ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
Mariah Carey (မွေး-၁၉၆၉) သည် အမေရိကန်အဆိုတော်၊ တေးရေး၊ ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။
ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင် Mariah Carey ကို အမြင့်ဆုံးတေးဆိုငှက်ဟု ဖော်ပြခြင်းခံရသည်။
Mariah Carey သည် အသံ ၅ ပြန် Vocal range ရှိပြီး စာသားတစ်မျိုးတည်းကို အသံအနိမ့်အမြင့် အမျိုးမျိုးဖြင့် သီဆိုဟန်၊ whistle register ကို သီဆိုနိုင်မှုတို့ဖြင့် နာမည်ကြီးသည်။
၁၉၉၀ ပြည့်နှစ်တွင် သူ၏ ပွဲဦးထွက်တေးအယ်လ်ဘမ်မှ စတင်နာမည်ကြီးခဲ့သည်။
ပထမဆုံး single သီချင်း ၅ ပုဒ် Billboard Hot 100 စာရင်းဝင်ခဲ့သည့် ပထမဆုံးတေးသံရှင်လည်း ဖြစ်သည်။
Billboard က Mariah Carey ကို ၁၉၉၀ ပြည့်လွန်ကာလများအတွက် Artist of the Decade အဖြစ် သတ်မှတ်ခဲ့သည်။
World Music Awards ကလည်း Mariah Carey ကို ထောင်စုနှစ်၏ အရောင်းရဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင်အဖြစ် ဂုဏ်ပြုခဲ့သည်။
အမေရိက၏ နံပါတ် ၁ single စာရင်းတွင် ၁၁ နှစ်ဆက်တိုက် စာရင်းဝင်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် Mariah Carey သည် ကိုလံဘီယာကို ကျောခိုင်းကာ Virgin Records ကုမ္ပဏီနှင့် ဒေါ်လာ သန်း ၁၀၀ တန် တေးသီချင်းသီဆိုမှုစာချုပ် ချုပ်ဆိုခဲ့သည်။
Mariah Carey သည် သမိုင်းတစ်လျှောက် အရောင်းရဆုံးဂီတအနုပညာသမားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၂၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံး အနုပညာရှင်များနှင့် ဖျော်ဖြေရေးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် Mariah Carey ကို ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။
Mariah Carey သည် ဂရမ်မီဆု ၅ ဆု၊ World Music Awards ၁၉ ဆု၊ American Music Awards ၁၀ ဆု၊ ဂင်းနက်စ်ကမ္ဘာ့စံချိန် ၈ ခုနှင့် Billboard Music Awards ၁၅ ဆု ရရှိထားသည်။
(Mariah Carey အချစ်ရေး)
Mariah Carey သည် သူ၏နာမည်ဖြင့် ထုတ်လုပ်ခဲ့သော Mariah Carey အခွေကို သီဆိုအသံသွင်းနေချိန် ကာလအတွင်း Tommy Mottola နှင့် စတင်ချစ်ကြိုက်ခဲ့ပြီး ၁၉၉၃ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် နယူးယောက်မြို့၌ လက်ထပ်ခဲ့ကြသည်။
၁၉၉၇ ခုနှစ်၊ မေလ ၃၀ ရက်တွင် ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။
Mariah Carey သည် အဆိုတော် Luis Miguel နှင့် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ချစ်ကြိုက်ခဲ့သည်။
