အိမ်ခြံမြေအရေး သိလိုရာမေး

အိမ်ခြံမြေအရေး သိလိုရာမေး - Property Knowledge in Myanmar from iMyanmarHouse.com
18 Aug 2024 11:39 am တွင် တင်ခဲ့သည်
355 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အားလုံးစောင့်မျှော်နေကြတဲ့ အပတ်စဉ်တင်ဆက်ပေးနေကြ အိမ်ခြံမြေ အမေးအဖြေ ကဏ္ဍလေးကတော့ ရောက်ရှိလို့လာပါပြီ ဘယ်သူတွေက ဘာတွေမေးထားလဲ ဆိုတာကိုဗဟုသုတရဖွယ် အောက်တွင် 👇👇 ဖတ်ရှုလေ့လာလိုက်ပါ ချစ်သောလေးတို့.....

မေးခွန်း (၁) - ပါမစ်ပျောက်မြေအား မြေငှါးစာချုပ် လျှောက်လို့ရပါသလား။

ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားခြင်းပြုလိုပါက အမှန်တကယ် ပါမစ်မူရင်း စာရွက်စာတမ်းများ ပျောက်ဆုံး ကြောင်း သက်သေအထင်အရှား တင်ပြ၍ လျှောက်ထားမှုပြုနိုင်ပါသည်။

မြေချပါမစ်အား အမည်ပေါက်ချထားခြင်းခံရသူအပြင် ၎င်း၏ လွှဲပြောင်းရောင်းချမှုအရ အဆက်အစပ်စာချုပ်ဖြင့် လက်ရှိ ပါမစ်မြေတွင် နေထိုင်ပိုင်ဆိုင်သူ၊ ပါမစ်မြေအား တရားရုံးအနိုင်ဒီဂရီ အမိန့်တစ်ရပ်ရပ်အရ ပိုင်ဆိုင်သည့် အခွင့် အရေး ရရှိသူများမှာ ပါမစ်အမှန်တကယ် ပျောက်ဆုံးကြောင်း အထောက်အထားဖြင့် ဂရန်အမည်ပေါက် လျှောက်ထားခွင့် ရှိပါသည်။

အမွေဆက်ခံသူများမှာ လျှောက်ထားခြင်းပြုလိုပါကလဲ အမွေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန်လွှာတစ်စောင်နှင့် အဆိုပါ အမွေဆက်ခံခြင်းအား ထောက်ခံကျမ်းကျိန်လွှာ (၂)စောင် တင်ပြပေးရပါမည်။ထို့အပြင် အမည်ပေါက်သူ၏ သေ စာရင်းနှင့် အိမ်ထောင်စုစာရင်းလဲ တင်ပြပေးရပါမည်။

ပါမစ်ပျောက်ဆုံးခြင်းအား ကျမ်းကျိန်လွှာဖြင့် သက်သေအထင်အရှား တင်ပြရမည်ဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေး မှူး၏ ထောက်ခံချက်နှင့် ရဲစခန်း၏ ထပ်ဆင့်ထောက်ခံချက်လဲ လိုအပ်ပါသည်။ ထို့ပြင် အမှန်တကယ် ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း ကိုယ်တိုင်ရေးခံဝန်အား လျှောက်ထားသူမှ လက်မှတ်ရေးထိုးကာ မှတ်ပုံတင်မိတ္တူနှင့်အတူ တင်ပြပေး ရပါမည်။ မြေငှားခနောက်ဆုံးထမ်းဆောင်ထားသော ပြေစာမိတ္တူအား လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး မရှိပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် ထုတ်ပေးရမည်ဖြစ်ပါသည်။

မြေယာစီမံခန့်ခွဲမှုဌာနမှ လျှောက်ထားသူ၏ တင်ပြသည့်အချက်အလက်များ ပြည့်စုံမှုရှိပါက ကန့်ကွက်ရန်ရှိမရှိ မြေပေါ်(၁)စောင်၊ ကာယကံရှင်အား တစ်စောင်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ (၁)စောင် ပေးပို့စေမည်ဖြစ်ကာ လက်ခံရရှိ ကြောင်း အထောက်အထားအား လျှောက်ထားသူမှ ပြန်လည်တင်ပြပေးရန် လိုပါသည်။ ကန့်ကွက်ရန်ရှိမရှိ သတင်းစာ ကြေငြာခြင်းလဲ ဌာနမှ ဆောင်ရွက်စေပါသည်။

