စာချုပ်တစ်စောင်ချုပ်ဆိုသည့်အခါ ပဋိဉာဉ်ပျက်ပြယ်ခြင်း မဖြစ်စေရန် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ

စာချုပ်တစ်စောင်ချုပ်ဆိုသည့်အခါ ပဋိဉာဉ်ပျက်ပြယ်ခြင်း မဖြစ်စေရန် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
17 Aug 2024 11:37 am တွင် တင်ခဲ့သည်
355 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ပဋိဉာဉ်စာချုပ်တစ်စောင် ချုပ်ဆိုသည့်အခါ နှစ်ဦးနှစ်ဖက် သဘောတူညီကြမည့် အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ အကြောင်းချင်းရာ စည်းကမ်းသတ်မှတ်ချက်များအား ညှိနှိုင်းမှုပြုပြီးမှ သာ ချုပ်ဆိုကြပါသည်။ ထို့သို့ ညှိနှိုင်းမှုမှာ အကြောင်းချင်းရာ အမှန်ပေါ်မူတည်၍ သဘောရိုး၊ အမှန်အားဖြင့် အတည်အလင်း သဘောပေါက်နားလည်ကြရန် လိုအပ်ပါသည်။

အယူအဆ မှားယွင်းကာ နားလည်မှု လွှဲမှား၍ ချုပ်ဆိုသော စာချုပ်ဖြစ်လျှင် ပျက်ပြယ်သော စာချုပ်ဖြစ်သွားနိုင်ပါသည်။

အကြောင်းချင်းရာအပေါ်မူတည်၍ မှားယွင်းစွာ ချုပ်ဆိုမိလျှင် ၎င်းမှာ စာချုပ်တစ်ခုလုံး၊ သဘောတူညီ ချက်အားလုံးအပေါ်အခြေခံသက်ရောက်မှုရှိမှသာ ပဋိဉာဉ်ပျက်ပြယ်မည်ဖြစ်ပါသည်။ထို့ပြင်ပဋိညာဉ်အား ပြင်ဆင် မှုပြုရန် ညှိနှိုင်းမရပါကလဲ နစ်နာသူမှ သီးခြားသက်သာခွင့်ဥပဒေပုဒ်မ- ၃၁ အရ တရားစွဲဆိုနိုင်ပါသည်။

တရားရုံးအား ပဋိဉာဉ်ပြင်ဆင်နိုင်ရန် လျှောက်ထားသည့် အမှုကိစ္စရပ်များတွင်လဲ တရားရုံးမှ ပဋိဉာဉ် ပြင်ဆင်မှုပြုနိုင်ပါက သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၃၄အရ အမိန့်ချမှတ်ပေးပါသည်။ပျက်ပြယ်သော ပဋိဉာဉ် သည်ဟု တရားရုံးမှ သုံးသပ်ပါကလဲ ပဋိဉာဉ်အရ လျော်ကြေးပေးအပ်ရန် တာဝန်ရှိသူသည် အမိန့်အား လိုက်နာ ဆောင်ရွက်ရပါမည်။

အရောင်းအဝယ်များအတွက် စရန်ပေးစာချုပ်ချုပ်ဆိုခြင်း၊ အရစ်ကျစာချုပ်ချုပ်ဆိုခြင်းများ ပြုစဉ်ကပင် စာချုပ်ပါ သတ်မှတ်ရက်အတွင်း လွှဲပြောင်းပေးအပ်နိုင်ရန်အတွက် ရောင်းချသူမှာ အဆိုပါအရောင်းအဝယ်ပြုလုပ် သည့်ပစ္စည်းအား စီမံခန့်ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိသော ပစ္စည်းဖြစ်ရန် လိုအပ်ပါသည်။ ရောင်းချသူမှ အမှန်တကယ် မပိုင်သေးသောပစ္စည်း၊ ရှိနှင့်မနေသော ပစ္စည်းဖြစ်ပါက စရန်ပေးချုပ်ဆိုသည့်အခါတွင်ပင် ပျက်ပြယ်သောပဋိဉာဉ် ဖြစ်နေပါသည်။ ပစ္စည်းနှင့် အကြောင်းချင်းရာအား မှားယွင်းစွာ ချုပ်ဆိုမိသော စာချုပ်ဖြစ်ပါက ပျက်ပြယ်ပြီး မှား ယွင်းမှုမှ သဘောတူညီမှုဖြစ်ပေါ်သည်နှင့် စာချုပ်တစ်ခုလုံးမှာ ပျက်ပြယ်သည်ဟု ယူဆနိုင်ပါသည်။

