အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ် (လက်ရှိ ဒုသမ္မတ) ၏ စံအိမ်များ

အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ် (လက်ရှိ ဒုသမ္မတ) ၏ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
29 Aug 2024 11:40 am တွင် တင်ခဲ့သည်
607 ကြိမ် ကြည့်ရှု့ပြီး

Unicode

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၂၀၂၄ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ နှုတ်ထွက်ခဲ့ပြီး ဒုတိယ သမ္မတ ခါမလာ ဟဲရစ်ကို သမ္မတလောင်းအဖြစ် ထောက်ခံပေးခဲ့သည်။

ခါမလာ ဟဲရစ်သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက မကြာမီတွင် အိမ်ဖြူတော်၌ အခြေချနေထိုင်နိုင် တော့မည် ဖြစ်သည်။

လက်ရှိအားဖြင့် ခါမလာ ဟဲရစ် မည်သည့်နေရာတွင် နေထိုင်သနည်း။

 

(အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၂၀၂၄ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ နှုတ်ထွက်ခဲ့ပြီး ဒုတိယ သမ္မတ ခါမလာ ဟဲရစ်ကို သမ္မတလောင်းအဖြစ် ထောက်ခံပေးခဲ့သည်။ ဓာတ်ပုံ-Daniel Steinle/ Bloomberg via Getty Images)

 

ခါမလာ ဟဲရစ်နှင့် ခင်ပွန်းဖြစ်သူ ဒေါက်ဂလပ် အမ်းဟော့ဖ်တို့သည် အမေရိကန်စစ်ဘက်နှင့် သိပ္ပံပညာဝန်း ဖြစ်သော U.S Naval Observatory ဝန်းအတွင်း အိမ်လခမပေးရဘဲ နေထိုင်လျက်ရှိပြီး အိမ်ဖြူတော်မှ ၃ မိုင်အကွာတွင် တည်ရှိသည်။

အမေရိကန် ဒုတိယ သမ္မတများအနက် အဆိုပါ စံအိမ်တွင် ပထမဆုံးနေထိုင်ခဲ့သူမှာ Walter Mondale ဖြစ်ပြီး ခါမလာ ဟဲရစ်မှာ နဝမမြောက် ဖြစ်သည်။

 

(အမေရိကန် ဒုသမ္မတနေထိုင်သော နိုင်ငံတော်အိမ်တော်ကို ၁၈၉၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Matt McClain/ The Washington Post via Getty Images)

 

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည်လည်း ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ယခုစံအိမ်တွင် နေထိုင်ခဲ့ဖူးပြီး လင်းလင်းချင်းချင်းရှိသော နေစာလှုံခန်းကို အနှစ်သက်ဆုံးဖြစ်သည်ဟု ဆိုသည်။

 

(ဂျိုးဘိုင်ဒန် အနှစ်သက်ဆုံး နေစာလှုံခန်း။ ဓာတ်ပုံ-Stacy Zarin Goldberg for The Washington Post via Getty Images)

 

 

(( Blair House- ဝါရှင်တန် ဒီစီ))

US Naval Observatory ရှိ ဒုသမ္မတအိမ်တော်ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေစဉ်ကာလအတွင်း ခါမလာ ဟဲရစ်တို့ ဇနီးမောင်နှံသည် အိမ်ဖြူတော်မှ ၃ မိနစ်ခရီးသာဝေးသော Blair House တွင် နေထိုင်ခဲ့ကြသည်။

အဆိုပါ အိမ်တော်သည် အမေရိကန်သမ္မတ၏ နိုင်ငံတော်ဧည့်ဂေဟာဖြစ်ပြီး အမှတ် ၁၆၅၁၊ Pennsylvania Ave လမ်းတွင် တည်ရှိသည်။

 

(Blair House ကို ၁၈၂၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Dmitry KirsanovTASS via Getty Images)

 

ဧည့်ဂေဟာတွင် အိပ်ခန်း ၁၄ ခန်း၊ ရေချိုးခန်း ၃၅ ခန်း၊ formal dining room ၃ ခန်း၊ အားကစား လေ့ကျင့်ခန်းမနှင့် အလှပြင်ခန်းတို့ ပါဝင်သည်။

