ဒေါ်နယ်ထရမ့်နှင့် ဆွေမျိုးမကင်းသော စီးပွားရေးလုပ်ငန်းရှင် ဂျို ရွှာ ကွတ်ရှ်နာနှင့် စူပါမော်ဒယ် ကာလီ ကလော့စ်တို့ စုံတွဲက ကယ်လီဖိုးနီးယားပြည်နယ်တွင် တချိန်က ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းဖြင့် ဝယ်ယူ

ဒေါ်နယ်ထရမ့်နှင့် ဆွေမျိုးမကင်းသော စီးပွားရေးလုပ်ငန်းရှင် ဂျို ရွှာ ကွတ်ရှ်နာနှင့် စူပါမော်ဒယ် ကာလီ ကလော့စ်တို့ စုံတွဲက ကယ်လီဖိုးနီးယားပြည်နယ်တွင် တချိန်က ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
29 Aug 2024 1:49 pm တွင် တင်ခဲ့သည်
387 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

((ဂျို ရွှာ ကွတ်ရှ်နာ ဘယ်သူလဲ))

ဂျို ရွှာ ကွတ်ရှ်နာသည် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Thrive Capital ကို တည်ထောင်သူ၊ Oscar Health ကို ပူးတွဲတည်ထောင်သူဖြစ်ကာ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ချားလ်စ် ကွတ်ရှ်နာ၏ သားဖြစ်သည်။

ဂျို ရွှာ ကွတ်ရှ်နာသည် ဂျရက် ကွတ်ရှ်နာ၏ ညီဖြစ်သည်။

ဂျရက် ကွတ်ရှ်နာမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ သားမက်ဖြစ်သည်။

((ဂျို ရွှာ ကွတ်ရှ်နာတို့စုံတွဲ ဝယ်ယူလိုက်သော စံအိမ်))

စူပါမော်ဒယ် ကာလီ ကလော့စ်နှင့် ဂျို ရွှာ ကွတ်ရှ်နာတို့သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးမြို့ရှိ အထင်ကရအရှိဆုံး ကမ်းခြေစံအိမ်ကြီးများအနက် တစ်လုံးကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် ဝယ်ယူလိုက်ကြောင်း daily mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

The Wave House ဟု အမည်ပေးထားသော စံအိမ်ကြီးကို ကွယ်လွန်သွားပြီဖြစ်သော ဗိသုကာပညာရှင် Harry Gesner က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

မိုင်ပေါင်းများစွာအထိ ရေလွှာလျှောစီးရန် ကောင်းမွန်မည့် လှိုင်းလုံးများရှိသော ပင်လယ်ကွေ့တစ်ခုကို တွေ့ရှိခဲ့ကြပြီးနောက် မူလအိမ်ပိုင်ရှင် Gerry Cooper နှင့် ဗိသုကာပညာရှင် Gesner တို့က ယခုစံအိမ်ကို ဒီဇိုင်းရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

ယခုစံအိမ်ကြီးသည် ပြီးခဲ့သောနှစ်အတွင်းက အရောင်းဈေးကွက်တင်ခဲ့ရာတွင် ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းအထိ ဈေးခေါ်ခဲ့သည်။

ယခုအခါ ဂျို ရွှာ ကွတ်ရှ်နာတို့ စုံတွဲက ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Wall Street Journal က ဖော်ပြသည်။

အဆိုပါစံအိမ်ကြီးကို တချိန်က ဂီတဖြင့် ကမ္ဘာအားကိုင်လှုပ်ခဲ့သော အဆိုတော်ကြီး ရော့ဒ် စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးပြီး မကြာသေးမီက ပိုင်ဆိုင်ခဲ့သူများတွင် Warner Bros ၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Mo Ostin နှင့် Gesner ၏ သားဖြစ်သူတို့ အပါအဝင် ဖြစ်သည်။

(စူပါမော်ဒယ် ကာလီ ကလော့စ်နှင့် ခင်ပွန်းဖြစ်သူ ဂျို ရွှာ ကွတ်ရှ်နာ)

 

(The Wave House စံအိမ်ကို ကွယ်လွန်သွားပြီဖြစ်သော ဗိသုကာပညာရှင် Harry Gesner က ဒီဇိုင်းရေးဆွဲခဲ့သည်)

