အမေရိကန်ပြည်၊ မိန်းပြည်နယ်မှ လူဦးရေ ၉၂ ဦးသာ နေထိုင်သည့်ကျွန်းကလေးသို့ အခြေချနေထိုင်သူများ ရှိလာစေရန် ရည်ရွယ်ကာ နေအိမ်များကို ဈေးကွက်ပေါက်ဈေးအောက် ဈေးလျှော့ရောင်းချပေးလျက်ရှိ
အမေရိကန်ပြည်၊ မိန်းပြည်နယ်မှ လူဦးရေ ၉၂ ဦးသာ နေထိုင်သည့်ကျွန်းကလေးသို့ အခြေချနေထိုင်သူများ ရှိလာစေရန် ရည်ရွယ်ကာ နေအိမ်များကို ဈေးကွက်ပေါက်ဈေးအောက် ဈေးလျှော့ရောင်းချပေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Aug 2024 11:21 am တွင် တင်ခဲ့သည်
593 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်တွင် လူဦးရေ ၉၀ ကျော်သာရှိသော ကျွန်းကလေးတစ်ကျွန်းမှာ အခြေချနေထိုင်သူများရှိလာစေရန် စွဲဆောင်နေသည်။
ကျွန်းအမည်မှာ Isle au Haut ဟုအမည်ရပြီး စတုရန်း ၁၃ မိုင်အကျယ်အဝန်းရှိကာ လှေဖြင့်သာ ရောက်နိုင် သည်။
သို့သော် ဆူညံရှုပ်ထွေးသော မြို့ပြကို ကျောခိုင်းကာ ကျေးလက်တွင် အခြေချရန် ရည်ရွယ်ထားသူများအတွက် ပြီးပြည့်စုံသောနေရာတစ်ခု ဖြစ်နိုင်သည်။
ပျဉ်ချပ်များဖြင့် နဘေထပ်ကာရံထားသော နေအိမ်များကို ဈေးကွက်ပေါက်ဈေးအောက် နည်းပါးသော ဈေးဖြင့် ရောင်းချပေးနေသည်။
“လူအများအပြားဟာ ကျွန်တော်တို့လို လူသူအလှမ်းကွာတဲ့ ကျွန်းတစ်ကျွန်းဆီကို ရွှေ့ပြောင်းအခြေချလိုတဲ့ အိပ်မက်ရှိကြပါတယ်။ ဒီသတင်းကို ဖတ်ရှုရတွေထဲမှာ …ဟုတ်ပါတယ်..ကျွန်တော်ပါပဲ..လို့ ပြောမယ့်သူရှိတယ် ဆိုရင် အဲဒီအိပ်မက်တကယ်ဖြစ်လာနိုင်ပါပြီ” ဟု အဆိုပါကျွန်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။
(လူဦးရေ ၉၀ ကျော်သာ နေထိုင်သော မိန်းပြည်နယ်မှ ကျွန်းလေးတစ်ကျွန်းက လာရောက်အခြေချနေထိုင် သူများ တိုးပွားလာစေရန် စွဲဆောင်နေသည်။)
ကလေးရှိသော မိသားစုများအတွက်လည်း ကျွန်းပေါ်တွင် စာသင်ကျောင်းရှိပြီး စီးပွားဖြစ် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်မည့်သူများကို လိုလားနေသည်။
Isle au Haut ကျွန်းရှိ ဈေးအသက်သာဆုံးနေရာတွင် အိမ်ဈေး ဒေါ်လာ ၃၀၀,၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း Realtor ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
နှိုင်းယှဉ်မှုအားဖြင့်ဆိုလျှင် မိန်းပြည်နယ်တွင် အလယ်လတ်တန်း နေအိမ်တစ်လုံး၏ တန်ဖိုးမှာ ဒေါ်လာ ၃၉၁၀၀၀ ဖြစ်သည်။
သို့သော် ကျွန်းတွင် နေထိုင်ရသည့်ဘဝမှာ စိန်ခေါ်မှုများ ရှိသည်။
အနီးဆုံးဆေးခန်း (သို့မဟုတ်) ကုန်မာဆိုင်သို့ သွားလိုပါက လှေစီး၍ သွားရမည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အမေရိကန် သန်းခေါင်စာရင်းအရ ကျွန်း၏ လူဦးရေ ၉၂ ဦးဟု ဖော်ပြထားသော်လည်း အမြဲအခြေချ နေထိုင်သူ ၃၀ မှ ၄၀ ကြားသာရှိကြောင်း ဒေသခံတို့က ပြောသည်။
(Isle au Haut ကျွန်း၏ အကျယ်အဝန်းမှာ စတုရန်း ၁၃ မိုင်ရှိပြီး လှေဖြင့်သာ သွားရောက်နိုင်သည်။)
(တစ်နေ့လျှင် ၄ နာရီသာဖွင့်သော စာတိုက်။)
ကျွန်းပေါ်တွင် အမျိုးသမီးတည်းနှင့် လည်ပတ်သော စာတိုက်တစ်ခုရှိပြီး တစ်ရက်လျှင် ၄ နာရီ အလုပ်လုပ်သည်။
ထို့အပြင် ဘုရားကျောင်းတစ်ခု၊ မြို့တော်ခန်းမ၊ စတိုးဆိုင်နှင့် လက်မှုလုပ်ငန်းများစွာ ရှိသည်။
ကျွန်းပေါ်ရှိကျောင်းမှာ ၈ တန်းအထိ တက်ရောက်နိုင်ပြီး အထက်တန်း တက်လိုသူများအနေဖြင့် အနီးဆုံးတွင် ရှိသော Deer Isle ကျွန်းသို့ သွားရမည် ဖြစ်သည်။
သို့သော် အထက်တန်းကျောင်းတက်သူများကို ကျွန်းတွင် နေထိုင်သူများက ဝိုင်းဝန်းပံ့ပိုးကူညီပေးကြသည်။
(ဘုရားကျောင်းတစ်ခု၊ မြို့တော်ခန်းမ၊ စတိုးဆိုင်နှင့် လက်မှုလုပ်ငန်းများစွာ ရှိသည်။)
(မိန်းပြည်နယ်၏ ကမ်းလွန်တွင် တည်ရှိပြီး လှေဖြင့်သာ ရောက်ရှိနိုင်သည်။)
(ကျွန်းပေါ်ရှိကျောင်းမှာ ၈ တန်းအထိ တက်ရောက်နိုင်ပြီး အထက်တန်း တက်လိုသူများအနေဖြင့် အနီးဆုံးတွင် ရှိသော Deer Isle ကျွန်းသို့ သွားရမည် ဖြစ်သည်။)
(Isle au Haut ကျွန်းရှိ ဈေးအသက်သာဆုံးနေရာတွင် အိမ်ဈေး ဒေါ်လာ ၃၀၀,၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း Realtor ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Beautiful island off the coast of Maine recruits new residents to add to its population of 92 with homes offered below market rate (dailymail) Photo Credit-dailymail
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
MIngalardon Garden City
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service