 

(Blair House ရှိ The Lee ညစာစားခန်း၊ သမ္မတ ဟယ်ရီ ထရူးမန်းသည် တချိန်က အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပခဲ့ဖူးသည့်နေရာ ဖြစ်သည်။ ဓာတ်ပုံ-BlairHouse.org)

 

((ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုရှိ ထပ်ခိုးခန်း))

ဝယ်ဈေး (၂၀၀၄)- ကန်ဒေါ်လာ ၄၈၉၀၀၀ ရောင်းဈေး (၂၀၂၁) - ကန်ဒေါ်လာ ၇၉၉၀၀၀ ခါမလာ ဟဲရစ်သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် ရှေ့နေဖြစ်လာပြီးနောက် ၂၀၀၄ ခုနှစ်အတွင်း ဆန်ဖရန်စစ္စကိုရှိ စတုရန်းပေ ၁၀၆၉ ရှိသော ထပ်ခိုးခန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြန်လည်ရောင်းထုတ်ခဲ့ရာတွင် ၆၃ ရာခိုင်နှုန်း အမြတ်ရခဲ့ကြောင်း Wall Street Journal က ဖော်ပြသည်။ အိပ်ခန်း ၁ ခန်း၊ ရေချိုးခန်း ၁ ခန်း ပါဝင်ပြီး South of Market အရပ်တွင် တည်ရှိသည်။

အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင်ရှိပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသောပြတင်းများ၊ မီးဖိုဆောင်၊ အဝတ်အစားထားသိုခန်းတို့ ပါဝင်သည်။

 

(ခါမလာ ဟဲရစ်၏ ထပ်ခိုးခန်းမှာ အရောင်းဈေးကွက်တင်ပြီး ၂ ပတ်ခန့်အတွင်း ရောင်းထွက်သွားသည်။ ဓာတ်ပုံ-Realtor)

 

((ဝါရှင်တန်ဒီစီမှ ကွန်ဒိုခန်း))

ဝယ်ဈေး (၂၀၁၇) - ကန်ဒေါ်လာ ၁,၇၇၅,၀၀၀ ရောင်းဈေး (၂၀၂၁)- ကန်ဒေါ်လာ ၁,၈၅၀,၀၀၀ ခါမလာ ဟဲရစ်နှင့် အမ်းဟော့ဖ်တို့ စုံတွဲသည် ခါမလာဟဲရစ် အထက်လွှတ်တော်အမတ်ဖြစ်လာသော ၂၀၁၇ ခုနှစ်အတွင်း ဝါရှင်တန်ဒီစီတွင် စတုရန်းပေ ၁၇၀၀ ရှိ ကွန်ဒိုခန်းကို ဝယ်ယူခဲ့သည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလတွင် ပြန်လည်ရောင်းချရာ၌ ၄ ဒသမ ၂ ရာခိုင်နှုန်း မြတ်စွန်းခဲ့သည်။

West End အရပ်မှ Westlight အဆောက်အအုံတွင် တည်ရှိပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်း ပါသည်။

 

(ခါမလာဟဲရစ်က အဆိုပါကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁,၉၉၅,၀၀၀ ဈေးခေါ်ရောင်းချခဲ့သော်လည်း ဒေါ်လာ ၁,၈၅၀,၀၀၀ ဖြင့် ရောင်းထွက်သွားသည်။ ဓာတ်ပုံ-Realtor)

 

((ကယ်လီဖိုးနီးယားပြည်နယ်၊ Brentwood မြို့မှ နေအိမ်))

ဝယ်ဈေး (၂၀၁၂) - ကန်ဒေါ်လာ ၂ ဒသမ ၇ သန်း

ခါမလာ ဟဲရစ်နှင့် အမ်းဟော့ဖ်တို့ ဇနီးမောင်နှံသည် ကယ်လီဖိုးနီးယားပြည်နယ်၊ ကွန်ထရာ ကော့စ်တာ ခရိုင်၊ Brentwood မြို့တွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

