ထပ်ဆင့် အော်စကာဆုရှင် Kevin Spacey ၏ နေအိမ်ကို တရားရုံးအမိန့်ဖြင့် ရောင်းချခဲ့ပြီးဖြစ်သော်လည်း ၎င်းက နေအိမ်မှ ပြောင်းရွှေ့ပေးရန် ငြင်းဆိုနေရာ ဝယ်လက်အတွက် ခေါင်းကိုက်ဖွယ်ဖြစ်လာ

ထပ်ဆင့် အော်စကာဆုရှင် Kevin Spacey ၏ နေအိမ်ကို တရားရုံးအမိန့်ဖြင့် ရောင်းချခဲ့ပြီးဖြစ်သော်လည်း ၎င်းက နေအိမ်မှ ပြောင်းရွှေ့ပေးရန် ငြင်းဆိုနေရာ ဝယ်လက်အတွက် ခေါင်းကိုက်ဖွယ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
20 Aug 2024 3:33 pm တွင် တင်ခဲ့သည်
418 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Kevin Spacey ဘယ်သူလဲ)

ကယ်ဗင် စပေ့ဆီ (Kevin Spacey) (မွေး ၁၉၅၉) သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်ဖြစ်ပြီး အော်စကာဆု ၂ ဆု၊ BAFTA ၁ ဆု၊ ရွှေကမ္ဘာလုံးဆု ၁ ဆုအပါအဝင် အခြားဆုပေါင်းများစွာ ရရှိထားသည်။

The Usual Suspects (၁၉၉၅ ) တွင် လူလိမ်တစ်ဦးအဖြစ် သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ပို့ အော်စကာဆု ရရှိခဲ့သည်။

၁၉၉၉ ခုနှစ်တွင် American Beauty ရုပ်ရှင်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ရရှိခဲ့သည်။

((ကယ်ဗင် စပေ့ဆီ၏ အငြင်းပွားနေသော စံအိမ်))

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ Bethesda အရပ် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ရုပ်ရှင်သရုပ်ဆောင် ကယ်ဗင် စပေ့ဆီနှင့် ပြဿနာတက်နေသည်။

ကယ်ဗင် စပေ့ဆီ၏ စံအိမ်မှာ ဘာလ်တီမိုးမြို့တွင် တည်ရှိသည်။

တရားရုံးက ကယ်ဗင်စပေ့ဆီ၏ အိမ်ကို သိမ်းယူကာ ကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းဖြင့် လေလံတင် ရောင်းချခဲ့ပြီးဖြစ်သော်လည်း ကယ်ဗင် စပေ့ဆီက ထိုအိမ်မှ ပြောင်းရွှေ့ပေးရန် ငြင်းဆိုနေသည်။

စံအိမ်မှာ ဘာလ်တီမိုးမြို့ရှိ Patapsco မြစ်အတွင်းသို့ တိုးထွက်နေသော မြေနေရာပေါ်တွင် ဆောက်လုပ်ထား ကာ ကျယ်ဝန်းသော စံအိမ်ဖြစ်ပြီး လေလံဆွဲ ဝယ်ယူသွားသူမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် Sam Asgari ဖြစ်သည်။

တရားရုံးက ရောင်းချခဲ့သော လေလံပွဲတွင် အချိုအချောင်ဈေးဖြင့် အရောင်းအဝယ်ဖြစ်သွားသော်လည်း သရုပ်ဆောင် ကယ်ဗင်က အိမ်ပေါ်က ဆင်းမပေးသောကြောင့် ဝယ်လက်အတွက် ခေါင်းကိုက်ဖွယ်ရာ ဖြစ်လာသည်။

(သရုပ်ဆောင် ကယ်ဗင် စပေ့ဆီ၏ ဘာလ်တီမိုးမြို့မှ ကမ်းခြေစံအိမ်ကို တရားရုံးက ကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းဖြင့် လေလံတင်ရောင်းချခဲ့ပြီး ဖြစ်သည်။ ဓာတ်ပုံ- Monument Sotheby’s International Realty)