ယင်းနောက် Antigua တွင် သူ၏ Bye Bye အမည်ရှိ သီချင်းအတွက် ဂီတဗွီဒီယိုရိုက်ကူးချိန်တွင် လူရွှင်တော် Nick Cannon နှင့် ဆုံစည်းခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် လက်ထပ်ခဲ့ကြသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် Cannon က ကွာရှင်းပြတ်စဲခွင့် လျှောက်ထားခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် Mariah Carey သည် သြစတေးလျ ဘီလျံနာ James Packer နှင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။
သို့သော် ထိုနှစ် အောက်တိုဘာလတွင် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် Mariah Carey သည် အမေရိကန် အကပညာရှင် Bryan Tanaka နှင့် စတင်ချစ်ကြိုက်ခဲ့သည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
Mariah Carey ၏ သီချင်းများသည် ဆိုရခက်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အနည်းငယ်သာရှိရာ အောက်ပါအတိုင်းဖြစ်ပါသည်။
Dream lover -တင်ဇာမော် အိပ်မက်ရူး (ထွန်းအိန္ဒြာဗိုလ် စိတ်ကူးအချစ်မီး)
Hero - အေးချမ်းမေ သူရဲကောင်း (အဆိုပါသီချင်းကိုပင် မဒီ၊ တင်ဇာမော်နှင့် ထွန်းအိန္ဒြာဗိုလ်တို့ ၃ ဦးပါဝင်သော သုံးယောက်စကား တေးအယ်လ်ဘမ်တွင် တင်ဇာမော်က သူရဲကောင်းဟူသော အမည်ဖြင့်ပင် ပြန်လည်သီဆိုထားသည်)
Without you တူးတူး မိဆိုး (နွဲ့ယဉ်ဝင်း ဂျပန်ပြည်ကို ရေးတဲ့စာ)
((ဒေါ်လာ ၃၂ သန်းဖြင့် ရောင်းချမည့် စံအိမ်))
လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်အတွင် တချိန်က အဆိုတော် Mariah Carey ငှားရမ်းနေထိုင်ခဲ့ ဖူးသော စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃၁ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက် ဝင်နေသည်။
အကျယ်အဝန်း စတုရန်းပေ ၁၅၀၀၀ ရှိပြီး ဘာရုတ်မှသည် လူဝီ ၁၅ အထိ ဥရောပဗိသုကာဟန်များကို inspire ယူကာ ဆောက်လုပ်ထားသည်။
ခြံအကျယ် ၀ ဒသမ ၆ ဧကရှိပြီး လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်စ်အရပ်၊ Laurel Way လမ်းပေါ်တွင် တည်ရှိသည်။
၃ ထပ်အဆောက်အအုံဖြစ်ပြီး ပေ ၃၀ အဝိုင်းခန်းမထည့်သွင်းထားသည့် ဝင်ပေါက်နေရာတို့ ပါဝင်သည်။
အမေရိကန်သို့ ၁၉၇၀ ပြည့်လွန်ကာလများတွင် ပြောင်းရွှေ့ အခြေချသည့် ရုရှားစုံတွဲက ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အခြေချမည့်နေအိမ်ကို ခမ်းနားစွာဆောက်လုပ်ခဲ့ရာ အိမ်နီးချင်းများ များစွာအံ့အားသင့်စေခဲ့သည်။
“ဥရောပမှာ ရနိုင်တဲ့အရာအားလုံး အသုံးပြုဆောက်လုပ်ခဲ့ပါတယ်” ဟု နာတာလီ ဂလော့စ်မန်းက Today.com သို့ ၂၀၁၄ ခုနှစ်အတွင်းက ပြောခဲ့ဖူးသည်။
သူမ၏ ခင်ပွန်း လီယိုနစ်မှာ သွားဆရာဝန်တစ်ဦး ဖြစ်သည်။
နာတာလီတို့ စုံတွဲက စံအိမ်မြေနေရာကို ၁၉၈၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ကာ နေအိမ်ဆောက်လုပ်နေထိုင်ခဲ့ကြပြိးနောက် ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၃၀ ဖြင့် ပြန်လည်ရောင်းချ သွားသည်။
