လော့စ်အိန်ဂျလိမြို့လယ် ရုံးခန်းတာဝါကြီးတစ်ခုကို ပိုင်ရှင်ဖြစ်သူက တရုတ်လုပ်ငန်းရှင်တစ်ဦးထံ ဒေါ်လာ သန်း ၁၀၀ ကျော် အရှုံးခံကာ ကန်ဒေါ်လာ သန်း ၆၀ မျှဖြင့် ရောင်းချ

လော့စ်အိန်ဂျလိမြို့လယ် ရုံးခန်းတာဝါကြီးတစ်ခုကို ပိုင်ရှင်ဖြစ်သူက တရုတ်လုပ်ငန်းရှင်တစ်ဦးထံ ဒေါ်လာ သန်း ၁၀၀ ကျော် အရှုံးခံကာ ကန်ဒေါ်လာ သန်း ၆၀ မျှဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
13 Aug 2024 1:17 pm တွင် တင်ခဲ့သည်
903 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လော့စ်အိန်ဂျလိမြို့လယ်ရှိ ၂၅ ထပ် ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်ခုကို အမည်မဖော်သော တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံသူတစ်ဦးက ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ဝယ်ယူလိုက်ကြောင်း The Real Deal က ဖော်ပြသည်။

ရောင်းချလိုက်သောပိုင်ရှင်က အဆိုပါတာဝါကြီးကို ရောင်းချရာတွင် ဝယ်ဈေးအောက် ဒေါ်လာ ၁၁၈ သန်း ကျော် နည်းပါးခဲ့သည်။

လော့စ်အိန်ဂျလိမြို့လယ်၊ South Park အရပ် ၊ South Figueroa လမ်း၊ အမှတ် ၈၀၁ တွင် တည်ရှိပြီး 801 Tower ဟု အမည်ပေးထားကာ ကြမ်းခင်းဧရိယာ စတုရန်းပေ ၄၆၅,၂၀၀ ရှိကြောင်း Commercial Observer သတင်းဌာနက ဖော်ပြသည်။

ရောင်းချသူမှာ အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်အခြေစိုက် Barings ကုမ္ပဏီ ဖြစ်သည်။

ရောင်းချချိန်တွင် အဆောက်အအုံကြီး၏ ရုံးခန်း ၇၉ ရာခိုင်နှုန်းကို အငှားချထားသည်။

ယခု အရောင်းအဝယ် ဈေးနှုန်းအရ ၁ စတုရန်းပေလျှင် ၁၂၉ ဒေါ်လာ ကျသင့်သည်။

Barings က ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၇၈ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ၁ စတုရန်းပေလျှင် ၃၈၃ ဒေါ်လာ ပေးခဲ့ရသည်။

ထိုနှစ်ကုန်ပိုင်းတွင် New York Life အာမခံကုမ္ပဏီက ယခုအဆောက်အအုံကြီးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေထုတ်ပေးခဲ့သည်ဟု ဆိုသည်။

ငွေထုတ်ချေးပေးသော New York Life က တရားရုံးမှ သိမ်းယူမိန့်ထုတ်ကာ ရောင်းချခံရမည့်အရေး ရှောင်လွှဲနိုင်ရန်အတွက် Barings မှ တရုတ်ဝယ်လက်ထံ ရောင်းချမည့် အစီအစဉ်ကို သဘောတူခဲ့သည်။

801 Tower ရောင်းချပေးခဲ့သည်မှာ Eastdil Secured အိမ်ခြံမြေကုမ္ပဏီမှဖြစ်ပြီး ဝယ်လက်ဘက်မှ ကိုယ်စားပြု သည်မှာ Asia Pacific Capital (APC) အိမ်ခြံမြေကုမ္ပဏီ ဖြစ်သည်။

“ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ (အိမ်ခြံမြေ) ဈေးကွက်ထဲကို ဝင်ဖို့ အကောင်းဆုံးအချိန်ပါပဲ” ဟု APC ၏ မန်နေးဂျင်း ဒါရိုက်တာ Roger Li က ပြောသည်။

801 Tower ကို Figueroa လမ်းနှင့် ၈ လမ်းထောင့်တွင် ၁၉၉၂ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်း ရောင် ပြတင်းများ၊ ပန်းရောင်နှင့်အစိမ်းရောင် နှမ်းဖတ်ကျောက်တို့ဖြင့် အပြင်ပိုင်းကို ဆောက်လုပ် ထားသည်။

၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်ကာလအတွင်း လော့စ်အိန်ဂျလိမြို့လယ်တွင် ရုံးခန်းလွတ် ပမာဏမှာ ၂၈ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်။