Coldwell Banker Realty အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်ပြီး နေအိမ်အကျယ် စတုရန်းပေ ၆၂၀၀ ရှိကာ ခြံအကျယ်မှာ ၁ ဧကရှိပြီး အိပ်ခန်း ၆ ခန်းပါ နေအိမ် ဖြစ်သည်။

(ဧည့်ခန်းတွင် စကားစမြည်ပြောရန် နေရာ၌ မီးခိုးနုရောင် ခုံတန်းရှိပြီး ပြာလဲ့လဲ့ပင်လယ်ပြင်ဆီ မျက်နှာမူထားကာ ကြီးမားသော မီးလင်းဖိုကြီးလည်း ရှိသည်)

 

(ခြံဝန်းအတွင်းကို စီးမိုးတွေ့မြင်ရသော ညစာစား နေရာ)

 

(မီးဖိုဆောင်အနီးတွင် လူ ၈ ဦးဆန့် စက်ဝိုင်းပုံ စားပွဲကြီးရှိသည်)

 

(မာလီဘူး၏ လှပသော ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်)

 

(ကမ္ဘာကို ဂီတဖြင့် သိမ်းပိုက်ခဲ့သော အဆိုတော်ကြီး ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့သည့် ၁၉၈၀ ပြည့်လွန် ကာလများက လက်ရန်းများ မရှိသေး)

((ဆက်စပ်သတင်း))

ကမ္ဘာကျော် အမေရိကန် ဖက်ရှင်မော်ဒယ် ကာလီ ကလော့စ်က နယူးယောက်မြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်

https://www.imyanmarhouse.com/news/read/861829

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Karlie Kloss and Joshua Kushner splash out $29.5million for Malibu 'wave house' (dailymail)

Photo Credit-dailymail

 

[Zawgyi]

ေဒၚနယ္ထရမ့္ႏွင့္ ေဆြမ်ဳိးမကင္းေသာ စီးပြားေရးလုပ္ငန္းရွင္ ဂ်ိဳ ရႊာ ကြတ္ရွ္နာႏွင့္ စူပါေမာ္ဒယ္ ကာလီ ကေလာ့စ္တို႔ စံုတြဲက ကယ္လီဖုိးနီးယားျပည္နယ္တြင္ တခ်ိန္က ေရာ့ဒ္စတီးဝပ္ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္ၾကီးကို ကန္ေဒၚလာ ၂၉ ဒသမ ၅ သန္းျဖင့္ ဝယ္ယူ

 

((ဂ်ိဳ ရႊာ ကြတ္ရွ္နာ ဘယ္သူလဲ))

ဂ်ဳိ ရႊာ ကြတ္ရွ္နာသည္ အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ျဖစ္ျပီး ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ Thrive Capital ကို တည္ေထာင္သူ၊ Oscar Health ကို ပူးတြဲတည္ေထာင္သူျဖစ္ကာ အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး ခ်ားလ္စ္ ကြတ္ရွ္နာ၏ သားျဖစ္သည္။

ဂ်ဳိ ရႊာ ကြတ္ရွ္နာသည္ ဂ်ရက္ ကြတ္ရွ္နာ၏ ညီျဖစ္သည္။

ဂ်ရက္ ကြတ္ရွ္နာမွာ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ သားမက္ျဖစ္သည္။

((ဂ်ဳိ ရႊာ ကြတ္ရွ္နာတို႔စံုတြဲ ဝယ္ယူလုိက္ေသာ စံအိမ္))

စူပါေမာ္ဒယ္ ကာလီ ကေလာ့စ္ႏွင့္ ဂ်ဳိ ရႊာ ကြတ္ရွ္နာတို႔သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ မာလီဘူးျမိဳ႕ရွိ အထင္ကရအရွိဆံုး ကမ္းေျခစံအိမ္ၾကီးမ်ားအနက္ တစ္လံုးကို ကန္ေဒၚလာ သန္း ၃၀ နီးပါးျဖင့္ ဝယ္ယူလုိက္ေၾကာင္း daily mail သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

The Wave House ဟု အမည္ေပးထားေသာ စံအိမ္ၾကီးကို ကြယ္လြန္သြားျပီျဖစ္ေသာ ဗိသုကာပညာရွင္ Harry Gesner က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္း ျဖစ္သည္။