(၅ ထပ်အဆောက်အအုံ ဖြစ်သည်။ ဓာတ်ပုံ- Monument Sotheby’s International Realty)

“လက်ရှိမှာ သူက ပြောင်းရွှေ့ပေးဖို့ ငြင်းဆန်နေပါတယ်” ဟု Asgari က Baltimore Banner သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုသည်။

“သူက ပြောင်းရွှေ့ပေးဖို့ အချိန် ၆ လ တောင်းဆိုနေပါတယ်။ ဒီအတွက် ဘာမှ မပေးနိုင်ဘူးလို့ ပြောပါတယ်”

သရုပ်ဆောင် ကီဗင် စပေ့ဆီက ပြောင်းရွှေ့ပေးရန် ငြင်းဆိုနေမှုကြောင့် မိမိအနေဖြင့် ၎င်း၏ ရှေ့နေများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း Asgari က ပြောသည်။

သို့သော် ကီဗင် စပေ့ဆီ၏ ရှေ့နေဖြစ်သူ Edward U.Lee III ကမူ အဆိုပါပြောဆိုမှုများကို ပြန်လည်ချေပမှုများ ပြုလုပ်ထားသည်။

“မစ္စတာ Asgari ရဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းနေပါတယ်” ဟု Edward က ပြောသည်။

(ဘိလိယက်ခန်း။ ဓာတ်ပုံ- Monument Sotheby’s International Realty)

(ညစာစားခန်း။ ဓာတ်ပုံ- Monument Sotheby’s International Realty)

စတုရန်းပေ ၉၀၀၀ ကျယ်ဝန်းသော ဤစံအိမ်ကို ဘာလ်တီမိုး၏ အထူးခြားဆုံးနေအိမ်ဟု တချိန်က ခေါ်ဝေါ်ခဲ့သည်။

ကီဗင် စပေ့ဆီသည် ယခုစံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ရာ Asgari မှာ အချိုအချောင်ဈေးဖြင့် ရလိုက်သည်ဟု ဆိုနိုင်သည်။

Asgari က လေလံဆွဲဝယ်ယူရရှိခဲ့ရာတွင် စရန်အဖြစ် ဒေါ်လာ ၁၀၀၀၀၀ ပေးသွင်းထားသည်။

တရားရုံးမှ အရောင်းအဝယ်ကို အတည်ပြုပြီးပါက Asgari အနေဖြင့် နေအိမ်ဥပစာနှင်ထုတ်မှု လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိပြီး ရဲတပ်ဖွဲ့၏ အကူအညီကို ရယူရဖွယ်ရှိသည်။

(ခရုပတ်လှေကား။ ဓာတ်ပုံ- Monument Sotheby’s International Realty)

(Sauna တစ်ခုလည်းရှိသည်။ ဓာတ်ပုံ- Monument Sotheby’s International Realty)

(အိပ်ခန်း ၆ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ- Monument Sotheby’s International Realty)

(ရေချိုးခန်း ၇ ခန်းအနက် တစ်ခန်း။ ဓာတ်ပုံ- Monument Sotheby’s International Realty)

ယခုကဲ့သို့ နေအိမ်မှ ဆင်းပေးရန် ငြင်းပယ်ခဲ့ရမှုမှာ အကျပိုင်းသို့ ရောက်နေသည့် ရုပ်ရှင်ကြယ်ပွင့်တစ်ဦး၏ သံဝေဂရဖွယ်ဖြစ်ရပ်ကို ပြသနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kevin Spacey refuses eviction from Baltimore mansion after foreclosure (nypost)

Photo Credit- Monument Sotheby’s International Realty

[Zawgyi]

ထပ္ဆင့္ ေအာ္စကာဆုရွင္ Kevin Spacey ၏ ေနအိမ္ကို တရားရံုးအမိန္႔ျဖင့္ ေရာင္းခ်ခဲ့ျပီးျဖစ္ေသာ္လည္း ၎က ေနအိမ္မွ ေျပာင္းေရႊ႕ေပးရန္ ျငင္းဆိုေနရာ ဝယ္လက္အတြက္ ေခါင္းကိုက္ဖြယ္ျဖစ္လာ

