ဥရောပ၏ အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး မည်သည့်နေရာတွင်ရှိသည်ကို သိပါသလား

ဥရောပ၏ အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး မည်သည့်နေရာတွင်ရှိသည်ကို သိပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
28 Aug 2024 11:56 am တွင် တင်ခဲ့သည်
475 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဥရောပ၏ အမြင့်ဆုံး မိုးမျှော်တိုက်မှာ လန်ဒန်မြို့ရှိ Shard မဟုတ်၊ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ရှိ Commerzbank Tower မဟုတ်၊ ပိုလန်နိုင်ငံ ဝါဆောမြို့တွင် အသစ်ဆောက်လုပ်ထားသည့် Varso Tower လည်း မဟုတ်။

စင်စစ်ကား ဥရောပ၏ အမြင့်ဆုံးမိုးမျှော်တိုက်ကြီးမှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့လယ်မှ ၁၂ ကီလိုမီတာ ဝေးကွာသော ဆင်ခြေဖုံးဒေသတွင် တည်ရှိနေသည်။

Lakhta Center ဟု အမည်ပေးထားပြီး အမြင့်မှာ ၄၆၂ မီတာ (၁၅၁၅ ပေ) ရှိပြီး လက်ရှိအချိန်အထိ ဥရောပတွင် အမြင့်မားဆုံး အဆောက်အအုံကြီး ဖြစ်သည်။

Lakhta Center သည် Empire State အဆောက်အအုံကြီးထက် ပိုမိုမြင့်မားပြီး One World Trade Center အမိုးထက်လည်း ပိုမိုမြင့်မားသည်။

 

(Lakhta Center သည် ကမ္ဘာ့မြောက်ဖျားအကျဆုံး မိုးမျှော်တိုက်ကြီးဖြစ်သည်)

 

(နည်းစနစ်ပိုင်းအရ ဆောက်လုပ်ရန်အခက်ခဲဆုံး အဆောက်အအုံကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည်။)

 

ကမ္ဘာ့မြောက်ဖျားအကျဆုံး (အအေးဆုံးလည်း ဖြစ်ဖွယ်ရှိ) အဆောက်အအုံကြီးဖြစ်ပြီး စိန့်ပီတာစဘတ်တွင် ၎င်းအောက် ဒုတိယအမြင့်မားဆုံးအဖြစ် ရပ်တည်နေသော အဆောက်အအုံထက် ၃ ဆ ပိုမိုမြင့်မားသည်။

ဤမျှကြီးမားသည့် ဧရာမအဆောက်အအုံကြီးကို အဘယ်ကြောင့် ဤနေရာတွင် ဆောက်လုပ်ခဲ့ကြသနည်း။

Lakhta Center တွင် မိုးမျှော်တိုက်တို့ ဆောက်လုပ်ခဲ့သမျှအနက် မှန် အများဆုံးအသုံးပြုထားပြီး မှန်အကွေးပေါင်း ၁၆၅၀၀ ကျော် ပါဝင်သည်။

ဖောင်ဒေးရှင်းအတွက် ကွန်ကရစ် အများဆုံး လောင်းထည့်ခဲ့ရသော အဆောက်အအုံလည်းဖြစ်ပြီး ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးဖြစ်သည့် Burj Khalifa ထက်ပင် ဖောင်ဒေးရှင်း ကွန်ကရစ် များပြားစွာ လောင်းခဲ့ရသည်။

ကွန်ကရစ် ကုဗမီတာ ၂၀၀၀၀ ကို ၄၉ နာရီကြာ လောင်းထည့်ခဲ့ရမှုမှာ ကမ္ဘာ့စံချိန်တင်ထားသည်။

Lakhta Center အဆောက်အအုံကြီးအတွင်း အားကစားစင်တာ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ရုံးခန်းများအပြင် နက္ခတ်တာရာပြခန်းတစ်ခုပင် ပါဝင်သေးသည်။

