မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ငှားရမ်းခြင်းနှင့် စပ်လျဉ်း၍ အိမ်ရှင်အိမ်ငှား လိုက်နာရမည် စည်းကမ်းချက်များ

မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ငှားရမ်းခြင်းနှင့် စပ်လျဉ်း၍ အိမ်ရှင်အိမ်ငှား လိုက်နာရမည် စည်းကမ်းချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
25 Aug 2024 11:13 am တွင် တင်ခဲ့သည်
618 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်းနှင့် တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်းများ တွင် အိမ်ရှင်အိမ်ငှားစာချုပ်အား မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင်ရန်လိုအပ်ပါသည်။

အငှားစာချုပ်ဆိုသည်မှာလဲ ငှားရမ်းသူနှင့် အငှားချထားသူများ သဘောတူညီကြသည့် အချက်အလက် များကို ပဋိဉာဉ်စာချုပ်တွင် ထည့်သွင်းချုပ်ဆို၍ သဘောတူ ကတိပြုကြခြင်းပင် ဖြစ်ပါသည်။ အဆိုပါစာချုပ်ဖြင့် ဌားရမ်းမှုများတွင် ငှားရမ်းခြင်းအား ဖယ်ရှားကာ စာချုပ်ရပ်ဆိုင်းလိုပါက ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၁၁၁ နှင့်၁၀၆ အရ (၁၅)ရက် ကြိုတင်၍ အကြောင်းကြားစာ ပေးပို့ရမည်ဖြစ်ပါသည်။ (ဦးဖြတ်ပါ-၂နှင့် ဒေါ်သင့်) သို့သော်ငှားရမ်းခြင်းစာချုပ်၌ အိမ်ရှင်အိမ်ငှား ငှားရမ်းမှုပြု/မပြု (၁လ) ကြိုတင်အကြောင်းကြားရန် သတ်မှတ် ကတိပြုခဲ့ကြပါက (၁လ) ကြိုတင် အကြောင်းကြားရမည်ဖြစ်ပါသည်။

အိမ်ငှားတစ်ဦးထက်ပိုကာ အခန်းများအား ငှားရမ်းခြင်းဖြစ်ပါက အိမ်ငှားအားလုံးထံ အိမ်ရှင်မှ ဖယ်ရှား ပေးစေမှုအတွက် နို့တစ်စာပေးပို့ရန် လိုပါသည်။ အိမ်ရှင်မှာ တစ်ဦးထက်ပိုပါက အိမ်ရှင်အားလုံးမှ ဖယ်ရှားသည့် နို့ တစ်စာတွင် လက်မှတ်ရေးထိုးပေးပို့ရန် လိုပါသည်။

ထို့ပြင် အိမ်ငှားအား အိမ်လစာကျန်ငွေပါ နို့တစ်စာတွင် တောင်းခံခြင်းဖြစ်ပါက အိမ်ရှင်မှ ရရန် မကျရောက်သေးသော အိမ်လစာကို ကြိုတင်တောင်းဆိုခြင်း မပြုရပါ။ ကြိုတင်ငှားရမ်းခ လစာငွေများပါ နို့တစ်စာတွင် ထည့်သွင်းတောင်းဆိုမိပါက အဆိုပါ နို့တစ်စာမှာ တရားမဝင် ပျက်ပြယ်မည်ဖြစ်ပါသည်။ (ဒေါ်သိန်း ရွှေနှင့် ဒေါ်ခင်ငြိမ်းဌေး)။