ထိုသို့ ရုံးခန်းနေရာ ကျဆင်းမှု၏ အကြောင်းရင်းတစ်ခုမှာ အဝေးမှ အလုပ်လုပ်ခြင်းပုံစံသို့ များစွာကူးပြောင်းနေ ကြသောကြောင့်ဖြစ်ကြောင်း CBRE က ဖော်ပြသည်။

ထိုသို့သော အခြေအနေများကြောင့် ရုံးခန်းအဆောက်အအုံပိုင်ရှင်များအနေဖြင့် ငွေချေးရမှု များပြားလာခြင်း၊ ချေးငွေပြန်မဆပ်နိုင်ခြင်းများ ရင်ဆိုင်လာရရာ ရုံးခန်းဈေးကွက်မှာ ထိုးကျသွားသည်။

ယခုလအတွင်း လော့စ်အိန်ဂျလိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပဉ္စမရိပ်သာလမ်း၊ အမှတ် ၅၅၅ ရှိ ၅၂ ထပ်မြင့်မား သော Gas Company Tower အမည်ရှိ အဆောက်အအုံကြီးကို တရားရုံးအမိန့်ဖြင့် ရောင်းချခြင်း မပြုမီ ကန်ဒေါ်လာ ၂၁၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

၁ စတုရန်းပေလျှင် ၁၅၄ ဒေါ်လာနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကပ်ဘေးမတိုင်မီက ထိုအဆောက်အအုံကြီး၏ ပေါက်ဈေးမှာ ကန်ဒေါ်လာ သန်း ၆၃၀ ရှိခဲ့ပြီး ၁ စတုရန်းပေလျှင် ၅၂၇ ဒေါ်လာ ဈေးပေါက်ခဲ့သည်။

(ဆက်စပ်သတင်း)

လော့စ်အိန်ဂျလိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က မြို့လယ်မိုးမျှော်တိုက်ကြီးကို ဝယ်ယူရန်စီစဉ်

https://www.imyanmarhouse.com/news/read/1119385

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese investor buys 801 Tower office building in LA for $60M (therealdeal)

[Zawgyi]

ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ ရံုးခန္းတာဝါၾကီးတစ္ခုကို ပိုင္ရွင္ျဖစ္သူက တရုတ္လုပ္ငန္းရွင္တစ္ဦးထံ ေဒၚလာ သန္း ၁၀၀ ေက်ာ္ အရံႈးခံကာ ကန္ေဒၚလာ သန္း ၆၀ မွ်ျဖင့္ ေရာင္းခ်

ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ရွိ ၂၅ ထပ္ ရံုးခန္းတာဝါ အေဆာက္အအံုၾကီးတစ္ခုကို အမည္မေဖာ္ေသာ တရုတ္ျပည္မွ ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးက ကန္ေဒၚလာ သန္း ၆၀ ျဖင့္ ဝယ္ယူလိုက္ေၾကာင္း The Real Deal က ေဖာ္ျပသည္။

ေရာင္းခ်လိုက္ေသာပိုင္ရွင္က အဆိုပါတာဝါၾကီးကို ေရာင္းခ်ရာတြင္ ဝယ္ေစ်းေအာက္ ေဒၚလာ ၁၁၈ သန္း ေက်ာ္ နည္းပါးခဲ့သည္။ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္၊ South Park အရပ္ ၊ South Figueroa လမ္း၊ အမွတ္ ၈၀၁ တြင္ တည္ရွိျပီး 801 Tower ဟု အမည္ေပးထားကာ ၾကမ္းခင္းဧရိယာ စတုရန္းေပ ၄၆၅,၂၀၀ ရွိေၾကာင္း Commercial Observer သတင္းဌာနက ေဖာ္ျပသည္။

ေရာင္းခ်သူမွာ အေမရိကန္ျပည္ေထာင္စု၊ ေျမာက္ကာရိုလိုင္းနားျပည္နယ္အေျခစိုက္ Barings ကုမၸဏီ ျဖစ္သည္။

ေရာင္းခ်ခ်ိန္တြင္ အေဆာက္အအံုၾကီး၏ ရံုးခန္း ၇၉ ရာခိုင္ႏႈန္းကို အငွားခ်ထားသည္။

ယခု အေရာင္းအဝယ္ ေစ်းႏႈန္းအရ ၁ စတုရန္းေပလွ်င္ ၁၂၉ ေဒၚလာ က်သင့္သည္။

Barings က ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၇၈ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ၁ စတုရန္းေပလွ်င္ ၃၈၃ ေဒၚလာ ေပးခဲ့ရသည္။

