ရူပီး ကုဋေ ၁ သိန်းတန်ကြေးရှိ စီးပွားရေးလုပ်ငန်းကြီးကို ပိုင်ဆိုင်ခဲ့ပြီး ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဝန်ထမ်း အချို့အား ပေးအပ်ခဲ့ပြီးနောက် သာမန်အိမ်လေးတစ်လုံးတွင်သာ နေထိုင်ကာ မိုဘိုင်းဖုန်းပင် မသုံးဘဲ ဘဝကို ရိုးစင်းစွာ ဖြတ်သန်းနေသော အိန္ဒိယ သူဌေးကြီး

ရူပီး ကုဋေ ၁ သိန်းတန်ကြေးရှိ စီးပွားရေးလုပ်ငန်းကြီးကို ပိုင်ဆိုင်ခဲ့ပြီး ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဝန်ထမ်း အချို့အား ပေးအပ်ခဲ့ပြီးနောက် သာမန်အိမ်လေးတစ်လုံးတွင်သာ နေထိုင်ကာ မိုဘိုင်းဖုန်းပင် မသုံးဘဲ ဘဝကို ရိုးစင်းစွာ ဖြတ်သန်းနေသော အိန္ဒိယ သူဌေးကြီး - Property Knowledge in Myanmar from iMyanmarHouse.com
22 Aug 2024 10:05 am တွင် တင်ခဲ့သည်
640 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ချမ်းသာဓနနှင့် ခမ်းနားသိုက်မြိုက်သော လူနေမှုပုံစံတို့ ဒွန်တွဲ၍သာ တွေ့ရသော ကမ္ဘာကြီးတွင် ရာမ မူရ်တီး တယာဂယာဂျန်၏ အကြောင်းမှာ ပဟေဠိဆန်လှသည်။

ရူပီး ကုဋေ ၁ သိန်းကျော် တန်ကြေးရှိ စီးပွားရေးလုပ်ငန်းကြီးကို ပိုင်ဆိုင်ထားသော်လည်း Luxury ဘဝပုံစံမျိုး မရှိဘဲ သာမန်လူတန်းစားတို့နေသည့် အိမ်လေးတစ်လုံးတွင်သာ နေထိုင်ကာ ရူပီး ၆ သိန်း (ကန်ဒေါ်လာ ၇၁၅၃) မျှသာ တန်ကြေးရှိသည့် ကားလေးတစ်စီးသာစီးသော ဘီလျံနာသူဌေးကြီးတစ်ဦးရှိနေပြီး ထိုသူကား ရာမ မူရ်တီး တယာဂယာဂျန်ပင်တည်း။

ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည်မှာ ရာမ မူရ်တီးသည် လက်ကိုင်ဖုန်းပင် ကိုင်ဆောင်ခြင်းမရှိဘဲ စံပြုလောက် အောင် ရိုးစင်းသည့် ဘဝနေထိုင်မှုဟန်ကို အသေအချာ ရွေးချယ်ထားခြင်းပင်။

ရာမ မူရ်တီး တယာဂယာဂျန်ဟူသော အမည်ကို အများစုက ကြားဖူးကြမည် မဟုတ်။ ရာမ မူရ်တီးသည် အိန္ဒိယ၏ နာမည်ကြီး ဘဏ္ဍာရေးကုမ္ပဏီဖြစ်သော Shriram Group ကို ၁၉၆၀ ပြည့်လွန် ကာလများတွင် စတင်တည်ထောင်ခဲ့သူ ဖြစ်သည်။

ကနဦးတွင် စုမဲ ကုမ္ပဏီငယ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကုမ္ပဏီခွဲအများအပြား တည်ထောင်ခဲ့ရာ Shriram Finance ကုမ္ပဏီတစ်ခုတည်းပင်လျှင် ဈေးကွက်တန်ကြေး ရူပီး ကုဋေ ၁ ဒသမ ၁ သိန်းရှိသည်။

