ပလတ်စတစ်ဘူးများမှ ရေသန့်များ သောက်သုံးခြင်းမှာ သွေးပေါင်တက်စေနိုင်ကြောင်း သြစထရီးယား ဆေးသုတေသနအဖွဲ့က အံ့အားသင့်ဖွယ် တွေ့ရှိ

ပလတ်စတစ်ဘူးများမှ ရေသန့်များ သောက်သုံးခြင်းမှာ သွေးပေါင်တက်စေနိုင်ကြောင်း သြစထရီးယား ဆေးသုတေသနအဖွဲ့က အံ့အားသင့်ဖွယ် တွေ့ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
13 Aug 2024 1:34 pm တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

သင်၏ လက်တကမ်း အနီးဝန်းကျင်မှ ပလတ်စတစ်ပစ္စည်းများအကြောင်း စဉ်းစားတွေးတောဖူးပါသလား။

ပလတ်စတစ်ပစ္စည်းများကို နေရာတိုင်းတွင် တွေ့ရသည်။

နယ်ပယ်ကဏ္ဍစုံတွင် ပလတ်စတစ်ပစ္စည်းများ အသုံးပြုကြရာ စားသောက်ကုန်များ သယ်ဆောင်သည့် ပလတ်စတစ်အိတ်များမှသည် ရေသန့်ဘူးများအထိ မျိုးစုံအသုံးပြုကြသည်။

ထိုပစ္စည်းတို့တွင် သဘာဝပတ်ဝန်းကျင်ရေးရာ ရတက်မအေးဖြစ်မှုများအပြင် အခြားအန္တရာယ်များလည်း ရှိနေသည်။

သြစထရီးယားနိုင်ငံ၊ Danube Private University ၏ ဆေးပညာဌာနမှ သုတေသနအဖွဲ့တစ်ခုက ရေသန့်ဘူး များနှင့် စပ်လျဉ်းသည့် သုတေသနတစ်ခုပြုလုပ်ခဲ့ကြသည်။

၎င်းတို့၏ လေ့လာတွေ့ရှိချက်များအရ ရေသန့်ဘူးများမှ ရေသောက်သုံးခြင်းမှာ သွေးပေါင်တက်စေသည့် ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်ရနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

((ပလတ်စတစ်ဘူးတို့၏ မမြင်ရသော ခြိမ်းခြောက်မှုများ))

ရေသန့်ဘူးများထဲရှိ မိုက္ကရို ပလတ်စတစ်အမှုန်များသည် သွေးကြောများအတွင်း ရောက်ရှိသွားပြီး သွေးပေါင်ချိန် မြင့်တက်စေမှု ဖြစ်ပေါ်ခြင်းဖြစ်သည်။

(ဆက်စပ်သတင်း)

ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်များတွေ့ရှိ

https://www.imyanmarhouse.com/news/read/1104215

အံ့အားသင့်ဖွယ် တွေ့ရှိမှုမှာ ထိုမျှဖြင့် မပြီးသေး။

မိုက္ကရို ပလတ်စတစ်အမှုန်တို့သည် ပလတ်စတစ်ဘူးများတွင်သာ တွေ့ရသည်မဟုတ်။ ဖန်ဖြင့်ပြုလုပ်ထားသော ဘူးများတွင်လည်း တွေ့ရသည်ဟု ဆိုသည်။

သုတေသန စမ်းသပ်ချက်တွင် ပါဝင်သူတို့သည် ဖန်ပုလင်း၊ ပလတ်စတစ်ဘူးများမှ ရေကို သောက်သုံးရာမှ ရေပိုက်ခေါင်းမှလာသော ရေကို ပြောင်းလဲသောက်သုံးစေရာ သွေးပေါင်ချိန်ကျဆင်းသွားမှုကို သုတေသန ပညာရှင်တို့ တွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိချက်ကြောင့် မိုက္ကရို ပလတ်စတစ်အမှုန်တို့၏ တိုက်ရိုက်မဟုတ်သော်လည်း ကျန်းမာရေးအပေါ် ဆိုးရွားသော ခြိမ်းခြောက်မှုများရှိသည့် အလားအလာနှင့် စပ်လျဉ်းပြီး မေးခွန်းများ ထွက်ပေါ်လာစေသည်။