မြေတိုင်းအရာရှိမှ ကွင်းဆင်း စစ်ဆေးသည့်အခါတွင်လဲ အဆိုပါမြေပေါ်တွင် အဆောက်အဦးရှိမရှိ စစ်ဆေးမည် ဖြစ်ကာ လျှောက်ထားသူမှ ပါမစ်မြေပေါ်တွင် အမှန်တကယ်နေထိုင်ခြင်းရှိရန် လိုအပ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - အမည်ပေါက်ကွယ်လွန်သည့် အိမ်ခြံမြေအား ဝယ်ယူမည်ဆိုပါက မည်သည့် စာရွက်စာတမ်းများ လိုအပ်ပါသလဲ။

အမည်ပေါက်ကွယ်လွန်သည့် အိမ်ခြံမြေအား အမွေဆက်ခံခွင့်ရှိသူများမှ တရားဝင်လွှဲပြောင်း ရောင်းချခွင့်ရှိပြီး အမည်ပြောင်းရန်နှင် ရောင်းချခြင်းပြုရန်အတွက် မြေပုံ/မြေရာဇဝင်တစ်ပါးတည်း ကူးယူနိုင်ပါသည်။ ထို့သို့ မြေပုံကူး ယူခြင်း ဆောင်ရွက်သည့်အခါ သတ်မှတ်မြေပုံကူး ဝန်ဆောင်ခအား ပေးသွင်းရမည်ဖြစ်ကာ အမွေဆိုင်များအားလုံး ပါဝင် သိရှိရမည်ဖြစ်ပြီး အမည်ပေါက်၏ သေစာရင်း၊ ကျမ်းကျိန်လွှာတို့ လိုအပ်ပါသည်။

မြေပုံကူးအတွက် သတင်းစာကြေငြာခြင်း ပြုသည့်အခါတွင်လဲ ကန့်ကွက်သူမရှိမှသာ ဌာနမှ မြေပုံထုတ်ပေး မည်ဖြစ်သောကြောင့် အမွေဆိုင်များစုံလင်စွာ ပါဝင်ရပါမည်။ အမွေဆိုင်တစ်ဦးဦးမှ သေဆုံးလျှင်လဲ ၎င်း၏သားသမီးအား ထည့်သွင်းမှု ပြုရမည်ဖြစ်ပါသည်။ မြေပုံထွက်ရှိပါက အမွေဆက်ခံသူများမှ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွတ်ဟကြေငြာစာ ချုပ်စာတမ်း ဆက်လက်ဆောင်ရွက်ရပါမည်။ ဝယ်ယူသူအား လွှဲပြောင်းရောင်းခြင်းအတွက် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်အားလဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆက်ခံသူများမှ အထောက်အထားများပြသပြီး စာချုပ်ချုပ်ဆိုခြင်း ပြုရမည်ဖြစ်ပါသည်။

ထို့အပြင် တရားရုံးတွင် အမွေထိန်းလက်မှတ်လျှောက်ထားပြီး အမည်ပေါက်သေဆုံးသူ၏ အိမ်၊ခြံ၊မြေအား လွှဲ ပြောင်းရောင်းချခြင်းလဲ ပြုနိုင်ပါသည်။ ကွယ်လွန်သူ၏ အမွေစား၊အမွေခံများမှ အမွေဆက်ခံခွင့် လက်မှတ်လျှောက်ထား ခြင်းပြုနိုင်ပါသည်။

လျှောက်လွှာနှင့်အတူ ဝန်ခံကတိပြုချက်များလဲ လျှောက်ထားသူများမှ တင်ပြပေးရပါမည်။ ကွယ် လွန်သူ သေဆုံးရာအရပ်ဒေသရှိ တရားရုံး၊ ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိတရားရုံး၊ မိသားစုများ နေထိုင်ရာတရားရုံး တစ် ခုခုတွင် အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ-၃၇၀ အရ အမွေထိန်းစာအား တရားရုံး၏ခွင့်ပြုချက်ဖြင့် လျှောက်ထားခြင်း ပြုနိုင်ကြောင်း ရေးသား ဖြေဆိုပေးလိုက်ပါသည်။။