ရှေ့နေတစ်ဦးဖြစ်သူ အမ်းဟော့ဖ်က ခါမလာ ဟဲရစ်နှင့် လက်မထပ်မီ ၂ နှစ်အလို ၂၀၁၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နေအိမ်အကျယ်အဝန်း စတုရန်းပေ ၃၅၀၅ ရှိပြီး ကန်ဒေါ်လာ ၂ ဒသမ ၇ သန်း ပေးခဲ့ရသည်။

လက်ထပ်ပြီးနောက်ပိုင်း အဆိုပါအိမ်ကို ခါမလာ ဟဲရစ်နှင့် ပူးတွဲပိုင်ဆိုင်ထားသည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းနှင့် ရေကူးကန်တစ်ခု ပါသည်။

လက်ရှိအားဖြင့် ကန်ဒေါ်လာ ၅,၃၇၆,၇၀၀ တန်ကြေးရှိနေပြီး ခါမလာဟဲရစ်တို့ စုံတွဲ ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော နေအိမ်လည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An Inside Tour of Vice President Kamala Harris’ Homes—Past and Present (realtor) Photo Credit- Daniel Steinle/ Bloomberg via Getty Images, Matt McClain/ The Washington Post via Getty Images, Stacy Zarin Goldberg for The Washington Post via Getty Images, Dmitry Kirsanov/TASS, BlairHouse.org, Realtor

 

[Zawgyi]

အေမရိကန္သမၼတေလာင္း ခါမလာ ဟဲရစ္ (လက္ရွိ ဒုသမၼတ) ၏ စံအိမ္မ်ား

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္က ၂၀၂၄ ေရြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ျပိဳင္ေတာ့မည္မဟုတ္ဘဲ ႏႈတ္ထြက္ခဲ့ျပီး ဒုတိယ သမၼတ ခါမလာ ဟဲရစ္ကို သမၼတေလာင္းအျဖစ္ ေထာက္ခံေပးခဲ့သည္။

ခါမလာ ဟဲရစ္သည္ ေရြးေကာက္ပြဲတြင္ အႏိုင္ရခဲ့မည္ဆိုပါက မၾကာမီတြင္ အိမ္ျဖဴေတာ္၌ အေျခခ်ေနထုိင္ႏိုင္ ေတာ့မည္ ျဖစ္သည္။

လက္ရွိအားျဖင့္ ခါမလာ ဟဲရစ္ မည္သည့္ေနရာတြင္ ေနထုိင္သနည္း။

(အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္က ၂၀၂၄ ေရြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ျပိဳင္ေတာ့မည္မဟုတ္ဘဲ ႏႈတ္ထြက္ခဲ့ျပီး ဒုတိယ သမၼတ ခါမလာ ဟဲရစ္ကို သမၼတေလာင္းအျဖစ္ ေထာက္ခံေပးခဲ့သည္။ ဓာတ္ပံု-Daniel Steinle/ Bloomberg via Getty Images)

ခါမလာ ဟဲရစ္ႏွင့္ ခင္ပြန္းျဖစ္သူ ေဒါက္ဂလပ္ အမ္းေဟာ့ဖ္တို႔သည္ အေမရိကန္စစ္ဘက္ႏွင့္ သိပၸံပညာဝန္း ျဖစ္ေသာ U.S Naval Observatory ဝန္းအတြင္း အိမ္လခမေပးရဘဲ ေနထိုင္လ်က္ရွိျပီး အိမ္ျဖဴေတာ္မွ ၃ မိုင္အကြာတြင္ တည္ရွိသည္။

အေမရိကန္ ဒုတိယ သမၼတမ်ားအနက္ အဆိုပါ စံအိမ္တြင္ ပထမဆံုးေနထိုင္ခဲ့သူမွာ Walter Mondale ျဖစ္ျပီး ခါမလာ ဟဲရစ္မွာ နဝမေျမာက္ ျဖစ္သည္။

