ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ဒူဘိုင်းတွင် မိမိတို့ငှားရမ်းထားသော နေအိမ်များမှ အိမ်ငှားများကို နေအိမ်မှ ရွှေ့ပြောင်းပေးရန် တောင်းဆိုသော အိမ်ရှင်များ များပြားလာနေသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ..စံချိန်တင်မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းထုတ်ရန် (သို့မဟုတ်) အိမ်ငှားခများ ဈေးကြီးလာသောကြောင့် ၎င်းတို့ကိုယ်တိုင် ပြောင်းရွှေ့နေထိုင်ကြရန် ဖြစ်သည်။
ဒူဘိုင်းသို့ လာရောက်သူများ များပြားလာမှုကြောင့် ပြီးခဲ့သော ၃ နှစ်တာအတွင်း အိမ်ငှားခများမှာ ဂဏန်း ၂ လုံး ပမာဏ မြင့်တက်လာခဲ့သည်။
Allsopp and Allsopp မှ အိမ်ခြံမြေစီမံခန့်ခွဲမှု ဒါရိုက်တာ Anisha Sagar က ပြောသည်မှာ အိမ်ရှင်တို့အနေဖြင့် နေအိမ်ကို ရောင်းချလိုသည့်အခါ (သို့မဟုတ်) ၎င်းတို့ကိုယ်တိုင် နေထိုင်လိုသည့်အခါ အိမ်ငှားအား သတိပေးအကြောင်းကြားမှုများ ပြုလုပ်နိုင်ကြောင်း ပြောသည်။
(ဓာတ်ပုံ-Anisha Sagar)
“အိမ်ခြံမြေဈေးကွက် အားကောင်းနေတဲ့ အခြေအနေမှာ အကျိုးအမြတ်ရယူနိုင်ဖို့အတွက် အိမ်ရှင်တွေက နေအိမ်ကို ဈေးကြီးကြီးနဲ့ ရောင်းထုတ်ဖို့ အရောင်းတင်လာတာမျိုး ကျွန်မတို့ သတိပြုမိပါတယ်။ ဒူဘိုင်းမှာ အိမ်ငှားခတွေ မြင့်တက်လာနေတာကြောင့် ကိုယ့်ရဲ့နေအိမ်တွေကို ပြန်လည်ပြောင်းရွှေ့လာတဲ့အိမ်ရှင်တွေ များလာနေတာလဲ ကျွန်မတို့ တွေ့ရပါတယ်”
မိမိတို့နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်သော အိမ်ရှင်များအတွက် အဆိုပါနေအိမ်များကို နောင် ၂ နှစ်တာအထိ ပြန်လည်အငှားဈေးကွက် တင်ခွင့်မရှိချေ။
ယခုနှစ် မတ်လအတွင်း အိမ်ခြံမြေလုပ်ထုံးလုပ်နည်းအဖွဲ့ (Rera) က ဈေးကွက်ပေါက်ဈေးများနှင့် အညီ ဖြစ်စေရန် အိမ်ငှားခ ရည်ညွှန်းပေါက်ဈေးများ ပြန်လည်သတ်မှတ်ခဲ့သည်။
(နေအိမ်ဥပစာမှ နှင်ထုတ်မှု သတိပေးခြင်းများ))
အချို့သော အိမ်ရှင်တို့သည် Rera မှ ထုတ်ပြန်သော အိမ်ငှားခ ရည်ညွှန်းဈေးနှုန်းအောက် နည်းပါးနေသော အိမ်ငှားများအား နေအိမ်ဥပစာမှ နှင်ထုတ်သည့် သတိပေးစာများ ပေးပို့လျက်ရှိကြောင်း အိမ်ခြံမြေလောကသား တို့က ပြောသည်။
“ဒူဘိုင်းမှာ အိမ်ငှားခ ညွန်းကိန်းနှုန်းထားအောက် နည်းပါးတဲ့ အိမ်လစာပေးပြီး ငှားရမ်းနေထိုင်တဲ့ အိမ်ငှားတွေကို အိမ်ရှင်တွေက နေအိမ်ဥပစာနှင်ထုတ်တဲ့ သတိပေးစာတွေ ပေးပို့နေကြပါတယ်။ Rera အိမ်ငှားခ ညွှန်းကိန်းအသစ်မှာ အိမ်ငှားခတွေကို ဈေးကွက်ပေါက်ဈေးအရ ချိန်ညှိခွင့်ပြုထားပေမယ့် အိမ်ရှင်အများစုဟာ အိမ်ငှားတွေကို နှင်ထုတ်တာတွေ လုပ်ဖို့ပဲ ပိုပြီးနှစ်သက်ကြပါတယ်။ သူတို့က အိမ်ငှားစည်းမျဉ်းသစ်တွေနဲ့ ပြန်လည်အငှားချပြီး ဝင်ငွေအများဆုံးရနိုင်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်” ဟု Elton Group တည်ထောင်သူ၊ ဥက္ကဌ Anmoll D Shroff က ပြောသည်။
