မိမိတို့ အိမ်ဆောက်နေထိုင်သော မြေနေရာမှ မြေရှင်၏ နှင်ထုတ်ခံရမှုကြောင့် နောင်တချိန်တွင် မောင်နှမ ၁၁ ဦးလုံးကို အိမ်ဝယ်ပေးမည်ဟု ကတိပေးခဲ့သူ ဖိလစ်ပိုင်မိန်းကလေး အလုပ်ကြိုးစားလုပ်ကိုင်ကာ ကတိအတိုင်း မောင်နှမအားလုံးကို အိမ်ဝယ်ပေးနိုင်ခဲ့

မိမိတို့ အိမ်ဆောက်နေထိုင်သော မြေနေရာမှ မြေရှင်၏ နှင်ထုတ်ခံရမှုကြောင့် နောင်တချိန်တွင် မောင်နှမ ၁၁ ဦးလုံးကို အိမ်ဝယ်ပေးမည်ဟု ကတိပေးခဲ့သူ ဖိလစ်ပိုင်မိန်းကလေး အလုပ်ကြိုးစားလုပ်ကိုင်ကာ ကတိအတိုင်း မောင်နှမအားလုံးကို အိမ်ဝယ်ပေးနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
14 Aug 2024 9:58 am တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မာလင်း ဖလောရက်စ် ကက်စ်ထရိုသည် မိမိနှင့် မွေးချင်း ၁၁ ဦးကို ဖိလစ်ပိုင်နိုင်ငံ၊ Pampanga ပြည်နယ်ရှိ နေအိမ်မှ နှင်ထုတ်ခံရသောနေ့ရက်ကို ထာဝရ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် မာလင်းက မောင်နှမများအားလုံးကို နောင်တချိန်တွင် အိမ်ဝယ်ပေးမည်ဟု ကတိပေး ခဲ့သည်။

“အိမ်ရာမဲ့ဖြစ်မယ့် အခြေအနေမျိုးနဲ့ ကျွန်မတို့ ရင်ဆိုင်ခဲ့ရပါတယ်။ မောင်နှမ ၁၁ ယောက်ကို အိမ်နဲ့ မြေကွက် ဝယ်ပေးနိုင်အောင် ကြိုးစားမယ်လို့ ကတိပေးခဲ့ပါတယ်” ဟု ယခုအခါ အသက် ၄၅ နှစ်ရှိပြီဖြစ်သော မာလင်းက ပြောသည်။

မောင်နှမများတွင် မာလင်းက ပဉ္စမမြောက် ဖြစ်သည်။

“အလုပ်ရတဲ့အခါ အိမ်ဝယ်ဖို့အတွက် အဓိကဦးစားပေးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပြုခဲ့ပါတယ်”

ဒူဘိုင်းရှိ အလုပ်အကိုင်အခွင့်အလမ်းများကြောင့် မာလင်းက မောင်နှမများအပေါ် ထားခဲ့သော ကတိကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

((နေစရာ ပျောက်ဆုံးခြင်း))

မာလင်းတို့ နေအိမ်ဆုံးရှုံးခဲ့သည်မှာ ၁၉၉၀ ပြည့်လွန်ကာလများကဖြစ်သည်။

အခြားသူ၏ မြေနေရာပေါ်တွင် နေအိမ်ဆောက်လုပ်ထားခြင်းဖြစ်ရာ ပိုင်ရှင်ရောက်လာချိန်တွင် မြေနေရာမှ နှင်ထုတ်ခံခဲ့ရသည်။

မာလင်းတို့ မိသားစုမှာ ဆွေမျိုးများထံ သွားရောက်နေထိုင်ခဲ့ရ၏။

သို့သော် မည်သည့်ဆွေမျိုးကမှ ကြာရှည်လက်မခံချင်ခဲ့။

“ကျွန်မတို့ အဘွားအိမ်မှာလည်း နေခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်သူက ကျွန်မတို့ ၁၂ ယောက်အပေါ် ကြာရှည် ကောင်းနိုင်မှာလဲ” ဟု မာလင်းက ပြောသည်။