စတင်အရောင်းအဝယ်ပြုစဉ်ကပင် မရှိနှင့်သောပစ္စည်းဥပမာ မြေသိမ်းဥပဒေအရ အမိန့်ထုတ်ပြန်ပြီးသော ရောင်းသူမပိုင်တော့သော မြေကွက်အား လွှဲပြောင်းရောင်းချခြင်းများ၊ အရောင်းမပြုချင်ကတည်းက နစ်မြုပ်သွား သော သဘောပေါ်ရှိပစ္စည်းများအား စာချုပ်ချုပ်ဆိုမိခြင်းဖြစ်က ပျက်ပြယ်သော ပဋိဉာဉ်တစ်ရပ်ပင်ဖြစ်ပါသည်။

ပဋိဉာဉ်ဥပဒေ-၂၀အရ အရောင်းအဝယ်ပြုလုပ်သည့် တန်ဖိုးနှင့် စပ်လျဉ်း၍ ကာလပေါက်ဈေး မှားယွင်းမှု သည် အကြောင်းချင်းရာအားဖြင့် မှားယွင်းသည်ဟု မှတ်ယူခြင်းမပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေး သား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုသည့္အခါ ပဋိဉာဥ္ပ်က္ျပယ္ျခင္း မျဖစ္ေစရန္ လိုက္နာ ေဆာင္႐ြက္ရမည့္ အခ်က္မ်ား

 

ပဋိဉာဥ္စာခ်ဳပ္တစ္ေစာင္ ခ်ဳပ္ဆိုသည့္အခါ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီၾကမည့္ အခ်က္အလက္မ်ား၊ လိုက္နာေဆာင္႐ြက္ရမည့္ တာဝန္မ်ား၊ အေၾကာင္းခ်င္းရာ စည္းကမ္းသတ္မွတ္ခ်က္မ်ားအား ညႇိႏိႈင္းမႈျပဳၿပီးမွ သာ ခ်ဳပ္ဆိုၾကပါသည္။ ထို႔သို႔ ညႇိႏိႈင္းမႈမွာ အေၾကာင္းခ်င္းရာ အမွန္ေပၚမူတည္၍ သေဘာ႐ိုး၊ အမွန္အားျဖင့္ အတည္အလင္း သေဘာေပါက္နားလည္ၾကရန္ လိုအပ္ပါသည္။

အယူအဆ မွားယြင္းကာ နားလည္မႈ လႊဲမွား၍ ခ်ဳပ္ဆိုေသာ စာခ်ဳပ္ျဖစ္လွ်င္ ပ်က္ျပယ္ေသာ စာခ်ဳပ္ျဖစ္သြားႏိုင္ပါသည္။

အေၾကာင္းခ်င္းရာအေပၚမူတည္၍ မွားယြင္းစြာ ခ်ဳပ္ဆိုမိလွ်င္ ၎မွာ စာခ်ဳပ္တစ္ခုလုံး၊ သေဘာတူညီ ခ်က္အားလုံးအေပၚအေျခခံသက္ေရာက္မႈ႐ွိမွသာ ပဋိဉာဥ္ပ်က္ျပယ္မည္ျဖစ္ပါသည္။ထို႔ျပင္ပဋိညာဥ္အား ျပင္ဆင္ မႈျပဳရန္ ညႇိႏိႈင္းမရပါကလဲ နစ္နာသူမွ သီးျခားသက္သာခြင့္ဥပေဒပုဒ္မ- ၃၁ အရ တရားစြဲဆိုႏိုင္ပါသည္။