ဝယ်ယူခဲ့သူမှာ ကယ်လီဖိုးနီးယားအခြေစိုက် BHLW LLC ကုမ္ပဏီဖြစ်ကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။
Mariah Carey သည် ပြီးခဲ့သောနှစ်အတွင်းက ယခုအိမ်ကို ၃ လငှားရမ်းနေထိုင်ခဲ့ဖူးသည်။
ထိုစဉ်က ငှားရမ်းခမှာ တစ်လလျှင် ကန်ဒေါ်လာ ၁၂၅၀၀၀ ဖြစ်သည်။
ထိုအချိန်က Mariah Carey သည် Booking.com အတွက် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ပေးနေချိန် ဖြစ်သည်။
ဤစံအိမ်သည် Mariah Carey အပြင် ဟောလိဝုဒ်နှင့်လည်း ဆက်နွှယ်မှုများ ရှိခဲ့ဖူးသည်။
ရုပ်ရှင်ရိုက်ကွင်းနေရာအဖြစ် မကြာခဏ အသုံးပြုခဲ့ဖူးရာ Danny DeVito အပြင် Real Housewives of Atlanta မှ သရုပ်ဆောင်တစ်ဦး ဤနေရာတွင် ရိုက်ကူးခဲ့သည်။
ထို့အပြင် True Detective ၏ ဒုတိယရာသီတွင် အကျင့်ပျက်ခြစားသော အရက်ဂျိုး မြို့တော်ဝန် Austin Chessani ၏ စံအိမ်အဖြစ် ရိုက်ကူးခဲ့ဖူးကြောင်း Curbed သတင်းဌာနက ဖော်ပြသည်။
အရောင်းဈေးကွက်တင်ပေးသူမှာ Hilton & Hyland နှင့် Forbes Global Properties အိမ်ခြံမြေကုမ္ပဏီများမှ အကျိုးဆောင်များဖြစ်သော Alla Furman နှင့် David Kramer တှို့ ဖြစ်ကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Mariah Carey’s Lavish Beverly Hills Rental up for Sale Asking $32 Million (mansionglobal)
[Zawgyi]
ဂင္းနက္စ္ စံခ်ိန္ ၈ ခုတင္ထားေသာ အဆိုေတာ္ Mariah Carey ငွားရမ္းေနထိုင္ခဲ့သည့္ ဘီဗာလီေဟးလ္စံအိမ္ ကန္ေဒၚလာ ၃၂ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ေန
Mariah Carey (ေမြး-၁၉၆၉) သည္ အေမရိကန္အဆိုေတာ္၊ ေတးေရး၊ ရုပ္ရွင္မင္းသမီးတစ္ဦး ျဖစ္သည္။
ဂင္းနက္စ္ကမၻာ့စံခ်ိန္မွတ္တမ္းတြင္ Mariah Carey ကို အျမင့္ဆံုးေတးဆိုငွက္ဟု ေဖာ္ျပျခင္းခံရသည္။
Mariah Carey သည္ အသံ ၅ ျပန္ Vocal range ရွိျပီး စာသားတစ္မ်ဳိးတည္းကို အသံအနိမ့္အျမင့္ အမ်ဳိးမ်ဳိးျဖင့္ သီဆိုဟန္၊ whistle register ကို သီဆိုႏိုင္မႈတို႔ျဖင့္ နာမည္ၾကီးသည္။
၁၉၉၀ ျပည့္ႏွစ္တြင္ သူ၏ ပြဲဦးထြက္ေတးအယ္လ္ဘမ္မွ စတင္နာမည္ၾကီးခဲ့သည္။
ပထမဆံုး single သီခ်င္း ၅ ပုဒ္ Billboard Hot 100 စာရင္းဝင္ခဲ့သည့္ ပထမဆံုးေတးသံရွင္လည္း ျဖစ္သည္။
Billboard က Mariah Carey ကို ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြက္ Artist of the Decade အျဖစ္ သတ္မွတ္ခဲ့သည္။
World Music Awards ကလည္း Mariah Carey ကို ေထာင္စုႏွစ္၏ အေရာင္းရဆံုး အမ်ဳိးသမီး ေပါ့ပ္ေတးသံရွင္အျဖစ္ ဂုဏ္ျပဳခဲ့သည္။
အေမရိက၏ နံပါတ္ ၁ single စာရင္းတြင္ ၁၁ ႏွစ္ဆက္တိုက္ စာရင္းဝင္ခဲ့ျပီးေနာက္ ၂၀၀၁ ခုႏွစ္တြင္ Mariah Carey သည္ ကိုလံဘီယာကို ေက်ာခိုင္းကာ Virgin Records ကုမၸဏီႏွင့္ ေဒၚလာ သန္း ၁၀၀ တန္ ေတးသီခ်င္းသီဆိုမႈစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။
