ဂျနီဖာလိုပက်ဇ်က လော့စ်အိန်ဂျလိမှာ Spa တစ်နာရီလောက်ဝင် Skincare ပြီး အိမ်ဝယ်ရန် လိုက်လံရှာဖွေ

ဂျနီဖာလိုပက်ဇ်က လော့စ်အိန်ဂျလိမှာ Spa တစ်နာရီလောက်ဝင် Skincare ပြီး အိမ်ဝယ်ရန် လိုက်လံရှာဖွေ - Property News in Myanmar from iMyanmarHouse.com
10 Sep 2024 10:27 am တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျေလိုဟု လူသိများသော ဂျနီဖာလိုပက်ဇ်တစ်ယောက် လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အရပ်တွင် skincare လုပ်ခဲ့ပြီးနောက် တန်ဖိုးကြီးအိမ်ဝယ်ယူရန် လိုက်လံရှာဖွေခဲ့သည်။

ဂျနီဖာလိုပက်ဇ်အတွက် အလွန်အလုပ်များသော ဗုဒ္ဓဟူးနေ့ဟု ဆိုနိုင်သည်။

Rodeo Drive မှ အနည်းငယ်သာဝေးသောနေရာတွင် Spa ဝင်ခဲ့ပြီးနောက် အနီးရှိ ကန်ဒေါ်လာ ၂၇ သန်းတန် အိမ်ကို သွားကြည့်သည်။

(ဓာတ်ပုံ-BACKGRID)

ဂျေလိုသည် Spa ချိန်းထားမှုအတွက် မနက် ၁၁ နာရီတွင် ရောက်ခဲ့ပြီး ၁၁း ၄၀ တွင် Spa မှ ထွက်လာသည်။

ထို့နောက် မွန်းတည့်ပြီး မိနစ်ပိုင်း စွန်းစွန်းလောက်တွင် အိမ်ကြည့်မည့် စံအိမ်ရှိရာသို့ ရောက်၏။

ကြီးမားလှသော စံအိမ်အတွင်း ဝင်ရောက်ကာ လိုက်လံကြည့်ရှုခဲ့သည်။ ဂျေလိုသည် ထိုအိမ်တွင် ၃၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။

ကြည့်ရှုသင့်သည့် နေရာအားလုံးကို လိုက်လံ ကြည့်ရှုခဲ့ပုံပေါ်သည်။

ထို့နောက် ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားခဲ့၏။

(ဓာတ်ပုံ-BACKGRID)

ဂျေလိုသည် ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲမှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေချိန်အတွင်း အိမ်ခြံမြေ ဈေးကွက်သို့ ရောက်လာကာ နေအိမ်သစ် လိုက်လံ ရှာဖွေနေခြင်းလည်း ဖြစ်သည်။

ဂျေလိုနှင့် ဘင်အက်ဖလက်တို့ လက်မတွဲမီကာလကလည်း ဂျေလိုမှာ ဘီဗာလီဟေးတွင် ဒေါ်လာ ၆၈ သန်းတန် အိမ်ကြီးကို လာကြည့်ပြီး ဝယ်ယူသွားခဲ့သည် မဟုတ်ပါလော။

ထိုအိမ်ကို ယခုအခါ ဂျေလိုက ပြန်ရောင်းထုတ်ရန် ဈေးကွက်တင်ထားသည်မှာ တစ်လခန့်ရှိနေပြီ။

မည်သည့်အချိန်မှ ရောင်းထွက်မည်ကို မခန့်မှန်းနိုင်သေး။

(ဓာတ်ပုံ-BACKGRID)

ဘင်အက်ဖလက်မှာ ဘရန့်ဝုဒ်ရှိ သူ့ကိုယ်ပိုင် ဒေါ်လာ ၂၀ ဒသမ ၅ သန်းတန်အိမ်သို့ ပြောင်းရွှေ့သွားပြီ။

ဂျေလိုမှာမူ ဘီဗာလီဟေးလ်တွင်သာ တရစ်ဝဲဝဲဖြစ်နေဆဲ။

သူ ဗုဒ္ဓဟူးနေ့က ကြည့်ခဲ့သောအိမ်တွင် အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၀ ခန်းပါပြီး စတုရန်းပေ ၁၄၇၂၀ အကျယ်အဝန်းရှိသည်။

(ဓာတ်ပုံ-BACKGRID)

ဂျေလိုကို တွေ့မိသမျှ ထိုနေ့က တချိန်လုံး ပြုံးနေသည်။

ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲခဲ့မှုအတွက် စိုးစဉ်းမျှ ခံစားရပုံမပေါ်။

သို့တစေ Spa ဝင်ခြင်းနှင့် အိမ်ရှာခြင်းတို့မှာ စိတ်အပြောင်းအလဲဖြစ်စေရန်၊ စိတ်သစ်ကိုယ်သစ်ဖြစ်စေရန် လုပ်ဆောင်ချက်များ မဖြစ်နိုင်ပါသလော။

(ဓာတ်ပုံ-BACKGRID)

သို့သော် တွေ့မြင်ရသမျှမှာမူ ဂျေလိုအဖို့ ဘဝစာမျက်နှာသစ်အတွက် အသင့်ဖြစ်နေပုံရသည်။

ဆက်လျှောက်ပါ…ဂျေလို..။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez My Beverly Hills Life ...Spa Day, Mansion Tour (tmz) Photo Credit-Backgrid

[Zawgyi]

ဂ်နီဖာလိုပက္ဇ္က ေလာ့စ္အိန္ဂ်လိမွာ Spa တစ္နာရီ္ေလာက္ဝင္ Skincare ျပီး အိမ္ဝယ္ရန္ လိုက္လံရွာေဖြ