(အေမရိကန္ ဒုသမၼတေနထိုင္ေသာ ႏိုင္ငံေတာ္အိမ္ေတာ္ကို ၁၈၉၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-Matt McClain/ The Washington Post via Getty Images)

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္သည္လည္း ဒုသမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္က ယခုစံအိမ္တြင္ ေနထုိင္ခဲ့ဖူးျပီး လင္းလင္းခ်င္းခ်င္းရွိေသာ ေနစာလံႈခန္းကို အႏွစ္သက္ဆံုးျဖစ္သည္ဟု ဆိုသည္။

(ဂ်ဳိးဘိုင္ဒန္ အႏွစ္သက္ဆံုး ေနစာလံႈခန္း။ ဓာတ္ပံု-Stacy Zarin Goldberg for The Washington Post via Getty Images)

(( Blair House- ဝါရွင္တန္ ဒီစီ))

US Naval Observatory ရွိ ဒုသမၼတအိမ္ေတာ္ကို ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ေနစဥ္ကာလအတြင္း ခါမလာ ဟဲရစ္တို႔ ဇနီးေမာင္ႏွံသည္ အိမ္ျဖဴေတာ္မွ ၃ မိနစ္ခရီးသာေဝးေသာ Blair House တြင္ ေနထိုင္ခဲ့ၾကသည္။

အဆိုပါ အိမ္ေတာ္သည္ အေမရိကန္သမၼတ၏ ႏိုင္ငံေတာ္ဧည့္ေဂဟာျဖစ္ျပီး အမွတ္ ၁၆၅၁၊ Pennsylvania Ave လမ္းတြင္ တည္ရွိသည္။

(Blair House ကို ၁၈၂၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-Dmitry KirsanovTASS via Getty Images)

ဧည့္ေဂဟာတြင္ အိပ္ခန္း ၁၄ ခန္း၊ ေရခ်ဳိးခန္း ၃၅ ခန္း၊ formal dining room ၃ ခန္း၊ အားကစား ေလ့က်င့္ခန္းမႏွင့္ အလွျပင္ခန္းတို႔ ပါဝင္သည္။

(Blair House ရွိ The Lee ညစာစားခန္း၊ သမၼတ ဟယ္ရီ ထရူးမန္းသည္ တခ်ိန္က အစိုးရအဖြဲ႔ အစည္းအေဝး က်င္းပခဲ့ဖူးသည့္ေနရာ ျဖစ္သည္။ ဓာတ္ပံု-BlairHouse.org)

((ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္ဖရန္စစၥကိုရွိ ထပ္ခိုးခန္း))

ဝယ္ေစ်း (၂၀၀၄)- ကန္ေဒၚလာ ၄၈၉၀၀၀ ေရာင္းေစ်း (၂၀၂၁) - ကန္ေဒၚလာ ၇၉၉၀၀၀ ခါမလာ ဟဲရစ္သည္ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ေရွ႕ေနျဖစ္လာျပီးေနာက္ ၂၀၀၄ ခုႏွစ္အတြင္း ဆန္ဖရန္စစၥကိုရွိ စတုရန္းေပ ၁၀၆၉ ရွိေသာ ထပ္ခိုးခန္းကို ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ျပန္လည္ေရာင္းထုတ္ခဲ့ရာတြင္ ၆၃ ရာခိုင္ႏႈန္း အျမတ္ရခဲ့ေၾကာင္း Wall Street Journal က ေဖာ္ျပသည္။ အိပ္ခန္း ၁ ခန္း၊ ေရခ်ဳိးခန္း ၁ ခန္း ပါဝင္ျပီး South of Market အရပ္တြင္ တည္ရွိသည္။

အေဆာက္အအံု၏ အေပၚဆံုးထပ္တြင္ရွိျပီး ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာျပတင္းမ်ား၊ မီးဖိုေဆာင္၊ အဝတ္အစားထားသိုခန္းတို႔ ပါဝင္သည္။ (ခါမလာ ဟဲရစ္၏ ထပ္ခိုးခန္းမွာ အေရာင္းေစ်းကြက္တင္ျပီး ၂ ပတ္ခန္႔အတြင္း ေရာင္းထြက္သြားသည္။ ဓာတ္ပံု-Realtor)