(Kevin Spacey ဘယ္သူလဲ)

ကယ္ဗင္ စေပ့ဆီ (Kevin Spacey) (ေမြး ၁၉၅၉) သည္ အေမရိကန္ရုပ္ရွင္သရုပ္ေဆာင္ျဖစ္ျပီး ေအာ္စကာဆု ၂ ဆု၊ BAFTA ၁ ဆု၊ ေရႊကမၻာလံုးဆု ၁ ဆုအပါအဝင္ အျခားဆုေပါင္းမ်ားစြာ ရရွိထားသည္။

The Usual Suspects (၁၉၉၅ ) တြင္ လူလိမ္တစ္ဦးအျဖစ္ သရုပ္ေဆာင္ကာ အေကာင္းဆံုးဇာတ္ပို႔ ေအာ္စကာဆု ရရွိခဲ့သည္။

၁၉၉၉ ခုႏွစ္တြင္ American Beauty ရုပ္ရွင္ကားျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသားဆု ရရွိခဲ့သည္။

((ကယ္ဗင္ စေပ့ဆီ၏ အျငင္းပြားေနေသာ စံအိမ္))

အေမရိကန္ျပည္ေထာင္စု၊ ေမရီလန္းျပည္နယ္၊ Bethesda အရပ္ အေျခစိုက္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးသည္ ရုပ္ရွင္သရုပ္ေဆာင္ ကယ္ဗင္ စေပ့ဆီႏွင့္ ျပႆနာတက္ေနသည္။

ကယ္ဗင္ စေပ့ဆီ၏ စံအိမ္မွာ ဘာလ္တီမိုးျမိဳ႕တြင္ တည္ရွိသည္။

တရားရံုးက ကယ္ဗင္စေပ့ဆီ၏ အိမ္ကို သိမ္းယူကာ ကန္ေဒၚလာ ၃ ဒသမ ၂၄ သန္းျဖင့္ ေလလံတင္ ေရာင္းခ်ခဲ့ျပီးျဖစ္ေသာ္လည္း ကယ္ဗင္ စေပ့ဆီက ထိုအိမ္မွ ေျပာင္းေရႊ႕ေပးရန္ ျငင္းဆိုေနသည္။

စံအိမ္မွာ ဘာလ္တီမိုးျမိဳ႕ရွိ Patapsco ျမစ္အတြင္းသို႔ တိုးထြက္ေနေသာ ေျမေနရာေပၚတြင္ ေဆာက္လုပ္ထား ကာ က်ယ္ဝန္းေသာ စံအိမ္ျဖစ္ျပီး ေလလံဆြဲ ဝယ္ယူသြားသူမွာ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းရွင္ Sam Asgari ျဖစ္သည္။

တရားရံုးက ေရာင္းခ်ခဲ့ေသာ ေလလံပြဲတြင္ အခ်ဳိအေခ်ာင္ေစ်းျဖင့္ အေရာင္းအဝယ္ျဖစ္သြားေသာ္လည္း သရုပ္ေဆာင္ ကယ္ဗင္က အိမ္ေပၚက ဆင္းမေပးေသာေၾကာင့္ ဝယ္လက္အတြက္ ေခါင္းကိုက္ဖြယ္ရာ ျဖစ္လာသည္။

(သရုပ္ေဆာင္ ကယ္ဗင္ စေပ့ဆီ၏ ဘာလ္တီမိုးျမိဳ႕မွ ကမ္းေျခစံအိမ္ကို တရားရံုးက ကန္ေဒၚလာ ၃ ဒသမ ၂၄ သန္းျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ျပီး ျဖစ္သည္။ ဓာတ္ပံု- Monument Sotheby’s International Realty)

(၅ ထပ္အေဆာက္အအံု ျဖစ္သည္။ ဓာတ္ပံု- Monument Sotheby’s International Realty)