(ဓာတ်ပုံ-Anmoll D Shroff)
((ကျိုးကြောင်းဆီလျော်သောအကြောင်းပြချက်))
Betterhomes မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Rupert Simmonds က “နေအိမ်ဥပစာနှင်ထုတ်တဲ့ သတိပေးစာ တွေဟာ ကျိုးကြောင်းဆီလျော်မှု ရှိရမှာဖြစ်ပါတယ်။ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေ ဆိုရာမှာ အိမ်ရှင်အနေနဲ့ နေအိမ်ကို ဖြိုဖျက်လိုတာ (ဒါမှမဟုတ်) အကြီးစား ပြုပြင်မွမ်းမံဖို့ လိုအပ်တဲ့အခြေအနေ မျိုးကြောင့် အိမ်ပြန်ပြင်လိုတာ၊ အိမ်ရှယ်ကိုယ်တိုင် နေထိုင်လိုတာ၊ နေအိမ်ရောင်းချလိုတာမျိုး ဖြစ်ရပါမယ်။ အိမ်ပြင်တာက အိမ်ငှားရှိနေရင် လုပ်ဆောင်လို့ မရပါဘူး။ ဒီလို အကြောင်းရင်းတွေအတွက် နေအိမ်ဥပစာက နှင်ထုတ်မယ်ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းတွေကတဆင့် ၁၂ လကြိုတင် အကြောင်းကြားဖို့ လိုပါတယ်” ဟု ပြောသည်။
(ဓာတ်ပုံ-Rupert Simmonds)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Dubai: Why more landlords asking tenants to vacate properties (khaleejtimes)
Photo Credit- Anisha Sagar, Anmoll D Shroff
[Zawgyi]
ဒူဘိုင္းမွာ အိမ္ငွားေတြကို ဆက္မငွားေတာ့တဲ့ အိမ္ရွင္ေတြမ်ားလာေနတာ ဘာေၾကာင့္လဲ
ဒူဘိုင္းတြင္ မိမိတို႔ငွားရမ္းထားေသာ ေနအိမ္မ်ားမွ အိမ္ငွားမ်ားကို ေနအိမ္မွ ေရႊ႕ေျပာင္းေပးရန္ ေတာင္းဆိုေသာ အိမ္ရွင္မ်ား မ်ားျပားလာေနသည္။
ယင္းသို႔ျဖစ္ရျခင္းမွာ ..စံခ်ိန္တင္ျမင့္မားေသာ ေစ်းႏႈန္းျဖင့္ ေရာင္းထုတ္ရန္ (သို႔မဟုတ္) အိမ္ငွားခမ်ား ေစ်းၾကီးလာေသာေၾကာင့္ ၎တို႔ကိုယ္တိုင္ ေျပာင္းေရႊ႕ေနထုိင္ၾကရန္ ျဖစ္သည္။
ဒူဘိုင္းသို႔ လာေရာက္သူမ်ား မ်ားျပားလာမႈေၾကာင့္ ျပီးခဲ့ေသာ ၃ ႏွစ္တာအတြင္း အိမ္ငွားခမ်ားမွာ ဂဏန္း ၂ လံုး ပမာဏ ျမင့္တက္လာခဲ့သည္။
Allsopp and Allsopp မွ အိမ္ျခံေျမစီမံခန္႔ခြဲမႈ ဒါရိုက္တာ Anisha Sagar က ေျပာသည္မွာ အိမ္ရွင္တို႔အေနျဖင့္ ေနအိမ္ကို ေရာင္းခ်လိုသည့္အခါ (သို႔မဟုတ္) ၎တို႔ကိုယ္တိုင္ ေနထိုင္လိုသည့္အခါ အိမ္ငွားအား သတိေပးအေၾကာင္းၾကားမႈမ်ား ျပဳလုပ္ႏိုင္ေၾကာင္း ေျပာသည္။
(ဓာတ္ပံု-Anisha Sagar)