((ဝါရွင္တန္ဒီစီမွ ကြန္ဒိုခန္း))

ဝယ္ေစ်း (၂၀၁၇) - ကန္ေဒၚလာ ၁,၇၇၅,၀၀၀ ေရာင္းေစ်း (၂၀၂၁)- ကန္ေဒၚလာ ၁,၈၅၀,၀၀၀ ခါမလာ ဟဲရစ္ႏွင့္ အမ္းေဟာ့ဖ္တို႔ စံုတြဲသည္ ခါမလာဟဲရစ္ အထက္လႊတ္ေတာ္အမတ္ျဖစ္လာေသာ ၂၀၁၇ ခုႏွစ္အတြင္း ဝါရွင္တန္ဒီစီတြင္ စတုရန္းေပ ၁၇၀၀ ရွိ ကြန္ဒိုခန္းကို ဝယ္ယူခဲ့သည္။

ယင္းေနာက္ ၂၀၂၁ ခုႏွစ္ ၊ စက္တင္ဘာလတြင္ ျပန္လည္ေရာင္းခ်ရာ၌ ၄ ဒသမ ၂ ရာခိုင္ႏႈန္း ျမတ္စြန္းခဲ့သည္။

West End အရပ္မွ Westlight အေဆာက္အအံုတြင္ တည္ရွိျပီး အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္း ပါသည္။ (ခါမလာဟဲရစ္က အဆိုပါကြန္ဒိုခန္းကို ကန္ေဒၚလာ ၁,၉၉၅,၀၀၀ ေစ်းေခၚေရာင္းခ်ခဲ့ေသာ္လည္း ေဒၚလာ ၁,၈၅၀,၀၀၀ ျဖင့္ ေရာင္းထြက္သြားသည္။ ဓာတ္ပံု-Realtor)

((ကယ္လီဖုိးနီးယားျပည္နယ္၊ Brentwood ျမိဳ႕မွ ေနအိမ္))

ဝယ္ေစ်း (၂၀၁၂) - ကန္ေဒၚလာ ၂ ဒသမ ၇ သန္း

ခါမလာ ဟဲရစ္ႏွင့္ အမ္းေဟာ့ဖ္တို႔ ဇနီးေမာင္ႏွံသည္ ကယ္လီဖုိးနီးယားျပည္နယ္၊ ကြန္ထရာ ေကာ့စ္တာ ခရိုင္၊ Brentwood ျမိဳ႕တြင္ ေနအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

ေရွ႕ေနတစ္ဦးျဖစ္သူ အမ္းေဟာ့ဖ္က ခါမလာ ဟဲရစ္ႏွင့္ လက္မထပ္မီ ၂ ႏွစ္အလို ၂၀၁၂ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ေနအိမ္အက်ယ္အဝန္း စတုရန္းေပ ၃၅၀၅ ရွိျပီး ကန္ေဒၚလာ ၂ ဒသမ ၇ သန္း ေပးခဲ့ရသည္။

လက္ထပ္ျပီးေနာက္ပိုင္း အဆိုပါအိမ္ကို ခါမလာ ဟဲရစ္ႏွင့္ ပူးတြဲပိုင္ဆိုင္ထားသည္။

အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္းႏွင့္ ေရကူးကန္တစ္ခု ပါသည္။

လက္ရွိအားျဖင့္ ကန္ေဒၚလာ ၅,၃၇၆,၇၀၀ တန္ေၾကးရွိေနျပီး ခါမလာဟဲရစ္တို႔ စံုတြဲ ပိုင္ဆိုင္ထားသည့္ တစ္ခုတည္းေသာ ေနအိမ္လည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An Inside Tour of Vice President Kamala Harris’ Homes—Past and Present (realtor) Photo Credit- Daniel Steinle/ Bloomberg via Getty Images, Matt McClain/ The Washington Post via Getty Images, Stacy Zarin Goldberg for The Washington Post via Getty Images, Dmitry Kirsanov/TASS, BlairHouse.org, Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service