အိမ်ခြံမြေဥပဒေအသိကြွယ်စေဖို့ရာ မှတ်သားစရာအဖြာဖြာ...

အိမ်ခြံမြေဥပဒေအသိကြွယ်စေဖို့ရာ မှတ်သားစရာအဖြာဖြာ... - Property Knowledge in Myanmar from iMyanmarHouse.com
1 Sep 2024 9:36 am တွင် တင်ခဲ့သည်
409 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဒီတစ်ပတ်အတွက် iMyanmarHouse ဆီသို့ အိမ်ခြံမြေချစ်သူများ ပေးပို့လာတဲ့ ဥပဒေရေးရာမေးခွန်းများထဲမှ ကောင်းနိုးရာရာမေးခွန်းများကို ဖြေကြားတင်ဆက်ပေးလိုက်ပါတယ်။ ဥပဒေအသိကြွယ်စေဖို့ရာ အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများကို iMyanmarHouse.com မှ အပတ်စဥ် တင်ဆက်ပေးလျက်ရှိပါသည်။

မေးခွန်း (၁) - အိမ်ခြံမြေဝယ်ယူရာတွင် ရောင်းမှား ဝယ်မှား မဖြစ်ပေါ်စေဖို့ စစ်ဆေးသင့်သည့် စာရွက်စာတမ်းများကို ဖော်ပြပါ။

အိမ်ခြံမြေဝယ်ယူမည်ဆိုပါက မည်သည့်မြေအမျိုးအစားမှာ လူနေထိုင်ခွင့်ရှိသော မြေအမျိုးအစားဖြစ် ကြောင်း အရင်လေ့လာ သိရှိရပါမည်။ ဂရန်မြေ အမျိုးအစားမှာ နှစ်ကာလအပိုင်းအခြားဖြင့် လူနေထိုင်ခွင့် သတ် မှတ်ပေးထားပြီး အခွန်လွတ်ဂရန်မြေ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေတို့မှာလဲ လူနေထိုင်ခွင့်အတွက် ခွင့်ပြုပေး ထားသော မြေအမျိုးအစားများပင်ဖြစ်ပါသည်။ လိုင်စင်၊ ပါမစ်မြေများအားလဲ မြို့ကွက်အသစ်ပေးသော နေရာ များ၌ လူနေထိုင်ခွင့်အတွက် ချပေးထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ မိမိမှ ကြိုက်နှစ်သက်သည့် မည်သည့် မြေအမျိုးအစားကို မဆို ဝယ်ယူရန်အတွက် မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာနတွင် ဦးစွာပထမ မြေစစ်ဆေးမှု ပြုရန် လိုပါသည်။ ထိုအခါ ဦးပိုင်အမှတ်၊ အကွက်အမှတ်၊ အမည်ပေါက်၊ ဧရိယာ မှန်မမှန်၊ မူလ ကန့်ကွက်ချက်များ ရှိမရှိ ၊ မြေယာမှတ်တမ်းများနှင့် ကိုက်ညီခြင်းရှိမရှိ သိရှိနိုင်မည်ဖြစ်ပါသည်။ မြေကွက်တည်နေရာ အကျယ်အဝန်းနှင့် မြေကွက်အတွင်း၊ မြေကွက်အစပ်နေရာများတွင် ကျူးကျော်သူများရှိမရှိ မြေပြင်အခြေအနေအား သွားရောက် ကြည့်ရှု စစ်ဆေးမှုပြုရန်လဲ လိုပါသေးသည်။ စည်ပင်သာယာရေးကော်မတီရှိ မြေယာမှတ်တမ်းများနှင့် ကိုက်ညီမှုရှိပါက ဂရန်သက်တမ်းလဲ ကျန်ရှိ နေလျှင် ဝယ်ယူခြင်းပြုနိုင်ပြီး ရောင်းချသူမှ အမည်ပေါက်ကိုယ်တိုင် ရောင်းချခြင်း ဟုတ်မဟုတ် မေးမြန်း မှုတော့ပြုပါ။ အမည်ပေါက် ကွယ်လွန်ကာ အမွေဆက်ခံသူမှ ရောင်းချခြင်းဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင် ကြောင်း ကြေညာစာချုပ်ချုပ်ဆိုထားခြင်း ရှိမရှိ၊ တရားရုံးမှ အမွေထိန်းစာဖြင့် ရောင်းချခြင်း ဟုတ်မဟုတ် မေးမြန်း စုံစမ်းမှုပြုပါ။ ဂရန်အမည်ပေါက် (သို့ ) ၎င်း၏ အမွေဆက်ခံသူမှ တဆင့် ရောင်းချခြင်းမဟုတ်သော မြေကွက်ဖြစ်ပါက GP/SP ဖြင့်လဲ ဂရန်အမည်ပြောင်း ဆောင်ရွက်ခြင်း မပြုနိုင်တော့သောကြောင့်၊ ဝယ်ယူသူ ဂရန်အမည်ပြောင်း ဆောင်ရွက်ရာ၌ တရားရုံးအမိန့်တစ်ရပ် လိုအပ်ကာ ကြန့်ကြာမှုရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် ဂရန်အမည်ပေါက် ကိုယ်တိုင်မှ ရောင်းချခြင်း မဟုတ်လျှင် ယခုလက်ရှိအချိန်တွင် မဝယ်ယူသင့်ပါ။ အမည်ပေါက်ကိုယ်တိုင်ရောင်းချခြင်းဖြစ်ပါကလဲ အရောင်းမြေပုံ ကြိုတင်ထုတ် ယူထားခြင်း ရှိမရှိ မေး မြန်းပါ။ အရောင်းမြေပုံမထွက်ရှိသေးဘဲ ရောင်းဈေး တန်ဖိုးငွေများအားလုံး ငွေမချေပါနှင့် ။ အရောင်းအဝယ် ပြုလုပ်စဉ်အတွင်း ကန့်ကွက်သူရှိမရှိ သတင်းစာ ကြေငြာရန်လဲ မမေ့ပါနှင့်။ ငွေကြေစာချုပ် ချုပ်ဆိုပြီးပါကလဲ ရာဖြတ်တင်၊ ရောင်းခွန် ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင် ဝန်ဆောင်ခ ပေးသွင်း၍ စာချုပ်စာတမ်း မှတ် ပုံတင်ဥပဒေ-၂၁ နှင့်အညီ ရက်ပေါင်း- (၁၂၀) အတွင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။

