တရုတ်ပြည်တွင် လူငယ်တို့က သူစိမ်း သက်ကြီးရွယ်အိုများအား မိမိတို့မိဘများသဖွယ် သဘောထားကာ အကူအညီပေးသည့် လှုပ်ရှားမှု ခေတ်စားလျက်ရှိ

တရုတ်ပြည်တွင် လူငယ်တို့က သူစိမ်း သက်ကြီးရွယ်အိုများအား မိမိတို့မိဘများသဖွယ် သဘောထားကာ အကူအညီပေးသည့် လှုပ်ရှားမှု ခေတ်စားလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
16 Aug 2024 1:43 pm တွင် တင်ခဲ့သည်
368 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

တရုတ်ပြည်တွင် လူငယ်လူရွယ်တို့က ကိုယ့်ကိုယ်ကို မျှဝေသားသမီးအဖြစ် သဘောထားကာ သူစိမ်း သက်ကြီးရွယ်အိုတို့အား မိဘရင်းသဖွယ် အကူအညီပေးသည့်လှုပ်ရှားမှု ခေတ်စားနေသည်။

တရုတ်ပြည်မကြီးတွင် Xiaohongshu အမည်ရှိ လူမှုကွန်ရက်တစ်ခု ရှိသည်။

ထိုလူမှုကွန်ရက်တွင် ‘တစ်ဦးမိဘကိုတစ်ဦးက အပြန်အလှန်ကူညီကြ’

(HelpingEachOthersParents) ဟူသော Hashtag မှာ လူပေါင်း ၆ သန်းခန့် ကြည့်ရှုမှု ရှိနေသည်။

ထိုလှုပ်ရှားမှုတွင် ပါဝင်ကြသူတို့က ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခြင်းများလည်း ပြုလုပ်ကြသည်။

(ယခုလှုပ်ရှားမှုတွင် “မျှဝေသားသမီး” ဟူသော ဆောင်ပုဒ်ကို တီရှပ်အင်္ကျီတွင် ရိုက်နှိပ်ဝတ်ဆင်ထားသူ တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ- Xiaohongshu)

 

လူမှုကွန်ရက်တွင် follower ၅၈၀၀၀၀ ရှိသော ရှောင်ကန်း (Xiaogang) အမည်ရှိ influencer တစ်ဦးက ပေကျင်းမြို့တွင် သက်ကြီးရွယ်အိုများအား အကူအညီပေးသည့်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

လူမှုကွန်ရက်တွင် ရှောင်ကန်းတင်ခဲ့သော ဗွီဒီယိုတစ်ခု၌ သက်လတ်ပိုင်း အမျိုးသားတစ်ဦးအား လေးလံလှ သော ကုန်ထုပ်များ ကူသယ်ပေးခြင်း၊ ဆေးရုံတွင် အမျိုးသမီးတစ်ဦးအား စက်တစ်ခုမှ မှတ်ပုံတင် လက်မှတ် ထုတ်ယူပေးခြင်း၊ ပူပြင်းသောနေ့တွင် လမ်းဘေး၌ နားနေ နေသော သန့်ရှင်းရေးအလုပ်သမား အုပ်စုအား ရေသန့်ဘူးဝယ်ပေးခြင်းများ ပြုလုပ်ခဲ့ပုံကို တွေ့ရသည်။

ထိုသို့ ကူညီမှုများ လုပ်ဆောင်ရာတွင် ရှောင်ကန်းက ၎င်းအကူအညီပေးသူများအား ‘အဖေ’ ‘အမေ’ ဟုခေါ်ဆိုပြီး မိမိအား သားတစ်ယောက်သဖွယ် သဘောထားရန် ပြောကြားခဲ့သည်။

ဗွီဒီယိုအဆုံးတွင် ရှောင်ကန်းက ပြောပြသည်မှာ မိမိ၏ လှုပ်ရှားမှုသို့ ပူးပေါင်းပါဝင်သူ ၁၀၀ ဦးရှိကြောင်း၊ ထိုသူတို့က မိမိလုပ်ဆောင်သည့်အတိုင်း လိုက်လံလုပ်ဆောင်မည်ဟု ကတိပေးကြကြောင်း ပြောပြသည်။

ရှောင်ကန်း၏ မိဘများမှာ တရုတ်ပြည်မြောက်ပိုင်း ရှန်ရှီပြည်နယ်တွင် နေထိုင်ကြသည်။

ရှောင်ကန်းမှာ မိဘများနေထိုင်ရာ နေရာမှ ကီလိုမီတာ ၅၀၀ ခန့် ဝေးကွာသောနေရာတွင် နေထိုင်သည်။

