အမေရိကန်ပြည်တွင် စီးပွားရေးလုပ်ငန်းရှင် Rakesh Kamal က ဇနီးနှင့် သမီးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်သွားသော စံအိမ်ကြီး ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်တွင် စီးပွားရေးလုပ်ငန်းရှင် Rakesh Kamal က ဇနီးနှင့် သမီးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်သွားသော စံအိမ်ကြီး ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2024 3:31 pm တွင် တင်ခဲ့သည်
1476 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဇနီးဖြစ်သူနှင့် ဆယ်ကျော်သက်အရွယ် သမီးတို့ကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည့် စံအိမ်ကြီးတစ်လုံး ယခုရက်သတ္တပတ်အတွင်း အရောင်းဈေးကွက်ဝင်လာသည်။

မက်ဆာချူးဆက်ပြည်နယ်၊ နော်ဖော့ခရိုင်၊ Dover မြို့ရှိ ယခုစံအိမ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ အသက် ၅၇ နှစ်အရွယ်ရှိ စီးပွားရေးလုပ်ငန်းရှင် ရာကစ်ရှ် ကမဲလ် (Rakesh Kamal) သည် အသက် ၅၄ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ Teena နှင့် ၁၈ နှစ်အရွယ် သမီးဖြစ်သူ Arianna တို့ကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကို ပစ်ခတ်အဆုံးစီရင်သွားခြင်း ဖြစ်သည်။

အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၁၂ ခန်းပါသော စံအိမ်ကြီးဖြစ်ပြီး ၎င်းတို့ မိသားစုဝင် ၃ ဦး၏ အလောင်းများကို ရာကက်ရှ်၏ အစ်ကိုဖြစ်သူ မနေ့ာက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

(လူသတ်မှုနှင့် အဆုံးစီရင်မှုများဖြစ်ပွားအပြီး ၁ နှစ်မပြည့်မီတွင် Dover မြို့ရှိ ဤစံအိမ်ကြီး ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။ ဓာတ်ပုံ-New York Post)

 

သီးသန့်ကိုယ်ပိုင် တစ်ဖက်ပိတ်လမ်းကလေးတစ်ခု၏ အဆုံးတွင် တည်ရှိပြီး စိတ်ကြိုက်ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားသော အိမ်ဖြစ်ကာ ခြံအကျယ် ၅ ဧကရှိကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြထား သော်လည်း ရက်ရက်စက်စက် လူသတ်မှုကြီး ဖြစ်ပွားခဲ့ပုံကိုမူ ဖော်ပြထားခြင်း မရှိချေ။

“နေအိမ်ဟာ ဝန်းကျင်မှာရှိတဲ့ ကျေးလက်ရှုခင်း၊ ဂရုတစိုက် ပြင်ဆင်မွမ်းမံထားတဲ့ ခြံဝန်း၊ တောအုပ်ထဲက လူသွားလမ်းတွေ၊ မြင်းစီးဖို့သာ သင့်တော်တဲ့ လမ်းကြမ်းတွေ၊ အေးချမ်းဆိတ်ငြိမ်တဲ့ ရေကန် အစရှိတာတွေနဲ့ ပေါင်းစပ်ထားပါတယ်” ဟု Realtor ၏ ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

စတုရန်းပေ ၁၉၀၀၀ ကျယ်ဝန်းပြီး ကား ၄ စင်းဆန့် ဂိုဒေါင်တစ်လုံးလည်းပါဝင်ကာ ၂၀၀၀ ပြည့်နှစ်အတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ယခု ဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၄ ဒသမ ၂ သန်း ဖြစ်သည်။

လူသတ်-အဆုံးစီရင်မှု ဖြစ်ပွားချိန်တွင် စံအိမ်တန်ဖိုးမှာ ကန်ဒေါ်လာ ၅ ဒသမ ၄၅ သန်းရှိသည်ဟု ခန့်မှန်းခဲ့သည်။

ထိုင်ခုံ ၁၄ ခုံဆန့် အိမ်တွင်းရုပ်ရှင်ရုံ၊ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ကျောက်တုံးမီးလင်းဖိုတစ်ခုပါ မိသားစုနားနေခန်း၊ ပေ ၂၀×၄၀ အိမ်တွင်း ရေကူးကန်၊ ပစ္စည်းအစုံအလင်ထည့်သွင်းထားသော အားကစား လေ့ကျင့်ခန်းမ၊ ရေနွေးငွေ့ ရေပန်းတစ်ခုပါသော sauna ၊ ကျယ်ဝန်းသော ကုန်သိုလှောင်ခန်းနှင့် ပုလင်း ၅၀၀၀ ဆန့် ဝိုင်သိုလှောင်ခန်းတို့လည်း ပါဝင်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