မရွှေ့မပြောင်းသောပစ္စည်းများမှာ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၆(ခ)အရ မဖြစ်မနေ မှတ်ပုံ တင်စာချုပ် ချုပ်ဆိုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း (၂) - အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဟောင်းဖျက်ခွင့်ရှိပါသလား။

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံများ ဆောက်လုပ်ရန်၊ ပြုပြင်ရန်၊ ဖျက်သိမ်းရန် ကိစ္စရပ်များ နှင့် ခြံစည်းရိုး အခိုင်အမာကာရန်အတွက် မြေနယ်နမိတ်တိုင်းတာရန် ကိစ္စများအား အဆောက် အအုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ တဆင့် စည်ပင်သာယာ ရေးကော်မတီ ၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)သို့ တင်ပြရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဘေးပတ်ဝန်းကျင် အဆောက်အအုံများအား ထိခိုက်မှုမရှိစေဘဲ အဆောက်အအုံဆိုင်ရာ လုပ်ထုံးလုပ်နည်းမျာ၊ စည်းကမ်းချက်များအညီ အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် အိမ်ဟောင်းအား ဖြိုဖျက်ရမည် ဖြစ်သောကြောင့် အဆောက်အအုံဖျက်မိန့် တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာဌာနတွင် အဆောက်အအုံ ဖျက်သိမ်းခွင့် တင်ပြခြင်းမပြုဘဲ ဖျက်သိမ်းခွင့်မရှိပါ။ အဆောက်အအုံ လုပ်ထုံးလုပ်နည်း-၃(ဋ)တွင်လဲ အဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ တစ်ခု လုံးကိုဖြစ်စေ ဖြိုဖျက်ရာတွင် ဖျက်သိမ်းခွင့်ရရှိပြီးမှ ဆောင်ရွက်ခွင့်ရှိကြောင်းနှင့် ခွင့်ပြုချက်ရရှိပါကလဲ အများ ပြည်သူနှင့် လုပ်ငန်းခွင်ရှိ အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရေးစေရန်အတွက် ကြိုတင်ကာကွယ် မှုများအား စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

အဆောက်အအုံ ဖျက်သိမ်းခွင့်ပြုမိန့် တင်ပြရာတွင် သတ်မှတ်လျှောက်လွှာပုံစံနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။