ထိုမျှကြီးမားသည့် အောင်မြင်မှုကြီးကို ရာမ မူရ်တီး မည်သို့မည်ပုံ ရရှိခဲ့သနည်း။

ရာမ မူရ်တီးက ဘဏ်ကြီးများ ငွေထုတ်ချေးလေ့မရှိသည့် ဝင်ငွေနည်းပါးသူများကို ချေးငွေထုတ်ပေးသည့် စီးပွားရေးပုံစံကို တည်ထောင်ခဲ့သူ ဖြစ်သည်။

ရာမ မူရ်တီးသည် သူ၏ ကြွယ်ဝမှု အားလုံးနီးပါးကို ဝန်ထမ်းလက်တစ်ဆုပ်စာကို ပေးကမ်းလှူဒါန်းခဲ့ပြီး သာမန် အိမ်ငယ်လေးတစ်လုံးတွင် နေထိုင်ကာ ဒေါ်လာ ၅၀၀၀ မျှသာ တန်ကြေးရှိသော ကားလေးတစ်စီးဖြင့် ဘဝကို ရောင့်ရဲစွာ ဖြတ်သန်းနေသည်။

ရာမ မူရ်တီး၏ အောင်မြင်မှုလျှို့ဝှက်ချက်မှာ ဘဏ္ဍာရေးကဏ္ဍအပေါ် သူ၏ တမူထူးသည့် ချဉ်းကပ်ပုံ ဖြစ်သည်။

ရာမ မူရ်တီးသည် မူလက အာမခံ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ခဲ့သည်။

ဘဏ်တို့၏ လစ်လျူရှုခံရသော ကုန်ကားသမားများနှင့် အခြားဝင်ငွေ နည်းပါးသူတို့၏ အင်အား များပြားလှ သည်ကို ရာမ မူရ်တီး သတိပြုမိလာသည်။

ထိုအခြေအနေကို အခွင့်အလမ်းတစ်ရပ်အဖြစ် မူရ်တီးက ရာမက ရှုမြင်ပြီး ဘဏ်များ၏ လစ်လျူရှုခြင်းခံရသူ တို့ကို ချေးငွေများစတင်ထုတ်ပေးခဲ့သည်။

အဓိကအားဖြင့် ကုန်သွယ်ရေးဆိုင်ရာ မော်တော်ကားများအတွက် ငွေထုတ်ပေးခြင်းဖြစ်သည်။

ထိုသို့ ဘဏ်များထံမှ ဝန်ဆောင်မှုမရသူတို့၏ လိုအပ်ချက်များကို အာရုံစိုက်ခဲ့ပြီးနောက် ရာမ မူရ်တီးသည် ဈေးကွက်သစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ကာ သူ၏ ကုမ္ပဏီမှာလည်း လျင်မြန်စွာကြီးထွားလာခဲ့သည်။

ရာမ မူရ်တီးသည် အလွန်တရာချမ်းသာကြွယ်ဝလာခဲ့သော်လည်း နှိမ့်ချသည့်ဘဝပုံစံဖြင့်သာ နေထိုင်သည်။

ခေတ်ပေါ်နည်းပညာတို့၏ ထောင်ချောက်ထဲတွင် မပိတ်မိစေရန် ရှောင်ရှားလေ့ရှိပြီး မထင်မရှားဘဝဖြင့်သာ နေထိုင်ရန် သဘောကျသူ ဖြစ်သည်။

အောင်မြင်မှုဟူသည်မှာ ရုပ်ဝတ္ထုပစ္စည်းတို့ဖြင့် တိုင်းတာရခြင်းမဟုတ်ကြောင်း ရာမ မူရ်တီး၏ ဘဝဇာတ်လမ်းက သတိပေးနေသည်။

ရာမ မူရ်တီး၏ အောင်မြင်မှုက သင်ခန်းစာပေးသည်မှာ မကြွားဝါခြင်း၊ ဂုဏ်သိက္ခာနှင့် ဖောက်ထွက် တွေးတောနိုင်မှု၏ စွမ်းပကားတို့မှာ အရေးကြီးကြောင်း ပြသနေသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet man who owns Rs 1.10 lakh crore business empire, drives Rs 6 lakh car, has no mobile phone, he earned money by... (dnaindia)

 

[Zawgyi]