ေဂ်လိုဟု လူသိမ်ားေသာ ဂ်နီဖာလိုပက္ဇ္တစ္ေယာက္ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ ဘီဗာလီေဟးလ္အရပ္တြင္ skincare လုပ္ခဲ့ျပီးေနာက္ တန္ဖိုးၾကီးအိမ္ဝယ္ယူရန္ လိုက္လံရွာေဖြခဲ့သည္။

ဂ်နီဖာလိုပက္ဇ္အတြက္ အလြန္အလုပ္မ်ားေသာ ဗုဒၶဟူးေန႔ဟု ဆိုႏိုင္သည္။

Rodeo Drive မွ အနည္းငယ္သာေဝးေသာေနရာတြင္ Spa ဝင္ခဲ့ျပီးေနာက္ အနီးရွိ ကန္ေဒၚလာ ၂၇ သန္းတန္ အိမ္ကို သြားၾကည့္သည္။

(ဓာတ္ပံု-BACKGRID)

ေဂ်လိုသည္ Spa ခ်ိန္းထားမႈအတြက္ မနက္ ၁၁ နာရီတြင္ ေရာက္ခဲ့ျပီး ၁၁း ၄၀ တြင္ Spa မွ ထြက္လာသည္။

ထို႔ေနာက္ မြန္းတည့္ျပီး မိနစ္ပိုင္း စြန္းစြန္းေလာက္တြင္ အိမ္ၾကည့္မည့္ စံအိမ္ရွိရာသို႔ ေရာက္၏။

ၾကီးမားလွေသာ စံအိမ္အတြင္း ဝင္ေရာက္ကာ လိုက္လံၾကည့္ရႈခဲ့သည္။ ေဂ်လိုသည္ ထိုအိမ္တြင္ ၃၅ မိနစ္ခန္႔ ၾကာျမင့္ခဲ့သည္။

ၾကည့္ရႈသင့္သည့္ ေနရာအားလံုးကို လိုက္လံ ၾကည့္ရႈခဲ့ပံုေပၚသည္။

ထို႔ေနာက္ ကားေပၚျပန္တက္ကာ ေမာင္းထြက္သြားခဲ့၏။

(ဓာတ္ပံု-BACKGRID)

ေဂ်လိုသည္ ဘင္အက္ဖလက္ႏွင့္ ကြာရွင္းျပတ္စဲမႈ လုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ေနခ်ိန္အတြင္း အိမ္ျခံေျမ ေစ်းကြက္သို႔ ေရာက္လာကာ ေနအိမ္သစ္ လိုက္လံ ရွာေဖြေနျခင္းလည္း ျဖစ္သည္။

ေဂ်လိုႏွင့္ ဘင္အက္ဖလက္တို႔ လက္မတြဲမီကာလကလည္း ေဂ်လိုမွာ ဘီဗာလီေဟးတြင္ ေဒၚလာ ၆၈ သန္းတန္ အိမ္ၾကီးကို လာၾကည့္ျပီး ဝယ္ယူသြားခဲ့သည္ မဟုတ္ပါေလာ။

ထိုအိမ္ကို ယခုအခါ ေဂ်လိုက ျပန္ေရာင္းထုတ္ရန္ ေစ်းကြက္တင္ထားသည္မွာ တစ္လခန္႔ရွိေနျပီ။

မည္သည့္အခ်ိန္မွ ေရာင္းထြက္မည္ကို မခန္႔မွန္းႏိုင္ေသး။

(ဓာတ္ပံု-BACKGRID)

ဘင္အက္ဖလက္မွာ ဘရန္႔ဝုဒ္ရွိ သူ႔ကိုယ္ပိုင္ ေဒၚလာ ၂၀ ဒသမ ၅ သန္းတန္အိမ္သို႔ ေျပာင္းေရႊ႕သြားျပီ။

ေဂ်လိုမွာမူ ဘီဗာလီေဟးလ္တြင္သာ တရစ္ဝဲဝဲျဖစ္ေနဆဲ။

သူ ဗုဒၶဟူးေန႔က ၾကည့္ခဲ့ေသာအိမ္တြင္ အိပ္ခန္း ၈ ခန္း၊ ေရခ်ဳိးခန္း ၁၀ ခန္းပါျပီး စတုရန္းေပ ၁၄၇၂၀ အက်ယ္အဝန္းရွိသည္။

(ဓာတ္ပံု-BACKGRID)

ေဂ်လိုကို ေတြ႔မိသမွ် ထိုေန႔က တခ်ိန္လံုး ျပံဳးေနသည္။

ဘင္အက္ဖလက္ႏွင့္ ကြာရွင္းျပတ္စဲခဲ့မႈအတြက္ စိုးစဥ္းမွ် ခံစားရပံုမေပၚ။

သို႔တေစ Spa ဝင္ျခင္းႏွင့္ အိမ္ရွာျခင္းတို႔မွာ စိတ္အေျပာင္းအလဲျဖစ္ေစရန္၊ စိတ္သစ္ကိုယ္သစ္ျဖစ္ေစရန္ လုပ္ေဆာင္ခ်က္မ်ား မျဖစ္ႏိုင္ပါသေလာ။

(ဓာတ္ပံု-BACKGRID)

သို႔ေသာ္ ေတြ႔ျမင္ရသမွ်မွာမူ ေဂ်လိုအဖို႔ ဘဝစာမ်က္ႏွာသစ္အတြက္ အသင့္ျဖစ္ေနပံုရသည္။

ဆက္ေလွ်ာက္ပါ…ေဂ်လို..။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez My Beverly Hills Life ...Spa Day, Mansion Tour (tmz) Photo Credit-Backgrid

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service