အိန္ဒိယတွင် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သော ထူးဆန်းသည့် နေအိမ် ၁၀ လုံးအကြောင်း

အိန္ဒိယတွင် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သော ထူးဆန်းသည့် နေအိမ် ၁၀ လုံးအကြောင်း - Property News in Myanmar from iMyanmarHouse.com
30 Aug 2024 12:05 pm တွင် တင်ခဲ့သည်
476 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မွမ်ဘိုင်းမှ လူအများစိတ်ဝင်စားခြင်းခံရသော နီညိုရောင် ၁၂ ထပ်အဆောက်အအုံမှ အစပြုကာ အိန္ဒိယတခွင်တွင် သမားရိုးကျ ဗိသုကာပုံစံမှ ထူးခြားစွာ ခွဲထွက်နေသည့် နေအိမ်များ ရှိနေသည်။

သမားရိုးကျမဟုတ်သော ထူးဆန်းသည့်နေအိမ်များ ဆောက်လုပ်သည့် trend မှာ ကမ္ဘာ့လူဦးရေ အများဆုံး ထိပ်တန်းတစ်နိုင်ငံဖြစ်သော အိန္ဒိယတွင် ခေတ်စားနေသည်။

အောက်တွင် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သည့် ထူးဆန်းသော နေအိမ် ၁၀ လုံးအကြောင်း ဖော်ပြထား ပါသည်။

((Sarvasva အဆောက်အအုံ၊ မွမ်ဘိုင်းမြို့))

(ဓာတ်ပုံ-Jacob Nedumchira/ Photographix India)

Spasm Design က ဆောက်လုပ်သော Sarvasva အဆောက်အအုံသည် ၁၂ ထပ်ဖြစ်ပြီး မိသားစု နေထိုင်ရန် နေအိမ်နေရာတစ်ခု ပါဝင်သည်။

လူနေထူထပ်သော မြို့ပြအလယ်တွင် ထင်ထင်ရှားရှားဖြစ်နေစေရန် ဖန်တီးထားပြီး မျက်နှာစာကို terracotta ပြားတို့ဖြင့် ဆောက်လုပ်ထားသည်။ Sarvasva အဆောက်အအုံသည် မြင့်မားသော်လည်း မွမ်ဘိုင်းတွင် အမြင့်မားဆုံး မဟုတ်ချေ။

((Chuzhi စံအိမ်၊ တမီလ် နာဒူးပြည်နယ်))

(ဓာတ်ပုံ-Syam Sreesylam)

Sarvasva ကဲ့သို့ အဆောက်အအုံများမှာ အခြားသူများထက် ကွဲထွက်နေစေရန် ဒီဇိုင်းရေးဆွဲဆောက်လုပ် သော်လည်း အချို့သူတို့ကမူ ၎င်းတို့၏ နေအိမ်ကို အခြားသူတို့ မတွေ့မြင်နိုင်စေရန် ဒီဇိုင်းရေးဆွဲ ဆောက်လုပ် ကြသည်။ ထိုသို့သော နေအိမ်မျိုးတွင် တမီလ်နာဒူးပြည်နယ်မှ Chuzhi စံအိမ်လည်း အပါအဝင် ဖြစ်သည်။

Chuzhi အိမ်ကို ဆောက်လုပ်သော Wallmakers ကုမ္ပဏီက ကိုယ်ယောင်ဖျောက်ဗိသုကာဟု တင်စားအမည်ပေးထားသည်။

နေအိမ်မှာ ချောက်ထဲတွင် နစ်မြုပ်ပျောက်ကွယ်နေပြီး လူနေ နေရာများမှာ သစ်ပင်များနှင့် ကျောက်ဆောင်များအကြား ခရုပတ်အသွင် ဆောက်လုပ်ထားသည်။

((Pott House အိမ်၊ ဟိုက်ဒရာဘက်မြို့))

(ဓာတ်ပုံ-Vivek Eadara)

အိန္ဒိယနိုင်ငံ၏ ဒေသများစွာတွင် အပူချိန်မြင့်မားမှုမှာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနေသည်။