- မြေရှင်မှ အဆောက်အအုံဖျက်သိမ်းခြင်းကို တာဝန်ယူကြောင်း ခံဝန်ချက်

- အင်ဂျင်နီယာနှင့် မြေရှင်တို့မှ ဘေးကပ်လျက်ရှိသော အဆောက်အအုံများအား ပျက်စီးမှုမရှိအောင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ခံဝန်ချက်

- ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အိမ်ရှင်/အိမ်ငှားပြသနာများ ကင်းရှင်းကြောင်း ထောက်ခံတင်ပြချက်

- လျှောက်ထားသူ မြေရှင်(GP/SP)ဖြင့် တင်ပြခြင်းဖြစ်လျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

- အင်ဂျင်နီယာ၏ လုပ်ငန်းလုပ်ကိုင်ခွင့် ကတ်ပြားမိတ္တူ

-မြေပိုင်ဆိုင်မှု အထောက်အထားမိတ္တူများ

- ဖျက်သိမ်းမည့် အဆောက်အအုံနှင့် ဘေးနှစ်ဘက် အဆောက်အအုံများ၏ ဓာတ်ပုံများ ပူးတွဲတင်ပြရန် လိုအပ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း (၃) - အမွေဆိုင်တစ်ဦးသည် ကျန်အမွေဆိုင်များထံမှ မိမိဝေစုကိုရလိုပါက ဆောင်ရွက်ရမည့်အချက်များကို ရှင်းပြပါ။

မိခင်၊ ဖခင် ကွယ်လွန်ပြီးနောက်ပိုင်း မိသားစုအကျိုးခံစားခွင့်ရှိသော အမွေပုံပစ္စည်းအား အမွေခွဲဝေခြင်း ပြုလိုလျှင် အမွေဆိုင်အချင်းချင်း ညှိနှိုင်းမှုပြုပြီး မိသားစုစုံလင်စွာဖြင့် ခွဲဝေခြင်းပြုနိုင်ပါသည်။ အမွေဆိုင် အားလုံးသဘောတူညီပါက အမွေခွဲဝေကြခြင်းပြုနိုင်ပြီး မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား အမွေခွဲဝေ ခြင်းဖြစ်ပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။ အမွေပစ္စည်းအား ရယူသုံးစွဲထားသူ အမွေဆိုင်ထံမှ ပြန်လည် တောင်းဆိုရခြင်းမျိုးဖြစ်လျှင် နို့တစ်စာပေးပို့ အကြောင်းကြားရန်နှင့် ကာလစည်းကမ်းသတ် (၁၂)နှစ် အတွင်း တရားစွဲဆိုရပါမည်။

အမွေဆိုင်များ အချင်းချင်း အမွေခွဲဝေ အမွေပစ္စည်းအပေါ် လက်ရောက်ရလိုမှု၊ ပိုင်ဆိုင်ကြောင်း မြွတ်ဟ ကြေငြာပေးစေလိုမှုဖြင့် တရားစွဲဆို၍ မရပါ။ အမွေပုံပစ္စည်းကို တရားရုံးမှ စီမံခန့်ခွဲပေးစေလိုမှုဖြင့်သာ အမွေမှု ဖွင့်လှစ်ရမည်ဖြစ်ပြီး ပစ္စည်းစာရင်းတွင်လဲ အမွေပုံပစ္စည်းအားလုံး ပါဝင်ရမည်ဖြစ်ပါသည်။ အမွေမှု တရားစွဲဆို ခွင့်ရှိသူများမှာ ကွယ်လွန်သူ၏ မြီရှင်၊ သေတမ်းစာအရ အမွေရခွင့်ရှိသူ၊ အမွေစား အမွေခံ၊ အမွေ ထိန်းများ ဖြစ်ပါသည်။ အမွေမှုတွင် အဆိုလွှာ၌ အမွေဆိုင်များ အားလုံးပါဝင်ရမည်ဖြစ်ပါသည်။

ကွန်လွန်သူ၏ အမွေပစ္စည်းအား ခွဲဝေရာ၌ ၎င်းတွင် သားရင်းသမီးရင်း မကျန်ရှိလျှင် လင်ပါမယားပါ သားသမီး၊ တူ၊ တူမ၊ ညီအကိုမောင်နှမ၊ မိတူဖကွဲ၊ ဖတူမိကွဲ ညီအကိုမောင်နှမ၊ အမိမဖ၊ ဘိုးဘွားများ၊ ဦးကြီး၊ ဦးလေး၊ဒေါ်ကြီး၊ဒေါ်လေးများ သွေးနီးသူ အမွေဆက်ခံသူများမှ ခွဲဝေမှုပြုရမည်ဖြစ်ပါသည်။