မိုင္ေပါင္းမ်ားစြာအထိ ေရလႊာေလွ်ာစီးရန္ ေကာင္းမြန္မည့္ လႈိင္းလံုးမ်ားရွိေသာ ပင္လယ္ေကြ႔တစ္ခုကို ေတြ႔ရွိခဲ့ၾကျပီးေနာက္ မူလအိမ္ပိုင္ရွင္ Gerry Cooper ႏွင့္ ဗိသုကာပညာရွင္ Gesner တုိ႔က ယခုစံအိမ္ကို ဒီဇိုင္းေရးဆြဲခဲ့ၾကျခင္း ျဖစ္သည္။

ယခုစံအိမ္ၾကီးသည္ ျပီးခဲ့ေသာႏွစ္အတြင္းက အေရာင္းေစ်းကြက္တင္ခဲ့ရာတြင္ ကန္ေဒၚလာ ၄၉ ဒသမ ၅ သန္းအထိ ေစ်းေခၚခဲ့သည္။

ယခုအခါ ဂ်ဳိ ရႊာ ကြတ္ရွ္နာတို႔ စံုတြဲက ကန္ေဒၚလာ ၂၉ ဒသမ ၅ သန္းမွ်ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း Wall Street Journal က ေဖာ္ျပသည္။

အဆိုပါစံအိမ္ၾကီးကို တခ်ိန္က ဂီတျဖင့္ ကမၻာအားကိုင္လႈပ္ခဲ့ေသာ အဆိုေတာ္ၾကီး ေရာ့ဒ္ စတီးဝပ္ ပိုင္ဆိုင္ခဲ့ဖူးျပီး မၾကာေသးမီက ပိုင္ဆိုင္ခဲ့သူမ်ားတြင္ Warner Bros ၏ အၾကီးတန္းအရာရွိတစ္ဦးျဖစ္သူ Mo Ostin ႏွင့္ Gesner ၏ သားျဖစ္သူတို႔ အပါအဝင္ ျဖစ္သည္။

(စူပါေမာ္ဒယ္ ကာလီ ကေလာ့စ္ႏွင့္ ခင္ပြန္းျဖစ္သူ ဂ်ဳိ ရႊာ ကြတ္ရွ္နာ)

(The Wave House စံအိမ္ကို ကြယ္လြန္သြားျပီျဖစ္ေသာ ဗိသုကာပညာရွင္ Harry Gesner က ဒီဇိုင္းေရးဆြဲခဲ့သည္)

Coldwell Banker Realty အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္ေပးခဲ့ျခင္းျဖစ္ျပီး ေနအိမ္အက်ယ္ စတုရန္းေပ ၆၂၀၀ ရွိကာ ျခံအက်ယ္မွာ ၁ ဧကရွိျပီး အိပ္ခန္း ၆ ခန္းပါ ေနအိမ္ ျဖစ္သည္။

(ဧည့္ခန္းတြင္ စကားစျမည္ေျပာရန္ ေနရာ၌ မီးခိုးႏုေရာင္ ခံုတန္းရွိျပီး ျပာလဲ့လဲ့ပင္လယ္ျပင္ဆီ မ်က္ႏွာမူထားကာ ၾကီးမားေသာ မီးလင္းဖိုၾကီးလည္း ရွိသည္)

(ျခံဝန္းအတြင္းကို စီးမိုးေတြ႔ျမင္ရေသာ ညစာစား ေနရာ)

(မီးဖိုေဆာင္အနီးတြင္ လူ ၈ ဦးဆန္႔ စက္ဝိုင္းပံု စားပြဲၾကီးရွိသည္)

(မာလီဘူး၏ လွပေသာ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္)

(ကမၻာကို ဂီတျဖင့္ သိမ္းပိုက္ခဲ့ေသာ အဆိုေတာ္ၾကီး ေရာ့ဒ္စတီးဝပ္ ပိုင္ဆိုင္ခဲ့သည့္ ၁၉၈၀ ျပည့္လြန္ ကာလမ်ားက လက္ရန္းမ်ား မရွိေသး)

((ဆက္စပ္သတင္း))

ကမၻာေက်ာ္ အေမရိကန္ ဖက္ရွင္ေမာ္ဒယ္ ကာလီ ကေလာ့စ္က နယူးေယာက္ျမိဳ႕ရွိ စံအိမ္ကို ကန္ေဒၚလာ ၂ ဒသမ ၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္

https://www.imyanmarhouse.com/news/read/861829

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Karlie Kloss and Joshua Kushner splash out $29.5million for Malibu 'wave house' (dailymail)

Photo Credit-dailymail

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service