ရွာလေးတစ်ခုထဲမှာ ဘဏ်ပေါင်း ၁၇ ခုဖွင့်လှစ်ထားတဲ့ အာရှတိုက်ရဲ့ အချမ်းသာဆုံး ကျေးရွာ ဘယ်နိုင်ငံမှာရှိလဲ

ရွာလေးတစ်ခုထဲမှာ ဘဏ်ပေါင်း ၁၇ ခုဖွင့်လှစ်ထားတဲ့ အာရှတိုက်ရဲ့ အချမ်းသာဆုံး ကျေးရွာ ဘယ်နိုင်ငံမှာရှိလဲ - Property Knowledge in Myanmar from iMyanmarHouse.com
29 Aug 2024 11:54 am တွင် တင်ခဲ့သည်
597 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကျေးရွာဟု ဆိုလိုက်သည်နှင့် ကျွန်ုပ်တို့ အာရုံတွင် မြင်ယောင်မိသည်မှာ ဗွက်ထူသော လမ်းများ၊ လက်နှိပ် ရေဘုံဘိုင်များ၊ နွားလှည်းများ၊ လျှပ်စစ်မီးမရှိသော ဓနိမိုးအိမ်များနှင့် လယ်ကွင်းထဲမှ ကောက်စိုက်သမများကို မြင်ယောင်လာကြသည်။

သို့သော် ယနေ့အခါ ကမ္ဘာ့နိုင်ငံတို့ရှိ ကျေးရွာ များစွာမှာ ဖွံ့ဖြိုးတိုးတက် လာနေကြသည်။

အာရှတိုက်၏ အချမ်းသာဆုံးကျေးရွာမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတွင် တည်ရှိခြင်း မဟုတ်။

အဆိုပါကျေးရွာမှာ အိန္ဒိယနိုင်ငံတွင် ရှိနေသည်။

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ Bhuj မြို့ရှိ ကျေးရွာတစ်ခုမှာ ကျေးရွာတို့နှင့် ပတ်သက်သည့် သင်၏ ထင်မြင်ချက်ကို ပြောင်းလဲပေးမည့် ရွာတစ်ရွာ ဖြစ်သည်။

Bhuj မြို့ ဆင်ခြေဖုံးရှိ မာဒါးပူရ်အမည်ရှိ ကျေးရွာမှာ အာရှတိုက်၏ အချမ်းသာဆုံးကျေးရွာဟု လူသိများသည်။

လူဦးရေ ၃၂၀၀၀ ဝန်းကျင်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး အဆိုပါရွာမှ အပ်နှံထားသော ဘဏ်အပ်ငွေမှာ ရူပီး ကုဋေ ၇,၀၀၀ ခန့်ရှိသည်။

အဆိုပါကျေးရွာ၏ ကြွယ်ဝမှုမှာ အိန္ဒိယတွင် နေထိုင်ခြင်းမရှိသူ ၆၅ ရာခိုင်နှုန်းခန့်နှင့် ပတ်သက်နေသည်။

ရွာသူရွာသားတို့သည် ဒေသတွင်းရှိ ဘဏ်များနှင့် စာတိုက်ရုံးများတွင် နှစ်စဉ် ရူပီး ကုဋေပေါင်းများစွာ အပ်နှံလေ့ရှိကြသည်။

၎င်းတို့၏ မိသားစုဝင်များက ငွေလွှဲပေးပို့လာသောငွေများ ဖြစ်ကြသည်။

မာဒါးပူရ် ကျေးရွာတွင် အိမ်ခြေ ၂၀,၀၀၀ ခန့်ရှိပြီး လယ်ပိုင်ရှင်ကြီးများ နေထိုင်သည့်ရွာဖြစ်သည်။

အိန္ဒိယရှိ အထင်ကရ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်တိုင်း မာဒါးပူရ်တွင် ဘဏ်ခွဲရှိသည်။