Mariah Carey သည္ သမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုးဂီတအႏုပညာသမားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၂၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။
၂၀၀၈ ခုႏွစ္တြင္ တိုင္းမ္မဂၢဇင္းၾကီး၏ ကမၻာ့ၾသဇာအလႊမ္းဆံုး အႏုပညာရွင္မ်ားႏွင့္ ေဖ်ာ္ေျဖေရးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ Mariah Carey ကို ထည့္သြင္းေဖာ္ျပျခင္းခံခဲ့ရသည္။
Mariah Carey သည္ ဂရမ္မီဆု ၅ ဆု၊ World Music Awards ၁၉ ဆု၊ American Music Awards ၁၀ ဆု၊ ဂင္းနက္စ္ကမၻာ့စံခ်ိန္ ၈ ခုႏွင့္ Billboard Music Awards ၁၅ ဆု ရရွိထားသည္။
(Mariah Carey အခ်စ္ေရး)
Mariah Carey သည္ သူ၏နာမည္ျဖင့္ ထုတ္လုပ္ခဲ့ေသာ Mariah Carey အေခြကို သီဆိုအသံသြင္းေနခ်ိန္ ကာလအတြင္း Tommy Mottola ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့ျပီး ၁၉၉၃ ခုႏွစ္၊ ဇြန္လ ၅ ရက္တြင္ နယူးေယာက္ျမိဳ႕၌ လက္ထပ္ခဲ့ၾကသည္။
၁၉၉၇ ခုႏွစ္၊ ေမလ ၃၀ ရက္တြင္ ၎တို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကသည္။ Mariah Carey သည္ အဆိုေတာ္ Luis Miguel ႏွင့္ ၁၉၉၈ ခုႏွစ္မွ ၂၀၀၁ ခုႏွစ္အထိ ခ်စ္ၾကိဳက္ခဲ့သည္။
ယင္းေနာက္ Antigua တြင္ သူ၏ Bye Bye အမည္ရွိ သီခ်င္းအတြက္ ဂီတဗြီဒီယိုရိုက္ကူးခ်ိန္တြင္ လူရႊင္ေတာ္ Nick Cannon ႏွင့္ ဆံုစည္းခဲ့ျပီး ၂၀၀၈ ခုႏွစ္၊ ဧျပီလ ၃၀ ရက္တြင္ လက္ထပ္ခဲ့ၾကသည္။
၂၀၁၄ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္တြင္ Cannon က ကြာရွင္းျပတ္စဲခြင့္ ေလွ်ာက္ထားခဲ့သည္။
၂၀၁၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၁ ရက္တြင္ Mariah Carey သည္ ၾသစေတးလ် ဘီလ်ံနာ James Packer ႏွင့္ ေစ့စပ္ေၾကာင္းလမ္းခဲ့သည္။
သုိ႔ေသာ္ ထိုႏွစ္ ေအာက္တိုဘာလတြင္ ေစ့စပ္ေၾကာင္းလမ္းမႈ ဖ်က္သိမ္းခဲ့ၾကသည္။
၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလတြင္ Mariah Carey သည္ အေမရိကန္ အကပညာရွင္ Bryan Tanaka ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့သည္။
(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)
Mariah Carey ၏ သီခ်င္းမ်ားသည္ ဆိုရခက္သည္။ ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈ အနည္းငယ္သာရွိရာ ေအာက္ပါအတိုင္းျဖစ္ပါသည္။
Dream lover -တင္ဇာေမာ္ အိပ္မက္ရူး (ထြန္းအိျႏၵာဗိုလ္ စိတ္ကူးအခ်စ္မီး)
Hero - ေအးခ်မ္းေမ သူရဲေကာင္း (အဆိုပါသီခ်င္းကိုပင္ မဒီ၊ တင္ဇာေမာ္ႏွင့္ ထြန္းအိျႏၵာဗိုလ္တို႔ ၃ ဦးပါဝင္ေသာ သံုးေယာက္စကား ေတးအယ္လ္ဘမ္တြင္ တင္ဇာေမာ္က သူရဲေကာင္းဟူေသာ အမည္ျဖင့္ပင္ ျပန္လည္သီဆိုထားသည္)
Without you တူးတူး မိဆိုး (ႏြဲ႔ယဥ္ဝင္း ဂ်ပန္ျပည္ကို ေရးတဲ့စာ) Do you know where you’re going to - ခ်မ္းခ်မ္း ဘယ္ကိုလဲ