ရစ်လိမ်ဆောက်လုပ်ထားသော အံ့ဖွယ်ဒီဇိုင်းကြောင့် ကမ္ဘာပေါ်တွင် ဆောက်လုပ်ခဲ့သမျှ မိုးမျှော်တိုက်ကြီး များအနက် နည်းပညာပိုင်းအခက်ခဲဆုံး အဆောက်အအုံများထဲတွင် ပါဝင်ခဲ့သည်။

အဖျားချွန်သွားသောပုံစံ ဆောက်လုပ်ထားသည့် အဆောက်အအုံကြီးတွင် အောက်ခြေမှ အပေါ်သို့ ၃ ပုံ ၁ ပုံ နေရာဖြစ်သော ၁၇ ထပ်မြောက်တွင် အချင်း အရှည်ဆုံးဖြစ်နေသည်။

ထိုနေရာတွင် အောက်ခြေထက် ၂ မီတာခန့် ပိုမိုဖောင်းထွက်နေသည်။

Lakhta Center ၏ ထူးခြားသောသွင်ပြင်မှာ Nyenschantz ခံတပ်ကြီးကို inspiration ယူကာ ဆောက်လုပ် ထားခြင်းဖြစ်သည်။

Nyenschantz ခံတပ်ကြီးသည် ဆွီဒင်သားတို့က ၁၆၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စိန့်ပီတာစဘတ်မြို့တွင် တည်ရှိသည်။

 

(Lakhta Center ၏ ထူးခြားသောသွင်ပြင်မှာ Nyenschantz ခံတပ်ကြီးကို inspiration ယူကာ ဆောက်လုပ် ထားခြင်းဖြစ်သည်။ ဓာတ်ပုံ-CC BY-SA 2.5)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why Russia Built a Skyscraper in the Middle of Nowhere (theb1m) Photo Credit- CC BY-SA 2.5

 

 

[Zawgyi]

ဥေရာပ၏ အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီး မည္သည့္ေနရာတြင္ရွိသည္ကို သိပါသလား

ဥေရာပ၏ အျမင့္ဆံုး မိုးေမွ်ာ္တိုက္မွာ လန္ဒန္ျမိဳ႕ရွိ Shard မဟုတ္၊ ဂ်ာမနီႏိုင္ငံ ဖရန္႔ဖတ္ျမိဳ႕ရွိ Commerzbank Tower မဟုတ္၊ ပိုလန္ႏိုင္ငံ ဝါေဆာျမိဳ႕တြင္ အသစ္ေဆာက္လုပ္ထားသည့္ Varso Tower လည္း မဟုတ္။

စင္စစ္ကား ဥေရာပ၏ အျမင့္ဆံုးမိုးေမွ်ာ္တိုက္ၾကီးမွာ ရုရွားႏိုင္ငံ၊ စိန္႔ပီတာစဘတ္ျမိဳ႕လယ္မွ ၁၂ ကီလိုမီတာ ေဝးကြာေသာ ဆင္ေျခဖံုးေဒသတြင္ တည္ရွိေနသည္။

Lakhta Center ဟု အမည္ေပးထားျပီး အျမင့္မွာ ၄၆၂ မီတာ (၁၅၁၅ ေပ) ရွိျပီး လက္ရွိအခ်ိန္အထိ ဥေရာပတြင္ အျမင့္မားဆံုး အေဆာက္အအံုၾကီး ျဖစ္သည္။

Lakhta Center သည္ Empire State အေဆာက္အအံုၾကီးထက္ ပိုမိုျမင့္မားျပီး One World Trade Center အမိုးထက္လည္း ပိုမိုျမင့္မားသည္။

(Lakhta Center သည္ ကမၻာ့ေျမာက္ဖ်ားအက်ဆံုး မိုးေမွ်ာ္တိုက္ၾကီးျဖစ္သည္)

(နည္းစနစ္ပိုင္းအရ ေဆာက္လုပ္ရန္အခက္ခဲဆံုး အေဆာက္အအံုၾကီးမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။)