(လူငယ်တို့မှာ သူစိမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ကူညီကြရာ လေးလံသောပစ္စည်းများ သယ်ယူပေး ကြခြင်းမျိုး အပါအဝင်ဖြစ်သည်။ ဓာတ်ပုံ- Xiaohongshu)

 

 မျှဝေသားသမီးလှုပ်ရှားမှုတွင် ပါဝင်ကြသော အခြားသူများစွာနည်းတူ ရှောင်ကန်းသည်လည်း ၎င်း၏မိဘများ နေထိုင်ကြသောဒေသတွင် နေထိုင်သောလူငယ်များ ယခုလှုပ်ရှားမှုတွင် ပါဝင်ကြကာ မိမိ၏ မိဘများကို မိမိကိုယ်စား ကူညီကြရန် မျှော်လင့်ထားသည်။

ဇူလိုင်လ ၇ ရက်က @Dafengsasa အမည်ဖြင့် လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက သူမ၏ အသက် ၅၄ နှစ် အရွယ်မိခင်ကြီးကို အကူအညီပေးကြပါရန် တောင်းဆိုထားသည့် ပို့စ်တစ်ခုမှာ ဂယက်ရိုက် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ ၁ ဒသမ ၈ သန်း ရှိခဲ့သည်။

သူမ၏ မိခင်ကြီးမှာ တရုတ်ပြည်အလယ်ပိုင်း ဟီနန်ပြည်နယ်မှ ပေကျင်းမြို့တော်သို့ ဘဝတွင် ပထမဆုံး ခရီးထွက်သွားသောကြောင့် အကူအညီပေးကြပါရန် တောင်းဆိုထားခြင်း ဖြစ်သည်။

သူမက မိခင်ကြီး ဘူတာရုံတွင် ရှိနေသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် တင်ခဲ့ပြီး “ဒီဝတ်စုံနဲ့ အမျိုးသမီးကြီး တစ်ယောက် အကူအညီတောင်းခံနေတာတွေ့ရင် ကြင်နာစွာ ကူညီပေးကြပါရှင်” ဟု ရေးသားထားသည်။

အဆိုပါ ပို့စ်ကို Like ပေးသူ ထောင်ပေါင်းများစွာရှိခဲ့ပြီး ပေကျင်းမြို့တွင် နေထိုင်သူတို့က ကူညီမည်ဖြစ်ကြောင်း ကတိပေးကြသည်။

(ယခုလှုပ်ရှားမှုသို့ Xiaohongshu လူမှုကွန်ရက်မှတဆင့် လူငယ်များစွာ ပူးပေါင်းပါဝင်လာနေသည်။ ဓာတ်ပုံ- Xiaohongshu)

 

@Dafengsasa က နောက်ပိုင်းတွင် ထပ်မံပြောပြသည်မှာ သူမ၏ မိခင်ကြီးမှာ အကူအညီများစွာရခဲ့ပြီး ချောမောစွာ အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း ပြောသည်။

တရုတ်ပြည်တွင်းနှင့် ပြည်ပတွင် ရောက်နေသော ရွှေ့ပြောင်းလုပ်သားများမှာ ယခုလှုပ်ရှားမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။

မိမိတို့ နေအိမ်တွင် မရှိစဉ် မိဘများ အကူအညီရမည်ဖြစ်သောကြောင့် ထောက်ခံခြင်းဖြစ်သည်။

တရုတ်ပြည်တွင် ရွှေ့ပြောင်းလုပ်သား သန်း ၃၀၀ နီးပါးရှိသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်တဝန်း အလုပ်သမား၊ ဝန်ထမ်းဦးရေ သန်း ၇၄၀ ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China Xiaohongshu users unite to help older strangers akin to caring for own parents (scmp)

Photo Credit-Xiaohongshu

 

[Zawgyi]

တရုတ္ျပည္တြင္ လူငယ္တို႔က သူစိမ္း သက္ၾကီးရြယ္အိုမ်ားအား မိမိတို႔မိဘမ်ားသဖြယ္ သေဘာထားကာ အကူအညီေပးသည့္ လႈပ္ရွားမႈ ေခတ္စားလ်က္ရွိ

တရုတ္ျပည္တြင္ လူငယ္လူရြယ္တို႔က ကိုယ့္ကိုယ္ကို မွ်ေဝသားသမီးအျဖစ္ သေဘာထားကာ သူစိမ္း သက္ၾကီးရြယ္အိုတို႔အား မိဘရင္းသဖြယ္ အကူအညီေပးသည့္လႈပ္ရွားမႈ ေခတ္စားေနသည္။