ထိုအခြေအနေကို ရင်ဆိုင်ရန်အတွက် Kiron Cheerla ဗိသုကာအဖွဲ့က ဟိုက်ဒရာဘက်မြို့တွင် မီးအိမ်အသွင် အမိုးတပ်ဆင်ဆောက်လုပ်ခဲ့ကာ လေဝင်လေထွက်နှင့် သဘာဝအလင်းရောင် ကောင်းစွာရစေရန် စီမံထားခဲ့သည်။

((Toy Storey ။ ကီရာလာပြည်နယ်))

(ဓာတ်ပုံ-Syam Sreesylam/ Althaf Rasheed)

ဤအိမ်ကိုလည်း Wallmakers ကပင် ဆောက်လုပ်ခြင်းဖြစ်ပြီး အသုံးမပြုတော့သော အရုပ်ပေါင်း ၆၂၀၀ ကို အိမ်ဆောက်လုပ်ရာတွင် ထည့်သွင်းအသုံးပြုခဲ့သည်။

စက်ဝိုင်းပုံ အဆောက်အအုံဖြစ်ပြီး ဘိလပ်အုတ်ကို အသုံးပြုကာ အပေါက်များဖောက်၍ ဆောက်လုပ်ထားသည့် နံရံရှိပြီး ဒေသတွင်းတွင် စွန့်ပစ်ထားသော အရုပ်များစွာ အသုံးပြုဆောက်လုပ်ထားသည်။

((The Infinite Rise ။ တမီလ် နာဒူးပြည်နယ်)) (ဓာတ်ပုံ-Studio IKSHA)

စက်ဝိုင်းပုံ နေအိမ်ဖြစ်ပြီး အပြင်ပိုင်းမှာ ထူးခြားသော ဖွဲ့စည်းတည်ဆောက်ပုံရှိသည်။

ဒေသတွင်းမှ ရရှိသော ကြီးမားသော ကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထားသော နံရံများဖြင့် ကာရံထားသည်။

ဒေသတွင်း ဗိသုကာအဖွဲ့ဖြစ်သော Earthscape Studio မှ ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

((The People Tree House ။ Noida))

(ဓာတ်ပုံ-Andre J Fanhome)

Archiopteryx က People Tree House ကို ဒီဇိုင်းရေးဆွဲရာတွင် ရေစုဆောင်းရန်နေရာကို ဦးစားပေးခဲ့သည်။

အမိုးပေါ်တွင် ရေကူးကန်ရှိပြီး ဗဟို ဆလင်ဒါပုံကို ဝန်းပတ်ဆောက်လုပ်ထားသည့်အိမ်ဖြစ်သည်။

ဆလင်ဒါပုံ ဆောက်လုပ်ထားသောအရာထဲတွင် ဓာတ်လှေကားနှင့် ခရုပတ်လှေကားတစ်ခုတို့ ပါဝင်သည်။

အမိုးရှိ ဆင်ခြေလျှောမှ မိုးရေကို ရေစည်တစ်ခုဖြင့် စုဆောင်းကာ အိမ်အလယ်မှ ပိုက်ဖြင့် မြေအောက်ကန်ဆီသို့ ပေးပို့သည်။

((The Wendy House ။ ကီရာလာ))

(ဓာတ်ပုံ-Syam Sreesylam)

တောထူထူအလယ်တွင် ဆောက်လုပ်ထားသော Wendy House ကို ဘင်္ဂလိုမြို့အခြေစိုက် Earthscape Studio က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ သစ်ပင်များကို ခုတ်လှဲစရာမလို၊ ကွန်ကရစ်နှင့်သံမဏိတို့ အသုံးပြုစရာ မလိုဘဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(Enclosure ။ ဂူဂျာရတ်ပြည်နယ်))

(ဓာတ်ပုံ-Ishita Sitwala)

ဗိသုကာ ကုမ္ပဏီ Design ni Dukaan သည် ၎င်း၏ client က နေအိမ်ကို အပြင်မှကြည့်လျှင် မြင်ရမည့်ပုံစံအပေါ် လုံးဝစိတ်ဝင်စားခြင်းမရှိသောကြောင့် အတွင်းမျက်နှာပြင်ကို အပြင်တွင်ထားသည့်ပုံစံဖြင့် ချဉ်းကပ်ခဲ့ရာ ကွန်ကရစ်နံရံ ပြောင်သက်သက်ဖြင့်သာ ပြင်ပတွင် ထားရှိခဲ့ရာ ခံတပ်တစ်ခုအသွင် ဖြစ်နေသည်။

