ဗီယက်နမ်တွင် ချစ်သူကောင်လေးက ဘဝရည်မှန်းချက်များရှိသောကြောင့် လက်မထပ်နိုင်သေးကြောင်း ပြောခဲ့သော်လည်း မိန်းကလေး၏ မိဘများက နေအိမ်ဝယ်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောသောအခါ လက်ထပ်ရန် ချက်ချင်းသဘောတူခဲ့
ဗီယက်နမ်တွင် ချစ်သူကောင်လေးက ဘဝရည်မှန်းချက်များရှိသောကြောင့် လက်မထပ်နိုင်သေးကြောင်း ပြောခဲ့သော်လည်း မိန်းကလေး၏ မိဘများက နေအိမ်ဝယ်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောသောအခါ လက်ထပ်ရန် ချက်ချင်းသဘောတူခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2024 12:43 pm တွင် တင်ခဲ့သည်
720 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
သူနဲ့ ကျွန်မ လွန်ခဲ့တဲ့ ၃ လလောက်က လူမှုကွန်ရက်ကနေ တွေ့ခဲ့ကြတာပါ။
သူက အသက် ၂၅ နှစ်။
ဟနွိုင်း သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ကျောင်းပြီးထားပြီး အလုပ်လုပ်နေတာ ၁ နှစ်ခွဲလောက် ရှိပါပြီ။
သူ့ ပုံမှန်လစာက ဗီယက်နမ် ဒေါင်ငွေ သန်း ၂၀ (ကန်ဒေါ်လာ ၇၉၇) ကျော်ရှိပြီး အပိုပရောဂျက်တွေကနေ ဒေါင်ငွေ ၁၀ သန်းနီးပါးလောက် ထပ်ရပါသေးတယ်။
ဘဝရည်မှန်းချက်ရှိတဲ့သူတစ်ယောက်လို့ ယူဆပြီး လက်ထပ်ဖို့ ရည်ရွယ်ထားတာကြောင့် မိဘတွေနဲ့ တွေ့ပေးခဲ့ပါတယ်။
မိဘတွေနဲ့ ပထမဆုံးတွေ့တဲ့အချိန် သူက အမေ့ကို ဒေါင်ငွေ ၃ သန်းတန်တဲ့ နားဆွဲနဲ့ တန်ဖိုးကြီး သစ်သီးတွေ ဝယ်လာပေးပါတယ်။
အမေက သူ့ရဲ့ ရင့်ကျက်မှုနဲ့ စကားပြောဖော်ရွေယဉ်ကျေးမှုတွေကို သဘောကျပါတယ်။
နောင်လာမယ့်နှစ်ဟာ ကျွန်မရဲ့ ဇာတာမှာ ကံမကောင်းတဲ့နှစ်ဖြစ်တာကြောင့် ဒီနှစ်ကုန်ပိုင်းမှာ လက်ထပ်ကြဖို့လည်း အမေက အကြံပေးခဲ့တယ်။
သူက သူ့ရဲ့ ဘဝရည်မှန်းချက်အပြင် ကျွန်မတို့ အတူနေဖို့အတွက် အိမ်ဝယ်ချင်သေးတာကြောင့် လက်ထပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောခဲ့တယ်။
ကျွန်မက လက်ထပ်ဖို့ ကိစ္စ အဆင်မပြေသေးတာ ငွေကြောင့်ဆိုရင် ကျွန်မ မိဘတွေက အကူအညီပေးဖို့ ဆန္ဒရှိကြတဲ့အကြောင်း သူ့ကို ပြောပြတော့ လက်ထပ်ဖို့ ချက်ချင်းသဘောတူခဲ့ပါတယ်။
ဒါပေမယ့် လက်ထပ်ဖို့အတွက် ကျွန်မမိဘတွေနဲ့ ဘယ်တော့ ဆွေးနွေးတိုင်ပင်မလဲဆိုတဲ့အပေါ် သူက တက်တက်ကြွကြွ မရှိလှဘူး။
ကျွန်မတို့ မိသားစု ဦးဆောင်တဲ့နောက်ကိုပဲ လိုက်မယ်လို့ ပြောပါတယ်။
