ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ဒီကနေ့မှာတော့ ပါမစ်မူရင်းခြမ်းပိုင်ထားသူဆီ ဝယ်မယ်ဆိုရင် အမည်ပြောင်းလျှောက်လို့ ရပါသလား .. ဆိုတဲ့ မေးခွန်းအပါအဝင် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေသုံးခုကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
မေးခွန်း (၁) - ပါမစ်မူရင်းခြမ်းပိုင်ထားသူဆီ ဝယ်မယ်ဆိုရင် အမည်ပြောင်းလျှောက်လို့ ရပါသလား။
ပါမစ်မြေဆိုသည်မှာ လူနေထိုင်ခွင့်အတွက် အစိုးရက သတ်မှတ်ချထားပေးသောမြေအမျိုးအစားပင်ဖြစ်ပါသည်။ ပါမစ်မြေအား အမည်ပေါက်ကိုယ်တိုင်နှင့် အဆက်အစပ်စာချုပ်ဖြင့် ပိုင်ဆိုင်သူများမှ ဂရန်အမည်ပေါက် ပြောင်းလဲ လျှောက်ထား၍ ရပါသည်။ မြေငှားဂရန် လျှောက်ထားလျှင် အဆောက်အဦးဆောက်လုပ်ထားပြီးဖြစ်ရပါမည်။
မြို့ကွက်သစ်များ ဖော်ဆောင်ရာတွင် အိုးအိမ်နှင့် စည်ပင်သာယာရေးကော်မတီမှ လူနေအိမ်ထိုင်ရန်အတွက် မိသားစု ဓာတ်ပုံများ ထည့်သွင်းကာ ပါမစ်မြေများ ချထားပေးပါသည်။ ပါမစ်မြေမှာ ဌာန၌ မှတ်တမ်းအဖြစ်သာ ထားရှိပြီး ဦးပိုင်အမှတ်မထွက်ရှိသေးပါ။ မြေအကျယ်အဝန်းမှာ (၄၀×၆၀)ပေရှိပြီး အဆိုပါပါမစ်မြေအား တဝက်ခွဲခြမ်း ရောင်းမည် ဆိုပါက (၂၀×၆၀) ရောင်းချခြင်းပြုရမည် ဖြစ်ပါသည်။
ပါမစ်မြေမှာ ဂရန်အမည်ပေါက်အဖြစ် မြေငှားစာချုပ်လျှောက်ထားမှသာ ပိုင်ဆိုင်မှု ခိုင်မာမည်ဖြစ်ပါသည်။ မြေငှား စာချုပ် လျှောက်ထားရာတွင် (၂၀×၆၀)ပေ (၁၂၀၀ စတုရန်းပေ) အနည်းဆုံးရှိလျှင် ဂရန်လျှောက်ထားခြင်း ပြုနိုင်သဖြင့် ပါမစ် မူရင်းကိုင်ဆောင်ထားသော အမည်ပေါက်မှ မြေကွက်တစ်ဝက် (၂၀×၆၀)ရောင်းချခြင်းဖြစ်ပါက ဂရန်လျှောက် ထားလျှင် အဆင်ပြေသောကြောင့် ဝယ်ယူနိုင်ပါသည်။ ပါမစ်မြေအား (၂၀×၆၀)ပေ ဝယ်ယူလက်ဝယ်ထားသူမှာ ဂရန်မြေအမျိုးအစားအဖြစ် ပြောင်းလဲလျှောက်ထားမှသာ ပိုင်ဆိုင်မှု ခိုင်မာမည်ဖြစ်သောကြောင့် ပါမစ်အမည်ပေါက်ရှိခိုက် ဂရန်လျှောက်ထားသင့်ကြောင့် ဖြေဆို ရေးသားပေးလိုက် ပါသည်။
မေးခွန်း (၂) - လယ်ယာစိုက်ပျိုး မြေများနဲ့ ပတ်သတ်ပြီး ပိုင်ဆိုင်မှု အငြင်းပွားမှုတွေပေါ်ပေါက်ပါက ဘယ်လိုဖြေရှင်းဆောင်ရွက်လို့ ရပါသလဲ။
လယ်ယာမြေ လုပ်ပိုင်ခွင့်အပေါ် အငြင်းပွှားမှု ပေါ်ပေါက်လာပါက ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့် ခွဲမှုအဖွဲ့တွင် တိုင်ကြားမှုပြုရပါမည်။ အဆိုပါ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အမှုဖွင့်လှစ် ပြီးသည့်အမှုများအား စုံစမ်းစစ်ဆေးမှုပြုကာ၊ အမှုအား ကြားနာပြီး အဆုံးအဖြတ်ပြုပေးပါသည်။