((Asmalay ။ မွမ်ဘိုင်းမြို့အနီး))

(ဓာတ်ပုံ-Inclined Studio)

Asmalay သည် သစ်ပင်များ ဝန်းပတ်ကာ ဆောက်လုပ်ထားသော အိမ်တစ်လုံးဖြစ်သည်။

နေအိမ်ကို လှိုင်းအသွင် ဝေ့ဝိုက်ဆောက်လုပ်ထားပြီး အတွင်းဘက် နံရံကို ပုလင်းကဲ့သို့ ပစ္စည်းများအား recycle သုံးကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

((Gadi House ။ ပြွန်းခရိုင်၊ မဟာရပ်ရှ်တရာပြည်နယ်))

(ဓာတ်ပုံ-Hemant Patil)

လှိုင်းတွန့်ပုံ နံရံတွင် အပေါက်ငယ်များဖြင့် နံရံဆောက်လုပ်ထားပြီး အုတ်၊ ကျောက်တုံးများ အသုံးပြုထားခြင်း ဖြစ်ကာ PMA Madhushala ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ten recently completed unusual Indian houses (dezeen) Photo Credit- Hemant Patil, Inclined Studio, Ishita Sitwala, Syam Sreesylam, Andre J Fanhome, Studio IKSHA, Syam Sreesylam/ Althaf Rasheed, Jacob Nedumchira/ Photographix India, Vivek Eadara

[Zawgyi]

အိႏိၵယတြင္ မၾကာေသးမီက ေဆာက္လုပ္ျပီးစီးခဲ့ေသာ ထူးဆန္းသည့္ ေနအိမ္ ၁၀ လံုးအေၾကာင္း

မြမ္ဘိုင္းမွ လူအမ်ားစိတ္ဝင္စားျခင္းခံရေသာ နီညိဳေရာင္ ၁၂ ထပ္အေဆာက္အအံုမွ အစျပဳကာ အိႏိၵယတခြင္တြင္ သမားရိုးက် ဗိသုကာပံုစံမွ ထူးျခားစြာ ခြဲထြက္ေနသည့္ ေနအိမ္မ်ား ရွိေနသည္။

သမားရိုးက်မဟုတ္ေသာ ထူးဆန္းသည့္ေနအိမ္မ်ား ေဆာက္လုပ္သည့္ trend မွာ ကမၻာ့လူဦးေရ အမ်ားဆံုး ထိပ္တန္းတစ္ႏိုင္ငံျဖစ္ေသာ အိႏိၵယတြင္ ေခတ္စားေနသည္။

ေအာက္တြင္ မၾကာေသးမီက ေဆာက္လုပ္ျပီးစီးခဲ့သည့္ ထူးဆန္းေသာ ေနအိမ္ ၁၀ လံုးအေၾကာင္း ေဖာ္ျပထား ပါသည္။

((Sarvasva အေဆာက္အအံု၊ မြမ္ဘိုင္းျမိဳ႕))

(ဓာတ္ပံု-Jacob Nedumchira/ Photographix India)

Spasm Design က ေဆာက္လုပ္ေသာ Sarvasva အေဆာက္အအံုသည္ ၁၂ ထပ္ျဖစ္ျပီး မိသားစု ေနထိုင္ရန္ ေနအိမ္ေနရာတစ္ခု ပါဝင္သည္။

လူေနထူထပ္ေသာ ျမိဳ႕ျပအလယ္တြင္ ထင္ထင္ရွားရွားျဖစ္ေနေစရန္ ဖန္တီးထားျပီး မ်က္ႏွာစာကို terracotta ျပားတို႔ျဖင့္ ေဆာက္လုပ္ထားသည္။ Sarvasva အေဆာက္အအံုသည္ ျမင့္မားေသာ္လည္း မြမ္ဘိုင္းတြင္ အျမင့္မားဆံုး မဟုတ္ေခ်။

((Chuzhi စံအိမ္၊ တမီလ္ နာဒူးျပည္နယ္))

(ဓာတ္ပံု-Syam Sreesylam)

