ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦး သိထားသင့်တဲ့အထဲမှာ ပစ္စည်းလက်ဝယ်ရှိခြင်းအကြောင်းသည် သိသင့်သိထိုက်တဲ့အချက်ဖြစ်ပါတယ်။
နေထိုင်သူတွေက အောက်ပါအမျိုးအမည်တစ်မျိုးမျိုးဖြင့်နေထိုင်ကြခြင်းဖြစ်ပါတယ်။
၁. ပိုင်ရှင်အဖြစ် လက်ရှိနေထိုင်သူ
၂. ပိုင်ရှင်အား မှီခိုနေထိုင်သူ
၃. ပိုင်ရေးဆိုင်ခွင့်ရှိသူအနေဖြင့် နေထိုင်သူ
၄. သဘောတူစာချုပ်အရ ဝယ်ယူထားခြင်းဖြင့် လက်ဝယ်ရယူထားသူ
၅. အပေါင်ပစ္စည်းအဖြစ် ရရှိထားကာ လက်ဝယ်ရယူထားသူ
၆. အိမ်ငှားအဖြစ် နေထိုင်သူ
၇. တစ်စုံတစ်ယောက်ရဲ့ ခွင့်ပြုချက်အရ လက်ဝယ်ရရှိထားသူ
၈. ဝင်ရောက်ကျူးကျော်ခြင်းဖြင့် ရရှိထားသူတို့ ဖြစ်ပါတယ်။
ဥပမာ - တစ်ခုအနေနဲ့ လူနေထိုင်ခြင်းမရှိဘဲ သော့ခတ်ထားသည်ဆိုပါက သော့ခတ်ထားသူသည် လက်ရှိ ရှိခြင်းသဘောဖြစ်သည်။
ပစ္စည်းလက်ရှိ ရှိသူကို နှင်ထုတ်လိုပါက တရားစွဲဆိုနှင်ထုတ်သည့်နည်းသာ ဥပဒေနှင့်အညီဖြစ်သည်။
အမှတ်စဉ် ( ၁ ) ပုဂ္ဂိုလ်သည် Judical Possession ဥပဒေအရလက်ဝယ်ရှိသူဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များသည် Physical Possession လက်ရောက်လက်ဝယ်ရှိသူများဖြစ်သည်။
အိမ်ခြံမြေကိုလွှဲပြောင်းရောင်းချမည်ဆိုက Judical Possession ရှိသူထံမှ လွှဲပြောင်းမှသာ ဥပဒေနှင့်အညီဖြစ်မည် ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
လက်ဝယ်ရှိခြင်း
၎. သဘောတူစာချုပ်အရ ဝယ်ယူထားခြင်းဖြင့် လက်ဝယ်ရယူထားသူ