တရားရုံးတွင် အမှုဖွင့်လှစ်သော အမွေမှုများတွင် အမှုအတောအတွင်း အမွေပုံပစ္စည်းအား ခေတ္တထိန်း သိမ်းရန်နှင့် အမွေပုံအားစောင့်ရှောက်မှုပြုရန် အမွေထိန်းတစ်ဦးအား ခန့်အပ်ထားရှိပေးမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမဥပေဒအသိႂကြယ္ေစဖို႔ရာ မွတ္သားစရာအျဖာျဖာ...

ဒီတစ္ပတ္အတြက္ iMyanmarHouse ဆီသို႔ အိမ္ျခံေျမခ်စ္သူမ်ား ေပးပို႔လာတဲ့ ဥပေဒေရးရာေမးခြန္းမ်ားထဲမွ ေကာင္းႏိုးရာရာေမးခြန္းမ်ားကို ေျဖၾကားတင္ဆက္ေပးလိုက္ပါတယ္။ ဥပေဒအသိႂကြယ္ေစဖို႔ရာ အိမ္ျခံေျမဥပေဒဆိုင္ရာ အေမးအေျဖမ်ားကို iMyanmarHouse.com မွ အပတ္စဥ္ တင္ဆက္ေပးလ်က္႐ွိပါသည္။

ေမးခြန္း (၁) - အိမ္ျခံေျမဝယ္ယူရာတြင္ ေရာင္းမွား ဝယ္မွား မျဖစ္ေပၚေစဖို႔ စစ္ေဆးသင့္သည့္ စာ႐ြက္စာတမ္းမ်ားကို ေဖာ္ျပပါ။