 

မေးခွန်း (၃) - ဂရန်မြေ မိတ္တူခြမ်းကို ဝယ်ယူမည်ဆိုလျှင် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ။

အစိုးရစီမံ ခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ ဂရန်ပေးစီမံချက်မြေ မြေအမျိုးအစား များမှာ မြေငှားဂရန်စာချုပ် လျှောက်ထားခွင့်ရှိပါသည်။ မြေငှားဂရန်လျှောက်ထားခြင်း၊ ခွဲစိတ်ဂရန် လျှောက်ထားခြင်း ပြုရာ၌ မြေကွက်အကျယ်အဝန်းမှာ အနည်းဆုံး(၂၀×၆၀)ပေ (၁၂၀၀) စတုရန်းပေရှိရန် လိုအပ်ပါသည်။

(၁၀×၆၀) ဂရန်မြေတစ်ခြမ်းကို ဝယ်ယူခြင်းဖြစ်ပါက ခွဲစိတ်ဂရန် လျှောက်ထားခြင်း မပြုနိုင်သောကြောင့် ဂရန်မိတ္တူသာ ရရှိမည်ဖြစ်ပြီး အမည်ပေါက်ကိုယ်တိုင် ရောင်းချခြင်းမဟုတ်ပါက မဝယ်ယူသင့်ပါ။ မြေငှားစာချုပ်တွင် အစိုးရ အငှားချထားသူ၏ ကြိုတင်ခွင့်ပြုချက်မယူဘဲ စာချုပ်ပါမြေကို ခွဲခြမ်းခြင်းမပြုရသည့်အပြင် ၎င်းမြေ၏ မြေတစ် စိတ်ဒေသကိုလည်း လွှဲပြောင်းခြင်း၊ တဆင့်ငှားရမ်းခြင်း၊ လက်လွှတ်ခြင်းများ မပြုရဟု တားမြစ်ချက် ပါရှိပါသည်။

ထို့ကြောင့် အမည်ပေါက်ကိုယ်တိုင် ရောင်းချသည့် (၁၀×၆၀) ကို ဝယ်ယူလျှင်တောင် အရောင်းအဝယ်အား ရောင်းချသူ တာဝန်ယူကြောင်း အချက်အလက်များ ထည့်သွင်းချုပ်ဆိုရမည်အပြင် အမွေဆက်ခံသူများအားလဲ သက်သေ နေရာတွင် လက်မှတ်ရေးထိုးစေရပါမည်။ အမည်ပေါက်မှ ၎င်းအမည်ပေါက် ဂရန်မူရင်းအား ပေါင်နှံခြင်းများ ပြုလျှင်လဲ (၁၀×၆၀) ဝယ်ယူပိုင်ဆိုင်သူမှာ အခက်တွေ့စေနိုင်သောကြောင့် ဂရန်အား တလှည့်စီ သိမ်းဆည်းနိုင်သည့် အခွင့်အရေးရရှိ လျှင် ပိုမိုသင့်လျှော်မည်ဖြစ်ပါသည်။

မြေကွက်တခြမ်းအား မဝယ်ခင် မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေပုံ/မြေရာဇဝင်၊ အမည်ပေါက်မှန်မမှန်၊ ဂရန်သက် တမ်းနှင့် ဂရန်စည်းကမ်းပျက်ရှိမရှိ စစ်ဆေးမှုပြုပြီးမှ ဝယ်ယူသင့်ပါသည်။