မာလင်းက ကျောင်းစရိတ်ရရန်အတွက် အသက် ၁၄ နှစ်အရွယ်တွင် စားသောက်ဆိုင်၌ အလုပ်လုပ်ခဲ့ရသည်။

“ကျွန်မက မပြေလည်တဲ့ မိသားစုက လာသူပါ။ သားသမီးအားလုံးကို ကျောင်းထားနိုင်ဖို့ မိဘတွေအတွက် မလွယ်ပါဘူး။ ဒါကြောင့် ပညာရေးဆုံးခန်းတိုင်ဖို့အတွက် ပညာတော်သင်ဆုတွေကနေ နည်းလမ်းရှာခဲ့ရ ပါတယ်” ဟု မာလင်းက ပြောသည်။

မာလင်းသည် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ရရှိသည်အထိ ကြိုးစားနိုင်ခဲ့သည်။

၂၀၀၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ဒူဘိုင်းသို့ ခရီးသွားဗီဇာဖြင့် ရောက်ရှိခဲ့ကာ လက်ဆောင်ပစ္စည်းပုံး တင်ပို့ သည့် ကုမ္ပဏီတစ်ခုတွင် အတွင်းရေးမှူး၊ ကြီးကြပ်ရေးအရာရှိအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ထိုကုမ္ပဏီတွင် လစာ dh ၁၀၀၀ (ကန်ဒေါ်လာ ၂၇၂ ) အပြင် allowance အချို့ ရရှိသည်။

မာလင်းသည် ထိုအလုပ်အပြင် အချိန်ပိုင်းအလုပ် များစွာလည်း လုပ်ကိုင်ခဲ့သည်။

“တခါမှာ ၅ လဆက်တိုက် လစာမရတာ ကြုံရတယ်။ ဒါပေမယ့် ကျွန်မ ရှေ့ဆက်လျှောက်ရပါတယ်။ ငွေဆက်ရှာရတယ်။ ဘာကြောင့်လဲဆို နောက်မှာ ကျန်ခဲ့တဲ့ ဖိလစ်ပိုင်က မိသားစုက ကျွန်မကို အားကိုးနေ ရတာကြောင့်ပါ”

နောက်ပိုင်းတွင် မာလင်းသည် လစာပိုမိုကောင်းမွန်သည့်အလုပ်များ အမြဲရှာဖွေလုပ်ကိုင်ခဲ့ရာ တစ်လလျှင် Dh ၉၀၀၀ (ကန်ဒေါ်လာ ၂၄၅၀) အထိ ရရှိလာခဲ့သည်။

၂၀၀၈ ခုနှစ်တွင် မာလင်းက နေအိမ်အိပ်မက်အတွက် စတင်အကောင်အထည်ဖော်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၊ Pampanga မြို့တွင် မြေကွက်တစ်ခု စတင်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

“ကျွန်မ နတ်သမီးမြို့ (Pampanga) မှာ မြေကွက်တစ်ခု ဝယ်ခဲ့ပါတယ်။ အဲဒီမြေကွက်က ၅ နှစ် အရစ်ကျ ပေးလို့ရပါတယ်။ သာမန်ဝန်ထမ်းအဖြစ် အလုပ်ဝင်နေချိန်မှာ စပြီး ဝယ်ခဲ့တာ ဖြစ်ပါတယ်”

၂၀၁၈ ခုနှစ်တွင် မြေကွက်အတွက် ငွေအကြေပေးသွင်းနိုင်ခဲ့ပြီးနောက် ၃ ထပ်တိုက်တစ်လုံး စတင် ဆောက်လုပ်ခဲ့သည်။

သို့သော် ပုံမှန်ဝင်ငွေ Dh ၉၀၀၀ မျှဖြင့် နောက်ထပ် နေအိမ် ၁၁ လုံး ထပ်မံ ဆောက်လုပ်ရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် မာလင်းက အိပ်မက်ပန်းတိုင်သို့ လမ်းဆက်ဖောက်သည်။

