အင်္ဂလန်တွင် ဆယ်ကျော်သက်ကလေးများက နာရီပေါင်း ရာနှင့်ချီအချိန်ယူကာ သစ်ပင်အိမ် ဆောက်လုပ်၊ မြို့ကောင်စီက ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟုဆိုကာ ဖျက်သိမ်းခိုင်းမှုအပေါ် ဒေသခံတို့အမျက်ထွက်

အင်္ဂလန်တွင် ဆယ်ကျော်သက်ကလေးများက နာရီပေါင်း ရာနှင့်ချီအချိန်ယူကာ သစ်ပင်အိမ် ဆောက်လုပ်၊ မြို့ကောင်စီက ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟုဆိုကာ ဖျက်သိမ်းခိုင်းမှုအပေါ် ဒေသခံတို့အမျက်ထွက် - Property News in Myanmar from iMyanmarHouse.com
21 Aug 2024 2:50 pm တွင် တင်ခဲ့သည်
490 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် ဆယ်ကျော်သက်ကလေးများက နာရီပေါင်း ရာနှင့်ချီအချိန်ယူပြီး သစ်ပင်အိမ်တစ်လုံး ဆောက်လုပ်ခဲ့ကြရာ မြို့ကောင်စီက ရာဇဝတ်သင့်သော ထိခိုက်ပျက်စီးစေမှုဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးခဲ့မှုအပေါ် ကလေးများက အမျက်ထွက်လျက်ရှိကြသည်။

ထိုဆယ်ကျော်သက် ကလေးများက အင်္ဂလန်နိုင်ငံ၊ ကန့်ခရိုင်၊ Maidstone မြို့ရှိ တောအုပ်အတွင်း ယခုနှစ် မေလကုန်ပိုင်းတွင် သစ်ပင်အိမ်တစ်လုံး စတင်ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။

(ကလေး ၁၅ ဦးဝန်းကျင်က တောအုပ်ထဲတွင် သစ်ပင်ဝိုင်းဝန်း ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဓာတ်ပုံ-SWNS)

(ထိုသစ်ပင်အိမ်ကို ဖျက်ဆီးပစ်ရန် အမိန့်ချမှတ်ခံရသောကြောင့် ကလေးများ ကြေကွဲဝမ်းနည်းလျက်ရှိသည်။ ဓာတ်ပုံ-SWNS)

(ကလေးများကို ရာဇဝတ်ကောင်များဟု ပြောဆိုမှုအပေါ် ဒေသအသိုက်အဝန်းက မြို့အုပ်ချုပ်ရေးကောင်စီအား အပြင်းအထန်ဝေဖန်လျက်ရှိကြသည်။ ဓာတ်ပုံ-SWNS)

သစ်ပင်အိမ်ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အတူအချိန်ဖြုန်းနိုင်မည့် နေရာသစ်တစ်ခု ဖန်တီးရန် ဖြစ်သည်။

ကလေးများ၏ မိဘများကပြောသည်မှာ ယခုအိမ်ဆောက်လုပ်မှုမှာ ကလေးများကို Xbox , Playstation တို့တွင်သာ အချိန်ကုန်နေစေခြင်း ကင်းဝေးစေကြောင်း ပြောသည်။

ကနဦးတွင် လူနည်းနည်းဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆယ်ကျော်သက် ကလေးများ ပိုမိုများပြား လာကာ နောက်ဆုံးတွင် သစ်ပင်အိမ်ကို ဝိုင်းဝန်းဆောက်လုပ်ကြသူ ၁၅ ဦးရှိလာခဲ့သည်။

ကလေးများသည် သစ်တောအတွင်း ကာလကြာရှည်လဲကျတည်ရှိနေသော သစ်လုံးများကိုသုံးကာ အိမ်၏ အောက်ခံအဖြစ် အသုံးပြုပြီး တာပေါ်လင်စဖြင့် အမိုးပြုလုပ်ကာ ရှေ့တံခါး၊ ကုလားထိုင်အချို့၊ ဆိုဖာတစ်လုံး အပြင် ရှုခင်းကြည့်ရန်နေရာတစ်ခုလည်း ပြုလုပ်ခဲ့ကြသည်။