ရူပီး ကုေဋ ၁ သိန္းတန္ေၾကးရွိ စီးပြားေရးလုပ္ငန္းၾကီးကို ပိုင္ဆိုင္ခဲ့ျပီး ပိုင္ဆိုင္မႈ အားလံုးနီးပါးကို ဝန္ထမ္း အခ်ဳိ႕အား ေပးအပ္ခဲ့ျပီးေနာက္ သာမန္အိမ္ေလးတစ္လံုးတြင္သာ ေနထိုင္ကာ မိုဘိုင္းဖုန္းပင္ မသံုးဘဲ ဘဝကို ရိုးစင္းစြာ ျဖတ္သန္းေနေသာ အိႏိၵယ သူေဌးၾကီး

ခ်မ္းသာဓနႏွင့္ ခမ္းနားသိုက္ျမိဳက္ေသာ လူေနမႈပံုစံတို႔ ဒြန္တြဲ၍သာ ေတြ႔ရေသာ ကမၻာၾကီးတြင္ ရာမ မူရ္တီး တယာဂယာဂ်န္၏ အေၾကာင္းမွာ ပေဟဠိဆန္လွသည္။

ရူပီး ကုေဋ ၁ သိန္းေက်ာ္ တန္ေၾကးရွိ စီးပြားေရးလုပ္ငန္းၾကီးကို ပိုင္ဆိုင္ထားေသာ္လည္း Luxury ဘဝပံုစံမ်ဳိး မရွိဘဲ သာမန္လူတန္းစားတို႔ေနသည့္ အိမ္ေလးတစ္လံုးတြင္သာ ေနထိုင္ကာ ရူပီး ၆ သိန္း (ကန္ေဒၚလာ ၇၁၅၃) မွ်သာ တန္ေၾကးရွိသည့္ ကားေလးတစ္စီးသာစီးေသာ ဘီလ်ံနာသူေဌးၾကီးတစ္ဦးရွိေနျပီး ထိုသူကား ရာမ မူရ္တီး တယာဂယာဂ်န္ပင္တည္း။

ပိုမိုစိတ္ဝင္စားဖြယ္ေကာင္းသည္မွာ ရာမ မူရ္တီးသည္ လက္ကိုင္ဖုန္းပင္ ကိုင္ေဆာင္ျခင္းမရွိဘဲ စံျပဳေလာက္ ေအာင္ ရိုးစင္းသည့္ ဘဝေနထိုင္မႈဟန္ကို အေသအခ်ာ ေရြးခ်ယ္ထားျခင္းပင္။

ရာမ မူရ္တီး တယာဂယာဂ်န္ဟူေသာ အမည္ကို အမ်ားစုက ၾကားဖူးၾကမည္ မဟုတ္။ ရာမ မူရ္တီးသည္ အိႏိၵယ၏ နာမည္ၾကီး ဘ႑ာေရးကုမၸဏီျဖစ္ေသာ Shriram Group ကို ၁၉၆၀ ျပည့္လြန္ ကာလမ်ားတြင္ စတင္တည္ေထာင္ခဲ့သူ ျဖစ္သည္။

ကနဦးတြင္ စုမဲ ကုမၸဏီငယ္အျဖစ္ စတင္ခဲ့ျခင္းျဖစ္ျပီး ေနာက္ပိုင္းတြင္ ကုမၸဏီခြဲအမ်ားအျပား တည္ေထာင္ခဲ့ရာ Shriram Finance ကုမၸဏီတစ္ခုတည္းပင္လွ်င္ ေစ်းကြက္တန္ေၾကး ရူပီး ကုေဋ ၁ ဒသမ ၁ သိန္းရွိသည္။

ထိုမွ်ၾကီးမားသည့္ ေအာင္ျမင္မႈၾကီးကို ရာမ မူရ္တီး မည္သို႔မည္ပံု ရရွိခဲ့သနည္း။

ရာမ မူရ္တီးက ဘဏ္ၾကီးမ်ား ေငြထုတ္ေခ်းေလ့မရွိသည့္ ဝင္ေငြနည္းပါးသူမ်ားကို ေခ်းေငြထုတ္ေပးသည့္ စီးပြားေရးပံုစံကို တည္ေထာင္ခဲ့သူ ျဖစ္သည္။