ရွာထဲတွင် ဘဏ်ပေါင်း ၁၇ ခုရှိရာ HDFC BANK, SBI, PNB, Axis Bank, ICICI Bank နှင့် Union Bank တို့ အပါအဝင် ဖြစ်သည်။

အခြားသော အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသည်လည်း မာဒါးပူရ်တွင် ဘဏ်ခွဲဖွင့်ရန် စိတ်ဝင်စားနေသည်။

ရွာသူရွာသားတို့၏ များပြားလှသော ဘဏ်အပ်ငွေများမှာ အာဖရိကတွင် ရောက်ရှိနေသော မိသားစုဝင်များက ပေးပို့လာသောငွေမှာ အများစုဖြစ်သည်။

ထိုမိသားစုဝင်တို့သည် အာဖရိကတွင် ဆောက်လုပ်ရေးလုပ်ငန်းဖြင့် အလုပ်ဖြစ်နေကြသူများ ဖြစ်သည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ ရောက်နေသူများလည်း ရှိသည်။

ထိုသူတို့မှာ ပြည်ပတွင် နေထိုင်နေသော်လည်း ရွာနှင့် အဆက်အသွယ်ရှိနေဆဲဖြစ်ကာ မာဒါးပူရ်အား ကြီးမားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့သည်။

“ရွာသားများစွာဟာ ပြည်ပမှာ နေထိုင်အလုပ်လုပ်ကြပေမဲ့ ရွာနဲ့ အဆက်အသွယ်အမြဲရှိပါတယ်။ သူတို့ရဲ့ ငွေတွေကို သူတို့နေတဲ့နိုင်ငံမှာ မအပ်ဘဲ ဒီကဘဏ်တွေမှာပဲ အပ်ချင်ကြပါတယ်” ဟု Panchayat ခရိုင်ဥက္ကဌ ဟောင်း Parulben Kara က ပြောပြကြောင်း Economic Times က ဖော်ပြသည်။

“ရွာမှာ ရေ၊ ရေဆိုးနှုတ် စနစ်၊ လမ်းမတွေလို facility တွေ အားလုံးရှိပါတယ်။ ဘန်ဂလိုအိမ်တွေ၊ အစိုးရနဲ့ ပုဂ္ဂလိက စာသင်ကျောင်းတွေ၊ ရေကန်တွေ ၊ ဘုရားကျောင်းတွေရှိပါတယ်” ဟု ကျေးရွာလေးရှိ ဘဏ်ခွဲ မန်နေဂျာတစ်ဦးက ပြောသည်။

မာဒါးပူရ်တွင် အိမ်ခြေ ၂၀,၀၀၀ နီးပါးရှိပြီး မိသားစု ၁၂၀၀ ခန့်မှာ ပြည်ပတွင် ရောက်နေကြသည်။

ရွာလေးသို့ ငွေလွှဲပေးပို့မှု အဆက်မပြတ်ဝင်နေရာ စာသင်ကျောင်းများ၊ ကောလိပ်များ၊ ဆေးပေးခန်းများ၊ ဆည်များ၊ ဘုရားကျောင်းများနှင့် ရေကန်များ ဆောက်လုပ်နိုင်လာသည်။

လန်ဒန်မြို့တွင် ရောက်ရှိနေသူတို့က ရွာသားအချင်းချင်း အဆက်အသွယ်ရရန်နှင့် ကျေးရွာပုံရိပ်ကို မြှင့်တင်နိုင်ရန် မာဒါးပူရ်ကျေးရွာအသင်းကို တည်ထောင်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet Asia’s richest village: Not in China or Japan, it’s in our own country India (livemint)

 

[Zawgyi]

ရြာေလးတစ္ခုထဲမွာ ဘဏ္ေပါင္း ၁၇ ခုဖြင့္လွစ္ထားတဲ့ အာရွတုိက္ရဲ႕ အခ်မ္းသာဆံုး ေက်းရြာ ဘယ္ႏိုင္ငံမွာရွိလဲ