အိမ္ျခံေျမဝယ္ယူမည္ဆိုပါက မည္သည့္ေျမအမ်ိဳးအစားမွာ လူေနထိုင္ခြင့္႐ွိေသာ ေျမအမ်ိဳးအစားျဖစ္ ေၾကာင္း အရင္ေလ့လာ သိ႐ွိရပါမည္။ ဂရန္ေျမ အမ်ိဳးအစားမွာ ႏွစ္ကာလအပိုင္းအျခားျဖင့္ လူေနထိုင္ခြင့္ သတ္ မွတ္ေပးထားၿပီး အခြန္လြတ္ဂရန္ေျမ၊ ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမတို႔မွာလဲ လူေနထိုင္ခြင့္အတြက္ ခြင့္ျပဳေပး ထားေသာ ေျမအမ်ိဳးအစားမ်ားပင္ျဖစ္ပါသည္။ လိုင္စင္၊ ပါမစ္ေျမမ်ားအားလဲ ၿမိဳ႕ကြက္အသစ္ေပးေသာ ေနရာ မ်ား၌ လူေနထိုင္ခြင့္အတြက္ ခ်ေပးထားသည္ကို ေတြ႕႐ွိရမည္ျဖစ္ပါသည္။ မိမိမွ ႀကိဳက္ႏွစ္သက္သည့္ မည္သည့္ ေျမအမ်ိဳးအစားကို မဆို ဝယ္ယူရန္အတြက္ ၿမိဳ႕ျပႏွင့္ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ဦးစြာပထမ ေျမစစ္ေဆးမႈ ျပဳရန္ လိုပါသည္။ ထိုအခါ ဦးပိုင္အမွတ္၊ အကြက္အမွတ္၊ အမည္ေပါက္၊ ဧရိယာ မွန္မမွန္၊ မူလ ကန္႔ကြက္ခ်က္မ်ား ႐ွိမ႐ွိ ၊ ေျမယာမွတ္တမ္းမ်ားႏွင့္ ကိုက္ညီျခင္း႐ွိမ႐ွိ သိ႐ွိႏိုင္မည္ျဖစ္ပါသည္။ ေျမကြက္တည္ေနရာ အက်ယ္အဝန္းႏွင့္ ေျမကြက္အတြင္း၊ ေျမကြက္အစပ္ေနရာမ်ားတြင္ က်ဴးေက်ာ္သူမ်ား႐ွိမ႐ွိ ေျမျပင္အေျခအေနအား သြားေရာက္ ၾကည့္႐ႈ စစ္ေဆးမႈျပဳရန္လဲ လိုပါေသးသည္။ စည္ပင္သာယာေရးေကာ္မတီ႐ွိ ေျမယာမွတ္တမ္းမ်ားႏွင့္ ကိုက္ညီမႈ႐ွိပါက ဂရန္သက္တမ္းလဲ က်န္႐ွိ ေနလွ်င္ ဝယ္ယူျခင္းျပဳႏိုင္ၿပီး ေရာင္းခ်သူမွ အမည္ေပါက္ကိုယ္တိုင္ ေရာင္းခ်ျခင္း ဟုတ္မဟုတ္ ေမးျမန္း မႈေတာ့ျပဳပါ။ အမည္ေပါက္ ကြယ္လြန္ကာ အေမြဆက္ခံသူမွ ေရာင္းခ်ျခင္းျဖစ္ပါက အေမြဆက္ခံပိုင္ဆိုင္ ေၾကာင္း ေၾကညာစာခ်ဳပ္ခ်ဳပ္ဆိုထားျခင္း ႐ွိမ႐ွိ၊ တရား႐ုံးမွ အေမြထိန္းစာျဖင့္ ေရာင္းခ်ျခင္း ဟုတ္မဟုတ္ ေမးျမန္း စုံစမ္းမႈျပဳပါ။ ဂရန္အမည္ေပါက္ (သို႔ ) ၎၏ အေမြဆက္ခံသူမွ တဆင့္ ေရာင္းခ်ျခင္းမဟုတ္ေသာ ေျမကြက္ျဖစ္ပါက GP/SP ျဖင့္လဲ ဂရန္အမည္ေျပာင္း ေဆာင္႐ြက္ျခင္း မျပဳႏိုင္ေတာ့ေသာေၾကာင့္၊ ဝယ္ယူသူ ဂရန္အမည္ေျပာင္း ေဆာင္႐ြက္ရာ၌ တရား႐ုံးအမိန္႔တစ္ရပ္ လိုအပ္ကာ ၾကန္႔ၾကာမႈ႐ွိမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ဂရန္အမည္ေပါက္ ကိုယ္တိုင္မွ ေရာင္းခ်ျခင္း မဟုတ္လွ်င္ ယခုလက္႐ွိအခ်ိန္တြင္ မဝယ္ယူသင့္ပါ။ အမည္ေပါက္ကိုယ္တိုင္ေရာင္းခ်ျခင္းျဖစ္ပါကလဲ အေရာင္းေျမပုံ ႀကိဳတင္ထုတ္ ယူထားျခင္း ႐ွိမ႐ွိ ေမး ျမန္းပါ။ အေရာင္းေျမပုံမထြက္႐ွိေသးဘဲ ေရာင္းေဈး တန္ဖိုးေငြမ်ားအားလုံး ေငြမေခ်ပါႏွင့္ ။ အေရာင္းအဝယ္ ျပဳလုပ္စဥ္အတြင္း ကန္႔ကြက္သူ႐ွိမ႐ွိ သတင္းစာ ေၾကျငာရန္လဲ မေမ့ပါႏွင့္။ ေငြေၾကစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးပါကလဲ ရာျဖတ္တင္၊ ေရာင္းခြန္ ဝယ္ခြန္၊ တံဆိပ္ေခါင္းခြန္၊ မွတ္ပုံတင္ ဝန္ေဆာင္ခ ေပးသြင္း၍ စာခ်ဳပ္စာတမ္း မွတ္ ပုံတင္ဥပေဒ-၂၁ ႏွင့္အညီ ရက္ေပါင္း- (၁၂၀) အတြင္း မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုရမည္ျဖစ္ပါသည္။

မေ႐ႊ႕မေျပာင္းေသာပစၥည္းမ်ားမွာ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒ ပုဒ္မ-၁၆(ခ)အရ မျဖစ္မေန မွတ္ပုံ တင္စာခ်ဳပ္ ခ်ဳပ္ဆိုရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

ေမးခြန္း (၂) - အေဆာက္အအုံဖ်က္သိမ္းခြင့္ ေလွ်ာက္ထားျခင္းမ႐ွိဘဲ အိမ္ေဟာင္းဖ်က္ခြင့္႐ွိပါသလား။