ကလေးများ၏ အေးချမ်းရာ အသိုက်အမြုံလေးမှာ ဇူလိုင်လ ၂၆ ရက်တွင် ပျက်စီးခဲ့ရသည်။

အနီးရှိ Hermitage Park Estate ကို အကောင်အထည်ဖော်နေသော အိမ်ခြံမြေ developer ဖြစ်သည့် Croudace Homes မှ ဝန်ထမ်း ၁၀ ဦးခန့်က ကလေးများ သစ်ပင်ဆောက်လုပ်နေသည့်နေရာကို ခြံစည်းရိုးခတ်ခဲ့ပြီးနောက် သစ်ပင်အိမ်ကို လွှစက်ဖြင့် ဖြိုချခဲ့သည်။

Maidstone မြို့ကောင်စီက သစ်ပင်အိမ်ကို ဖြိုချဖျက်ဆီးရန် အဆိုပါ developer အား ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

သစ်ပင်အိမ်မှာ ဥပဒေဖြင့် အကာအကွယ်ပေးထားသည့် ရှေးဟောင်းသစ်တောမြေအား ဆိုးရွားစွာ ထိခိုက် ပျက်စီးစေသောကြောင့်ဟုဆိုကာ ဖျက်ဆီးခိုင်းခြင်းဖြစ်ပြီး သစ်ပင်အိမ်ဆောက်လုပ်ခြင်းမှာ ရာဇဝတ်မှု မြောက်သော ထိခိုက်ပျက်စီးစေမှုဟု သုံးသပ်ရကြောင်းလည်း ပြောသည်။

ထိုသို့ ဖျက်ဆီးမှုအပေါ် နေအိမ်ဆောက်လုပ်ခဲ့သော ကလေးတစ်ဦးက “ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ဒီသစ်ပင်အိမ်ကို အများကြီးအချိန်ယူပြီး ဆောက်ခဲ့ရတာပါ။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ အန္တရာယ်မပေးသလို ဘယ်သူ့ကိုမှလည်း မထိခိုက်စေပါဘူး” ဟု ပြောသည်။

“လူတိုင်းက ဒီအိမ်ကို သဘောကျကြပါတယ်။ ဘေးက ဖြတ်သွားတဲ့အချိန်မှာ ကျွန်တော်တို့ကို ပြုံးပြကြပြီး အိမ်ဆောက်ထားတာ ကောင်းတယ်လို့ ပြောသွားကြပါတယ်”

“ကျွန်တော်တို့ တချိန်လုံး အိမ်ထဲမှာပဲ ထိုင်နေပြီး Xbox ကစား မနေချင်ပါဘူး။ ဒီအိမ်လေးကို ဆောက်ရတာ ဘဝနေထိုင်မှု ပိုမိုကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ အဲဒီကိုသွားရတာ နှစ်သက်ပျော်ရွှင်ကြပါတယ်”

မိဘများကမူ သစ်ပင်အိမ်ဖျက်ဆီးခံရသောကြောင့် ကလေးများ Xbox ဆီ ပြန်သွားကြမည်ကို ရတက်မအေး ဖြစ်နေကြသည်။

“ကလေးတွေ အွန်လိုင်းမှာပဲ အချိန်ကုန်နေတဲ့ ကမ္ဘာကြီးမှာ ဒါက ဂုဏ်ယူစရာ ဖန်တီးမှုတစ်ခုပါ”

“ကလေးတွေဟာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ ဝေးရာမှာ လတ်ဆတ်တဲ့ လေထုရှိရာမှာ ပူးပေါင်းအလုပ်လုပ် ခဲ့ကြတာ ဖြစ်ပါတယ်”

“ကလေးတွေနဲ့ မဆွေးနွေးဘဲ မြို့ကောင်စီက လုပ်လိုက်တဲ့အပေါ် ဒေသခံအားလုံးက ဒေါသထွက်နေကြ ပါတယ်”

Maidstone အခြေစိုက် သင်္ချာဆရာတစ်ဦးဖြစ်သူ John Harmer ကလည်း သစ်ပင်အိမ် ဖျက်ဆီးခံရမှုအပေါ် စိတ်မကောင်းဖြစ်နေသည်။

“သစ်ပင်အိမ်အဖျက်ခံရတာ ကျွန်တော်တွေ့တဲ့အခါမှာ ကလေးတွေအတွက် ကြေကွဲ စိတ်ပျက်မိပါတယ်” ဟု Harmer က ပြောသည်။

ဒေသခံတို့ အမျက်ထွက်ကြမှုနှင့် စပ်လျဉ်းပြီး Maidstone မြို့ကောင်စီ (MBC) က ပြောသည်မှာ “MBC အနေနဲ့ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပြင်ပနေရာမှာ ဆော့ကစားဖို့ လိုအပ်မှုအတွက် လူတွေရဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေမှုအပေါ် နားလည်ပါတယ်” ဟု ဆိုသည်။