တရုတ္ျပည္မၾကီးတြင္ Xiaohongshu အမည္ရွိ လူမႈကြန္ရက္တစ္ခု ရွိသည္။

ထိုလူမႈကြန္ရက္တြင္ ‘တစ္ဦးမိဘကိုတစ္ဦးက အျပန္အလွန္ကူညီၾက’ (HelpingEachOthersParents) ဟူေသာ Hashtag မွာ လူေပါင္း ၆ သန္းခန္႔ ၾကည့္ရႈမႈ ရွိေနသည္။

ထိုလႈပ္ရွားမႈတြင္ ပါဝင္ၾကသူတို႔က ၎တို႔၏ အေတြ႔အၾကံဳမ်ားကို မွ်ေဝျခင္းမ်ားလည္း ျပဳလုပ္ၾကသည္။

(ယခုလႈပ္ရွားမႈတြင္ “မွ်ေဝသားသမီး” ဟူေသာ ေဆာင္ပုဒ္ကို တီရွပ္အကၤ်ီတြင္ ရိုက္ႏွိပ္ဝတ္ဆင္ထားသူ တစ္ဦးအား ေတြ႔ရစဥ္။ ဓာတ္ပံု- Xiaohongshu)

လူမႈကြန္ရက္တြင္ follower ၅၈၀၀၀၀ ရွိေသာ ေရွာင္ကန္း (Xiaogang) အမည္ရွိ influencer တစ္ဦးက ေပက်င္းျမိဳ႕တြင္ သက္ၾကီးရြယ္အိုမ်ားအား အကူအညီေပးသည့္လႈပ္ရွားမႈတစ္ရပ္ ျပဳလုပ္ခဲ့သည္။

လူမႈကြန္ရက္တြင္ ေရွာင္ကန္းတင္ခဲ့ေသာ ဗြီဒီယိုတစ္ခု၌ သက္လတ္ပိုင္း အမ်ဳိးသားတစ္ဦးအား ေလးလံလွ ေသာ ကုန္ထုပ္မ်ား ကူသယ္ေပးျခင္း၊ ေဆးရံုတြင္ အမ်ဳိးသမီးတစ္ဦးအား စက္တစ္ခုမွ မွတ္ပံုတင္ လက္မွတ္ ထုတ္ယူေပးျခင္း၊ ပူျပင္းေသာေန႔တြင္ လမ္းေဘး၌ နားေန ေနေသာ သန္႔ရွင္းေရးအလုပ္သမား အုပ္စုအား ေရသန္႔ဘူးဝယ္ေပးျခင္းမ်ား ျပဳလုပ္ခဲ့ပံုကို ေတြ႔ရသည္။

ထိုသို႔ ကူညီမႈမ်ား လုပ္ေဆာင္ရာတြင္ ေရွာင္ကန္းက ၎အကူအညီေပးသူမ်ားအား ‘အေဖ’ ‘အေမ’ ဟုေခၚဆိုျပီး မိမိအား သားတစ္ေယာက္သဖြယ္ သေဘာထားရန္ ေျပာၾကားခဲ့သည္။

ဗြီဒီယိုအဆံုးတြင္ ေရွာင္ကန္းက ေျပာျပသည္မွာ မိမိ၏ လႈပ္ရွားမႈသို႔ ပူးေပါင္းပါဝင္သူ ၁၀၀ ဦးရွိေၾကာင္း၊ ထိုသူတို႔က မိမိလုပ္ေဆာင္သည့္အတိုင္း လိုက္လံလုပ္ေဆာင္မည္ဟု ကတိေပးၾကေၾကာင္း ေျပာျပသည္။

ေရွာင္ကန္း၏ မိဘမ်ားမွာ တရုတ္ျပည္ေျမာက္ပိုင္း ရွန္ရွီျပည္နယ္တြင္ ေနထိုင္ၾကသည္။

ေရွာင္ကန္းမွာ မိဘမ်ားေနထုိင္ရာ ေနရာမွ ကီလိုမီတာ ၅၀၀ ခန္႔ ေဝးကြာေသာေနရာတြင္ ေနထုိင္သည္။

(လူငယ္တို႔မွာ သူစိမ္းမ်ားကို နည္းလမ္းအမ်ဳိးမ်ဳိးျဖင့္ ကူညီၾကရာ ေလးလံေသာပစၥည္းမ်ား သယ္ယူေပး ၾကျခင္းမ်ဳိး အပါအဝင္ျဖစ္သည္။ ဓာတ္ပံု- Xiaohongshu)