ကျွန်မတို့နှစ်ယောက်က လိုက်ဖက်တယ်ဆိုပေမယ့် သူက ကျွန်မအတွက် အချိန်မပေးတာကြောင့် ကျွန်မ ချင့်ချိန်နေရပါတယ်။
အရင်တုန်းကဆို သူက နေ့တိုင်း မက်ဆေ့ နည်းနည်းပို့တယ်။
ဒါပေမယ့် အခုတော့ သူ့ကို စာပို့ရင် ၂ ရက်လောက်နေမှ စာပြန်ပါတယ်။
အဓိက တွေ့ဖြစ်တာဆိုလို့ တစ်ပတ်တစ်ခါ တွေ့တဲ့အခါမှပဲ စကားပြောရပါတယ်။
အဲဒါကလည်း ၂ နာရီ မပြည့်ပါဘူး။
ကျွန်မ ပိုပြီး စိတ်ပျက်လာစေတာက တစ်ပတ်တစ်ခါတွေ့တာတွေကိုလည်း သူ့ဘက်က ဖျက်သိမ်းတာ များလာတာပါပဲ။
အလုပ်အတွက် ကတိပေးထားတာတွေရှိလို့လို့ အကြောင်းပြပါတယ်။
ကျွန်မက လစ်လျူရှုခံရတယ်လို့ ခံစားရကြောင်း သူ့ကို ပြောပြတော့ သူက သူ့မှာ မိသားစုရဲ့ ပံ့ပိုးမှု မရှိတာကြောင့် ကျွန်မတို့အနာဂတ်အတွက် အလုပ်ပိုပြီး ကြိုးစားနေရတယ်လို့ ပြောပါတယ်။
မကြာသေးမီကတော့ ကျွန်မတို့အိမ်ကို လာပြီး ညစာစားရင်း လက်ထပ်ဖို့ ကိစ္စ ဆွေးနွေးမယ်လို့ ကတိပေး ခဲ့တယ်။
မိုးပြိုကျရင်တောင် လာဖြစ်အောင် လာမယ်လိို့ သူက ကတိပေးခဲ့ပါတယ်။
ဒါပေမယ့် ဟနွိုင်းမှာ မိုးအရမ်းကောင်းတာကြောင့် အမေက အဲဒီနေ့အတွက် အစီအစဉ်ဖျက်ချင် ဖျက်လိုက်ဖို့ ပြောခဲ့တာမှာ သူက ဘာမှတောင်မပြောဘဲ ချက်ချင်းပဲ လက်ခံခဲ့ပါတယ်။
သူ့ကတိအတိုင်း မလာတဲ့အပေါ် ကျွန်မက သူ့ကို အပြစ်တင်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မပို့ထားတဲ့ မက်ဆေ့ကို သူက ဘာမှ မတုံ့ပြန်ပါဘူး။ မက်ဆေ့ပို့တာတွေမှာလည်း ကျွန်မဘက်ကပဲ စပြီး ပို့ရ၊ နှစ်ယောက်အတူ တွေ့ဖို့လည်း ကျွန်မဘက်ကပဲ စချိန်းရပေမယ့် သူက အာရုံမစိုက်ပါဘူး။
သူက ချစ်ခြင်းမေတ္တာကို အလုပ်ကြိုးစားမှုနဲ့ပဲ သက်သေပြတာ ပိုကြိုက်ပေမယ့် ကျွန်မက တဖြည်းဖြည်း ဘေးရောက်သလို ခံစားလာရပါတယ်။
သူအလုပ်ရှုပ်နေတာတွေက တကယ်ပဲ ရှောင်လွှဲလို့မရတာလား (ဒါမှမဟုတ်) ကျွန်မက သူ့အတွက် ဦးစားပေးရမယ့်သူ မဟုတ်တာလား ကျွန်မ သိချင်နေပါတယ်။
ကျွန်မရဲ့ ဖြစ်ရပ်အပေါ် ဘယ်လိုထင်ကြပါသလဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: My boyfriend agrees to marriage after my parents offer house loan (vnexpress)
[Zawgyi]
သူက အသက် ၂၅ နှစ်။
မိုးပြိုကျရင်တောင် လာဖြစ်အောင် လာမယ်လို့ သူက ကတိပေးခဲ့ပါတယ်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင်
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service