“ဒါပေမယ့် သစ်ပင်အိမ်ဟာ Hermitage Lane တောအုပ်ထဲမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒါက ဥပဒေအရ အကာအကွယ်ပေးထားတဲ့ ရှေးဟောင်းတောအုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ရာဇဝတ်မှုမြောက်တဲ့ ထိခိုက်စေမှုလို့ ရှုမြင်ပါတယ်”

“ဆောက်လုပ်ရေးကုမ္ပဏီမှာက ရှေးဟောင်းသစ်တောကို အကာအကွယ်ပေးရမယ်ဆိုတဲ့ သူတို့ လိုက်နာရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကို သူတို့ လိုက်နာရပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: We spent 100s of hours building incredible treehouse – only for ‘jobsworth’ council to tear it down & call us CRIMINALS (thesun)

Photo Credit-swns

[Zawgyi]

အဂၤလန္တြင္ ဆယ္ေက်ာ္သက္ကေလးမ်ားက နာရီေပါင္း ရာႏွင့္ခ်ီအခ်ိန္ယူကာ သစ္ပင္အိမ္ ေဆာက္လုပ္၊ ျမိဳ႕ေကာင္စီက ရာဇဝတ္မႈ က်ဴးလြန္ျခင္းျဖစ္သည္ဟုဆိုကာ ဖ်က္သိမ္းခိုင္းမႈအေပၚ ေဒသခံတို႔အမ်က္ထြက္

အဂၤလန္ႏိုင္ငံတြင္ ဆယ္ေက်ာ္သက္ကေလးမ်ားက နာရီေပါင္း ရာႏွင့္ခ်ီအခ်ိန္ယူျပီး သစ္ပင္အိမ္တစ္လံုး ေဆာက္လုပ္ခဲ့ၾကရာ ျမိဳ႕ေကာင္စီက ရာဇဝတ္သင့္ေသာ ထိခိုက္ပ်က္စီးေစမႈဟု ေခါင္းစဥ္တပ္ကာ ဖ်က္ဆီးခဲ့မႈအေပၚ ကေလးမ်ားက အမ်က္ထြက္လ်က္ရွိၾကသည္။

ထိုဆယ္ေက်ာ္သက္ ကေလးမ်ားက အဂၤလန္ႏိုင္ငံ၊ ကန္႔ခရိုင္၊ Maidstone ျမိဳ႕ရွိ ေတာအုပ္အတြင္း ယခုႏွစ္ ေမလကုန္ပိုင္းတြင္ သစ္ပင္အိမ္တစ္လံုး စတင္ေဆာက္လုပ္ခဲ့ၾကျခင္း ျဖစ္သည္။

(ကေလး ၁၅ ဦးဝန္းက်င္က ေတာအုပ္ထဲတြင္ သစ္ပင္ဝိုင္းဝန္း ေဆာက္လုပ္ခဲ့ၾကျခင္း ျဖစ္သည္။ ဓာတ္ပံု-SWNS)

(ထိုသစ္ပင္အိမ္ကို ဖ်က္ဆီးပစ္ရန္ အမိန္႔ခ်မွတ္ခံရေသာေၾကာင့္ ကေလးမ်ား ေၾကကြဲဝမ္းနည္းလ်က္ရွိသည္။ ဓာတ္ပံု-SWNS)

(ကေလးမ်ားကို ရာဇဝတ္ေကာင္မ်ားဟု ေျပာဆိုမႈအေပၚ ေဒသအသုိက္အဝန္းက ျမိဳ႕အုပ္ခ်ဳပ္ေရးေကာင္စီအား အျပင္းအထန္ေဝဖန္လ်က္ရွိၾကသည္။ ဓာတ္ပံု-SWNS)

သစ္ပင္အိမ္ေဆာက္လုပ္ရျခင္း၏ ရည္ရြယ္ခ်က္မွာ အတူအခ်ိန္ျဖဳန္းႏိုင္မည့္ ေနရာသစ္တစ္ခု ဖန္တီးရန္ ျဖစ္သည္။

ကေလးမ်ား၏ မိဘမ်ားကေျပာသည္မွာ ယခုအိမ္ေဆာက္လုပ္မႈမွာ ကေလးမ်ားကို Xbox , Playstation တို႔တြင္သာ အခ်ိန္ကုန္ေနေစျခင္း ကင္းေဝးေစေၾကာင္း ေျပာသည္။