ထို့သို့ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ချမှတ်သောအမိန့်ကို မကျေနပ်လျှင် တိုင်ကြား သူမှဖြစ်စေ၊ တိုင်ကြားခြင်းခံရသူမှဖြစ်စေ၊ ရက်ပေါင်း-၃၀ အတွင်း သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင် ရောက်နိုင်ပါသည်။
လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်များအား ရပ်ကွက်/ကျေးရွာအုပ်စုအဖွဲ့မှ စတင်၍ ကြီးကြပ် ဆောင်ရွက် မည်ဖြစ် ကာ နှစ်ရှည်သီးနှံ ပြောင်းလဲစိုက်ပျိုးခြင်း၊ စာကျက်မြေများ၊ ရွာဘုံမြေများ၊ မြေနုကျွန်းမြေ အငြင်းပွှားမှုများအားလဲ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါသည်။ မြေနုကျွန်းမြေများအား လုပ်ပိုင်ခွင့်ချပေးလျှင်လဲ ရပ်ကွက် / ကျေးရွာအုပ်စု လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဦးစီးဆောင်ရွက်ကာ အနီးစပ်ဆုံး ကျေးရွာအုပ်စုကိုသာ လုပ်ပိုင်ခွင့်ချထားပေးပါသည်။
အငြင်းပွှားမှုများအား အယူခံမှုရှိလျှင်လဲ မြို့နယ်၊ခရိုင်၊ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် အဆင့် အလိုက် ဖြေရှင်းဆောင်ရွက်ပေးပါသည်။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ချထားခြင်းခံရသူအား ကန့်ကွက်လိုလျှင်လဲ သတ်မှတ်ချက် ဥပဒေနှင့်အညီ ကန့်ကွက်လျှောက်ထားမှု ပြုရန်လိုပါသည်။ ပုံစံ-(၇)အမည်ပေါက်သေဆုံးကာ လယ်ယာမြေအား အမွေဆက်ခံမှုဖြင့် အငြင်းပွှားပါကလဲ သက်ဆိုင်ရာ တရားရုံးတွင် တည်ဆဲဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် အမှုဖွင့်လှစ်နိုင်ပါသည်။ တရားရုံးမှ အမွေမှုဖြေရှင်းဆောင်ရွက်ပေး ရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ-(၇) အတိအကျရှိမှသာ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
လယ်ယာမြေဥပဒေပုဒ်မ-၁၂ အရ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်း ပြုလိုလျှင်လဲ နောက် နောင် အငြင်းပွှားမှုများ မပေါ်ပေါက်စေရန် တံဆိပ်ခေါင်းခွန်ထမ်းဆောင်၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး သက်ဆိုင်ရာ မှတ်ပုံတင်ရုံးတွင် စာချုပ်စာတမ်းမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ရေးသားဖြေဆိုပေးလိုက်ပါသည်။
မေးခွန်း (၃) - ပါမစ်ပျောက်ရင်ပြန်လျှောက်လိုရပါသလား? ပြည်ပရောက်နေပါက မည်သို့လျှောက်ထားနိုင်သနည်း။
အိမ်၊ခြံ၊မြေအား အမည်ပြောင်းဆောင်ရွက်ရာတွင် ကိုယ်စားလှယ်လွှဲစာများဖြင့် မှတ်ပုံတင်စာချုပ်ချုပ် ဆိုခြင်းအား မှတ်ပုံတင်ရုံးမှ ခွင့်မပြုတော့ပါ။ ပါမစ်မြေမှ ဂရန်မြေအဖြစ် ပြောင်းလဲလျှောက်ထားခွင့်ရှိသူမှာ တရားရုံးအမိန့် အနိုင်ဒီကရီရရှိသူ၊ ပါမစ်အမည်ပေါက်၊ အဆက်အစပ်စာချုပ်ဖြင့် ပိုင်ဆိုင်ခွင့်ရှိသူများမှ လျှောက်ထားခြင်းပြုနိုင်ပါသည်။
