အမေရိကန်ပြည် ကော်လိုရာဒိုပြည်နယ်တွင် နှစ်သန်းပေါင်း ၂၀၀ ဝန်းကျင် သက်တမ်းရှိ အနီရောင် ကျောက်ဆောင်ကြီးအနီး ဆောက်လုပ်ထားသော စံအိမ် ကန်ဒေါ်လာ ၁ သန်းနီးပါးဖြင့် အရောင်းဈေးကွက် ဝင်လာ

အမေရိကန်ပြည် ကော်လိုရာဒိုပြည်နယ်တွင် နှစ်သန်းပေါင်း ၂၀၀ ဝန်းကျင် သက်တမ်းရှိ အနီရောင် ကျောက်ဆောင်ကြီးအနီး ဆောက်လုပ်ထားသော စံအိမ် ကန်ဒေါ်လာ ၁ သန်းနီးပါးဖြင့် အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
2 Sep 2024 12:04 pm တွင် တင်ခဲ့သည်
427 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်တွင် ရှေးခေတ်ကျောက်ဆောင်ကြီးတစ်ခုဘေး ဆောက်လုပ်ထားသော စံအိမ်ကြီးတစ်ခု အတွက် ပိုင်ရှင်သစ် ရှာဖွေနေသည်။

ကော်လိုရာဒိုပြည်နယ် Larkspur မြို့တွင် တည်ရှိပြီး The Rock House ဟု အမည်ပေးထားသော အိမ်ဖြစ် သည်။

ယခုဈေးကွက်တင်ရာတွင် ကန်ဒေါ်လာ ၉၈၉၉၀၀ ဈေးခေါ်ထားသည်။

၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး သက်တမ်း ၂၄ နှစ်ရှိပြီဖြစ်သော စံအိမ်မှာ ကော်လိုရာဒိုပြည်နယ်ရှိ နှစ်ပေါင်း သန်း ၂၀၀ သက်တမ်းရှိ အနီရောင်ကျောက်ဆောင်ကြီးဘေးတွင် တည်ရှိပြီး အမြင့်ပေ ၄၅ ပေရှိသော ကျောက်ဆောင်နေရာတွင် ဆောက်လုပ်ထားကြောင်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Keller Williams အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။

(နေအိမ်၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-The Thayer Group/SWNS)

(ဒေသတွင်းတွင် ကျောက်တုံးအိမ်ဟု လူသိများသည်။ ဓာတ်ပုံ-The Thayer Group/SWNS)

(ဧည့်ခန်း။ ဓာတ်ပုံ-The Thayer Group/SWNS)

(ရုံးခန်း။ ဓာတ်ပုံ-The Thayer Group/SWNS)

“အပြင်ကနေကြည့်ရင် အိမ်တစ်လုံးနဲ့ မတူဘူး။ အကျဉ်းထောင်တစ်ခုလိုပါပဲ။” ဟု နေအိမ်ကို ခင်ပွန်းဖြစ်သူ Allen နှင့်အတူ ဝယ်ယူပိုင်ဆိုင်ခဲ့သူ Karen အမည်ရှိ အမျိုးသမီးက ပြောသည်။

အမေရိကန်၏ ရုပ်အဆိုးဆုံးနေအိမ်အမည်ရှိ HGTV ၏ ရုပ်သံအစီအစဉ်တွင် သူမက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

“ဒီအိမ်ကို လူကြီးလူကောင်းတစ်ဦးက ဆောက်လုပ်ခဲ့ပြီး အိမ်နီးချင်းတွေက လွတ်လပ်စွာနေထိုင်တတ်သူလို့ သူ့ကိုခေါ်ကြတယ်” ဟု Allen က အဆိုပါ ရုပ်သံအစီအစဉ်တွင် ပြောသည်။

(အိပ်ခန်း ၂ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-The Thayer Group/SWNS)

(စတိုင်ကျသော အတွင်းပိုင်း။ ဓာတ်ပုံ-The Thayer Group/SWNS)

(၄ ထပ်အဆောက်အအုံဖြစ်ပြီး ကျောက်ဆောင်တို့အနီး ကပ်လျက်ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-The Thayer Group/SWNS)