ကနဦးတြင္ လူနည္းနည္းျဖင့္ စတင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ဆယ္ေက်ာ္သက္ ကေလးမ်ား ပိုမိုမ်ားျပား လာကာ ေနာက္ဆံုးတြင္ သစ္ပင္အိမ္ကို ဝိုင္းဝန္းေဆာက္လုပ္ၾကသူ ၁၅ ဦးရွိလာခဲ့သည္။

ကေလးမ်ားသည္ သစ္ေတာအတြင္း ကာလၾကာရွည္လဲက်တည္ရွိေနေသာ သစ္လံုးမ်ားကိုသံုးကာ အိမ္၏ ေအာက္ခံအျဖစ္ အသံုးျပဳျပီး တာေပၚလင္စျဖင့္ အမိုးျပဳလုပ္ကာ ေရွ႕တံခါး၊ ကုလားထိုင္အခ်ဳိ႕၊ ဆိုဖာတစ္လံုး အျပင္ ရႈခင္းၾကည့္ရန္ေနရာတစ္ခုလည္း ျပဳလုပ္ခဲ့ၾကသည္။

ကေလးမ်ား၏ ေအးခ်မ္းရာ အသိုက္အျမံဳေလးမွာ ဇူလိုင္လ ၂၆ ရက္တြင္ ပ်က္စီးခဲ့ရသည္။

အနီးရွိ Hermitage Park Estate ကို အေကာင္အထည္ေဖာ္ေနေသာ အိမ္ျခံေျမ developer ျဖစ္သည့္ Croudace Homes မွ ဝန္ထမ္း ၁၀ ဦးခန္႔က ကေလးမ်ား သစ္ပင္ေဆာက္လုပ္ေနသည့္ေနရာကို ျခံစည္းရိုးခတ္ခဲ့ျပီးေနာက္ သစ္ပင္အိမ္ကို လႊစက္ျဖင့္ ျဖိဳခ်ခဲ့သည္။

Maidstone ျမိဳ႕ေကာင္စီက သစ္ပင္အိမ္ကို ျဖိဳခ်ဖ်က္ဆီးရန္ အဆိုပါ developer အား ညႊန္ၾကားခဲ့ျခင္း ျဖစ္သည္။

သစ္ပင္အိမ္မွာ ဥပေဒျဖင့္ အကာအကြယ္ေပးထားသည့္ ေရွးေဟာင္းသစ္ေတာေျမအား ဆိုးရြားစြာ ထိခိုက္ ပ်က္စီးေစေသာေၾကာင့္ဟုဆိုကာ ဖ်က္ဆီးခိုင္းျခင္းျဖစ္ျပီး သစ္ပင္အိမ္ေဆာက္လုပ္ျခင္းမွာ ရာဇဝတ္မႈ ေျမာက္ေသာ ထိခိုက္ပ်က္စီးေစမႈဟု သံုးသပ္ရေၾကာင္းလည္း ေျပာသည္။

ထိုသို႔ ဖ်က္ဆီးမႈအေပၚ ေနအိမ္ေဆာက္လုပ္ခဲ့ေသာ ကေလးတစ္ဦးက “ကၽြန္ေတာ္တို႔ ဝမ္းနည္းမိပါတယ္။ ဒီသစ္ပင္အိမ္ကို အမ်ားၾကီးအခ်ိန္ယူျပီး ေဆာက္ခဲ့ရတာပါ။ ကၽြန္ေတာ္တို႔ ဘယ္သူ႔ကိုမွ အႏၱရာယ္မေပးသလို ဘယ္သူ႔ကိုမွလည္း မထိခိုက္ေစပါဘူး” ဟု ေျပာသည္။

“လူတိုင္းက ဒီအိမ္ကို သေဘာက်ၾကပါတယ္။ ေဘးက ျဖတ္သြားတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ကို ျပံဳးျပၾကျပီး အိမ္ေဆာက္ထားတာ ေကာင္းတယ္လုိ႔ ေျပာသြားၾကပါတယ္”

“ကၽြန္ေတာ္တို႔ တခ်ိန္လံုး အိမ္ထဲမွာပဲ ထိုင္ေနျပီး Xbox ကစား မေနခ်င္ပါဘူး။ ဒီအိမ္ေလးကို ေဆာက္ရတာ ဘဝေနထိုင္မႈ ပိုမိုေကာင္းမြန္လာပါတယ္။ ကၽြန္ေတာ္တို႔ အဲဒီကိုသြားရတာ ႏွစ္သက္ေပ်ာ္ရႊင္ၾကပါတယ္”