ပါမစ်မြေအမျိုးအစားအား ယခင်အိုးအိမ်ရုံးမှ ချထားပေးသော ပါမစ်မြေကွက်များနှင့် စည်ပင်ရုံးမှ ချထားပေးသော ပါမစ်မြေကွက်များဟူ၍ ရှိပါသည်။ ပါမစ်မြေအား မည်သည့်ဌာနမှ ချထားပေးသည့်ဖြစ်စေ အမည်ပေါက်သာ နေထိုင်ခွင့်ပြုသည့်အနေဖြင့် ၎င်းမိသားစု ဓာတ်ပုံများနှင့်တွဲ၍ မှတ်တမ်းထားရှိပါသည်။ သို့သော်ဂရန်လျှောက်ထားမှုပြုသည့်အခါ ဖြေလျော့သည့်အနေဖြင့် အရပ်ကတိစာချုပ် အဆက်အစပ်ရှိလျှင်လဲ လျှောက်ထားမှုပြုနိုင်ပါသည်။
ပုံမှန်ပါမစ် ပျောက်ဆုံးအတွက် လျှောက်ထားခြင်းပြုလိုလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ သက်ဆိုင်ရာ ရဲစခန်း၏ ထပ်ဆင့်ထောက်ခံချက်၊ လျှောက် ထားသူမှ ပါမစ်မူရင်းမှ အမှန်တကယ်ပျောက်ဆုံးကြောင်း ခံဝန်ကတိပြုချက် ၊ ကျမ်းကျိန်လွှာ၊ မှတ်ပုံတင်၊ မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း မြေငှားခနောက်ဆုံးပြေစာတို့ တင်ပြရန် လိုအပ်ပါသည်။
ဌာနမှ လျှောက်ထားသူအား ပါမစ်ပျောက်လျှောက်ထားမှုအား ကန့်ကွက်မှုရှိမရှိသတင်းစာ ကြေငြာစေခြင်း ကန့်ကွက်စာအားလဲ မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူအား (၁)စောင်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (၁)စောင်စီ ပေးပို့စေခြင်းတို့ ဆောင်ရွက်စေကာ လက်ခံရရှိကြောင်း အထောက်အထားစာအားလဲ ပြန်လည် ပေးပို့စေမည်ဖြစ်ပါသည်။
ပါမစ်ပျောက်ဖြင့် ဂရန် လျှောက်ထားခြင်း ဆောင်ရွက်လျှင်လဲ ဂရန်ထုတ်ပေးသည့်အခါ ပါမစ်မူရင်းဖြင့် ကန့်ကွက်သူ ပေါ်လာလျှင် ဌာနမှ အဆိုပါ ဂရန်ကို ပယ်ဖျက်မည်ကို ကျေနပ်လက်ခံကြောင်း တံဆိပ်တုံးစာသားပေါ်တွင် လျှောက်ထားသူအား လက်မှတ်ရေးထိုးစေမည်ဖြစ်ပါသည်။ ထိုအခါ လျှောက်ထားသူမှ ထုတ်ပေးထားသောဂရန်အား ပြန်လည် အပ်နှံရာမည်ဖြစ်ကာ ၎င်းမှ မအပ်နှံပါက ဌာနမှ သီးခြား သတင်းစာကြေငြာကာ ဌာနမှ ပယ်ဖျက်ခြင်း ပြုနိုင်ပါသည်။
နိုင်ငံခြားပြည်ပ ရောက်နေသူမှ ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားလိုလျှင်လဲ ၎င်းကိုယ်တိုင် နိုင်ငံအတွင်းရှိပြီး လျှောက်ထားခြင်းပြုမှသာ အဆင်ပြေမည်ဖြစ်ကြောင်းနှင့် မြေငှားဂရန်အသစ် ချထားပေးသည့်အခါတွင်လဲ အမည် ပေါက်ချထားပေးမည့် ဂရန်အမည်ပေါက်ကိုယ်တိုင်သာ လက်မှတ်ရေးထိုး ထုတ်ယူရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေး လိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ္ျခံေျမနဲ႔မကင္းသူတိုင္း သိမွတ္စရာ အိမ္ျခံေျမဥပေဒ အျဖာျဖာ...