(မက်ဆာချူးဆက်ပြည်နယ်၊ နော်ဖော့ခရိုင်၊ Dover မြို့ရှိ ယခုစံအိမ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ အသက် ၅၇ နှစ်အရွယ်ရှိ စီးပွားရေးလုပ်ငန်းရှင် ရာကစ်ရှ် ကမဲလ် (Rakesh Kamal) သည် အသက် ၅၄ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ Teena နှင့် ၁၈ နှစ်အရွယ် သမီးဖြစ်သူ Arianna တို့ကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကို ပစ်ခတ်အဆုံးစီရင်သွားသည်။ ဓာတ်ပုံ-blogwithmom)

 

၎င်းတို့ဇနီးမောင်နှံသည် မကြာသေးမီနှစ်များအတွင်း ငွေကြေးအကျပ်ဆိုက်ခဲ့ဟန်ရှိကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ကြည့်ခွင့်ရခဲ့သော အွန်လိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။

လူသတ်မှုကြီးမဖြစ်ပွားမီ တစ်နှစ်အလိုတွင် စံအိမ်မှာ တရားရုံး၏ သိမ်းယူခြင်းခံခဲ့ရပြီးနောက် မက်ဆာချူးဆက် အခြေစိုက် Wilsondale Associates LLC ထံ ကန်ဒေါ်လာ ၃ သန်းဖြင့် ရောင်းချခံခဲ့ရကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

ရာကစ်ရှ် မိသားစုက ၂၀၁၉ ခုနှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၄ သန်းပေးခဲ့ရသည်။

ရာကစ်ရှ် ကမဲလ်သည် ပွိုင့် ၄၀ Caliber Glock 22 ဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု ယူဆရသည်။

ထိုသေနတ်ကို ရာကစ်ရှ်က တရားဝင်ဝယ်ယူပိုင်ဆိုင်သည့် အထောက်အထားမတွေ့ရချေ။

ရာကစ်ရှ်သည် နေအိမ်ဝယ်ယူရာတွင် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းခန့် ကြွေးတင်နေခဲ့ပြီး ဘော့စ်တွန်မြို့ ဝန်းကျင်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ၌လည်း မအောင်မြင်ခဲ့ချေ။

Software developer အဖြစ် လုပ်ကိုင်သူ ရာကစ်ရှ်သည် ယောက်ဖဖြစ်သူ Sandeep Bedi ထံမှ ဒေါ်လာ ၅၀၀၀၀၀ နှင့် အစ်ကိုဖြစ်သူ မနော့ထံမှလည်း ငွေအမြောက်အများ ချေးယူထားကြောင်း Boston Globe သတင်းဌာနက ဖော်ပြသည်။

(ရာကစ်ရှ် ကမဲလ်သည် ပွိုင့် ၄၀ Caliber Glock 22 ဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု ယူဆရသည်။ ဓာတ်ပုံ-Realtor)

 

ရာကစ်ရှ်တို့မိသားစုအားလုံး သေဆုံးခဲ့ကြသောနေ့သည် ထိုအိမ်မှ ပြောင်းရွှေ့ပေးရမည့်နေ့လည်း ဖြစ်သည်။

(ရာကစ်ရှ်၏ အသက် ၁၈ နှစ်အရွယ်သမီးဖြစ်သူ Arianna Kamal ၏ ရုပ်အလောင်းကို နေအိမ်အတွင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ရှိခဲ့သည်။ ဓာတ်ပုံ-Realtor)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Massachusetts mansion where businessman Rakesh Kamal killed wife, teen daughter in murder-suicide hits market for $4.2M (nypost)

Photo Credit- New York Post, blogwithmom, realtor

 

[Zawgyi]

အေမရိကန္ျပည္တြင္ စီးပြားေရးလုပ္ငန္းရွင္ Rakesh Kamal က ဇနီးႏွင့္ သမီးကို သတ္ျဖတ္ျပီးေနာက္ မိမိကိုယ္ကို ေသနတ္ျဖင့္ပစ္ကာ အဆံုးစီရင္သြားေသာ စံအိမ္ၾကီး ကန္ေဒၚလာ ၄ ဒသမ ၂ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္ေထာင္စု၊ မက္ဆာခ်ဴးဆက္ျပည္နယ္တြင္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဇနီးျဖစ္သူႏွင့္ ဆယ္ေက်ာ္သက္အရြယ္ သမီးတို႔ကို သတ္ျဖတ္ျပီးေနာက္ မိမိကိုယ္ကို ေသနတ္ျဖင့္ပစ္ကာ အဆံုးစီရင္မႈ ျဖစ္ပြားခဲ့သည့္ စံအိမ္ၾကီးတစ္လံုး ယခုရက္သတၱပတ္အတြင္း အေရာင္းေစ်းကြက္ဝင္လာသည္။