(လူနေကြမ်းခင်းဧရိယာ ၂၄၃၂ စတုရန်းပေ ရှိသည်။ ဓာတ်ပုံ-The Thayer Group/SWNS)

တမူထူးသော နေအိမ်မှာ အထပ် ၄ ထပ်ဖြင့် ဖွဲ့စည်းထားကာ ကြမ်းခင်းဧရိယာ ၂၄၃၂ စတုရန်းပေရှိပြီး နှစ်ချပ်ဖွင့် ရှေ့တံခါးမကြီးမှတဆင့် နေအိမ်အတွင်း ရောက်ရှိမည် ဖြစ်သည်။

နေအိမ်အတွင်း ဖိနပ်ချွတ်အခန်း (သို့မဟုတ်) အဝင်ခန်းမ၊ အဝတ်အစားထားသိုခန်းပါသော ဧည့်သည်ဆောင်၊ လျှပ်စစ်မီးလင်းဖိုပါသော အပေါ်ထပ် ပင်မအိပ်ခန်း၊ ရေချိုးခန်း ၂ ခန်း၊ ဝိုင်သိုလှောင်နေရာပါသော မီးဖိုဆောင်၊ သီးသန့်ခန်း၊ ရုံးခန်းနှင့် အဝတ်လျှော်ခန်းတို့ ပါဝင်ပြီး ဝန်းကျင်တခွင်တပြင် ရှုမျှော်ခင်းများ ကောင်းစွာတွေ့ရ သည့် မြင်ကွင်း ပိုင်ဆိုင်ထားသည်။ နေအိမ်အပြင်ဘက်တွင် deck နေရာ ၂ ခုပါပြီး ထိုနှစ်နေရာလုံးသို့ နေအိမ် တတိယထပ်မှတဆင့် ရောက်ရှိနိုင် သည်။

အပေါ်ဆုံးထပ်တွင် လသာဆောင်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Flintstones-like Home is Built Around 200 Million-Year-old Red Rock in Colorado–And is Now For Sale (themirror) Photo Credit- The Thayer Group/SWNS

[Zawgyi]

အေမရိကန္ျပည္ ေကာ္လိုရာဒိုျပည္နယ္တြင္ ႏွစ္သန္းေပါင္း ၂၀၀ ဝန္းက်င္ သက္တမ္းရွိ အနီေရာင္ ေက်ာက္ေဆာင္ၾကီးအနီး ေဆာက္လုပ္ထားေသာ စံအိမ္ ကန္ေဒၚလာ ၁ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ ဝင္လာ

အေမရိကန္ျပည္တြင္ ေရွးေခတ္ေက်ာက္ေဆာင္ၾကီးတစ္ခုေဘး ေဆာက္လုပ္ထားေသာ စံအိမ္ၾကီးတစ္ခု အတြက္ ပိုင္ရွင္သစ္ ရွာေဖြေနသည္။

ေကာ္လိုရာဒိုျပည္နယ္ Larkspur ျမိဳ႕တြင္ တည္ရွိျပီး The Rock House ဟု အမည္ေပးထားေသာ အိမ္ျဖစ္ သည္။

ယခုေစ်းကြက္တင္ရာတြင္ ကန္ေဒၚလာ ၉၈၉၉၀၀ ေစ်းေခၚထားသည္။

၂၀၀၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး သက္တမ္း ၂၄ ႏွစ္ရွိျပီျဖစ္ေသာ စံအိမ္မွာ ေကာ္လိုရာဒိုျပည္နယ္ရွိ ႏွစ္ေပါင္း သန္း ၂၀၀ သက္တမ္းရွိ အနီေရာင္ေက်ာက္ေဆာင္ၾကီးေဘးတြင္ တည္ရွိျပီး အျမင့္ေပ ၄၅ ေပရွိေသာ ေက်ာက္ေဆာင္ေနရာတြင္ ေဆာက္လုပ္ထားေၾကာင္း ေစ်းကြက္တင္ေၾကာ္ျငာတြင္ ေဖာ္ျပသည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Keller Williams အိမ္ျခံေျမကုမၸဏီမွ ျဖစ္သည္။

(ေနအိမ္၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု-The Thayer Group/SWNS)