“လက္ရွိမွာ သူက ေျပာင္းေရႊ႕ေပးဖုိ႔ ျငင္းဆန္ေနပါတယ္” ဟု Asgari က Baltimore Banner သတင္းဌာနသို႔ ထုတ္ေဖာ္ေျပာဆိုသည္။

“သူက ေျပာင္းေရႊ႕ေပးဖို႔ အခ်ိန္ ၆ လ ေတာင္းဆိုေနပါတယ္။ ဒီအတြက္ ဘာမွ မေပးႏိုင္ဘူးလို႔ ေျပာပါတယ္”

သရုပ္ေဆာင္ ကီဗင္ စေပ့ဆီက ေျပာင္းေရႊ႕ေပးရန္ ျငင္းဆိုေနမႈေၾကာင့္ မိမိအေနျဖင့္ ၎၏ ေရွ႕ေနမ်ားႏွင့္ ေဆြးေႏြးညွိႏႈိင္းမႈမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္း Asgari က ေျပာသည္။

သို႔ေသာ္ ကီဗင္ စေပ့ဆီ၏ ေရွ႕ေနျဖစ္သူ Edward U.Lee III ကမူ အဆိုပါေျပာဆိုမႈမ်ားကို ျပန္လည္ေခ်ပမႈမ်ား ျပဳလုပ္ထားသည္။

“မစၥတာ Asgari ရဲ႕ စြပ္စြဲခ်က္ေတြဟာ မွားယြင္းေနပါတယ္” ဟု Edward က ေျပာသည္။

(ဘိလိယက္ခန္း။ ဓာတ္ပံု- Monument Sotheby’s International Realty)

(ညစာစားခန္း။ ဓာတ္ပံု- Monument Sotheby’s International Realty)

စတုရန္းေပ ၉၀၀၀ က်ယ္ဝန္းေသာ ဤစံအိမ္ကို ဘာလ္တီမိုး၏ အထူးျခားဆံုးေနအိမ္ဟု တခ်ိန္က ေခၚေဝၚခဲ့သည္။

ကီဗင္ စေပ့ဆီသည္ ယခုစံအိမ္ကို ၂၀၁၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၅ ဒသမ ၆၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ရာ Asgari မွာ အခ်ဳိအေခ်ာင္ေစ်းျဖင့္ ရလိုက္သည္ဟု ဆိုႏိုင္သည္။

Asgari က ေလလံဆြဲဝယ္ယူရရွိခဲ့ရာတြင္ စရန္အျဖစ္ ေဒၚလာ ၁၀၀၀၀၀ ေပးသြင္းထားသည္။

တရားရံုးမွ အေရာင္းအဝယ္ကို အတည္ျပဳျပီးပါက Asgari အေနျဖင့္ ေနအိမ္ဥပစာႏွင္ထုတ္မႈ လုပ္ငန္းစဥ္ကို ဆက္လက္လုပ္ေဆာင္သြားဖြယ္ရွိျပီး ရဲတပ္ဖြဲ႔၏ အကူအညီကို ရယူရဖြယ္ရွိသည္။

(ခရုပတ္ေလွကား။ ဓာတ္ပံု- Monument Sotheby’s International Realty)

(Sauna တစ္ခုလည္းရွိသည္။ ဓာတ္ပံု- Monument Sotheby’s International Realty)

(အိပ္ခန္း ၆ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု- Monument Sotheby’s International Realty)

(ေရခ်ဳိးခန္း ၇ ခန္းအနက္ တစ္ခန္း။ ဓာတ္ပံု- Monument Sotheby’s International Realty)

ယခုကဲ့သို႔ ေနအိမ္မွ ဆင္းေပးရန္ ျငင္းပယ္ခဲ့ရမႈမွာ အက်ပိုင္းသို႔ ေရာက္ေနသည့္ ရုပ္ရွင္ၾကယ္ပြင့္တစ္ဦး၏ သံေဝဂရဖြယ္ျဖစ္ရပ္ကို ျပသေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kevin Spacey refuses eviction from Baltimore mansion after foreclosure (nypost)

Photo Credit- Monument Sotheby’s International Realty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service