တရား႐ုံးအား ပဋိဉာဥ္ျပင္ဆင္ႏိုင္ရန္ ေလွ်ာက္ထားသည့္ အမႈကိစၥရပ္မ်ားတြင္လဲ တရား႐ုံးမွ ပဋိဉာဥ္ ျပင္ဆင္မႈျပဳႏိုင္ပါက သီးျခားသက္သာခြင့္ဥပေဒပုဒ္မ - ၃၄အရ အမိန္႔ခ်မွတ္ေပးပါသည္။ပ်က္ျပယ္ေသာ ပဋိဉာဥ္ သည္ဟု တရား႐ုံးမွ သုံးသပ္ပါကလဲ ပဋိဉာဥ္အရ ေလ်ာ္ေၾကးေပးအပ္ရန္ တာဝန္႐ွိသူသည္ အမိန္႔အား လိုက္နာ ေဆာင္႐ြက္ရပါမည္။

အေရာင္းအဝယ္မ်ားအတြက္ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ အရစ္က်စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား ျပဳစဥ္ကပင္ စာခ်ဳပ္ပါ သတ္မွတ္ရက္အတြင္း လႊဲေျပာင္းေပးအပ္ႏိုင္ရန္အတြက္ ေရာင္းခ်သူမွာ အဆိုပါအေရာင္းအဝယ္ျပဳလုပ္ သည့္ပစၥည္းအား စီမံခန္႔ပိုင္ခြင့္၊ ပိုင္ဆိုင္ခြင့္႐ွိေသာ ပစၥည္းျဖစ္ရန္ လိုအပ္ပါသည္။ ေရာင္းခ်သူမွ အမွန္တကယ္ မပိုင္ေသးေသာပစၥည္း၊ ႐ွိႏွင့္မေနေသာ ပစၥည္းျဖစ္ပါက စရန္ေပးခ်ဳပ္ဆိုသည့္အခါတြင္ပင္ ပ်က္ျပယ္ေသာပဋိဉာဥ္ ျဖစ္ေနပါသည္။ ပစၥည္းႏွင့္ အေၾကာင္းခ်င္းရာအား မွားယြင္းစြာ ခ်ဳပ္ဆိုမိေသာ စာခ်ဳပ္ျဖစ္ပါက ပ်က္ျပယ္ၿပီး မွား ယြင္းမႈမွ သေဘာတူညီမႈျဖစ္ေပၚသည္ႏွင့္ စာခ်ဳပ္တစ္ခုလုံးမွာ ပ်က္ျပယ္သည္ဟု ယူဆႏိုင္ပါသည္။

စတင္အေရာင္းအဝယ္ျပဳစဥ္ကပင္ မ႐ွိႏွင့္ေသာပစၥည္းဥပမာ ေျမသိမ္းဥပေဒအရ အမိန္႔ထုတ္ျပန္ၿပီးေသာ ေရာင္းသူမပိုင္ေတာ့ေသာ ေျမကြက္အား လႊဲေျပာင္းေရာင္းခ်ျခင္းမ်ား၊ အေရာင္းမျပဳခ်င္ကတည္းက နစ္ျမဳပ္သြား ေသာ သေဘာေပၚ႐ွိပစၥည္းမ်ားအား စာခ်ဳပ္ခ်ဳပ္ဆိုမိျခင္းျဖစ္က ပ်က္ျပယ္ေသာ ပဋိဉာဥ္တစ္ရပ္ပင္ျဖစ္ပါသည္။

ပဋိဉာဥ္ဥပေဒ-၂၀အရ အေရာင္းအဝယ္ျပဳလုပ္သည့္ တန္ဖိုးႏွင့္ စပ္လ်ဥ္း၍ ကာလေပါက္ေဈး မွားယြင္းမႈ သည္ အေၾကာင္းခ်င္းရာအားျဖင့္ မွားယြင္းသည္ဟု မွတ္ယူျခင္းမျပဳႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရး သား ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service