(ေဒသတြင္းတြင္ ေက်ာက္တံုးအိမ္ဟု လူသိမ်ားသည္။ ဓာတ္ပံု-The Thayer Group/SWNS)

(ဧည့္ခန္း။ ဓာတ္ပံု-The Thayer Group/SWNS)

(ရံုးခန္း။ ဓာတ္ပံု-The Thayer Group/SWNS)

“အျပင္ကေနၾကည့္ရင္ အိမ္တစ္လံုးနဲ႔ မတူဘူး။ အက်ဥ္းေထာင္တစ္ခုလိုပါပဲ။” ဟု ေနအိမ္ကို ခင္ပြန္းျဖစ္သူ Allen ႏွင့္အတူ ဝယ္ယူပိုင္ဆိုင္ခဲ့သူ Karen အမည္ရွိ အမ်ဳိးသမီးက ေျပာသည္။

အေမရိကန္၏ ရုပ္အဆိုးဆံုးေနအိမ္အမည္ရွိ HGTV ၏ ရုပ္သံအစီအစဥ္တြင္ သူမက ထိုသို႔ ေျပာခဲ့ျခင္း ျဖစ္သည္။

“ဒီအိမ္ကို လူၾကီးလူေကာင္းတစ္ဦးက ေဆာက္လုပ္ခဲ့ျပီး အိမ္နီးခ်င္းေတြက လြတ္လပ္စြာေနထိုင္တတ္သူလို႔ သူ႔ကိုေခၚၾကတယ္” ဟု Allen က အဆိုပါ ရုပ္သံအစီအစဥ္တြင္ ေျပာသည္။

(အိပ္ခန္း ၂ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု-The Thayer Group/SWNS)

(စတိုင္က်ေသာ အတြင္းပိုင္း။ ဓာတ္ပံု-The Thayer Group/SWNS)

(၄ ထပ္အေဆာက္အအံုျဖစ္ျပီး ေက်ာက္ေဆာင္တို႔အနီး ကပ္လ်က္ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-The Thayer Group/SWNS)

(လူေနၾကမ္းခင္းဧရိယာ ၂၄၃၂ စတုရန္းေပ ရွိသည္။ ဓာတ္ပံု-The Thayer Group/SWNS)

တမူထူးေသာ ေနအိမ္မွာ အထပ္ ၄ ထပ္ျဖင့္ ဖြဲ႔စည္းထားကာ ၾကမ္းခင္းဧရိယာ ၂၄၃၂ စတုရန္းေပရွိျပီး ႏွစ္ခ်ပ္ဖြင့္ ေရွ႕တံခါးမၾကီးမွတဆင့္ ေနအိမ္အတြင္း ေရာက္ရွိမည္ ျဖစ္သည္။

ေနအိမ္အတြင္း ဖိနပ္ခၽြတ္အခန္း (သို႔မဟုတ္) အဝင္ခန္းမ၊ အဝတ္အစားထားသိုခန္းပါေသာ ဧည့္သည္ေဆာင္၊ လွ်ပ္စစ္မီးလင္းဖိုပါေသာ အေပၚထပ္ ပင္မအိပ္ခန္း၊ ေရခ်ဳိးခန္း ၂ ခန္း၊ ဝိုင္သိုေလွာင္ေနရာပါေသာ မီးဖိုေဆာင္၊ သီးသန္႔ခန္း၊ ရံုးခန္းႏွင့္ အဝတ္ေလွ်ာ္ခန္းတို႔ ပါဝင္ျပီး ဝန္းက်င္တခြင္တျပင္ ရႈေမွ်ာ္ခင္းမ်ား ေကာင္းစြာေတြ႔ရ သည့္ ျမင္ကြင္း ပိုင္ဆိုင္ထားသည္။ ေနအိမ္အျပင္ဘက္တြင္ deck ေနရာ ၂ ခုပါျပီး ထိုႏွစ္ေနရာလံုးသို႔ ေနအိမ္ တတိယထပ္မွတဆင့္ ေရာက္ရွိႏိုင္ သည္။

အေပၚဆံုးထပ္တြင္ လသာေဆာင္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Flintstones-like Home is Built Around 200 Million-Year-old Red Rock in Colorado–And is Now For Sale (themirror) Photo Credit- The Thayer Group/SWNS

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service