((ကိုယ်ပိုင်လုပ်ငန်း ထူထောင်ခြင်း))

မာလင်းသည် logistic ကုမ္ပဏီ ၃ ခုတွင် ၉ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီးဖြစ်ရာ ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး အထူးကျွမ်းကျင်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင် အလုပ်မှ ထွက်လိုက်ပြီး စီးပွားဖက်တစ်ဦးနှင့်အတူ ၂၀၁၄ ခုနှစ်တွင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု စတင်တည်ထောင်ခဲ့သည်။

သူ၏ မဟာဗျူဟာမှာ ရိုးရှင်းသည်။

ကုမ္ပဏီကိုသာ ကြီးထွားအောင် ထူထောင်၊ အရာရာ ဝင်ရောက်လာလိမ့်မည်ဟု ဖြစ်သည်။ ထို မူဝါဒမှာ အလုပ်ဖြစ်ခဲ့၏။

ကုမ္ပဏီ၏ တိုးတက်မှုမှာ မြန်ဆန်ခဲ့ကြောင်း မာလင်းက ပြောသည်။

“ရလာတဲ့ဝင်ငွေကို မလိုအပ်တာတွေအတွက် မသုံးခဲ့ပါဘူး။ ငွေစုပါတယ်။ အမြဲတမ်း ရင်းနှီးမြှုပ်နှံတဲ့ လမ်းကြောင်းမှာပဲ အမြဲနေပါတယ်။ အလွန်ရိုးရှင်းတဲ့ ဘဝပုံစံနဲ့ပဲ နေပါတယ်။ Luxury တွေ ဘာမှ မရှိပါဘူး။ ရလာတဲ့ဝင်ငွေကို ရင်းနှီးမြှုပ်နှံဖို့ပဲ အမြဲကြိုးစားပါတယ်” ထိုအချိန်တွင် မာလင်းက မောင်နှမများအား ပေးခဲ့သည့်ကတိ အကောင်အထည်ဖော်နိုင်ရန် စတင်ကြိုးစား ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် မောင်နှမများအတွက် နေအိမ်များ စတင်ဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မောင်နှမ ၁၂ ဦးလုံး အတွက် မာလင်းက ကိုယ်ပိုင်အိမ်များ ဝယ်ယူပေးခဲ့ပြီး ဖြစ်သည်။

မာလင်း၏ စီးပွားဖက်မှာ ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးနယ်မှ အနားယူသွားခဲ့ပြီး ကုမ္ပဏီကို မာလင်းတစ်ဦးတည်းပိုင်အဖြစ် လွှဲပြောင်းပေးသွားသည်။

မာလင်း၏ ကုမ္ပဏီအုပ်စုတွင် ယခုအခါ ဝန်ထမ်းပေါင်း ၄၀၀ ဦးရှိရာ ဒူဘိုင်းတွင် ၁၄၀ ဦးနှင့် ဖိလစ်ပိုင်တွင် ၂၆၀ ဦး ဖြစ်သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Dubai: Evicted from family home, Filipino expat buys houses for each of 11 siblings (khaleejtimes)

[Zawgyi]

မိမိတို႔ အိမ္ေဆာက္ေနထုိင္ေသာ ေျမေနရာမွ ေျမရွင္၏ ႏွင္ထုတ္ခံရမႈေၾကာင့္ ေနာင္တခ်ိန္တြင္ ေမာင္ႏွမ ၁၁ ဦးလံုးကို အိမ္ဝယ္ေပးမည္ဟု ကတိေပးခဲ့သူ ဖိလစ္ပိုင္မိန္းကေလး အလုပ္ၾကိဳးစားလုပ္ကိုင္ကာ ကတိအတိုင္း ေမာင္ႏွမအားလံုးကို အိမ္ဝယ္ေပးႏိုင္ခဲ့