ခြုံငုံ၍ ဆိုရလျှင် သွေးပေါင်တက်ခြင်းသည် နှလုံးရောဂါ၏ အခြေခံအကြောင်းရင်းတစ်ခု ဖြစ်သည်။

“သုတေသန ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ အနှစ်ချုပ် ကောက်ချက်ဆွဲတာ ကတော့ ပလတ်စတစ်ဘူးတွေနဲ့ ထည့်ထားတဲ့ အဖျော်ယမကာတွေကို ရှောင်ကြဉ်သင့်တယ် ဆိုတာပါပဲ” ဟု သြစထရီးယား သုတေသနအဖွဲ့က ပြောသည်။

ပလတ်စတစ်ဘူး အသုံးပြုမှု ကျဆင်းသွားသည်နှင့်အမျှ သွေးတွင်းတွင် ပလတ်စတစ်အမှုန်ပမာဏ ကျဆင်း သွားမှုကြောင့် သွေးပေါင် ပုံမှန်ဖြစ်စေနိုင်သည်ကိုလည်း သုတေသနအဖွဲ့က တွေ့ရှိခဲ့သည်။

အဆိုပါတွေ့ရှိချက်မှာ အထူးအရေးပါရုံမျှမက သေခြင်းနှင့် ရှင်ခြင်းအတွက် အဆုံးအဖြတ်အကြောင်းရပ် ဖြစ်လာနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Drinking from plastic bottles raises your blood pressure (earth)

 

 

[Zawgyi]

 

ပလတ္စတစ္ဘူးမ်ားမွ ေရသန္႔မ်ား ေသာက္သံုးျခင္းမွာ ေသြးေပါင္တက္ေစႏိုင္ေၾကာင္း ၾသစထရီးယား ေဆးသုေတသနအဖြဲ႔က အံ့အားသင့္ဖြယ္ ေတြ႔ရွိ

သင္၏ လက္တကမ္း အနီးဝန္းက်င္မွ ပလတ္စတစ္ပစၥည္းမ်ားအေၾကာင္း စဥ္းစားေတြးေတာဖူးပါသလား။

ပလတ္စတစ္ပစၥည္းမ်ားကို ေနရာတိုင္းတြင္ ေတြ႔ရသည္။

နယ္ပယ္က႑စံုတြင္ ပလတ္စတစ္ပစၥည္းမ်ား အသံုးျပဳၾကရာ စားေသာက္ကုန္မ်ား သယ္ေဆာင္သည့္ ပလတ္စတစ္အိတ္မ်ားမွသည္ ေရသန္႔ဘူးမ်ားအထိ မ်ဳိးစံုအသံုးျပဳၾကသည္။

ထိုပစၥည္းတို႔တြင္ သဘာဝပတ္ဝန္းက်င္ေရးရာ ရတက္မေအးျဖစ္မႈမ်ားအျပင္ အျခားအႏၱရာယ္မ်ားလည္း ရွိေနသည္။

ၾသစထရီးယားႏိုင္ငံ၊ Danube Private University ၏ ေဆးပညာဌာနမွ သုေတသနအဖြဲ႔တစ္ခုက ေရသန္႔ဘူး မ်ားႏွင့္ စပ္လ်ဥ္းသည့္ သုေတသနတစ္ခုျပဳလုပ္ခဲ့ၾကသည္။

၎တို႔၏ ေလ့လာေတြ႔ရွိခ်က္မ်ားအရ ေရသန္႔ဘူးမ်ားမွ ေရေသာက္သံုးျခင္းမွာ ေသြးေပါင္တက္ေစသည့္ က်န္းမာေရးျပႆနာႏွင့္ ရင္ဆိုင္ရႏိုင္ေၾကာင္း ေတြ႔ရွိခဲ့သည္ဟု ဆိုသည္။

((ပလတ္စတစ္ဘူးတို႔၏ မျမင္ရေသာ ျခိမ္းေျခာက္မႈမ်ား))