((ေဒၚလာ ၃၂ သန္းျဖင့္ ေရာင္းခ်မည့္ စံအိမ္))
ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္အတြင္ တခ်ိန္က အဆိုေတာ္ Mariah Carey ငွားရမ္းေနထုိင္ခဲ့ ဖူးေသာ စံအိမ္ၾကီးတစ္လံုး ကန္ေဒၚလာ ၃၁ ဒသမ ၉၉ သန္းျဖင့္ အေရာင္းေစ်းကြက္ ဝင္ေနသည္။
အက်ယ္အဝန္း စတုရန္းေပ ၁၅၀၀၀ ရွိျပီး ဘာရုတ္မွသည္ လူဝီ ၁၅ အထိ ဥေရာပဗိသုကာဟန္မ်ားကို inspire ယူကာ ေဆာက္လုပ္ထားသည္။
ျခံအက်ယ္ ၀ ဒသမ ၆ ဧကရွိျပီး ေလာ့စ္အိန္ဂ်လိျမဳိ႕၊ ဘီဗာလီေဟးလ္စ္အရပ္၊ Laurel Way လမ္းေပၚတြင္ တည္ရွိသည္။
၃ ထပ္အေဆာက္အအံုျဖစ္ျပီး ေပ ၃၀ အဝိုင္းခန္းမထည့္သြင္းထားသည့္ ဝင္ေပါက္ေနရာတို႔ ပါဝင္သည္။
အေမရိကန္သို႔ ၁၉၇၀ ျပည့္လြန္ကာလမ်ားတြင္ ေျပာင္းေရႊ႕ အေျခခ်သည့္ ရုရွားစံုတြဲက ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ျပီး ၎တို႔အေျခခ်မည့္ေနအိမ္ကို ခမ္းနားစြာေဆာက္လုပ္ခဲ့ရာ အိမ္နီးခ်င္းမ်ား မ်ားစြာအံ့အားသင့္ေစခဲ့သည္။
“ဥေရာပမွာ ရႏိုင္တဲ့အရာအားလံုး အသံုးျပဳေဆာက္လုပ္ခဲ့ပါတယ္” ဟု နာတာလီ ဂေလာ့စ္မန္းက Today.com သို႔ ၂၀၁၄ ခုႏွစ္အတြင္းက ေျပာခဲ့ဖူးသည္။
သူမ၏ ခင္ပြန္း လီယိုနစ္မွာ သြားဆရာဝန္တစ္ဦး ျဖစ္သည္။
နာတာလီတို႔ စံုတြဲက စံအိမ္ေျမေနရာကို ၁၉၈၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ကာ ေနအိမ္ေဆာက္လုပ္ေနထုိင္ခဲ့ၾကျပိးေနာက္ ၂၀၁၉ ခုႏွစ္တြင္ ကန္ေဒၚလာ သန္း ၃၀ ျဖင့္ ျပန္လည္ေရာင္းခ် သြားသည္။
ဝယ္ယူခဲ့သူမွာ ကယ္လီဖုိးနီးယားအေျခစိုက္ BHLW LLC ကုမၸဏီျဖစ္ေၾကာင္း အိမ္ျခံေျမ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။
Mariah Carey သည္ ျပီးခဲ့ေသာႏွစ္အတြင္းက ယခုအိမ္ကို ၃ လငွားရမ္းေနထိုင္ခဲ့ဖူးသည္။
ထိုစဥ္က ငွားရမ္းခမွာ တစ္လလွ်င္ ကန္ေဒၚလာ ၁၂၅၀၀၀ ျဖစ္သည္။
ထိုအခ်ိန္က Mariah Carey သည္ Booking.com အတြက္ အေရာင္းျမွင့္တင္ေရးလုပ္ေဆာင္ေပးေနခ်ိန္ ျဖစ္သည္။
ဤစံအိမ္သည္ Mariah Carey အျပင္ ေဟာလိဝုဒ္ႏွင့္လည္း ဆက္ႏႊယ္မႈမ်ား ရွိခဲ့ဖူးသည္။
ရုပ္ရွင္ရိုက္ကြင္းေနရာအျဖစ္ မၾကာခဏ အသံုးျပဳခဲ့ဖူးရာ Danny DeVito အျပင္ Real Housewives of Atlanta မွ သရုပ္ေဆာင္တစ္ဦး ဤေနရာတြင္ ရိုက္ကူးခဲ့သည္။
ထို႔အျပင္ True Detective ၏ ဒုတိယရာသီတြင္ အက်င့္ပ်က္ျခစားေသာ အရက္ဂ်ဳိး ျမိဳ႕ေတာ္ဝန္ Austin Chessani ၏ စံအိမ္အျဖစ္ ရိုက္ကူးခဲ့ဖူးေၾကာင္း Curbed သတင္းဌာနက ေဖာ္ျပသည္။
အေရာင္းေစ်းကြက္တင္ေပးသူမွာ Hilton & Hyland ႏွင့္ Forbes Global Properties အိမ္ျခံေျမကုမၸဏီမ်ားမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Alla Furman ႏွင့္ David Kramer တုိွ႔ ျဖစ္ၾကသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Mariah Carey’s Lavish Beverly Hills Rental up for Sale Asking $32 Million (mansionglobal)