အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်ရှိ အကြီးမားဆုံး နွားခြံများတွင်တစ်ခုအပါအဝင်ဖြစ်သောခြံကြီး ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နွား ၁၇၅ ကောင် ပါဝင်မည်

အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်ရှိ အကြီးမားဆုံး နွားခြံများတွင်တစ်ခုအပါအဝင်ဖြစ်သောခြံကြီး ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နွား ၁၇၅ ကောင် ပါဝင်မည် - Property News in Myanmar from iMyanmarHouse.com
10 Sep 2024 11:19 am တွင် တင်ခဲ့သည်
541 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းရှိ အကြီးမားဆုံး နွားခြံများတွင် တစ်ခု အပါအဝင်ဖြစ်သော နွားခြံတစ်ခု ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

နွားခြံ၏ အမည်မှာ Yelm Cattle Ranch ဟု အမည်ရပြီး နွားကောင်ရေ ၁၇၅ ကောင် ရှိသည်။

Nisqually မြစ်အနီးတွင် တည်ရှိပြီး အကျယ်အဝန်း ၄၅၃ ဧက ရှိသည်။ နှစ်စဉ် နွားသားပေါက် ၁၃၅ ကောင် မွေးမြူထုတ်လုပ်လေ့ရှိပြီး နွားအုပ်တစ်ခုလုံးကို ကျွေးမွေးနိုင်မည့် ကောက်ရိုးများလည်း အလုံအလောက် ထုတ်လုပ်နိုင်သည်။

ခြံရှိ နွားများ စားရန်အပြင် အပြင်သို့ ရောင်းထုတ်နိုင်သည်အထိ ကောက်ရိုးများပြားစွာ ထုတ်လုပ်နိုင်သော ခြံကြီး ဖြစ်ကြောင်း အရောင်းဈေးကွက်တင်ပေးသော Golden West Properties အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Kelly Ringler Flores က ပြောသည်။

 

(The Yelm နွားခြံတွင် ခြံရှိနွားများစားရန်သာမက စီးပွားရေးအရ ရောင်းထုတ်နိုင်သည့် ပမာဏအထိ ကောက်ရိုးများ ထုတ်လုပ်နိုင်စွမ်းရှိသည်။ ဓာတ်ပုံ- Golden West Properties)

 

မွေးမြူရေးလုပ်ငန်း မလုပ်ဖူးသူတစ်ယောက်ဖြစ်နေပါသလား။

ပြဿနာမရှိပါ။

ယခုဈေးကွက်တင်မှုတွင် ထွန်စက် ၃ စီး၊ ကောက်ရိုးတုံး ထုတ်လုပ်သည့်စက်၊ အမေရိကရှိ မွေးမြူရေးခြံများ တွင် သုံးလေ့ရှိသော ကျွဲနွားများ ထိန်းချုပ်ရာတွင် သုံးသည့် Chute များကဲ့သို့ မွေးမြူရေးခြံတစ်ခုတွင် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများစွာ ပါဝင်သည်။

ကာကွယ်ဆေးနှင့် ဆေးဝါးထားသိုခန်းပါသော နွားသားဖောက်ကျီတစ်ခုအပါအဝင် စပါးကျီ ၃ ခုလည်း ရှိသည်။

 

(ထွန်စက်များနှင့် ကောက်ရိုးတုံး ထုတ်လုပ်စက်အပါအဝင် မွေးမြူရေးခြံတစ်ခု လည်ပတ်ရန် လိုအပ်သော အသုံးအဆောင်ပစ္စည်းများအားလုံး ပါဝင်သည်။ ဓာတ်ပုံ- Golden West Properties)

 

လက်ရှိပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ရေးသားရန် ပိတ်ပင်ထားကြောင်း၊ လက်ရှိအားဖြင့် နွားခြံတွင် နေထိုင်ခြင်းမရှိကြောင်း အကျိုးဆောင် Ringler Flores က ပြောသည်။

“သူက ရိုးရိုးကုပ်ကုပ်၊ သီးသန့်နေထိုင်တတ်သူဖြစ်ပြီး လူတွေ အာရုံစိုက်ခံရမှာကို မလိုလားသူတစ်ဦးပါ” ဟု Flores က ပြောသည်။

မွေးမြူရေးခြံ၏ အလုပ်သမားခေါင်းမှာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၃ ခန်းနှင့် ကား ၂ စင်းဆန့် ဂိုဒေါင်တို့ပါသော အိမ်တစ်လုံးတွင် နေထိုင်သည်။

 

(The Yelm နွားခြံတွင် အလုပ်သမားခေါင်း၏ နေအိမ်လည်း ပါဝင်သည်။ ဓာတ်ပုံ- Golden West Properties)

 

ခြံဝန်းတစ်ခုလုံးကို ခြံစည်းရိုးအပြည့်အဝခတ်ထားပြီး ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ready to cowboy up? Local cattle ranch goes on market for $8.8 million, cows included (thenewstribune) Photo Credit- Golden West Properties

 

[Zawgyi]

အေမရိကန္ျပည္၊ ဝါရွင္တန္ျပည္နယ္ရွိ အၾကီးမားဆံုး ႏြားျခံမ်ားတြင္တစ္ခုအပါအဝင္ျဖစ္ေသာျခံၾကီး ကန္ေဒၚလာ ၈ ဒသမ ၈ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ၊ ႏြား ၁၇၅ ေကာင္ ပါဝင္မည္

အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ျပည္နယ္ အေနာက္ပိုင္းရွိ အၾကီးမားဆံုး ႏြားျခံမ်ားတြင္ တစ္ခု အပါအဝင္ျဖစ္ေသာ ႏြားျခံတစ္ခု ကန္ေဒၚလာ ၈ ဒသမ ၈ သန္းမွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

ႏြားျခံ၏ အမည္မွာ Yelm Cattle Ranch ဟု အမည္ရျပီး ႏြားေကာင္ေရ ၁၇၅ ေကာင္ ရွိသည္။

Nisqually ျမစ္အနီးတြင္ တည္ရွိျပီး အက်ယ္အဝန္း ၄၅၃ ဧက ရွိသည္။ ႏွစ္စဥ္ ႏြားသားေပါက္ ၁၃၅ ေကာင္ ေမြးျမဴထုတ္လုပ္ေလ့ရွိျပီး ႏြားအုပ္တစ္ခုလံုးကို ေကၽြးေမြးႏိုင္မည့္ ေကာက္ရိုးမ်ားလည္း အလံုအေလာက္ ထုတ္လုပ္ႏိုင္သည္။

ျခံရွိ ႏြားမ်ား စားရန္အျပင္ အျပင္သို႔ ေရာင္းထုတ္ႏိုင္သည္အထိ ေကာက္ရိုးမ်ားျပားစြာ ထုတ္လုပ္ႏိုင္ေသာ ျခံၾကီး ျဖစ္ေၾကာင္း အေရာင္းေစ်းကြက္တင္ေပးေသာ Golden West Properties အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Kelly Ringler Flores က ေျပာသည္။

(The Yelm ႏြားျခံတြင္ ျခံရွိႏြားမ်ားစားရန္သာမက စီးပြားေရးအရ ေရာင္းထုတ္ႏိုင္သည့္ ပမာဏအထိ ေကာက္ရိုးမ်ား ထုတ္လုပ္ႏိုင္စြမ္းရွိသည္။ ဓာတ္ပံု- Golden West Properties)

ေမြးျမဴေရးလုပ္ငန္း မလုပ္ဖူးသူတစ္ေယာက္ျဖစ္ေနပါသလား။

ျပႆနာမရွိပါ။

ယခုေစ်းကြက္တင္မႈတြင္ ထြန္စက္ ၃ စီး၊ ေကာက္ရိုးတံုး ထုတ္လုပ္သည့္စက္၊ အေမရိကရွိ ေမြးျမဴေရးျခံမ်ား တြင္ သံုးေလ့ရွိေသာ ကၽြဲႏြားမ်ား ထိန္းခ်ဳပ္ရာတြင္ သံုးသည့္ Chute မ်ားကဲ့သို႔ ေမြးျမဴေရးျခံတစ္ခုတြင္ လိုအပ္သည့္အသံုးအေဆာင္ပစၥည္းမ်ားစြာ ပါဝင္သည္။

ကာကြယ္ေဆးႏွင့္ ေဆးဝါးထားသိုခန္းပါေသာ ႏြားသားေဖာက္က်ီတစ္ခုအပါအဝင္ စပါးက်ီ ၃ ခုလည္း ရွိသည္။

(ထြန္စက္မ်ားႏွင့္ ေကာက္ရိုးတံုး ထုတ္လုပ္စက္အပါအဝင္ ေမြးျမဴေရးျခံတစ္ခု လည္ပတ္ရန္ လိုအပ္ေသာ အသံုးအေဆာင္ပစၥည္းမ်ားအားလံုး ပါဝင္သည္။ ဓာတ္ပံု- Golden West Properties)

လက္ရွိပိုင္ရွင္မွာ မည္သူမည္ဝါျဖစ္သည္ကို ေဖာ္ထုတ္ေရးသားရန္ ပိတ္ပင္ထားေၾကာင္း၊ လက္ရွိအားျဖင့္ ႏြားျခံတြင္ ေနထုိင္ျခင္းမရွိေၾကာင္း အက်ဳိးေဆာင္ Ringler Flores က ေျပာသည္။

“သူက ရိုးရိုးကုပ္ကုပ္၊ သီးသန္႔ေနထိုင္တတ္သူျဖစ္ျပီး လူေတြ အာရံုစိုက္ခံရမွာကို မလိုလားသူတစ္ဦးပါ” ဟု Flores က ေျပာသည္။

ေမြးျမဴေရးျခံ၏ အလုပ္သမားေခါင္းမွာ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္းႏွင့္ ကား ၂ စင္းဆန္႔ ဂိုေဒါင္တို႔ပါေသာ အိမ္တစ္လံုးတြင္ ေနထုိင္သည္။

(The Yelm ႏြားျခံတြင္ အလုပ္သမားေခါင္း၏ ေနအိမ္လည္း ပါဝင္သည္။ ဓာတ္ပံု- Golden West Properties)

ျခံဝန္းတစ္ခုလံုးကို ျခံစည္းရိုးအျပည့္အဝခတ္ထားျပီး ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ready to cowboy up? Local cattle ranch goes on market for $8.8 million, cows included (thenewstribune) Photo Credit- Golden West Properties

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service