ေရသန္႔ဘူးမ်ားထဲရွိ မိုကၠရို ပလတ္စတစ္အမႈန္မ်ားသည္ ေသြးေၾကာမ်ားအတြင္း ေရာက္ရွိသြားျပီး ေသြးေပါင္ခ်ိန္ ျမင့္တက္ေစမႈ ျဖစ္ေပၚျခင္းျဖစ္သည္။

(ဆက္စပ္သတင္း)

ေရသန္႔ဘူးမ်ားထဲတြင္ မ်က္စိျဖင့္ မျမင္ႏိုင္ေသာ နာႏိုပလတ္စတစ္အမႈန္ေပါင္း ၃၇၀,၀၀၀ ခန္႔ ပါဝင္ေၾကာင္း အေမရိကန္ သိပၸံပညာရွင္မ်ားေတြ႔ရွိ

https://www.imyanmarhouse.com/news/read/1104215

အံ့အားသင့္ဖြယ္ ေတြ႔ရိွမႈမွာ ထိုမွ်ျဖင့္ မျပီးေသး။

မိုကၠရို ပလတ္စတစ္အမႈန္တို႔သည္ ပလတ္စတစ္ဘူးမ်ားတြင္သာ ေတြ႔ရသည္မဟုတ္။ ဖန္ျဖင့္ျပဳလုပ္ထားေသာ ဘူးမ်ားတြင္လည္း ေတြ႔ရသည္ဟု ဆိုသည္။

သုေတသန စမ္းသပ္ခ်က္တြင္ ပါဝင္သူတို႔သည္ ဖန္ပုလင္း၊ ပလတ္စတစ္ဘူးမ်ားမွ ေရကို ေသာက္သံုးရာမွ ေရပိုက္ေခါင္းမွလာေသာ ေရကို ေျပာင္းလဲေသာက္သံုးေစရာ ေသြးေပါင္ခ်ိန္က်ဆင္းသြားမႈကို သုေတသန ပညာရွင္တုိ႔ ေတြ႔ရွိခဲ့သည္။

အဆိုပါ ေတြ႔ရွိခ်က္ေၾကာင့္ မိုကၠရို ပလတ္စတစ္အမႈန္တို႔၏ တိုက္ရိုက္မဟုတ္ေသာ္လည္း က်န္းမာေရးအေပၚ ဆိုးရြားေသာ ျခိမ္းေျခာက္မႈမ်ားရွိသည့္ အလားအလာႏွင့္ စပ္လ်ဥ္းျပီး ေမးခြန္းမ်ား ထြက္ေပၚလာေစသည္။

ျခံဳငံု၍ ဆိုရလွ်င္ ေသြးေပါင္တက္ျခင္းသည္ ႏွလံုးေရာဂါ၏ အေျခခံအေၾကာင္းရင္းတစ္ခု ျဖစ္သည္။

“သုေတသန က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္ခဲ့ျပီးတဲ့ေနာက္ ကၽြန္ေတာ္တို႔ အႏွစ္ခ်ဳပ္ ေကာက္ခ်က္ဆြဲတာ ကေတာ့ ပလတ္စတစ္ဘူးေတြနဲ႔ ထည့္ထားတဲ့ အေဖ်ာ္ယမကာေတြကို ေရွာင္ၾကဥ္သင့္တယ္ ဆိုတာပါပဲ” ဟု ၾသစထရီးယား သုေတသနအဖြဲ႔က ေျပာသည္။

ပလတ္စတစ္ဘူး အသံုးျပဳမႈ က်ဆင္းသြားသည္ႏွင့္အမွ် ေသြးတြင္းတြင္ ပလတ္စတစ္အမႈန္ပမာဏ က်ဆင္း သြားမႈေၾကာင့္ ေသြးေပါင္ ပံုမွန္ျဖစ္ေစႏိုင္သည္ကိုလည္း သုေတသနအဖြဲ႔က ေတြ႔ရွိခဲ့သည္။

အဆိုပါေတြ႔ရွိခ်က္မွာ အထူးအေရးပါရံုမွ်မက ေသျခင္းႏွင့္ ရွင္ျခင္းအတြက္ အဆံုးအျဖတ္အေၾကာင္းရပ္ ျဖစ္လာႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Drinking from plastic bottles raises your blood pressure (earth)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service