ေက်းရြာဟု ဆိုလုိက္သည္ႏွင့္ ကၽြႏ္ုပ္တို႔ အာရံုတြင္ ျမင္ေယာင္မိသည္မွာ ဗြက္ထူေသာ လမ္းမ်ား၊ လက္ႏွိပ္ ေရဘံုဘိုင္မ်ား၊ ႏြားလွည္းမ်ား၊ လွ်ပ္စစ္မီးမရွိေသာ ဓနိမိုးအိမ္မ်ားႏွင့္ လယ္ကြင္းထဲမွ ေကာက္စိုက္သမမ်ားကို ျမင္ေယာင္လာၾကသည္။

သုိ႔ေသာ္ ယေန႔အခါ ကမၻာ့ႏိုင္ငံတုိ႔ရွိ ေက်းရြာ မ်ားစြာမွာ ဖြံ႕ျဖဳိးတုိးတက္ လာေနၾကသည္။

အာရွတိုက္၏ အခ်မ္းသာဆံုးေက်းရြာမွာ တရုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယားတြင္ တည္ရွိျခင္း မဟုတ္။

အဆုိပါေက်းရြာမွာ အိႏိၵယႏိုင္ငံတြင္ ရွိေနသည္။

အိႏိၵယႏိုင္ငံ၊ ဂူဂ်ာရတ္ျပည္နယ္၊ Bhuj ျမဳိ႕ရွိ ေက်းရြာတစ္ခုမွာ ေက်းရြာတုိ႔ႏွင့္ ပတ္သက္သည့္ သင္၏ ထင္ျမင္ခ်က္ကို ေျပာင္းလဲေပးမည့္ ရြာတစ္ရြာ ျဖစ္သည္။

Bhuj ျမိဳ႕ ဆင္ေျခဖံုးရွိ မာဒါးပူရ္အမည္ရွိ ေက်းရြာမွာ အာရွတုိက္၏ အခ်မ္းသာဆံုးေက်းရြာဟု လူသိမ်ားသည္။

လူဦးေရ ၃၂၀၀၀ ဝန္းက်င္ရွိ ရြာၾကီးတစ္ရြာျဖစ္ျပီး အဆုိပါရြာမွ အပ္ႏွံထားေသာ ဘဏ္အပ္ေငြမွာ ရူပီး ကုေဋ ၇,၀၀၀ ခန္႔ရွိသည္။

အဆုိပါေက်းရြာ၏ ၾကြယ္ဝမႈမွာ အိႏိၵယတြင္ ေနထုိင္ျခင္းမရွိသူ ၆၅ ရာခုိင္ႏႈန္းခန္႔ႏွင့္ ပတ္သက္ေနသည္။

ရြာသူရြာသားတို႔သည္ ေဒသတြင္းရွိ ဘဏ္မ်ားႏွင့္ စာတိုက္ရံုးမ်ားတြင္ ႏွစ္စဥ္ ရူပီး ကုေဋေပါင္းမ်ားစြာ အပ္ႏွံေလ့ရွိၾကသည္။

၎တို႔၏ မိသားစုဝင္မ်ားက ေငြလႊဲေပးပို႔လာေသာေငြမ်ား ျဖစ္ၾကသည္။

မာဒါးပူရ္ ေက်းရြာတြင္ အိမ္ေျခ ၂၀,၀၀၀ ခန္႔ရွိျပီး လယ္ပိုင္ရွင္ၾကီးမ်ား ေနထုိင္သည့္ရြာျဖစ္သည္။

အိႏိၵယရွိ အထင္ကရ အစိုးရဘဏ္ႏွင့္ ပုဂၢလိကဘဏ္တိုင္း မာဒါးပူရ္တြင္ ဘဏ္ခြဲရွိသည္။

ရြာထဲတြင္ ဘဏ္ေပါင္း ၁၇ ခုရွိရာ HDFC BANK, SBI, PNB, Axis Bank, ICICI Bank ႏွင့္ Union Bank တို႔ အပါအဝင္ ျဖစ္သည္။