ငှားရမ်းခနှင့် ငှားရမ်းခြင်းကို ဖြတ်တောက်ခြင်းအား နို့တစ်စာတစ်စောင်ထဲတွင် ပူးတွဲထည့်သွင်း၍ အိမ်ရှင်မှ ငှားရမ်းသူထံ ပေးပို့ခြင်းလဲ ပြုနိုင်ပါသည်။ အိမ်ရှင်မှ နို့တစ်စာပေးပို့ပြီး သတ်မှတ်ရက် ကျော်လွန် သည်အထိ အိမ်ငှားမှ ဖယ်ရှားခြင်းမပြုလျှင် အိမ်ရှင်မှာ မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေးအက်ဥပဒေပုဒ်မ-၁၂(၁)(က)အရ နှင်လိုမှုစွဲဆိုခွင့်ရှိပါသည်။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၁၀၈ အရ သီးခြားသဘောတူညီချက်မရှိလျှင် အငှားချထားသည့် မြေ ပေါ်တွင် အခိုင်အမာအဆောက်အအုံ ဆောက်လုပ်ခွင့်မရှိပါ။ အိမ်ငှားမှ စာချုပ်အား ဖောက်ဖျက်မှုရှိလျှင် အိမ်ရှင်မှ နှင်လိုမှုအား ချက်ချင်း ဆောင်ရွက်နိုင်ပါသည်။ ငှားရမ်းသော အဆောက်အအုံအား ပြုပြင်မွမ်းမံခြင်းအကြောင်း ကြောင့် အိမ်ငှားအား အိမ်ရှင်မှ ဖယ်ရှားခြင်းတော့ မပြုနိုင်ပါ။ ပဋိဉာဉ်ဖောက်ဖျက်ခြင်းမှာ တစ်ကြိမ်တစ်ခါပင် ဖြစ်စေကာမှု အိမ်ငှားမှ အိမ်ငှားတာဝန်အား ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ား ငွားရမ္းျခင္းႏွင့္ စပ္လ်ဥ္း၍ အိမ္႐ွင္အိမ္ငွား လိုက္နာရမည္ စည္းကမ္းခ်က္မ်ား

 

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို တစ္ႏွစ္ၿပီးတစ္ႏွစ္ ငွားရမ္းျခင္းႏွင့္ တစ္ႏွစ္ထက္ပို၍ ငွားရမ္းျခင္းမ်ား တြင္ အိမ္႐ွင္အိမ္ငွားစာခ်ဳပ္အား မွတ္ပုံတင္ဥပေဒႏွင့္အညီ မွတ္ပုံတင္ရန္လိုအပ္ပါသည္။

အငွားစာခ်ဳပ္ဆိုသည္မွာလဲ ငွားရမ္းသူႏွင့္ အငွားခ်ထားသူမ်ား သေဘာတူညီၾကသည့္ အခ်က္အလက္ မ်ားကို ပဋိဉာဥ္စာခ်ဳပ္တြင္ ထည့္သြင္းခ်ဳပ္ဆို၍ သေဘာတူ ကတိျပဳၾကျခင္းပင္ ျဖစ္ပါသည္။ အဆိုပါစာခ်ဳပ္ျဖင့္ ဌားရမ္းမႈမ်ားတြင္ ငွားရမ္းျခင္းအား ဖယ္႐ွားကာ စာခ်ဳပ္ရပ္ဆိုင္းလိုပါက ပစၥည္းလႊဲေျပာင္းျခင္းဥပေဒပုဒ္မ-၁၁၁ ႏွင့္၁၀၆ အရ (၁၅)ရက္ ႀကိဳတင္၍ အေၾကာင္းၾကားစာ ေပးပို႔ရမည္ျဖစ္ပါသည္။ (ဦးျဖတ္ပါ-၂ႏွင့္ ေဒၚသင့္) သို႔ေသာ္ငွားရမ္းျခင္းစာခ်ဳပ္၌ အိမ္႐ွင္အိမ္ငွား ငွားရမ္းမႈျပဳ/မျပဳ (၁လ) ႀကိဳတင္အေၾကာင္းၾကားရန္ သတ္မွတ္ ကတိျပဳခဲ့ၾကပါက (၁လ) ႀကိဳတင္ အေၾကာင္းၾကားရမည္ျဖစ္ပါသည္။

