လင်ပါမယားပါသားသမီးများ အမွေဆက်ခံခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

လင်ပါမယားပါသားသမီးများ အမွေဆက်ခံခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
18 Aug 2024 11:40 am တွင် တင်ခဲ့သည်
681 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လင်မယားနှစ်ဦးကွာရှင်းပြီး နောက်ပိုင်းသားသမီးများမှာ မိခင်ထံသို့ လိုက်ပါသွားပါက အတူမနေသူ ဖခင်ထံမှ အမွေပစ္စည်းအား ဆက်ခံခွင့်ဆုံးရှုံးပါသည်။ ဖခင်ထံသို့ လိုက်ပါသွားသော သားသမီးဖြစ်ပါက အတူမနေ သူ မိခင်ထံမှ အမွေဆက်ခံခွင့် ဆုံးရှုံးမည်ဖြစ်ပါသည်။

အမိအဖထံမှ အမွေပုံပစ္စည်းအား သားသမီးမှာ အမွေခွဲဝေ ခံစားပြီး နောက်ပိုင်း အဆိုပါသားသမီးမှ မည့်သည့် အမိ/အဖထံတွင်မှ အတူနေခြင်းမရှိလျှင် ပါရင်းပစ္စည်းအားလဲ ခံစားပြီး ဖြစ်သည့်အတွက် အမိအဖ၏ နောက်အိမ်ထောင်ဖြင့် ဖြစ်တည်သော လက်ထပ်ပွှားပစ္စည်းကို ၎င်းမှ ခံစားပိုင်ခွင့် ရှိတော့မည်မဟုတ်ပါ။

မိခင်/ဖခင်နှင့် သားသမီးများမှာ အမွေခွဲဝေပြီးသည့်အခါတိုင်း နောက်အိမ်ထောင်သစ်ဖြင့် လက်ထက်ပွှား ပစ္စည်းရှိလျှင် လင်ပါမယားပါ သားသမီးမှာ ထပ်မံအမွေခွဲဝေရန် တောင်းဆိုခွင့်မရှိတော့ကြောင်း ဆိုလိုခြင်း ဖြစ်ပါ သည်။ အကယ်၍ အမွေပစ္စည်းအား ဆက်ခံသူများ မရှိတော့သည့်အခါမျိုးတွင်တော့ ၎င်းထံအမွေပစ္စည်း ရောက်ရှိမည်ဖြစ်ပါသည်။

အကယ်၍ အမိ/အဖ အိမ်ထောင်သစ်တွင်လဲ လိုက်လံ့နေထိုင်သော သားသမီးဖြစ်လျှင်မှု လင်ပါမယားပါ သားသမီးများနှင့် နှစ်ပါးစုံသားသမီးများသည် အမွေခွဲဝေရမည်ဖြစ်ပါသည်။ ထို့သို့ခွဲဝေရာ၌ အိမ်ထောင်ကြီးများထံတွင် အထက်ပါပစ္စည်းပါလျှင် လင်ပါမယားပါသားသမီးများမှ အထက်ပါပစ္စည်းရရှိပါသည်။ လက်ရှိနှစ်ပါးစုံ သားသမီးများမှာမှု လက်ထက်ပွှားပစ္စည်းအား ရရှိမည်ဖြစ်ပါသည်။

အထက်ပစ္စည်းမပါရှိလျှင် လင်ပါမယားပါသားသမီးနှင့် နှစ်ပါးစုံသားသမီးမှာ လက်ထက်ပွှားပစ္စည်း အပေါ်တွင်သာ ခွဲဝေကြရမည်ဖြစ်ရာ လင်ပါမယားပါသားသမီးသည် ပစ္စည်း၏ (၅)ပုံ(၁)ပုံကို ရရှိပြီး နှစ်ပါးစုံသား သမီးမှာ (၅)ပုံ(၃)ပုံ ရရှိပါမည်။

လက်ထပ်ပွှားပစ္စည်းမရှိဘဲ နှစ်ဖက်လုံးမှ အထက်ပါပစ္စည်းပါလာပါက လင်ပါမယားပါသားသမီးနှင့် နှစ်ပါးစုံ သားသမီးမှာ အထက်ပါပစ္စည်း အပေါ်တွင်သာ ခွဲဝေမှုရကြမည်ဖြစ်ပါသည်။ ထိုအခါ လင်ပါမယားပါသား သမီးမှ အဆိုပါအထက်ပါပစ္စည်း၏ (၄)ပုံ (၃)ပုံ ရရှိပြီး နှစ်ပါးစုံသားသမီးမှာမှု ခွဲဝေမှုပြုပြီး ကျန်ရှိရင်သည့်ပစ္စည်း အား ရရှိမည်ဖြစ်ပါသည်။

လက်ထက်ပွှားပစ္စည်းမရှိဘဲ အိမ်ထောင်ကြီးတဖက်ထဲမှသာ အထက်ပါပစ္စည်းပါလာပါက အထက်ပါ ပစ္စည်းပါလာသော လင်ပါမယားပါသားသမီးမှာ အမွေပုံပစ္စည်း၏ (၅)ပုံ (၃)ပုံရရှိပါသည်။ ပစ္စည်းမပါလာသူ သား သမီးနှင့် နှစ်ပါးစုံသားသမီးမှား ပစ္စည်း၏ (၅)ပုံ (၁)ပုံစီ ခွဲဝေအမွေဆက်ခံခွင့်ရှိပါသည်။

ထို့ကြောင့်လင်ပါမယားပါသားသမီးများ၏ အမွေဆက်ခံခွင့်မှ မိသားစုအခြေအနေတစ်ရပ်ပေါ် မူတည်၍ အမွေဆက်ခံခွင့်မှာ ကွဲပြားခြားနားမှုရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]













 



 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service