ္ Matilda အား လွဴဒါန္းေပးမည္ဟု ကတိျပဳ ခဲ့သည္။

Heath Ledger သည္ ဇာတ္ကား ရိုက္ကူးေနမႈ ၃ ပံု ၁ ပံုမွ်သာ ရွိေသးခ်ိန္တြင္ ရုတ္တရက္ေသဆံုးသြား ခဲ့ျခင္းျဖစ္ရာ Johnny Depp ႏွင့္ Jude Law တို႔အပါအဝင္ အျခားသရုပ္ေဆာင္မ်ားက ဇာတ္ေၾကာင္း အနည္းငယ္ ေျပာင္းလဲကာ ဆက္လက္ရိုက္ကူးခဲ့ရသည္။

ထိုဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ၾကေသာ Colin Farrell ႏွင့္ Jude Law တို႔ကလည္း ဇာတ္ကားမွ ရေသာ သရုပ္ေဆာင္ေၾကးကို Heath Ledger ၏ ၂ ႏွစ္အရြယ္သမီးငယ္ကို လွဴဒါန္းရန္ ကတိျပဳခဲ့ၾကသည္။

ထိုအခ်ိန္က ေဖာ္ျပခဲ့ေသာ သတင္းမ်ားအရ Heath Ledger သည္ ၎ငယ္ငယ္ရြယ္ရြယ္ျဖင့္ ေသဆံုးလိမ့္မည္ ဟု မထင္ခဲ့ရာ သူ၏ေသတမ္းစာတြင္ သမီးျဖစ္သူကို ထည့္သြင္းျပင္ဆင္ေရးသားခဲ့ရျခင္း မရွိေသးေၾကာင္း ေဖာ္ျပသည္။

ထို႔ေၾကာင့္ က်န္ရစ္ေသာဇနီး Michelle Williams ရင္ဆိုင္ရေသာ အက်ပ္အတည္းမ်ား ေျပလည္ေစရန္အတြက္ ေဟာလိဝုဒ္ၾကယ္ပြင့္ ၃ ဦးက ဝိုင္းဝန္းကူညီခဲ့ၾကျခင္း ျဖစ္သည္။

Johnny Depp ၏ အဆိုပါရက္ေရာမႈကို ႏွစ္ေပါင္းမ်ားစြာ လူအမ်ား သတိမထား၊ အာရံုမစိုက္မိခဲ့။

သို႔ေသာ္ ဇနီးေဟာင္း အမ္ဘာဟာ့ထ္ အေပၚ အသေရဖ်က္မႈျဖင့္ တရားစြဲရာတြင္ အႏိုင္ရခဲ့ျပီး ရရွိေသာ ေလ်ာ္ေၾကး ေဒၚလာ ၁ သန္းကို ပရဟိတအဖြဲ႔သို႔ လွဴဒါန္းခဲ့မႈမွာ လူသိမ်ားခဲ့ျပီးေနာက္ပိုင္း ယခင္က ရက္ရက္ေရာရာလွဴဒါန္းခဲ့မႈမ်ားအေပၚ အမ်ားက ျပန္လည္အာရံုစိုက္လာမိခဲ့သည္။

Johnny Depp သည္ ၂၀၀၅ ခုႏွစ္ကလည္း စာေရးဆရာ Hunter S Thompson ၏ စ်ာပနအတြက္ ေဒၚလာ ၃ သန္း ရန္ပံုေငြ မတည္ေပးခဲ့သည္။

Johnny Depp ပါဝင္သရုပ္ေဆာင္ခဲ့ေသာ Fear and Loathing in Las Vegas ရုပ္ရွင္ကားမွာ စာေရးဆရာ Hunter S Thompson ၏ ဝတၳဳကို ျပန္လည္ရိုက္ကူးထားျခင္း ျဖစ္သည္။

Hunter S Thompson မွာ မိမိကိုယ္ကို အဆံုးစီရင္သြားျခင္းျဖစ္ျပီး ၎၏ အရိုးျပာမ်ားကို Johnny Depp က အေျမာက္ၾကီးတစ္ခုမွတဆင့္ အေျမာက္ပစ္ကာ ျဖန္႔ၾကဲေစခဲ့သည္။

Heath Ledger ၏ သမီးျဖစ္သူ Matilda မွာ အသက္ ၁၈ ႏွစ္အရြယ္ရွိျပီျဖစ္ျပီး ယေန႔တုိင္ နယူးေယာက္ျမိဳ႕၊ ဘရြတ္ကလင္းအရပ္တြင္ မိခင္ႏွင့္အတူ ေနထိုင္ေနဆဲ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Johnny Depp gave his entire movie salary to Heath Ledger’s daughter (joe)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service