မာလင္း ဖေလာရက္စ္ ကက္စ္ထရိုသည္ မိမိႏွင့္ ေမြးခ်င္း ၁၁ ဦးကို ဖိလစ္ပိုင္ႏိုင္ငံ၊ Pampanga ျပည္နယ္ရွိ ေနအိမ္မွ ႏွင္ထုတ္ခံရေသာေန႔ရက္ကို ထာဝရ ေမ့ေပ်ာက္ႏိုင္လိမ့္မည္ မဟုတ္ေခ်။

ထို႔ေၾကာင့္ မာလင္းက ေမာင္ႏွမမ်ားအားလံုးကို ေနာင္တခ်ိန္တြင္ အိမ္ဝယ္ေပးမည္ဟု ကတိေပး ခဲ့သည္။

“အိမ္ရာမဲ့ျဖစ္မယ့္ အေျခအေနမ်ဳိးနဲ႔ ကၽြန္မတို႔ ရင္ဆိုင္ခဲ့ရပါတယ္။ ေမာင္ႏွမ ၁၁ ေယာက္ကို အိမ္နဲ႔ ေျမကြက္ ဝယ္ေပးႏိုင္ေအာင္ ၾကိဳးစားမယ္လို႔ ကတိေပးခဲ့ပါတယ္” ဟု ယခုအခါ အသက္ ၄၅ ႏွစ္ရွိျပီျဖစ္ေသာ မာလင္းက ေျပာသည္။

ေမာင္ႏွမမ်ားတြင္ မာလင္းက ပဥၥမေျမာက္ ျဖစ္သည္။

“အလုပ္ရတဲ့အခါ အိမ္ဝယ္ဖုိ႔အတြက္ အဓိကဦးစားေပးမယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ကတိျပဳခဲ့ပါတယ္”

ဒူဘိုင္းရွိ အလုပ္အကိုင္အခြင့္အလမ္းမ်ားေၾကာင့္ မာလင္းက ေမာင္ႏွမမ်ားအေပၚ ထားခဲ့ေသာ ကတိကို ျဖည့္ဆည္းေပးႏိုင္ခဲ့သည္။

((ေနစရာ ေပ်ာက္ဆံုးျခင္း))

မာလင္းတို႔ ေနအိမ္ဆံုးရံႈးခဲ့သည္မွာ ၁၉၉၀ ျပည့္လြန္ကာလမ်ားကျဖစ္သည္။

အျခားသူ၏ ေျမေနရာေပၚတြင္ ေနအိမ္ေဆာက္လုပ္ထားျခင္းျဖစ္ရာ ပိုင္ရွင္ေရာက္လာခ်ိန္တြင္ ေျမေနရာမွ ႏွင္ထုတ္ခံခဲ့ရသည္။

မာလင္းတို႔ မိသားစုမွာ ေဆြမ်ဳိးမ်ားထံ သြားေရာက္ေနထုိင္ခဲ့ရ၏။

သို႔ေသာ္ မည္သည့္ေဆြမ်ဳိးကမွ ၾကာရွည္လက္မခံခ်င္ခဲ့။

“ကၽြန္မတို႔ အဘြားအိမ္မွာလည္း ေနခဲ့ၾကပါတယ္။ ဒါေပမယ့္ ဘယ္သူက ကၽြန္မတို႔ ၁၂ ေယာက္အေပၚ ၾကာရွည္ ေကာင္းႏိုင္မွာလဲ” ဟု မာလင္းက ေျပာသည္။

မာလင္းက ေက်ာင္းစရိတ္ရရန္အတြက္ အသက္ ၁၄ ႏွစ္အရြယ္တြင္ စားေသာက္ဆိုင္၌ အလုပ္လုပ္ခဲ့ရသည္။

“ကၽြန္မက မေျပလည္တဲ့ မိသားစုက လာသူပါ။ သားသမီးအားလံုးကို ေက်ာင္းထားႏိုင္ဖုိ႔ မိဘေတြအတြက္ မလြယ္ပါဘူး။ ဒါေၾကာင့္ ပညာေရးဆံုးခန္းတိုင္ဖုိ႔အတြက္ ပညာေတာ္သင္ဆုေတြကေန နည္းလမ္းရွာခဲ့ရ ပါတယ္” ဟု မာလင္းက ေျပာသည္။

မာလင္းသည္ စီးပြားေရးႏွင့္ ဘ႑ာေရးဆိုင္ရာ ဘြဲ႔ရရွိသည္အထိ ၾကိဳးစားႏိုင္ခဲ့သည္။

၂၀၀၅ ခုႏွစ္၊ မတ္လ ၃၁ ရက္တြင္ ဒူဘိုင္းသို႔ ခရီးသြားဗီဇာျဖင့္ ေရာက္ရွိခဲ့ကာ လက္ေဆာင္ပစၥည္းပံုး တင္ပို႔ သည့္ ကုမၸဏီတစ္ခုတြင္ အတြင္းေရးမွဴး၊ ၾကီးၾကပ္ေရးအရာရွိအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

ထုိကုမၸဏီတြင္ လစာ dh ၁၀၀၀ (ကန္ေဒၚလာ ၂၇၂ ) အျပင္ allowance အခ်ဳိ႕ ရရွိသည္။

မာလင္းသည္ ထိုအလုပ္အျပင္ အခ်ိန္ပိုင္းအလုပ္ မ်ားစြာလည္း လုပ္ကိုင္ခဲ့သည္။

“တခါမွာ ၅ လဆက္တိုက္ လစာမရတာ ၾကံဳရတယ္။ ဒါေပမယ့္ ကၽြန္မ ေရွ႕ဆက္ေလွ်ာက္ရပါတယ္။ ေငြဆက္ရွာရတယ္။ ဘာေၾကာင့္လဲဆို ေနာက္မွာ က်န္ခဲ့တဲ့ ဖိလစ္ပိုင္က မိသားစုက ကၽြန္မကို အားကိုးေန ရတာေၾကာင့္ပါ”

ေနာက္ပိုင္းတြင္ မာလင္းသည္ လစာပိုမိုေကာင္းမြန္သည့္အလုပ္မ်ား အျမဲရွာေဖြလုပ္ကိုင္ခဲ့ရာ တစ္လလွ်င္ Dh ၉၀၀၀ (ကန္ေဒၚလာ ၂၄၅၀) အထိ ရရွိလာခဲ့သည္။

၂၀၀၈ ခုႏွစ္တြင္ မာလင္းက ေနအိမ္အိပ္မက္အတြက္ စတင္အေကာင္အထည္ေဖာ္ခဲ့သည္။

ဖိလစ္ပိုင္ႏိုင္ငံ၊ Pampanga ျမိဳ႕တြင္ ေျမကြက္တစ္ခု စတင္ဝယ္ယူခဲ့ျခင္းျဖစ္သည္။

“ကၽြန္မ နတ္သမီးျမိဳ႕ (Pampanga) မွာ ေျမကြက္တစ္ခု ဝယ္ခဲ့ပါတယ္။ အဲဒီေျမကြက္က ၅ ႏွစ္ အရစ္က် ေပးလို႔ရပါတယ္။ သာမန္ဝန္ထမ္းအျဖစ္ အလုပ္ဝင္ေနခ်ိန္မွာ စျပီး ဝယ္ခဲ့တာ ျဖစ္ပါတယ္” ၂၀၁၈ ခုႏွစ္တြင္ ေျမကြက္အတြက္ ေငြအေၾကေပးသြင္းႏိုင္ခဲ့ျပီးေနာက္ ၃ ထပ္တိုက္တစ္လံုး စတင္ ေဆာက္လုပ္ခဲ့သည္။

သို႔ေသာ္ ပံုမွန္ဝင္ေငြ Dh ၉၀၀၀ မွ်ျဖင့္ ေနာက္ထပ္ ေနအိမ္ ၁၁ လံုး ထပ္မံ ေဆာက္လုပ္ရန္ မျဖစ္ႏိုင္ေခ်။