မိဘမ်ားကမူ သစ္ပင္အိမ္ဖ်က္ဆီးခံရေသာေၾကာင့္ ကေလးမ်ား Xbox ဆီ ျပန္သြားၾကမည္ကို ရတက္မေအး ျဖစ္ေနၾကသည္။

“ကေလးေတြ အြန္လိုင္းမွာပဲ အခ်ိန္ကုန္ေနတဲ့ ကမၻာၾကီးမွာ ဒါက ဂုဏ္ယူစရာ ဖန္တီးမႈတစ္ခုပါ”

“ကေလးေတြဟာ ဒစ္ဂ်စ္တယ္ပစၥည္းေတြနဲ႔ ေဝးရာမွာ လတ္ဆတ္တဲ့ ေလထုရွိရာမွာ ပူးေပါင္းအလုပ္လုပ္ ခဲ့ၾကတာ ျဖစ္ပါတယ္”

“ကေလးေတြနဲ႔ မေဆြးေႏြးဘဲ ျမိဳ႕ေကာင္စီက လုပ္လိုက္တဲ့အေပၚ ေဒသခံအားလံုးက ေဒါသထြက္ေနၾက ပါတယ္”

Maidstone အေျခစိုက္ သခၤ်ာဆရာတစ္ဦးျဖစ္သူ John Harmer ကလည္း သစ္ပင္အိမ္ ဖ်က္ဆီးခံရမႈအေပၚ စိတ္မေကာင္းျဖစ္ေနသည္။

“သစ္ပင္အိမ္အဖ်က္ခံရတာ ကၽြန္ေတာ္ေတြ႔တဲ့အခါမွာ ကေလးေတြအတြက္ ေၾကကြဲ စိတ္ပ်က္မိပါတယ္” ဟု Harmer က ေျပာသည္။

ေဒသခံတို႔ အမ်က္ထြက္ၾကမႈႏွင့္ စပ္လ်ဥ္းျပီး Maidstone ျမိဳ႕ေကာင္စီ (MBC) က ေျပာသည္မွာ “MBC အေနနဲ႔ ကေလးေတြရဲ႕ စိတ္က်န္းမာေရးနဲ႔ ျပင္ပေနရာမွာ ေဆာ့ကစားဖို႔ လိုအပ္မႈအတြက္ လူေတြရဲ႕ စိုးရိမ္မႈေတြ ျဖစ္ေပၚေနမႈအေပၚ နားလည္ပါတယ္” ဟု ဆိုသည္။

“ဒါေပမယ့္ သစ္ပင္အိမ္ဟာ Hermitage Lane ေတာအုပ္ထဲမွာ ေဆာက္လုပ္ထားတာျဖစ္ပါတယ္။ ဒါက ဥပေဒအရ အကာအကြယ္ေပးထားတဲ့ ေရွးေဟာင္းေတာအုပ္ကို ဆိုးဆိုးရြားရြား ထိခိုက္ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ ရာဇဝတ္မႈေျမာက္တဲ့ ထိခိုက္ေစမႈလို႔ ရႈျမင္ပါတယ္”

“ေဆာက္လုပ္ေရးကုမၸဏီမွာက ေရွးေဟာင္းသစ္ေတာကို အကာအကြယ္ေပးရမယ္ဆိုတဲ့ သူတို႔ လိုက္နာရမယ့္ အခ်က္ေတြရွိပါတယ္။ ဒါေတြကို သူတို႔ လိုက္နာရပါတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: We spent 100s of hours building incredible treehouse – only for ‘jobsworth’ council to tear it down & call us CRIMINALS (thesun)

Photo Credit-swns

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသုံးပြုခဲ့၊ အဆိုပါကျောက်တုံးမှာ ဒေါ်လာ ၁ သန်းကျော်တန်ကြေးရှိသည့် ပယင်းတုံးဖြစ်နေသည်ကို တွေ့ရှိ...

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘရစ်တ်နီ စပီးယားကို သရဲများက လှေကားမှ တွန်းချသောကြောင့် ထွက်ပြေးခဲ့ရသော စံအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သော သရဲခြောက်သည့်စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းဈေးလျှော့ကာ အ...

အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်...
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး မိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့၊ ပါမောက္ခကွယ်လွန်ချိန်တွင် သူ၏ ဆွေမျိုးများက တိုက်ခန်းလာတောင်းသောကြောင့် အမှုရင်ဆိုင်ရလျက်ရှိ...

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ
တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင်
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service