ဂရန်အမည်ပေါက်ထံမှ မြေကွက်တခြမ်း ဝယ်ယူသူမှ ဂရန်မိတ္တူအပြင်၊ မြေခွန်ပြေစာ မိတ္တူများ ၊ မြေပုံ/ မြေရာ ဇဝင်မိတ္တူ၊ မှတ်ပုံတင်စာချုပ်စာတမ်းမိတ္တူများ၊ ဂရန်အမည်ပေါက် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းမိတ္တူများ ရယူထား ရပါမည်။ ခွဲစိတ်ဂရန်ပြုလုပ်နိုင်သော မြေအကျယ်အဝန်းဖြစ်ပါက ရောင်းချသူအမည်ပေါက်အား ခွဲစိတ် မြေပုံလျှောက်ထား ထုတ်ယူစေကာ ခွဲစိတ်ဂရန်ခွဲ ဆက်လက်လျှောက်ထားမှသာ ဝယ်ယူသူ ပိုင်ဆိုင်ခွင့်နှင့် မြေကွက်တခြမ်း ဝယ်ယူသူ၏ အမွေဆက်ခံခွင့် ခိုင်မာမှုရှိမည်ဖြစ်ကြောင်း ရေးသားဖြေဆိုပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ျခံေျမအေရး သိလိုရာေမး

အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ အပတ္စဥ္တင္ဆက္ေပးေနၾက အိမ္ျခံေျမ အေမးအေျဖ က႑ေလးကေတာ့ ေရာက္႐ွိလို႔လာပါၿပီ ဘယ္သူေတြက ဘာေတြေမးထားလဲဆိုတာကိုဗဟုသုတရဖြယ္ ေအာက္တြင္ 👇👇 ဖတ္႐ႈေလ့လာလိုက္ပါ ခ်စ္ေသာေလးတို႔.....

ေမးခြန္း (၁) - ပါမစ္ေပ်ာက္ေျမအား ေျမငွါးစာခ်ဳပ္ ေလွ်ာက္လို႔ရပါသလား။

ပါမစ္ေပ်ာက္ျဖင့္ ဂရန္ေလွ်ာက္ထားျခင္းျပဳလိုပါက အမွန္တကယ္ ပါမစ္မူရင္း စာ႐ြက္စာတမ္းမ်ား ေပ်ာက္ဆုံး ေၾကာင္း သက္ေသအထင္အ႐ွား တင္ျပ၍ ေလွ်ာက္ထားမႈျပဳႏိုင္ပါသည္။

ေျမခ်ပါမစ္အား အမည္ေပါက္ခ်ထားျခင္းခံရသူအျပင္ ၎၏ လႊဲေျပာင္းေရာင္းခ်မႈအရ အဆက္အစပ္စာခ်ဳပ္ျဖင့္ လက္႐ွိ ပါမစ္ေျမတြင္ ေနထိုင္ပိုင္ဆိုင္သူ၊ ပါမစ္ေျမအား တရား႐ုံးအႏိုင္ဒီဂရီ အမိန္႔တစ္ရပ္ရပ္အရ ပိုင္ဆိုင္သည့္ အခြင့္ အေရး ရ႐ွိသူမ်ားမွာ ပါမစ္အမွန္တကယ္ ေပ်ာက္ဆုံးေၾကာင္း အေထာက္အထားျဖင့္ ဂရန္အမည္ေပါက္ ေလွ်ာက္ထားခြင့္ ႐ွိပါသည္။

အေမြဆက္ခံသူမ်ားမွာ ေလွ်ာက္ထားျခင္းျပဳလိုပါကလဲ အေမြဆက္ခံခြင့္႐ွိေၾကာင္း က်မ္းက်ိန္လႊာတစ္ေစာင္ႏွင့္ အဆိုပါ အေမြဆက္ခံျခင္းအား ေထာက္ခံက်မ္းက်ိန္လႊာ (၂)ေစာင္ တင္ျပေပးရပါမည္။ထို႔အျပင္ အမည္ေပါက္သူ၏ ေသ စာရင္းႏွင့္ အိမ္ေထာင္စုစာရင္းလဲ တင္ျပေပးရပါမည္။