ထိုႏွစ္ကုန္ပိုင္းတြင္ New York Life အာမခံကုမၸဏီက ယခုအေဆာက္အအံုၾကီးအတြက္ ကန္ေဒၚလာ သန္း ၁၀၀ ေခ်းေငြထုတ္ေပးခဲ့သည္ဟု ဆိုသည္။

ေငြထုတ္ေခ်းေပးေသာ New York Life က တရားရံုးမွ သိမ္းယူမိန္႔ထုတ္ကာ ေရာင္းခ်ခံရမည့္အေရး ေရွာင္လႊဲႏိုင္ရန္အတြက္ Barings မွ တရုတ္ဝယ္လက္ထံ ေရာင္းခ်မည့္ အစီအစဥ္ကို သေဘာတူခဲ့သည္။

801 Tower ေရာင္းခ်ေပးခဲ့သည္မွာ Eastdil Secured အိမ္ျခံေျမကုမၸဏီမွျဖစ္ျပီး ဝယ္လက္ဘက္မွ ကိုယ္စားျပဳ သည္မွာ Asia Pacific Capital (APC) အိမ္ျခံေျမကုမၸဏီ ျဖစ္သည္။

“ရင္းႏွီးျမွဳပ္ႏွံသူေတြအေနနဲ႔ (အိမ္ျခံေျမ) ေစ်းကြက္ထဲကို ဝင္ဖုိ႔ အေကာင္းဆံုးအခ်ိန္ပါပဲ” ဟု APC ၏ မန္ေနးဂ်င္း ဒါရိုက္တာ Roger Li က ေျပာသည္။

801 Tower ကို Figueroa လမ္းႏွင့္ ၈ လမ္းေထာင့္တြင္ ၁၉၉၂ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေက်ာက္စိမ္း ေရာင္ ျပတင္းမ်ား၊ ပန္းေရာင္ႏွင့္အစိမ္းေရာင္ ႏွမ္းဖတ္ေက်ာက္တို႔ျဖင့္ အျပင္ပိုင္းကို ေဆာက္လုပ္ ထားသည္။

၂၀၂၄ ခုႏွစ္၊ ပထမ ၃ လပတ္ကာလအတြင္း ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္တြင္ ရံုးခန္းလြတ္ ပမာဏမွာ ၂၈ ဒသမ ၈ ရာခိုင္ႏႈန္း ရွိသည္။

ထိုသို႔ ရံုးခန္းေနရာ က်ဆင္းမႈ၏ အေၾကာင္းရင္းတစ္ခုမွာ အေဝးမွ အလုပ္လုပ္ျခင္းပံုစံသို႔ မ်ားစြာကူးေျပာင္းေန ၾကေသာေၾကာင့္ျဖစ္ေၾကာင္း CBRE က ေဖာ္ျပသည္။

ထိုသို႔ေသာ အေျခအေနမ်ားေၾကာင့္ ရံုးခန္းအေဆာက္အအံုပိုင္ရွင္မ်ားအေနျဖင့္ ေငြေခ်းရမႈ မ်ားျပားလာျခင္း၊ ေခ်းေငြျပန္မဆပ္ႏိုင္ျခင္းမ်ား ရင္ဆိုင္လာရရာ ရံုးခန္းေစ်းကြက္မွာ ထိုးက်သြားသည္။

ယခုလအတြင္း ေလာ့စ္အိန္ဂ်လိ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ပဥၥမရိပ္သာလမ္း၊ အမွတ္ ၅၅၅ ရွိ ၅၂ ထပ္ျမင့္မား ေသာ Gas Company Tower အမည္ရွိ အေဆာက္အအံုၾကီးကို တရားရံုးအမိန္႔ျဖင့္ ေရာင္းခ်ျခင္း မျပဳမီ ကန္ေဒၚလာ ၂၁၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

၁ စတုရန္းေပလွ်င္ ၁၅၄ ေဒၚလာႏႈန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ကိုဗစ္ကပ္ေဘးမတိုင္မီက ထိုအေဆာက္အအံုၾကီး၏ ေပါက္ေစ်းမွာ ကန္ေဒၚလာ သန္း ၆၃၀ ရွိခဲ့ျပီး ၁ စတုရန္းေပလွ်င္ ၅၂၇ ေဒၚလာ ေစ်းေပါက္ခဲ့သည္။

(ဆက္စပ္သတင္း)

ေလာ့စ္အိန္ဂ်လိ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ျမိဳ႕လယ္မိုးေမွ်ာ္တိုက္ၾကီးကို ဝယ္ယူရန္စီစဥ္

https://www.imyanmarhouse.com/news/read/1119385

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese investor buys 801 Tower office building in LA for $60M (therealdeal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service