ရန္ကုန္ၿမိဳ႕ေတာ္ နယ္နိမိတ္အတြင္း အေဆာက္အအုံမ်ား ေဆာက္လုပ္ရန္၊ ျပဳျပင္ရန္၊ ဖ်က္သိမ္းရန္ ကိစၥရပ္မ်ား ႏွင့္ ျခံစည္း႐ိုး အခိုင္အမာကာရန္အတြက္ ေျမနယ္နမိတ္တိုင္းတာရန္ ကိစၥမ်ားအား အေဆာက္ အအုံဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာမွ တဆင့္ စည္ပင္သာယာ ေရးေကာ္မတီ ၊ အင္ဂ်င္နီယာ ဌာန(အေဆာက္အအုံ)သို႔ တင္ျပရမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ေဘးပတ္ဝန္းက်င္ အေဆာက္အအုံမ်ားအား ထိခိုက္မႈမ႐ွိေစဘဲ အေဆာက္အအုံဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ာ၊ စည္းကမ္းခ်က္မ်ားအညီ အင္ဂ်င္နီယာ၏ ႀကီးၾကပ္မႈျဖင့္ အိမ္ေဟာင္းအား ၿဖိဳဖ်က္ရမည္ ျဖစ္ေသာေၾကာင့္ အေဆာက္အအုံဖ်က္မိန္႔ တင္ျပ ေလွ်ာက္ထားရမည္ျဖစ္ပါသည္။ သက္ဆိုင္ရာဌာနတြင္ အေဆာက္အအုံ ဖ်က္သိမ္းခြင့္ တင္ျပျခင္းမျပဳဘဲ ဖ်က္သိမ္းခြင့္မ႐ွိပါ။ အေဆာက္အအုံ လုပ္ထုံးလုပ္နည္း-၃(ဋ)တြင္လဲ အေဆာက္အအုံ၏ တစ္စိတ္တစ္ပိုင္းကိုျဖစ္ေစ၊ တစ္ခု လုံးကိုျဖစ္ေစ ၿဖိဳဖ်က္ရာတြင္ ဖ်က္သိမ္းခြင့္ရ႐ွိၿပီးမွ ေဆာင္႐ြက္ခြင့္႐ွိေၾကာင္းႏွင့္ ခြင့္ျပဳခ်က္ရ႐ွိပါကလဲ အမ်ား ျပည္သူႏွင့္ လုပ္ငန္းခြင္႐ွိ အလုပ္သမားမ်ား ေဘးအႏၲရာယ္ကင္း႐ွင္းေရးေစရန္အတြက္ ႀကိဳတင္ကာကြယ္ မႈမ်ားအား စည္းကမ္းခ်က္ႏွင့္အညီ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားၿပီးျဖစ္ပါသည္။

အေဆာက္အအုံ ဖ်က္သိမ္းခြင့္ျပဳမိန္႔ တင္ျပရာတြင္ သတ္မွတ္ေလွ်ာက္လႊာပုံစံႏွင့္အတူ ေအာက္ပါ စာ႐ြက္စာတမ္းမ်ား လိုအပ္ပါသည္။

- ေျမ႐ွင္မွ အေဆာက္အအုံဖ်က္သိမ္းျခင္းကို တာဝန္ယူေၾကာင္း ခံဝန္ခ်က္

- အင္ဂ်င္နီယာႏွင့္ ေျမ႐ွင္တို႔မွ ေဘးကပ္လ်က္႐ွိေသာ အေဆာက္အအုံမ်ားအား ပ်က္စီးမႈမ႐ွိေအာင္ ဖ်က္သိမ္းမည္ျဖစ္ေၾကာင္း ခံဝန္ခ်က္

- ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွ အိမ္႐ွင္/အိမ္ငွားျပသနာမ်ား ကင္း႐ွင္းေၾကာင္း ေထာက္ခံတင္ျပခ်က္

- ေလွ်ာက္ထားသူ ေျမ႐ွင္(GP/SP)ျဖင့္ တင္ျပျခင္းျဖစ္လွ်င္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ

- အင္ဂ်င္နီယာ၏ လုပ္ငန္းလုပ္ကိုင္ခြင့္ ကတ္ျပားမိတၱဴ

-ေျမပိုင္ဆိုင္မႈ အေထာက္အထားမိတၱဴမ်ား

- ဖ်က္သိမ္းမည့္ အေဆာက္အအုံႏွင့္ ေဘးႏွစ္ဘက္ အေဆာက္အအုံမ်ား၏ ဓာတ္ပုံမ်ား ပူးတြဲတင္ျပရန္ လိုအပ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