ပါမစ္ေပ်ာက္ဆုံးျခင္းအား က်မ္းက်ိန္လႊာျဖင့္ သက္ေသအထင္အ႐ွား တင္ျပရမည္ျဖစ္ကာ ရပ္ကြက္အုပ္ခ်ဳပ္ေရး မႉး၏ ေထာက္ခံခ်က္ႏွင့္ ရဲစခန္း၏ ထပ္ဆင့္ေထာက္ခံခ်က္လဲ လိုအပ္ပါသည္။ ထို႔ျပင္ အမွန္တကယ္ ေပ်ာက္ဆုံးသည္မွာ မွန္ကန္ေၾကာင္း ကိုယ္တိုင္ေရးခံဝန္အား ေလွ်ာက္ထားသူမွ လက္မွတ္ေရးထိုးကာ မွတ္ပုံတင္မိတၱဴႏွင့္အတူ တင္ျပေပး ရပါမည္။ ေျမငွားခေနာက္ဆုံးထမ္းေဆာင္ထားေသာ ေျပစာမိတၱဴအား ေလွ်ာက္လႊာတြင္ ထည့္သြင္းေဖာ္ျပရမည္ျဖစ္ၿပီး မ႐ွိပါက ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ ထုတ္ေပးရမည္ျဖစ္ပါသည္။

ေျမယာစီမံခန္႔ခြဲမႈဌာနမွ ေလွ်ာက္ထားသူ၏ တင္ျပသည့္အခ်က္အလက္မ်ား ျပည့္စုံမႈ႐ွိပါက ကန္႔ကြက္ရန္႐ွိမ႐ွိ ေျမေပၚ(၁)ေစာင္၊ ကာယကံ႐ွင္အား တစ္ေစာင္၊ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံ (၁)ေစာင္ ေပးပို႔ေစမည္ျဖစ္ကာ လက္ခံရ႐ွိ ေၾကာင္း အေထာက္အထားအား ေလွ်ာက္ထားသူမွ ျပန္လည္တင္ျပေပးရန္ လိုပါသည္။ ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာ ေၾကျငာျခင္းလဲ ဌာနမွ ေဆာင္႐ြက္ေစပါသည္။

ေျမတိုင္းအရာ႐ွိမွ ကြင္းဆင္း စစ္ေဆးသည့္အခါတြင္လဲ အဆိုပါေျမေပၚတြင္ အေဆာက္အဦး႐ွိမ႐ွိ စစ္ေဆးမည္ ျဖစ္ကာ ေလွ်ာက္ထားသူမွ ပါမစ္ေျမေပၚတြင္ အမွန္တကယ္ေနထိုင္ျခင္း႐ွိရန္ လိုအပ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

ေမးခြန္း (၂) - အမည္ေပါက္ကြယ္လြန္သည့္ အိမ္ျခံေျမအား ဝယ္ယူမည္ဆိုပါက မည္သည့္ စာ႐ြက္စာတမ္းမ်ား လိုအပ္ပါသလဲ။

အမည္ေပါက္ကြယ္လြန္သည့္ အိမ္ျခံေျမအား အေမြဆက္ခံခြင့္႐ွိသူမ်ားမွ တရားဝင္လႊဲေျပာင္း ေရာင္းခ်ခြင့္႐ွိၿပီး အမည္ေျပာင္းရန္ႏွင္ ေရာင္းခ်ျခင္းျပဳရန္အတြက္ ေျမပုံ/ေျမရာဇဝင္တစ္ပါးတည္း ကူးယူႏိုင္ပါသည္။ ထို႔သို႔ ေျမပုံကူး ယူျခင္း ေဆာင္႐ြက္သည့္အခါ သတ္မွတ္ေျမပုံကူး ဝန္ေဆာင္ခအား ေပးသြင္းရမည္ျဖစ္ကာ အေမြဆိုင္မ်ားအားလုံး ပါဝင္ သိ႐ွိရမည္ျဖစ္ၿပီး အမည္ေပါက္၏ ေသစာရင္း၊ က်မ္းက်ိန္လႊာတို႔ လိုအပ္ပါသည္။