“အိမ္ျခံေျမေစ်းကြက္ အားေကာင္းေနတဲ့ အေျခအေနမွာ အက်ဳိးအျမတ္ရယူႏိုင္ဖုိ႔အတြက္ အိမ္ရွင္ေတြက ေနအိမ္ကို ေစ်းၾကီးၾကီးနဲ႔ ေရာင္းထုတ္ဖုိ႔ အေရာင္းတင္လာတာမ်ဳိး ကၽြန္မတို႔ သတိျပဳမိပါတယ္။ ဒူဘိုင္းမွာ အိမ္ငွားခေတြ ျမင့္တက္လာေနတာေၾကာင့္ ကိုယ့္ရဲ႕ေနအိမ္ေတြကို ျပန္လည္ေျပာင္းေရႊ႕လာတဲ့အိမ္ရွင္ေတြ မ်ားလာေနတာလဲ ကၽြန္မတို႔ ေတြ႔ရပါတယ္”
မိမိတို႔ေနအိမ္မ်ားသို႔ ျပန္လည္ေျပာင္းေရႊ႕ေနထုိင္ရန္ ဆံုးျဖတ္ေသာ အိမ္ရွင္မ်ားအတြက္ အဆိုပါေနအိမ္မ်ားကို ေနာင္ ၂ ႏွစ္တာအထိ ျပန္လည္အငွားေစ်းကြက္ တင္ခြင့္မရွိေခ်။
ယခုႏွစ္ မတ္လအတြင္း အိမ္ျခံေျမလုပ္ထံုးလုပ္နည္းအဖြဲ႔ (Rera) က ေစ်းကြက္ေပါက္ေစ်းမ်ားႏွင့္ အညီ ျဖစ္ေစရန္ အိမ္ငွားခ ရည္ညႊန္းေပါက္ေစ်းမ်ား ျပန္လည္သတ္မွတ္ခဲ့သည္။
(ေနအိမ္ဥပစာမွ ႏွင္ထုတ္မႈ သတိေပးျခင္းမ်ား))
အခ်ဳိ႕ေသာ အိမ္ရွင္တို႔သည္ Rera မွ ထုတ္ျပန္ေသာ အိမ္ငွားခ ရည္ညႊန္းေစ်းႏႈန္းေအာက္ နည္းပါးေနေသာ အိမ္ငွားမ်ားအား ေနအိမ္ဥပစာမွ ႏွင္ထုတ္သည့္ သတိေပးစာမ်ား ေပးပို႔လ်က္ရွိေၾကာင္း အိမ္ျခံေျမေလာကသား တို႔က ေျပာသည္။
“ဒူဘိုင္းမွာ အိမ္ငွားခ ညြန္းကိန္းႏႈန္းထားေအာက္ နည္းပါးတဲ့ အိမ္လစာေပးျပီး ငွားရမ္းေနထိုင္တဲ့ အိမ္ငွားေတြကို အိမ္ရွင္ေတြက ေနအိမ္ဥပစာႏွင္ထုတ္တဲ့ သတိေပးစာေတြ ေပးပို႔ေနၾကပါတယ္။ Rera အိမ္ငွားခ ညႊန္းကိန္းအသစ္မွာ အိမ္ငွားခေတြကို ေစ်းကြက္ေပါက္ေစ်းအရ ခ်ိန္ညွိခြင့္ျပဳထားေပမယ့္ အိမ္ရွင္အမ်ားစုဟာ အိမ္ငွားေတြကို ႏွင္ထုတ္တာေတြ လုပ္ဖုိ႔ပဲ ပိုျပီးႏွစ္သက္ၾကပါတယ္။ သူတို႔က အိမ္ငွားစည္းမ်ဥ္းသစ္ေတြနဲ႔ ျပန္လည္အငွားခ်ျပီး ဝင္ေငြအမ်ားဆံုးရႏိုင္ဖို႔ ၾကိဳးစားၾကတာ ျဖစ္ပါတယ္” ဟု Elton Group တည္ေထာင္သူ၊ ဥကၠဌ Anmoll D Shroff က ေျပာသည္။
(ဓာတ္ပံု-Anmoll D Shroff)
((က်ဳိးေၾကာင္းဆီေလ်ာ္ေသာအေၾကာင္းျပခ်က္))
Betterhomes မွ ဒါရိုက္တာတစ္ဦးျဖစ္သူ Rupert Simmonds က “ေနအိမ္ဥပစာႏွင္ထုတ္တဲ့ သတိေပးစာ ေတြဟာ က်ဳိးေၾကာင္းဆီေလ်ာ္မႈ ရွိရမွာျဖစ္ပါတယ္။ က်ဳိးေၾကာင္းဆီေလ်ာ္တဲ့ အေၾကာင္းျပခ်က္ေတြ ဆိုရာမွာ အိမ္ရွင္အေနနဲ႔ ေနအိမ္ကို ျဖိဳဖ်က္လိုတာ (ဒါမွမဟုတ္) အၾကီးစား ျပဳျပင္မြမ္းမံဖို႔ လိုအပ္တဲ့အေျခအေန မ်ဳိးေၾကာင့္ အိမ္ျပန္ျပင္လိုတာ၊ အိမ္ရွယ္ကိုယ္တိုင္ ေနထိုင္လိုတာ၊ ေနအိမ္ေရာင္းခ်လိုတာမ်ဳိး ျဖစ္ရပါမယ္။ အိမ္ျပင္တာက အိမ္ငွားရွိေနရင္ လုပ္ေဆာင္လုိ႔ မရပါဘူး။ ဒီလို အေၾကာင္းရင္းေတြအတြက္ ေနအိမ္ဥပစာက ႏွင္ထုတ္မယ္ဆိုရင္ မွန္ကန္တဲ့ လမ္းေၾကာင္းေတြကတဆင့္ ၁၂ လၾကိဳတင္ အေၾကာင္းၾကားဖို႔ လိုပါတယ္” ဟု ေျပာသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Dubai: Why more landlords asking tenants to vacate properties (khaleejtimes)
Photo Credit- Anisha Sagar, Anmoll D Shroff