ကမၻာ့ေျမာက္ဖ်ားအက်ဆံုး (အေအးဆံုးလည္း ျဖစ္ဖြယ္ရွိ) အေဆာက္အအံုၾကီးျဖစ္ျပီး စိန္႔ပီတာစဘတ္တြင္ ၎ေအာက္ ဒုတိယအျမင့္မားဆံုးအျဖစ္ ရပ္တည္ေနေသာ အေဆာက္အအံုထက္ ၃ ဆ ပိုမိုျမင့္မားသည္။

ဤမွ်ၾကီးမားသည့္ ဧရာမအေဆာက္အအံုၾကီးကို အဘယ္ေၾကာင့္ ဤေနရာတြင္ ေဆာက္လုပ္ခဲ့ၾကသနည္း။

Lakhta Center တြင္ မိုးေမွ်ာ္တိုက္တို႔ ေဆာက္လုပ္ခဲ့သမွ်အနက္ မွန္ အမ်ားဆံုးအသံုးျပဳထားျပီး မွန္အေကြးေပါင္း ၁၆၅၀၀ ေက်ာ္ ပါဝင္သည္။

ေဖာင္ေဒးရွင္းအတြက္ ကြန္ကရစ္ အမ်ားဆံုး ေလာင္းထည့္ခဲ့ရေသာ အေဆာက္အအံုလည္းျဖစ္ျပီး ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးျဖစ္သည့္ Burj Khalifa ထက္ပင္ ေဖာင္ေဒးရွင္း ကြန္ကရစ္ မ်ားျပားစြာ ေလာင္းခဲ့ရသည္။

ကြန္ကရစ္ ကုဗမီတာ ၂၀၀၀၀ ကို ၄၉ နာရီၾကာ ေလာင္းထည့္ခဲ့ရမႈမွာ ကမၻာ့စံခ်ိန္တင္ထားသည္။

Lakhta Center အေဆာက္အအံုၾကီးအတြင္း အားကစားစင္တာ၊ ေစ်းဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ား၊ ရံုးခန္းမ်ားအျပင္ နကၡတ္တာရာျပခန္းတစ္ခုပင္ ပါဝင္ေသးသည္။

ရစ္လိမ္ေဆာက္လုပ္ထားေသာ အံ့ဖြယ္ဒီဇိုင္းေၾကာင့္ ကမၻာေပၚတြင္ ေဆာက္လုပ္ခဲ့သမွ် မုိးေမွ်ာ္တိုက္ၾကီး မ်ားအနက္ နည္းပညာပိုင္းအခက္ခဲဆံုး အေဆာက္အအံုမ်ားထဲတြင္ ပါဝင္ခဲ့သည္။

အဖ်ားခၽြန္သြားေသာပံုစံ ေဆာက္လုပ္ထားသည့္ အေဆာက္အအံုၾကီးတြင္ ေအာက္ေျခမွ အေပၚသို႔ ၃ ပံု ၁ ပံု ေနရာျဖစ္ေသာ ၁၇ ထပ္ေျမာက္တြင္ အခ်င္း အရွည္ဆံုးျဖစ္ေနသည္။

ထိုေနရာတြင္ ေအာက္ေျခထက္ ၂ မီတာခန္႔ ပိုမိုေဖာင္းထြက္ေနသည္။

Lakhta Center ၏ ထူးျခားေသာသြင္ျပင္မွာ Nyenschantz ခံတပ္ၾကီးကို inspiration ယူကာ ေဆာက္လုပ္ ထားျခင္းျဖစ္သည္။

Nyenschantz ခံတပ္ၾကီးသည္ ဆီြဒင္သားတို႔က ၁၆၁၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး စိန္႔ပီတာစဘတ္ျမိဳ႕တြင္ တည္ရွိသည္။

(Lakhta Center ၏ ထူးျခားေသာသြင္ျပင္မွာ Nyenschantz ခံတပ္ၾကီးကို inspiration ယူကာ ေဆာက္လုပ္ ထားျခင္းျဖစ္သည္။ ဓာတ္ပံု-CC BY-SA 2.5)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why Russia Built a Skyscraper in the Middle of Nowhere (theb1m) Photo Credit- CC BY-SA 2.5

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service