ေျမပုံကူးအတြက္ သတင္းစာေၾကျငာျခင္း ျပဳသည့္အခါတြင္လဲ ကန္႔ကြက္သူမ႐ွိမွသာ ဌာနမွ ေျမပုံထုတ္ေပး မည္ျဖစ္ေသာေၾကာင့္ အေမြဆိုင္မ်ားစုံလင္စြာ ပါဝင္ရပါမည္။ အေမြဆိုင္တစ္ဦးဦးမွ ေသဆုံးလွ်င္လဲ ၎၏သားသမီးအား ထည့္သြင္းမႈ ျပဳရမည္ျဖစ္ပါသည္။ ေျမပုံထြက္႐ွိပါက အေမြဆက္ခံသူမ်ားမွ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ ပိုင္ဆိုင္ေၾကာင္း ႁမြတ္ဟေၾကျငာစာ ခ်ဳပ္စာတမ္း ဆက္လက္ေဆာင္႐ြက္ရပါမည္။ ဝယ္ယူသူအား လႊဲေျပာင္းေရာင္းျခင္းအတြက္ မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္အားလဲ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ အေမြဆက္ခံသူမ်ားမွ အေထာက္အထားမ်ားျပသၿပီး စာခ်ဳပ္ခ်ဳပ္ဆိုျခင္း ျပဳရမည္ျဖစ္ပါသည္။

ထို႔အျပင္ တရား႐ုံးတြင္ အေမြထိန္းလက္မွတ္ေလွ်ာက္ထားၿပီး အမည္ေပါက္ေသဆုံးသူ၏ အိမ္၊ျခံ၊ေျမအား လႊဲ ေျပာင္းေရာင္းခ်ျခင္းလဲ ျပဳႏိုင္ပါသည္။ ကြယ္လြန္သူ၏ အေမြစား၊အေမြခံမ်ားမွ အေမြဆက္ခံခြင့္ လက္မွတ္ေလွ်ာက္ထား ျခင္းျပဳႏိုင္ပါသည္။

ေလွ်ာက္လႊာႏွင့္အတူ ဝန္ခံကတိျပဳခ်က္မ်ားလဲ ေလွ်ာက္ထားသူမ်ားမွ တင္ျပေပးရပါမည္။ ကြယ္ လြန္သူ ေသဆုံးရာအရပ္ေဒသ႐ွိ တရား႐ုံး၊ ပစၥည္းတည္႐ွိရာ အရပ္ေဒသ႐ွိတရား႐ုံး၊ မိသားစုမ်ား ေနထိုင္ရာတရား႐ုံး တစ္ ခုခုတြင္ အေမြဆက္ခံေရးအက္ဥပေဒပုဒ္မ-၃၇၀ အရ အေမြထိန္းစာအား တရား႐ုံး၏ခြင့္ျပဳခ်က္ျဖင့္ ေလွ်ာက္ထားျခင္း ျပဳႏိုင္ေၾကာင္း ေရးသား ေျဖဆိုေပးလိုက္ပါသည္။။

 

ေမးခြန္း (၃) - ဂရန္ေျမ မိတၱဴျခမ္းကို ဝယ္ယူမည္ဆိုလွ်င္ မည္သည့္စာ႐ြက္စာတမ္းမ်ား လိုအပ္ပါသလဲ။

အစိုးရစီမံ ခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမ၊ လိုင္စင္ေျမ၊ ပါမစ္ေျမ၊ စကြာတာေျမ၊ ဂရန္ေပးစီမံခ်က္ေျမ ေျမအမ်ိဳးအစား မ်ားမွာ ေျမငွားဂရန္စာခ်ဳပ္ ေလွ်ာက္ထားခြင့္႐ွိပါသည္။ ေျမငွားဂရန္ေလွ်ာက္ထားျခင္း၊ ခြဲစိတ္ဂရန္ ေလွ်ာက္ထားျခင္း ျပဳရာ၌ ေျမကြက္အက်ယ္အဝန္းမွာ အနည္းဆုံး(၂၀×၆၀)ေပ (၁၂၀၀) စတုရန္းေပ႐ွိရန္ လိုအပ္ပါသည္။