ဒီကေန႔မွာေတာ့ ပါမစ္မူရင္းျခမ္းပိုင္ထားသူဆီ ဝယ္မယ္ဆိုရင္ အမည္ေျပာင္းေလွ်ာက္လို႔ ရပါသလား .. ဆိုတဲ့ ေမးခြန္းအပါအဝင္ သိမွတ္ဖြယ္ရာ ဥပေဒအေမးအေျဖသုံးခုကို တင္ဆက္ေပးသြားမွာပဲျဖစ္ပါတယ္။
ေမးခြန္း (၁) - ပါမစ္မူရင္းျခမ္းပိုင္ထားသူဆီ ဝယ္မယ္ဆိုရင္ အမည္ေျပာင္းေလွ်ာက္လို႔ ရပါသလား။
ပါမစ္ေျမဆိုသည္မွာ လူေနထိုင္ခြင့္အတြက္ အစိုးရက သတ္မွတ္ခ်ထားေပးေသာေျမအမ်ိဳးအစားပင္ျဖစ္ပါသည္။ ပါမစ္ေျမအား အမည္ေပါက္ကိုယ္တိုင္ႏွင့္ အဆက္အစပ္စာခ်ဳပ္ျဖင့္ ပိုင္ဆိုင္သူမ်ားမွ ဂရန္အမည္ေပါက္ ေျပာင္းလဲ ေလွ်ာက္ထား၍ ရပါသည္။ ေျမငွားဂရန္ ေလွ်ာက္ထားလွ်င္ အေဆာက္အဦးေဆာက္လုပ္ထားၿပီးျဖစ္ရပါမည္။
ၿမိဳ႕ကြက္သစ္မ်ား ေဖာ္ေဆာင္ရာတြင္ အိုးအိမ္ႏွင့္ စည္ပင္သာယာေရးေကာ္မတီမွ လူေနအိမ္ထိုင္ရန္အတြက္ မိသားစု ဓာတ္ပုံမ်ား ထည့္သြင္းကာ ပါမစ္ေျမမ်ား ခ်ထားေပးပါသည္။ ပါမစ္ေျမမွာ ဌာန၌ မွတ္တမ္းအျဖစ္သာ ထား႐ွိၿပီး ဦးပိုင္အမွတ္မထြက္႐ွိေသးပါ။ ေျမအက်ယ္အဝန္းမွာ (၄၀×၆၀)ေပ႐ွိၿပီး အဆိုပါပါမစ္ေျမအား တဝက္ခြဲျခမ္း ေရာင္းမည္ ဆိုပါက (၂၀×၆၀) ေရာင္းခ်ျခင္းျပဳရမည္ ျဖစ္ပါသည္။
ပါမစ္ေျမမွာ ဂရန္အမည္ေပါက္အျဖစ္ ေျမငွားစာခ်ဳပ္ေလွ်ာက္ထားမွသာ ပိုင္ဆိုင္မႈ ခိုင္မာမည္ျဖစ္ပါသည္။ ေျမငွား စာခ်ဳပ္ ေလွ်ာက္ထားရာတြင္ (၂၀×၆၀)ေပ (၁၂၀၀ စတုရန္းေပ) အနည္းဆုံး႐ွိလွ်င္ ဂရန္ေလွ်ာက္ထားျခင္း ျပဳႏိုင္သျဖင့္ ပါမစ္ မူရင္းကိုင္ေဆာင္ထားေသာ အမည္ေပါက္မွ ေျမကြက္တစ္ဝက္ (၂၀×၆၀)ေရာင္းခ်ျခင္းျဖစ္ပါက ဂရန္ေလွ်ာက္ ထားလွ်င္ အဆင္ေျပေသာေၾကာင့္ ဝယ္ယူႏိုင္ပါသည္။ ပါမစ္ေျမအား (၂၀×၆၀)ေပ ဝယ္ယူလက္ဝယ္ထားသူမွာ ဂရန္ေျမအမ်ိဳးအစားအျဖစ္ ေျပာင္းလဲေလွ်ာက္ထားမွသာ ပိုင္ဆိုင္မႈ ခိုင္မာမည္ျဖစ္ေသာေၾကာင့္ ပါမစ္အမည္ေပါက္႐ွိခိုက္ ဂရန္ေလွ်ာက္ထားသင့္ေၾကာင့္ ေျဖဆို ေရးသားေပးလိုက္ ပါသည္။