ထို႔ေၾကာင့္ မာလင္းက အိပ္မက္ပန္းတိုင္သို႔ လမ္းဆက္ေဖာက္သည္။

((ကိုယ္ပိုင္လုပ္ငန္း ထူေထာင္ျခင္း))

မာလင္းသည္ logistic ကုမၸဏီ ၃ ခုတြင္ ၉ ႏွစ္ခန္႔ လုပ္ကိုင္ခဲ့ျပီးျဖစ္ရာ ကုန္သြယ္ေရးႏွင့္ ပတ္သက္ျပီး အထူးကၽြမ္းက်င္ေနျပီ ျဖစ္သည္။

ေနာက္ဆံုးတြင္ အလုပ္မွ ထြက္လိုက္ျပီး စီးပြားဖက္တစ္ဦးႏွင့္အတူ ၂၀၁၄ ခုႏွစ္တြင္ ကိုယ္ပိုင္ကုမၸဏီတစ္ခု စတင္တည္ေထာင္ခဲ့သည္။

သူ၏ မဟာဗ်ဴဟာမွာ ရိုးရွင္းသည္။

ကုမၸဏီကိုသာ ၾကီးထြားေအာင္ ထူေထာင္၊ အရာရာ ဝင္ေရာက္လာလိမ့္မည္ဟု ျဖစ္သည္။ ထို မူဝါဒမွာ အလုပ္ျဖစ္ခဲ့၏။

ကုမၸဏီ၏ တိုးတက္မႈမွာ ျမန္ဆန္ခဲ့ေၾကာင္း မာလင္းက ေျပာသည္။

“ရလာတဲ့ဝင္ေငြကို မလိုအပ္တာေတြအတြက္ မသံုးခဲ့ပါဘူး။ ေငြစုပါတယ္။ အျမဲတမ္း ရင္းႏွီးျမွဳပ္ႏွံတဲ့ လမ္းေၾကာင္းမွာပဲ အျမဲေနပါတယ္။ အလြန္ရိုးရွင္းတဲ့ ဘဝပံုစံနဲ႔ပဲ ေနပါတယ္။ Luxury ေတြ ဘာမွ မရွိပါဘူး။ ရလာတဲ့ဝင္ေငြကို ရင္းႏွီးျမွဳပ္ႏွံဖို႔ပဲ အျမဲၾကိဳးစားပါတယ္” ထိုအခ်ိန္တြင္ မာလင္းက ေမာင္ႏွမမ်ားအား ေပးခဲ့သည့္ကတိ အေကာင္အထည္ေဖာ္ႏိုင္ရန္ စတင္ၾကိဳးစား ခဲ့သည္။

၂၀၂၁ ခုႏွစ္တြင္ ေမာင္ႏွမမ်ားအတြက္ ေနအိမ္မ်ား စတင္ဝယ္ယူခဲ့ျပီး ၂၀၂၃ ခုႏွစ္တြင္ ေမာင္ႏွမ ၁၂ ဦးလံုး အတြက္ မာလင္းက ကိုယ္ပိုင္အိမ္မ်ား ဝယ္ယူေပးခဲ့ျပီး ျဖစ္သည္။

မာလင္း၏ စီးပြားဖက္မွာ ၂၀၂၃ ခုႏွစ္အတြင္း စီးပြားေရးနယ္မွ အနားယူသြားခဲ့ျပီး ကုမၸဏီကို မာလင္းတစ္ဦးတည္းပိုင္အျဖစ္ လႊဲေျပာင္းေပးသြားသည္။

မာလင္း၏ ကုမၸဏီအုပ္စုတြင္ ယခုအခါ ဝန္ထမ္းေပါင္း ၄၀၀ ဦးရွိရာ ဒူဘိုင္းတြင္ ၁၄၀ ဦးႏွင့္ ဖိလစ္ပိုင္တြင္ ၂၆၀ ဦး ျဖစ္သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Dubai: Evicted from family home, Filipino expat buys houses for each of 11 siblings (khaleejtimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service