အိမ္ငွားတစ္ဦးထက္ပိုကာ အခန္းမ်ားအား ငွားရမ္းျခင္းျဖစ္ပါက အိမ္ငွားအားလုံးထံ အိမ္႐ွင္မွ ဖယ္႐ွား ေပးေစမႈအတြက္ ႏို႔တစ္စာေပးပို႔ရန္ လိုပါသည္။ အိမ္႐ွင္မွာ တစ္ဦးထက္ပိုပါက အိမ္႐ွင္အားလုံးမွ ဖယ္႐ွားသည့္ ႏို႔ တစ္စာတြင္ လက္မွတ္ေရးထိုးေပးပို႔ရန္ လိုပါသည္။

ထို႔ျပင္ အိမ္ငွားအား အိမ္လစာက်န္ေငြပါ ႏို႔တစ္စာတြင္ ေတာင္းခံျခင္းျဖစ္ပါက အိမ္႐ွင္မွ ရရန္ မက်ေရာက္ေသးေသာ အိမ္လစာကို ႀကိဳတင္ေတာင္းဆိုျခင္း မျပဳရပါ။ ႀကိဳတင္ငွားရမ္းခ လစာေငြမ်ားပါ ႏို႔တစ္စာတြင္ ထည့္သြင္းေတာင္းဆိုမိပါက အဆိုပါ ႏို႔တစ္စာမွာ တရားမဝင္ ပ်က္ျပယ္မည္ျဖစ္ပါသည္။ (ေဒၚသိန္း ေ႐ႊႏွင့္ ေဒၚခင္ၿငိမ္းေဌး)။

ငွားရမ္းခႏွင့္ ငွားရမ္းျခင္းကို ျဖတ္ေတာက္ျခင္းအား ႏို႔တစ္စာတစ္ေစာင္ထဲတြင္ ပူးတြဲထည့္သြင္း၍ အိမ္႐ွင္မွ ငွားရမ္းသူထံ ေပးပို႔ျခင္းလဲ ျပဳႏိုင္ပါသည္။ အိမ္႐ွင္မွ ႏို႔တစ္စာေပးပို႔ၿပီး သတ္မွတ္ရက္ ေက်ာ္လြန္ သည္အထိ အိမ္ငွားမွ ဖယ္႐ွားျခင္းမျပဳလွ်င္ အိမ္႐ွင္မွာ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခႀကီး ၾကပ္ေရးအက္ဥပေဒပုဒ္မ-၁၂(၁)(က)အရ ႏွင္လိုမႈစြဲဆိုခြင့္႐ွိပါသည္။

ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒပုဒ္မ-၁၀၈ အရ သီးျခားသေဘာတူညီခ်က္မ႐ွိလွ်င္ အငွားခ်ထားသည့္ ေျမ ေပၚတြင္ အခိုင္အမာအေဆာက္အအုံ ေဆာက္လုပ္ခြင့္မ႐ွိပါ။ အိမ္ငွားမွ စာခ်ဳပ္အား ေဖာက္ဖ်က္မႈ႐ွိလွ်င္ အိမ္႐ွင္မွ ႏွင္လိုမႈအား ခ်က္ခ်င္း ေဆာင္႐ြက္ႏိုင္ပါသည္။ ငွားရမ္းေသာ အေဆာက္အအုံအား ျပဳျပင္မြမ္းမံျခင္းအေၾကာင္း ေၾကာင့္ အိမ္ငွားအား အိမ္႐ွင္မွ ဖယ္႐ွားျခင္းေတာ့ မျပဳႏိုင္ပါ။ ပဋိဉာဥ္ေဖာက္ဖ်က္ျခင္းမွာ တစ္ႀကိမ္တစ္ခါပင္ ျဖစ္ေစကာမႈ အိမ္ငွားမွ အိမ္ငွားတာဝန္အား ေဖာက္ဖ်က္ျခင္းျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

  iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service