(၁၀×၆၀) ဂရန္ေျမတစ္ျခမ္းကို ဝယ္ယူျခင္းျဖစ္ပါက ခြဲစိတ္ဂရန္ ေလွ်ာက္ထားျခင္း မျပဳႏိုင္ေသာေၾကာင့္ ဂရန္မိတၱဴသာ ရ႐ွိမည္ျဖစ္ၿပီး အမည္ေပါက္ကိုယ္တိုင္ ေရာင္းခ်ျခင္းမဟုတ္ပါက မဝယ္ယူသင့္ပါ။ ေျမငွားစာခ်ဳပ္တြင္ အစိုးရ အငွားခ်ထားသူ၏ ႀကိဳတင္ခြင့္ျပဳခ်က္မယူဘဲ စာခ်ဳပ္ပါေျမကို ခြဲျခမ္းျခင္းမျပဳရသည့္အျပင္ ၎ေျမ၏ ေျမတစ္ စိတ္ေဒသကိုလည္း လႊဲေျပာင္းျခင္း၊ တဆင့္ငွားရမ္းျခင္း၊ လက္လႊတ္ျခင္းမ်ား မျပဳရဟု တားျမစ္ခ်က္ ပါ႐ွိပါသည္။

ထို႔ေၾကာင့္ အမည္ေပါက္ကိုယ္တိုင္ ေရာင္းခ်သည့္ (၁၀×၆၀) ကို ဝယ္ယူလွ်င္ေတာင္ အေရာင္းအဝယ္အား ေရာင္းခ်သူ တာဝန္ယူေၾကာင္း အခ်က္အလက္မ်ား ထည့္သြင္းခ်ဳပ္ဆိုရမည္အျပင္ အေမြဆက္ခံသူမ်ားအားလဲ သက္ေသ ေနရာတြင္ လက္မွတ္ေရးထိုးေစရပါမည္။ အမည္ေပါက္မွ ၎အမည္ေပါက္ ဂရန္မူရင္းအား ေပါင္ႏွံျခင္းမ်ား ျပဳလွ်င္လဲ (၁၀×၆၀) ဝယ္ယူပိုင္ဆိုင္သူမွာ အခက္ေတြ႕ေစႏိုင္ေသာေၾကာင့္ ဂရန္အား တလွည့္စီ သိမ္းဆည္းႏိုင္သည့္ အခြင့္အေရးရ႐ွိ လွ်င္ ပိုမိုသင့္ေလွ်ာ္မည္ျဖစ္ပါသည္။

ေျမကြက္တျခမ္းအား မဝယ္ခင္ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ေျမပုံ/ေျမရာဇဝင္၊ အမည္ေပါက္မွန္မမွန္၊ ဂရန္သက္ တမ္းႏွင့္ ဂရန္စည္းကမ္းပ်က္႐ွိမ႐ွိ စစ္ေဆးမႈျပဳၿပီးမွ ဝယ္ယူသင့္ပါသည္။

ဂရန္အမည္ေပါက္ထံမွ ေျမကြက္တျခမ္း ဝယ္ယူသူမွ ဂရန္မိတၱဴအျပင္၊ ေျမခြန္ေျပစာ မိတၱဴမ်ား ၊ ေျမပုံ/ ေျမရာ ဇဝင္မိတၱဴ၊ မွတ္ပုံတင္စာခ်ဳပ္စာတမ္းမိတၱဴမ်ား၊ ဂရန္အမည္ေပါက္ မွတ္ပုံတင္ႏွင့္ အိမ္ေထာင္စုစာရင္းမိတၱဴမ်ား ရယူထား ရပါမည္။ ခြဲစိတ္ဂရန္ျပဳလုပ္ႏိုင္ေသာ ေျမအက်ယ္အဝန္းျဖစ္ပါက ေရာင္းခ်သူအမည္ေပါက္အား ခြဲစိတ္ ေျမပုံေလွ်ာက္ထား ထုတ္ယူေစကာ ခြဲစိတ္ဂရန္ခြဲ ဆက္လက္ေလွ်ာက္ထားမွသာ ဝယ္ယူသူ ပိုင္ဆိုင္ခြင့္ႏွင့္ ေျမကြက္တျခမ္း ဝယ္ယူသူ၏ အေမြဆက္ခံခြင့္ ခိုင္မာမႈ႐ွိမည္ျဖစ္ေၾကာင္း ေရးသားေျဖဆိုေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
magical-world
Property & Car - Christmas

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service