ေမးခြန္း (၂) - လယ္ယာစိုက္ပ်ိဳး ေျမမ်ားနဲ႔ ပတ္သတ္ၿပီး ပိုင္ဆိုင္မႈ အျငင္းပြားမႈေတြေပၚေပါက္ပါက ဘယ္လိုေျဖ႐ွင္းေဆာင္႐ြက္လို႔ ရပါသလဲ။
လယ္ယာေျမ လုပ္ပိုင္ခြင့္အေပၚ အျငင္းပႊားမႈ ေပၚေပါက္လာပါက ရပ္ကြက္၊ ေက်း႐ြာအုပ္စု လယ္ယာေျမ စီမံခန္႔ ခြဲမႈအဖြဲ႕တြင္ တိုင္ၾကားမႈျပဳရပါမည္။ အဆိုပါ ရပ္ကြက္၊ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ အမႈဖြင့္လွစ္ ၿပီးသည့္အမႈမ်ားအား စုံစမ္းစစ္ေဆးမႈျပဳကာ၊ အမႈအား ၾကားနာၿပီး အဆုံးအျဖတ္ျပဳေပးပါသည္။
ထို႔သို႔ ရပ္ကြက္၊ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ထံမွ ခ်မွတ္ေသာအမိန္႔ကို မေက်နပ္လွ်င္ တိုင္ၾကား သူမွျဖစ္ေစ၊ တိုင္ၾကားျခင္းခံရသူမွျဖစ္ေစ၊ ရက္ေပါင္း-၃၀ အတြင္း သက္ဆိုင္ရာၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သို႔ အယူခံဝင္ ေရာက္ႏိုင္ပါသည္။
လယ္ယာေျမစီမံခန္႔ခြဲမႈ ကိစၥရပ္မ်ားအား ရပ္ကြက္/ေက်း႐ြာအုပ္စုအဖြဲ႕မွ စတင္၍ ႀကီးၾကပ္ ေဆာင္႐ြက္ မည္ျဖစ္ ကာ ႏွစ္႐ွည္သီးႏွံ ေျပာင္းလဲစိုက္ပ်ိဳးျခင္း၊ စာက်က္ေျမမ်ား၊ ႐ြာဘုံေျမမ်ား၊ ေျမႏုကြၽန္းေျမ အျငင္းပႊားမႈမ်ားအားလဲ ေျဖ႐ွင္း ေဆာင္႐ြက္ေပးႏိုင္ပါသည္။ ေျမႏုကြၽန္းေျမမ်ားအား လုပ္ပိုင္ခြင့္ခ်ေပးလွ်င္လဲ ရပ္ကြက္ / ေက်း႐ြာအုပ္စု လယ္ ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ ဦးစီးေဆာင္႐ြက္ကာ အနီးစပ္ဆုံး ေက်း႐ြာအုပ္စုကိုသာ လုပ္ပိုင္ခြင့္ခ်ထားေပးပါသည္။
အျငင္းပႊားမႈမ်ားအား အယူခံမႈ႐ွိလွ်င္လဲ ၿမိဳ႕နယ္၊ခ႐ိုင္၊ ေနျပည္ေတာ္ေကာင္စီ/တိုင္းေဒသႀကီး/ျပည္နယ္ အဆင့္ အလိုက္ ေျဖ႐ွင္းေဆာင္႐ြက္ေပးပါသည္။ လယ္ယာေျမ လုပ္ပိုင္ခြင့္လက္မွတ္ ခ်ထားျခင္းခံရသူအား ကန္႔ကြက္လိုလွ်င္လဲ သတ္မွတ္ခ်က္ ဥပေဒႏွင့္အညီ ကန္႔ကြက္ေလွ်ာက္ထားမႈ ျပဳရန္လိုပါသည္။ ပုံစံ-(၇)အမည္ေပါက္ေသဆုံးကာ လယ္ယာေျမအား အေမြဆက္ခံမႈျဖင့္ အျငင္းပႊားပါကလဲ သက္ဆိုင္ရာ တရား႐ုံးတြင္ တည္ဆဲဥပေဒႏွင့္အညီ ေျဖ႐ွင္းေဆာင္႐ြက္ရန္ အမႈဖြင့္လွစ္ႏိုင္ပါသည္။ တရား႐ုံးမွ အေမြမႈေျဖ႐ွင္းေဆာင္႐ြက္ေပး ရာတြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ပုံစံ-(၇) အတိအက်႐ွိမွသာ ေျဖ႐ွင္းေဆာင္႐ြက္ေပးမည္ျဖစ္ပါသည္။
လယ္ယာေျမဥပေဒပုဒ္မ-၁၂ အရ ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ ေပးကမ္းျခင္း ျပဳလိုလွ်င္လဲ ေနာက္ ေနာင္ အျငင္းပႊားမႈမ်ား မေပၚေပါက္ေစရန္ တံဆိပ္ေခါင္းခြန္ထမ္းေဆာင္၍ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး သက္ဆိုင္ရာ မွတ္ပုံတင္႐ုံးတြင္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း ေရးသားေျဖဆိုေပးလိုက္ပါသည္။
ေမးခြန္း (၃) - ပါမစ္ေပ်ာက္ရင္ျပန္ေလွ်ာက္လိုရပါသလား? ျပည္ပေရာက္ေနပါက မည္သို႔ေလွ်ာက္ထားႏိုင္သနည္း။
အိမ္၊ျခံ၊ေျမအား အမည္ေျပာင္းေဆာင္႐ြက္ရာတြင္ ကိုယ္စားလွယ္လႊဲစာမ်ားျဖင့္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ ဆိုျခင္းအား မွတ္ပုံတင္႐ုံးမွ ခြင့္မျပဳေတာ့ပါ။ ပါမစ္ေျမမွ ဂရန္ေျမအျဖစ္ ေျပာင္းလဲေလွ်ာက္ထားခြင့္႐ွိသူမွာ တရား႐ုံးအမိန္႔ အႏိုင္ဒီကရီရ႐ွိသူ၊ ပါမစ္အမည္ေပါက္၊ အဆက္အစပ္စာခ်ဳပ္ျဖင့္ ပိုင္ဆိုင္ခြင့္႐ွိသူမ်ားမွ ေလွ်ာက္ထားျခင္းျပဳႏိုင္ပါသည္။
ပါမစ္ေျမအမ်ိဳးအစားအား ယခင္အိုးအိမ္႐ုံးမွ ခ်ထားေပးေသာ ပါမစ္ေျမကြက္မ်ားႏွင့္ စည္ပင္႐ုံးမွ ခ်ထားေပးေသာ ပါမစ္ေျမကြက္မ်ားဟူ၍ ႐ွိပါသည္။ ပါမစ္ေျမအား မည္သည့္ဌာနမွ ခ်ထားေပးသည့္ျဖစ္ေစ အမည္ေပါက္သာ ေနထိုင္ခြင့္ျပဳသည့္အေနျဖင့္ ၎မိသားစု ဓာတ္ပုံမ်ားႏွင့္တြဲ၍ မွတ္တမ္းထား႐ွိပါသည္။ သို႔ေသာ္ဂရန္ေလွ်ာက္ထားမႈျပဳသည့္အခါ ေျဖေလ်ာ့သည့္အေနျဖင့္ အရပ္ကတိစာခ်ဳပ္ အဆက္အစပ္႐ွိလွ်င္လဲ ေလွ်ာက္ထားမႈျပဳႏိုင္ပါသည္။