မက္ဆာခ်ဴးဆက္ျပည္နယ္၊ ေနာ္ေဖာ့ခရိုင္၊ Dover ျမိဳ႕ရွိ ယခုစံအိမ္တြင္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္၌ အသက္ ၅၇ ႏွစ္အရြယ္ရွိ စီးပြားေရးလုပ္ငန္းရွင္ ရာကစ္ရွ္ ကမဲလ္ (Rakesh Kamal) သည္ အသက္ ၅၄ ႏွစ္အရြယ္ရွိ ဇနီးျဖစ္သူ Teena ႏွင့္ ၁၈ ႏွစ္အရြယ္ သမီးျဖစ္သူ Arianna တို႔ကို သတ္ျဖတ္ခဲ့ျပီးေနာက္ မိမိကိုယ္ကို ပစ္ခတ္အဆံုးစီရင္သြားျခင္း ျဖစ္သည္။

အိပ္ခန္း ၁၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၂ ခန္းပါေသာ စံအိမ္ၾကီးျဖစ္ျပီး ၎တို႔ မိသားစုဝင္ ၃ ဦး၏ အေလာင္းမ်ားကို ရာကက္ရွ္၏ အစ္ကိုျဖစ္သူ မေနာ့က ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

(လူသတ္မႈႏွင့္ အဆံုးစီရင္မႈမ်ားျဖစ္ပြားအျပီး ၁ ႏွစ္မျပည့္မီတြင္ Dover ျမိဳ႕ရွိ ဤစံအိမ္ၾကီး ကန္ေဒၚလာ ၄ ဒသမ ၂ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။ ဓာတ္ပံု-New York Post)

သီးသန္႔ကိုယ္ပိုင္ တစ္ဖက္ပိတ္လမ္းကေလးတစ္ခု၏ အဆံုးတြင္ တည္ရွိျပီး စိတ္ၾကိဳက္ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ထားေသာ အိမ္ျဖစ္ကာ ျခံအက်ယ္ ၅ ဧကရွိေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပထား ေသာ္လည္း ရက္ရက္စက္စက္ လူသတ္မႈၾကီး ျဖစ္ပြားခဲ့ပံုကိုမူ ေဖာ္ျပထားျခင္း မရွိေခ်။

“ေနအိမ္ဟာ ဝန္းက်င္မွာရွိတဲ့ ေက်းလက္ရႈခင္း၊ ဂရုတစိုက္ ျပင္ဆင္မြမ္းမံထားတဲ့ ျခံဝန္း၊ ေတာအုပ္ထဲက လူသြားလမ္းေတြ၊ ျမင္းစီးဖုိ႔သာ သင့္ေတာ္တဲ့ လမ္းၾကမ္းေတြ၊ ေအးခ်မ္းဆိတ္ျငိမ္တဲ့ ေရကန္ အစရွိတာေတြနဲ႔ ေပါင္းစပ္ထားပါတယ္” ဟု Realtor ၏ ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

စတုရန္းေပ ၁၉၀၀၀ က်ယ္ဝန္းျပီး ကား ၄ စင္းဆန္႔ ဂိုေဒါင္တစ္လံုးလည္းပါဝင္ကာ ၂၀၀၀ ျပည့္ႏွစ္အတြင္းက ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ယခု ေစ်းေခၚထားသည္မွာ ကန္ေဒၚလာ ၄ ဒသမ ၂ သန္း ျဖစ္သည္။

လူသတ္-အဆံုးစီရင္မႈ ျဖစ္ပြားခ်ိန္တြင္ စံအိမ္တန္ဖိုးမွာ ကန္ေဒၚလာ ၅ ဒသမ ၄၅ သန္းရွိသည္ဟု ခန္႔မွန္းခဲ့သည္။

ထိုင္ခံု ၁၄ ခံုဆန္႔ အိမ္တြင္းရုပ္ရွင္ရံု၊ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ေက်ာက္တံုးမီးလင္းဖိုတစ္ခုပါ မိသားစုနားေနခန္း၊ ေပ ၂၀× ၄၀ အိမ္တြင္း ေရကူးကန္၊ ပစၥည္းအစံုအလင္ထည့္သြင္းထားေသာ အားကစား ေလ့က်င့္ခန္းမ၊ ေရေႏြးေငြ႔ ေရပန္းတစ္ခုပါေသာ sauna ၊ က်ယ္ဝန္းေသာ ကုန္သိုေလွာင္ခန္းႏွင့္ ပုလင္း ၅၀၀၀ ဆန္႔ ဝိုင္သိုေလွာင္ခန္းတို႔လည္း ပါဝင္ေၾကာင္း ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