ရာမ မူရ္တီးသည္ သူ၏ ၾကြယ္ဝမႈ အားလံုးနီးပါးကို ဝန္ထမ္းလက္တစ္ဆုပ္စာကို ေပးကမ္းလွဴဒါန္းခဲ့ျပီး သာမန္ အိမ္ငယ္ေလးတစ္လံုးတြင္ ေနထုိင္ကာ ေဒၚလာ ၅၀၀၀ မွ်သာ တန္ေၾကးရွိေသာ ကားေလးတစ္စီးျဖင့္ ဘဝကို ေရာင့္ရဲစြာ ျဖတ္သန္းေနသည္။

ရာမ မူရ္တီး၏ ေအာင္ျမင္မႈလွ်ိဳ႕ဝွက္ခ်က္မွာ ဘ႑ာေရးက႑အေပၚ သူ၏ တမူထူးသည့္ ခ်ဥ္းကပ္ပံု ျဖစ္သည္။

ရာမ မူရ္တီးသည္ မူလက အာမခံ ကုမၸဏီတစ္ခုတြင္ လုပ္ကိုင္ခဲ့သည္။

ဘဏ္တို႔၏ လစ္လ်ဴရႈခံရေသာ ကုန္ကားသမားမ်ားႏွင့္ အျခားဝင္ေငြ နည္းပါးသူတို႔၏ အင္အား မ်ားျပားလွ သည္ကို ရာမ မူရ္တီး သတိျပဳမိလာသည္။

ထိုအေျခအေနကို အခြင့္အလမ္းတစ္ရပ္အျဖစ္ မူရ္တီးက ရာမက ရႈျမင္ျပီး ဘဏ္မ်ား၏ လစ္လ်ဴရႈျခင္းခံရသူ တို႔ကို ေခ်းေငြမ်ားစတင္ထုတ္ေပးခဲ့သည္။

အဓိကအားျဖင့္ ကုန္သြယ္ေရးဆိုင္ရာ ေမာ္ေတာ္ကားမ်ားအတြက္ ေငြထုတ္ေပးျခင္းျဖစ္သည္။

ထိုသို႔ ဘဏ္မ်ားထံမွ ဝန္ေဆာင္မႈမရသူတို႔၏ လိုအပ္ခ်က္မ်ားကို အာရံုစိုက္ခဲ့ျပီးေနာက္ ရာမ မူရ္တီးသည္ ေစ်းကြက္သစ္တစ္ခုကို ဖန္တီးႏိုင္ခဲ့ကာ သူ၏ ကုမၸဏီမွာလည္း လ်င္ျမန္စြာၾကီးထြားလာခဲ့သည္။

ရာမ မူရ္တီးသည္ အလြန္တရာခ်မ္းသာၾကြယ္ဝလာခဲ့ေသာ္လည္း ႏွိမ့္ခ်သည့္ဘဝပံုစံျဖင့္သာ ေနထိုင္သည္။

ေခတ္ေပၚနည္းပညာတို႔၏ ေထာင္ေခ်ာက္ထဲတြင္ မပိတ္မိေစရန္ ေရွာင္ရွားေလ့ရွိျပီး မထင္မရွားဘဝျဖင့္သာ ေနထိုင္ရန္ သေဘာက်သူ ျဖစ္သည္။

ေအာင္ျမင္မႈဟူသည္မွာ ရုပ္ဝတၳဳပစၥည္းတို႔ျဖင့္ တိုင္းတာရျခင္းမဟုတ္ေၾကာင္း ရာမ မူရ္တီး၏ ဘဝဇာတ္လမ္းက သတိေပးေနသည္။

ရာမ မူရ္တီး၏ ေအာင္ျမင္မႈက သင္ခန္းစာေပးသည္မွာ မၾကြားဝါျခင္း၊ ဂုဏ္သိကၡာႏွင့္ ေဖာက္ထြက္ ေတြးေတာႏိုင္မႈ၏ စြမ္းပကားတို႔မွာ အေရးၾကီးေၾကာင္း ျပသေနသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet man who owns Rs 1.10 lakh crore business empire, drives Rs 6 lakh car, has no mobile phone, he earned money by... (dnaindia)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service