ပုံမွန္ပါမစ္ ေပ်ာက္ဆုံးအတြက္ ေလွ်ာက္ထားျခင္းျပဳလိုလွ်င္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံခ်က္၊ သက္ဆိုင္ရာ ရဲစခန္း၏ ထပ္ဆင့္ေထာက္ခံခ်က္၊ ေလွ်ာက္ ထားသူမွ ပါမစ္မူရင္းမွ အမွန္တကယ္ေပ်ာက္ဆုံးေၾကာင္း ခံဝန္ကတိျပဳခ်က္ ၊ က်မ္းက်ိန္လႊာ၊ မွတ္ပုံတင္၊ ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေျမငွားခေနာက္ဆုံးေျပစာတို႔ တင္ျပရန္ လိုအပ္ပါသည္။
ဌာနမွ ေလွ်ာက္ထားသူအား ပါမစ္ေပ်ာက္ေလွ်ာက္ထားမႈအား ကန္႔ကြက္မႈ႐ွိမ႐ွိသတင္းစာ ေၾကျငာေစျခင္း ကန္႔ကြက္စာအားလဲ ေျမေပၚတြင္(၁)ေစာင္၊ ေလွ်ာက္ထားသူအား (၁)ေစာင္၊ အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံး (၁)ေစာင္စီ ေပးပို႔ေစျခင္းတို႔ ေဆာင္႐ြက္ေစကာ လက္ခံရ႐ွိေၾကာင္း အေထာက္အထားစာအားလဲ ျပန္လည္ ေပးပို႔ေစမည္ျဖစ္ပါသည္။
ပါမစ္ေပ်ာက္ျဖင့္ ဂရန္ ေလွ်ာက္ထားျခင္း ေဆာင္႐ြက္လွ်င္လဲ ဂရန္ထုတ္ေပးသည့္အခါ ပါမစ္မူရင္းျဖင့္ ကန္႔ကြက္သူ ေပၚလာလွ်င္ ဌာနမွ အဆိုပါ ဂရန္ကို ပယ္ဖ်က္မည္ကို ေက်နပ္လက္ခံေၾကာင္း တံဆိပ္တုံးစာသားေပၚတြင္ ေလွ်ာက္ထားသူအား လက္မွတ္ေရးထိုးေစမည္ျဖစ္ပါသည္။ ထိုအခါ ေလွ်ာက္ထားသူမွ ထုတ္ေပးထားေသာဂရန္အား ျပန္လည္ အပ္ႏွံရာမည္ျဖစ္ကာ ၎မွ မအပ္ႏွံပါက ဌာနမွ သီးျခား သတင္းစာေၾကျငာကာ ဌာနမွ ပယ္ဖ်က္ျခင္း ျပဳႏိုင္ပါသည္။
ႏိုင္ငံျခားျပည္ပ ေရာက္ေနသူမွ ပါမစ္ေပ်ာက္ျဖင့္ ဂရန္ေလွ်ာက္ထားလိုလွ်င္လဲ ၎ကိုယ္တိုင္ ႏိုင္ငံအတြင္း႐ွိၿပီး ေလွ်ာက္ထားျခင္းျပဳမွသာ အဆင္ေျပမည္ျဖစ္ေၾကာင္းႏွင့္ ေျမငွားဂရန္အသစ္ ခ်ထားေပးသည့္အခါတြင္လဲ အမည္ ေပါက္ခ်ထားေပးမည့္ ဂရန္အမည္ေပါက္ကိုယ္တိုင္သာ လက္မွတ္ေရးထိုး ထုတ္ယူရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပး လိုက္ပါသည္။
လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။
ေမးခြန္းေပးပို႔ရန္ Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com