အျခားေသာ အစိုးရဘဏ္ႏွင့္ ပုဂၢလိကဘဏ္မ်ားသည္လည္း မာဒါးပူရ္တြင္ ဘဏ္ခြဲဖြင့္ရန္ စိတ္ဝင္စားေနသည္။

ရြာသူရြာသားတို႔၏ မ်ားျပားလွေသာ ဘဏ္အပ္ေငြမ်ားမွာ အာဖရိကတြင္ ေရာက္ရွိေနေသာ မိသားစုဝင္မ်ားက ေပးပို႔လာေသာေငြမွာ အမ်ားစုျဖစ္သည္။

ထိုမိသားစုဝင္တို႔သည္ အာဖရိကတြင္ ေဆာက္လုပ္ေရးလုပ္ငန္းျဖင့္ အလုပ္ျဖစ္ေနၾကသူမ်ား ျဖစ္သည္။

အေမရိကန္၊ ျဗိတိန္၊ ကေနဒါ၊ ၾသစေတးလ်ႏွင့္ နယူးဇီလန္ႏိုင္ငံမ်ားသို႔ ေရာက္ေနသူမ်ားလည္း ရွိသည္။

ထိုသူတို႔မွာ ျပည္ပတြင္ ေနထုိင္ေနေသာ္လည္း ရြာႏွင့္ အဆက္အသြယ္ရွိေနဆဲျဖစ္ကာ မာဒါးပူရ္အား ၾကီးမားေသာ ေျပာင္းလဲမႈမ်ား ျဖစ္ေစခဲ့သည္။

“ရြာသားမ်ားစြာဟာ ျပည္ပမွာ ေနထိုင္အလုပ္လုပ္ၾကေပမဲ့ ရြာနဲ႔ အဆက္အသြယ္အျမဲရွိပါတယ္။ သူတို႔ရဲ႕ ေငြေတြကို သူတို႔ေနတဲ့ႏိုင္ငံမွာ မအပ္ဘဲ ဒီကဘဏ္ေတြမွာပဲ အပ္ခ်င္ၾကပါတယ္” ဟု Panchayat ခရိုင္ဥကၠဌ ေဟာင္း Parulben Kara က ေျပာျပေၾကာင္း Economic Times က ေဖာ္ျပသည္။

“ရြာမွာ ေရ၊ ေရဆိုးႏႈတ္ စနစ္၊ လမ္းမေတြလို facility ေတြ အားလံုးရွိပါတယ္။ ဘန္ဂလိုအိမ္ေတြ၊ အစိုးရနဲ႔ ပုဂၢလိက စာသင္ေက်ာင္းေတြ၊ ေရကန္ေတြ ၊ ဘုရားေက်ာင္းေတြရွိပါတယ္” ဟု ေက်းရြာေလးရွိ ဘဏ္ခြဲ မန္ေနဂ်ာတစ္ဦးက ေျပာသည္။

မာဒါးပူရ္တြင္ အိမ္ေျခ ၂၀,၀၀၀ နီးပါးရွိျပီး မိသားစု ၁၂၀၀ ခန္႔မွာ ျပည္ပတြင္ ေရာက္ေနၾကသည္။

ရြာေလးသို႔ ေငြလႊဲေပးပို႔မႈ အဆက္မျပတ္ဝင္ေနရာ စာသင္ေက်ာင္းမ်ား၊ ေကာလိပ္မ်ား၊ ေဆးေပးခန္းမ်ား၊ ဆည္မ်ား၊ ဘုရားေက်ာင္းမ်ားႏွင့္ ေရကန္မ်ား ေဆာက္လုပ္ႏိုင္လာသည္။

လန္ဒန္ျမိဳ႕တြင္ ေရာက္ရွိေနသူတို႔က ရြာသားအခ်င္းခ်င္း အဆက္အသြယ္ရရန္ႏွင့္ ေက်းရြာပံုရိပ္ကို ျမွင့္တင္ႏိုင္ရန္ မာဒါးပူရ္ေက်းရြာအသင္းကို တည္ေထာင္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet Asia’s richest village: Not in China or Japan, it’s in our own country India (livemint)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင်
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service