Sarvasva ကဲ့သို႔ အေဆာက္အအံုမ်ားမွာ အျခားသူမ်ားထက္ ကြဲထြက္ေနေစရန္ ဒီဇိုင္းေရးဆြဲေဆာက္လုပ္ ေသာ္လည္း အခ်ဳိ႕သူတုိ႔ကမူ ၎တို႔၏ ေနအိမ္ကို အျခားသူတို႔ မေတြ႔ျမင္ႏိုင္ေစရန္ ဒီဇုိင္းေရးဆြဲ ေဆာက္လုပ္ ၾကသည္။ ထိုသို႔ေသာ ေနအိမ္မ်ဳိးတြင္ တမီလ္နာဒူးျပည္နယ္မွ Chuzhi စံအိမ္လည္း အပါအဝင္ ျဖစ္သည္။

Chuzhi အိမ္ကို ေဆာက္လုပ္ေသာ Wallmakers ကုမၸဏီက ကိုယ္ေယာင္ေဖ်ာက္ဗိသုကာဟု တင္စားအမည္ေပးထားသည္။

ေနအိမ္မွာ ေခ်ာက္ထဲတြင္ နစ္ျမဳပ္ေပ်ာက္ကြယ္ေနျပီး လူေန ေနရာမ်ားမွာ သစ္ပင္မ်ားႏွင့္ ေက်ာက္ေဆာင္မ်ားအၾကား ခရုပတ္အသြင္ ေဆာက္လုပ္ထားသည္။

((Pott House အိမ္၊ ဟိုက္ဒရာဘက္ျမဳိ႕))

(ဓာတ္ပံု-Vivek Eadara)

အိႏိၵယႏိုင္ငံ၏ ေဒသမ်ားစြာတြင္ အပူခ်ိန္ျမင့္မားမႈမွာ စိန္ေခၚမႈၾကီးတစ္ခု ျဖစ္လာေနသည္။

ထိုအေျခအေနကို ရင္ဆိုင္ရန္အတြက္ Kiron Cheerla ဗိသုကာအဖြဲ႔က ဟိုက္ဒရာဘက္ျမိဳ႕တြင္ မီးအိမ္အသြင္ အမိုးတပ္ဆင္ေဆာက္လုပ္ခဲ့ကာ ေလဝင္ေလထြက္ႏွင့္ သဘာဝအလင္းေရာင္ ေကာင္းစြာရေစရန္ စီမံထားခဲ့သည္။

((Toy Storey ။ ကီရာလာျပည္နယ္))

(ဓာတ္ပံု-Syam Sreesylam/ Althaf Rasheed)

ဤအိမ္ကိုလည္း Wallmakers ကပင္ ေဆာက္လုပ္ျခင္းျဖစ္ျပီး အသံုးမျပဳေတာ့ေသာ အရုပ္ေပါင္း ၆၂၀၀ ကို အိမ္ေဆာက္လုပ္ရာတြင္ ထည့္သြင္းအသံုးျပဳခဲ့သည္။

စက္ဝိုင္းပံု အေဆာက္အအံုျဖစ္ျပီး ဘိလပ္အုတ္ကို အသံုးျပဳကာ အေပါက္မ်ားေဖာက္၍ ေဆာက္လုပ္ထားသည့္ နံရံရွိျပီး ေဒသတြင္းတြင္ စြန္႔ပစ္ထားေသာ အရုပ္မ်ားစြာ အသံုးျပဳေဆာက္လုပ္ထားသည္။

((The Infinite Rise ။ တမီလ္ နာဒူးျပည္နယ္)) (ဓာတ္ပံု-Studio IKSHA)

စက္ဝိုင္းပံု ေနအိမ္ျဖစ္ျပီး အျပင္ပိုင္းမွာ ထူးျခားေသာ ဖြဲ႔စည္းတည္ေဆာက္ပံုရွိသည္။

ေဒသတြင္းမွ ရရွိေသာ ၾကီးမားေသာ ေက်ာက္တံုးၾကီးမ်ားျဖင့္ ေဆာက္လုပ္ထားေသာ နံရံမ်ားျဖင့္ ကာရံထားသည္။

ေဒသတြင္း ဗိသုကာအဖြဲ႔ျဖစ္ေသာ Earthscape Studio မွ ဒီဇုိင္းေရးဆြဲေပးခဲ့ျခင္း ျဖစ္သည္။