(မက္ဆာခ်ဴးဆက္ျပည္နယ္၊ ေနာ္ေဖာ့ခရိုင္၊ Dover ျမိဳ႕ရွိ ယခုစံအိမ္တြင္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္၌ အသက္ ၅၇ ႏွစ္အရြယ္ရွိ စီးပြားေရးလုပ္ငန္းရွင္ ရာကစ္ရွ္ ကမဲလ္ (Rakesh Kamal) သည္ အသက္ ၅၄ ႏွစ္အရြယ္ရွိ ဇနီးျဖစ္သူ Teena ႏွင့္ ၁၈ ႏွစ္အရြယ္ သမီးျဖစ္သူ Arianna တို႔ကို သတ္ျဖတ္ခဲ့ျပီးေနာက္ မိမိကိုယ္ကို ပစ္ခတ္အဆံုးစီရင္သြားသည္။ ဓာတ္ပံု-blogwithmom)

၎တို႔ဇနီးေမာင္ႏွံသည္ မၾကာေသးမီႏွစ္မ်ားအတြင္း ေငြေၾကးအက်ပ္ဆိုက္ခဲ့ဟန္ရွိေၾကာင္း နယူးေယာက္ပို႔စ္ သတင္းဌာနက ၾကည့္ခြင့္ရခဲ့ေသာ အြန္လိုင္းမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

လူသတ္မႈၾကီးမျဖစ္ပြားမီ တစ္ႏွစ္အလိုတြင္ စံအိမ္မွာ တရားရံုး၏ သိမ္းယူျခင္းခံခဲ့ရျပီးေနာက္ မက္ဆာခ်ဴးဆက္ အေျခစိုက္ Wilsondale Associates LLC ထံ ကန္ေဒၚလာ ၃ သန္းျဖင့္ ေရာင္းခ်ခံခဲ့ရေၾကာင္း အိမ္ျခံေျမ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ရာကစ္ရွ္ မိသားစုက ၂၀၁၉ ခုႏွစ္အတြင္း ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၄ သန္းေပးခဲ့ရသည္။

ရာကစ္ရွ္ ကမဲလ္သည္ ပြိဳင့္ ၄၀ Caliber Glock 22 ျဖင့္ မိမိကိုယ္ကို အဆံုးစီရင္ခဲ့သည္ဟု ယူဆရသည္။

ထိုေသနတ္ကို ရာကစ္ရွ္က တရားဝင္ဝယ္ယူပိုင္ဆိုင္သည့္ အေထာက္အထားမေတြ႔ရေခ်။

ရာကစ္ရွ္သည္ ေနအိမ္ဝယ္ယူရာတြင္ ကန္ေဒၚလာ ၃ ဒသမ ၈ သန္းခန္႔ ေၾကြးတင္ေနခဲ့ျပီး ေဘာ့စ္တြန္ျမိဳ႕ ဝန္းက်င္တြင္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ခဲ့ရာ၌လည္း မေအာင္ျမင္ခဲ့ေခ်။

Software developer အျဖစ္ လုပ္ကိုင္သူ ရာကစ္ရွ္သည္ ေယာက္ဖျဖစ္သူ Sandeep Bedi ထံမွ ေဒၚလာ ၅၀၀၀၀၀ ႏွင့္ အစ္ကိုျဖစ္သူ မေနာ့ထံမွလည္း ေငြအေျမာက္အမ်ား ေခ်းယူထားေၾကာင္း Boston Globe သတင္းဌာနက ေဖာ္ျပသည္။

(ရာကစ္ရွ္ ကမဲလ္သည္ ပြိဳင့္ ၄၀ Caliber Glock 22 ျဖင့္ မိမိကိုယ္ကို အဆံုးစီရင္ခဲ့သည္ဟု ယူဆရသည္။ ဓာတ္ပံု-Realtor)

ရာကစ္ရွ္တို႔မိသားစုအားလံုး ေသဆံုးခဲ့ၾကေသာေန႔သည္ ထိုအိမ္မွ ေျပာင္းေရႊ႕ေပးရမည့္ေန႔လည္း ျဖစ္သည္။

(ရာကစ္ရွ္၏ အသက္ ၁၈ ႏွစ္အရြယ္သမီးျဖစ္သူ Arianna Kamal ၏ ရုပ္အေလာင္းကို ေနအိမ္အတြင္း ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာ ၂၈ ရက္တြင္ ေတြ႔ရွိခဲ့သည္။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Massachusetts mansion where businessman Rakesh Kamal killed wife, teen daughter in murder-suicide hits market for $4.2M (nypost)

Photo Credit- New York Post, blogwithmom, realtor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service