ေမးခြန္း (၃) - အေမြဆိုင္တစ္ဦးသည္ က်န္အေမြဆိုင္မ်ားထံမွ မိမိေဝစုကိုရလိုပါက ေဆာင္႐ြက္ရမည့္အခ်က္မ်ားကို ႐ွင္းျပပါ။

မိခင္၊ ဖခင္ ကြယ္လြန္ၿပီးေနာက္ပိုင္း မိသားစုအက်ိဳးခံစားခြင့္႐ွိေသာ အေမြပုံပစၥည္းအား အေမြခြဲေဝျခင္း ျပဳလိုလွ်င္ အေမြဆိုင္အခ်င္းခ်င္း ညႇိႏိႈင္းမႈျပဳၿပီး မိသားစုစုံလင္စြာျဖင့္ ခြဲေဝျခင္းျပဳႏိုင္ပါသည္။ အေမြဆိုင္ အားလုံးသေဘာတူညီပါက အေမြခြဲေဝၾကျခင္းျပဳႏိုင္ၿပီး မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားအား အေမြခြဲေဝ ျခင္းျဖစ္ပါက မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။ အေမြပစၥည္းအား ရယူသုံးစြဲထားသူ အေမြဆိုင္ထံမွ ျပန္လည္ ေတာင္းဆိုရျခင္းမ်ိဳးျဖစ္လွ်င္ ႏို႔တစ္စာေပးပို႔ အေၾကာင္းၾကားရန္ႏွင့္ ကာလစည္းကမ္းသတ္ (၁၂)ႏွစ္ အတြင္း တရားစြဲဆိုရပါမည္။

အေမြဆိုင္မ်ား အခ်င္းခ်င္း အေမြခြဲေဝ အေမြပစၥည္းအေပၚ လက္ေရာက္ရလိုမႈ၊ ပိုင္ဆိုင္ေၾကာင္း ႁမြတ္ဟ ေၾကျငာေပးေစလိုမႈျဖင့္ တရားစြဲဆို၍ မရပါ။ အေမြပုံပစၥည္းကို တရား႐ုံးမွ စီမံခန္႔ခြဲေပးေစလိုမႈျဖင့္သာ အေမြမႈ ဖြင့္လွစ္ရမည္ျဖစ္ၿပီး ပစၥည္းစာရင္းတြင္လဲ အေမြပုံပစၥည္းအားလုံး ပါဝင္ရမည္ျဖစ္ပါသည္။ အေမြမႈ တရားစြဲဆို ခြင့္႐ွိသူမ်ားမွာ ကြယ္လြန္သူ၏ ၿမီ႐ွင္၊ ေသတမ္းစာအရ အေမြရခြင့္႐ွိသူ၊ အေမြစား အေမြခံ၊ အေမြ ထိန္းမ်ား ျဖစ္ပါသည္။ အေမြမႈတြင္ အဆိုလႊာ၌ အေမြဆိုင္မ်ား အားလုံးပါဝင္ရမည္ျဖစ္ပါသည္။

ကြန္လြန္သူ၏ အေမြပစၥည္းအား ခြဲေဝရာ၌ ၎တြင္ သားရင္းသမီးရင္း မက်န္႐ွိလွ်င္ လင္ပါမယားပါ သားသမီး၊ တူ၊ တူမ၊ ညီအကိုေမာင္ႏွမ၊ မိတူဖကြဲ၊ ဖတူမိကြဲ ညီအကိုေမာင္ႏွမ၊ အမိမဖ၊ ဘိုးဘြားမ်ား၊ ဦးႀကီး၊ ဦးေလး၊ေဒၚႀကီး၊ေဒၚေလးမ်ား ေသြးနီးသူ အေမြဆက္ခံသူမ်ားမွ ခြဲေဝမႈျပဳရမည္ျဖစ္ပါသည္။

တရား႐ုံးတြင္ အမႈဖြင့္လွစ္ေသာ အေမြမႈမ်ားတြင္ အမႈအေတာအတြင္း အေမြပုံပစၥည္းအား ေခတၱထိန္း သိမ္းရန္ႏွင့္ အေမြပုံအားေစာင့္ေ႐ွာက္မႈျပဳရန္ အေမြထိန္းတစ္ဦးအား ခန္႔အပ္ထား႐ွိေပးမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service