((The People Tree House ။ Noida))

(ဓာတ္ပံု-Andre J Fanhome)

Archiopteryx က People Tree House ကို ဒီဇိုင္းေရးဆြဲရာတြင္ ေရစုေဆာင္းရန္ေနရာကို ဦးစားေပးခဲ့သည္။

အမိုးေပၚတြင္ ေရကူးကန္ရွိျပီး ဗဟို ဆလင္ဒါပံုကို ဝန္းပတ္ေဆာက္လုပ္ထားသည့္အိမ္ျဖစ္သည္။

ဆလင္ဒါပံု ေဆာက္လုပ္ထားေသာအရာထဲတြင္ ဓာတ္ေလွကားႏွင့္ ခရုပတ္ေလွကားတစ္ခုတို႔ ပါဝင္သည္။

အမုိးရွိ ဆင္ေျခေလွ်ာမွ မိုးေရကို ေရစည္တစ္ခုျဖင့္ စုေဆာင္းကာ အိမ္အလယ္မွ ပိုက္ျဖင့္ ေျမေအာက္ကန္ဆီသို႔ ေပးပို႔သည္။

((The Wendy House ။ ကီရာလာ))

(ဓာတ္ပံု-Syam Sreesylam)

ေတာထူထူအလယ္တြင္ ေဆာက္လုပ္ထားေသာ Wendy House ကို ဘဂၤလိုျမိဳ႕အေျခစိုက္ Earthscape Studio က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္းျဖစ္သည္။ သစ္ပင္မ်ားကို ခုတ္လွဲစရာမလို၊ ကြန္ကရစ္ႏွင့္သံမဏိတို႔ အသံုးျပဳစရာ မလုိဘဲ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

(Enclosure ။ ဂူဂ်ာရတ္ျပည္နယ္))

(ဓာတ္ပံု-Ishita Sitwala)

ဗိသုကာ ကုမၸဏီ Design ni Dukaan သည္ ၎၏ client က ေနအိမ္ကို အျပင္မွၾကည့္လွ်င္ ျမင္ရမည့္ပံုစံအေပၚ လံုးဝစိတ္ဝင္စားျခင္းမရွိေသာေၾကာင့္ အတြင္းမ်က္ႏွာျပင္ကို အျပင္တြင္ထားသည့္ပံုစံျဖင့္ ခ်ဥ္းကပ္ခဲ့ရာ ကြန္ကရစ္နံရံ ေျပာင္သက္သက္ျဖင့္သာ ျပင္ပတြင္ ထားရွိခဲ့ရာ ခံတပ္တစ္ခုအသြင္ ျဖစ္ေနသည္။

((Asmalay ။ မြမ္ဘိုင္းျမိဳ႕အနီး))

(ဓာတ္ပံု-Inclined Studio)

Asmalay သည္ သစ္ပင္မ်ား ဝန္းပတ္ကာ ေဆာက္လုပ္ထားေသာ အိမ္တစ္လံုးျဖစ္သည္။

ေနအိမ္ကို လႈိင္းအသြင္ ေဝ့ဝိုက္ေဆာက္လုပ္ထားျပီး အတြင္းဘက္ နံရံကို ပုလင္းကဲ့သို႔ ပစၥည္းမ်ားအား recycle သံုးကာ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

((Gadi House ။ ျပြန္းခရိုင္၊ မဟာရပ္ရွ္တရာျပည္နယ္))

(ဓာတ္ပံု-Hemant Patil)

လိႈင္းတြန္႔ပံု နံရံတြင္ အေပါက္ငယ္မ်ားျဖင့္ နံရံေဆာက္လုပ္ထားျပီး အုတ္၊ ေက်ာက္တံုးမ်ား အသံုးျပဳထားျခင္း ျဖစ္ကာ PMA Madhushala ဗိသုကာအဖြဲ႔က ဒီဇိုင္းေရးဆြဲေပးထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ten recently completed unusual Indian houses (dezeen) Photo Credit- Hemant Patil, Inclined Studio, Ishita Sitwala, Syam Sreesylam, Andre J Fanhome, Studio IKSHA, Syam Sreesylam/ Althaf Rasheed, Jacob Nedumchira/ Photographix India, Vivek Eadara

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service