မွ်ေဝသားသမီးလႈပ္ရွားမႈတြင္ ပါဝင္ၾကေသာ အျခားသူမ်ားစြာနည္းတူ ေရွာင္ကန္းသည္လည္း ၎၏မိဘမ်ား ေနထိုင္ၾကေသာေဒသတြင္ ေနထိုင္ေသာလူငယ္မ်ား ယခုလႈပ္ရွားမႈတြင္ ပါဝင္ၾကကာ မိမိ၏ မိဘမ်ားကို မိမိကိုယ္စား ကူညီၾကရန္ ေမွ်ာ္လင့္ထားသည္။

ဇူလိုင္လ ၇ ရက္က @Dafengsasa အမည္ျဖင့္ လူမႈကြန္ရက္ သံုးစြဲသူတစ္ဦးက သူမ၏ အသက္ ၅၄ ႏွစ္ အရြယ္မိခင္ၾကီးကို အကူအညီေပးၾကပါရန္ ေတာင္းဆိုထားသည့္ ပို႔စ္တစ္ခုမွာ ဂယက္ရိုက္ ပ်ံ႕ႏွ႔ံခဲ့ျပီး ၾကည့္ရႈသူ ၁ ဒသမ ၈ သန္း ရွိခဲ့သည္။

သူမ၏ မိခင္ၾကီးမွာ တရုတ္ျပည္အလယ္ပိုင္း ဟီနန္ျပည္နယ္မွ ေပက်င္းျမိဳ႕ေတာ္သို႔ ဘဝတြင္ ပထမဆံုး ခရီးထြက္သြားေသာေၾကာင့္ အကူအညီေပးၾကပါရန္ ေတာင္းဆိုထားျခင္း ျဖစ္သည္။

သူမက မိခင္ၾကီး ဘူတာရံုတြင္ ရွိေနသည့္ ဓာတ္ပုံတစ္ပံု လူမႈကြန္ရက္တြင္ တင္ခဲ့ျပီး “ဒီဝတ္စံုနဲ႔ အမ်ဳိးသမီးၾကီး တစ္ေယာက္ အကူအညီေတာင္းခံေနတာေတြ႔ရင္ ၾကင္နာစြာ ကူညီေပးၾကပါရွင္” ဟု ေရးသားထားသည္။

အဆိုပါ ပို႔စ္ကို Like ေပးသူ ေထာင္ေပါင္းမ်ားစြာရွိခဲ့ျပီး ေပက်င္းျမိဳ႕တြင္ ေနထုိင္သူတို႔က ကူညီမည္ျဖစ္ေၾကာင္း ကတိေပးၾကသည္။

(ယခုလႈပ္ရွားမႈသို႔ Xiaohongshu လူမႈကြန္ရက္မွတဆင့္ လူငယ္မ်ားစြာ ပူးေပါင္းပါဝင္လာေနသည္။ ဓာတ္ပံု- Xiaohongshu)

@Dafengsasa က ေနာက္ပိုင္းတြင္ ထပ္မံေျပာျပသည္မွာ သူမ၏ မိခင္ၾကီးမွာ အကူအညီမ်ားစြာရခဲ့ျပီး ေခ်ာေမာစြာ အိမ္ျပန္ေရာက္ေနျပီျဖစ္ေၾကာင္း ေျပာသည္။

တရုတ္ျပည္တြင္းႏွင့္ ျပည္ပတြင္ ေရာက္ေနေသာ ေရႊ႕ေျပာင္းလုပ္သားမ်ားမွာ ယခုလႈပ္ရွားမႈကို ဝမ္းေျမာက္ဝမ္းသာ ၾကိဳဆိုၾကသည္။ မိမိတို႔ ေနအိမ္တြင္ မရွိစဥ္ မိဘမ်ား အကူအညီရမည္ျဖစ္ေသာေၾကာင့္ ေထာက္ခံျခင္းျဖစ္သည္။

တရုတ္ျပည္တြင္ ေရႊ႕ေျပာင္းလုပ္သား သန္း ၃၀၀ နီးပါးရွိသည္။ ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း တရုတ္ျပည္တဝန္း အလုပ္သမား၊ ဝန္ထမ္းဦးေရ သန္း ၇၄၀ ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China Xiaohongshu users unite to help older strangers akin to caring for own parents (scmp)

Photo Credit-Xiaohongshu

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင်
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင်
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ
တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service