ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
Warren Buffett ၏ Berkshire Hathaway သည် Apple ၏ ရှယ်ယာ ထက်ဝက်နီးပါး ရောင်းထုတ်လိုက်ရာ ရေရှည်ကိုသာ မျှော်တွေးတတ်သော Warren Buffett ၏ အံ့အားသင့်ဖွယ် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။
အိုမာဟာမြို့အခြေစိုက် Berkshire Hathaway က ဒုတိယ ၃ လပတ် ဝင်ငွေကို ထုတ်ပြန်ခဲ့ရာတွင် ယခုနှစ် ဒုတိယ ၃ လပတ်ကုန်၌ Berkshire Hathaway သည် iPhone ထုတ်လုပ်သူ Apple ၏ ရှယ်ယာ ကန်ဒေါ်လာ ၈၄ ဒသမ ၂ ဘီလီယံဖိုး ပိုင်ဆိုင်ထားကြောင်း ဖော်ပြခဲ့သည်။
ထိုဖော်ပြချက်အရ Berkshire Hathaway သည် ၎င်းတို့ဝယ်ယူထားသော Apple ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်း ကျော် ရောင်းချခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ရောင်းထုတ်ခဲ့သည့်တိုင် Berkshire Hathaway သည် Apple ၏ ရှယ်ယာများပြားစွာ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
Warren Buffett ၏ Berkshire Hathaway သည် ယခုနှစ် ဒုတိယ ၃ လပတ်ကာလအတွင်း ရှယ်ယာများ ၇၅ ဘီလီယံကျော်ဖိုး ရောင်းထုတ်ခဲ့ရာတွင် Apple ၏ ရှယ်ယာများကိုလည်း ရောင်းချခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရောင်းထုတ်ခဲ့မှုကြောင့် Berkshire Hathaway ၏ ငွေသားပမာဏမှာ ကန်ဒေါ်လာ ၂၇၇ ဘီလီယံအထိ စံချိန်တင် ရောက်ရှိခဲ့သည်။
Warren Buffett သည် ယခုနှစ် ပထမ ၃ လပတ်အတွင်း Apple ၏ ရှယ်ယာ ၁၃ ရာခိုင်နှုန်း ရောင်းထုတ်ခဲ့သည်။
လွန်ခဲ့သော မေလအတွင်း ကျင်းပခဲ့သည့် Berkshire Hathaway ၏ နှစ်ပတ်လည် အစည်းအဝေးတွင် အခွန်အကြောင်းရပ်များကြောင့် ရှယ်ယာများ ရောင်းထုတ်ခြင်းဖြစ်ကြောင်း Buffett က အရိပ်အမြွက် ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း Apple ၏ ရှယ်ယာအချို့ ရောင်းထုတ်ခြင်းမှာ ရှယ်ယာရှင်များအတွက် ရေရှည်ကောင်းကျိုးရှိ လိမ့်မည်ဖြစ်ကြောင်း Buffett က ပြောခဲ့သည်။
အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးလိုငွေပြမှု မြင့်တက်လာမှုကို အစိုးရက လျှော့ချနိုင်ရေးအတွက် အရင်းအနှီးတိုးပွားမှုအပေါ် အခွန်မြှင့်တင်ဖွယ်ရှိသည့် အလားအလာကြောင့် ယခုကဲ့သို့ ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။
သို့သော် ရောင်းချခဲ့သည့် ရှယ်ယာပမာဏကို ထောက်ဆလျှင် အခွန်သက်သာလိုခြင်းထက် ပိုမိုသော အကြောင်းရင်းများ ရှိနိုင်သည်။
Apple နှင့် ပတ်သက်သည့် စိုးရိမ်မှုများရှိခဲ့ရာ AI နည်းပညာတွင် နောက်ကျ ကျန်ခဲ့မည်လောဟူသည့် စိုးရိမ်မှုဖြစ်သည်။
ယခုနှစ် ပထမ ၃ လပတ်တွင် အဆိုပါ စိုးရိမ်မှုများ လျော့ပါးသွားခဲ့ရာ Apple ၏ ရှယ်ယာဈေးများမှာ ဒုတိယ ၃ လပတ်ကာလတွင် ၂၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့သည်။
Warren Buffett က Berkshire Hathaway ဝယ်ယူပိုင်ဆိုင်ထားသည့် Apple ၏ ရှယ်ယာများ အဘယ်ကြောင့် ရောင်းထုတ်ရသည်မှာမူ မရှင်းလှ။
ကုမ္ပဏီ၏ သီးခြားအကြောင်းရင်း၊ ဈေးကွက်တန်ဖိုး၊ ပိုင်ဆိုင်မှုများ စီမံခန့်ခွဲမှုဆိုင်ရာ ရတက်မအေးမှု အစရှိသဖြင့် မည်သည့်အကြောင်းရပ်ကြောင့် ဖြစ်သည်ကို မသိရချေ။
Warren Buffett သည် ပုံမှန်အားဖြင့်ဆိုလျှင် ကုမ္ပဏီတစ်ခုတည်း၏ ရှယ်ယာများကို များပြားစွာ ဝယ်ယူစုဆောင်းထားလေ့မရှိ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warren Buffett's Berkshire Hathaway sold nearly half its stake in Apple (cnbc)
[Zawgyi]
Warren Buffett ၏ Berkshire Hathaway က Apple ၏ ရွယ္ယာ ထက္ဝက္နီးပါး ေရာင္းထုတ္
Warren Buffett ၏ Berkshire Hathaway သည္ Apple ၏ ရွယ္ယာ ထက္ဝက္နီးပါး ေရာင္းထုတ္လုိက္ရာ ေရရွည္ကိုသာ ေမွ်ာ္ေတြးတတ္ေသာ Warren Buffett ၏ အံ့အားသင့္ဖြယ္ ေျခလွမ္းတစ္ရပ္လည္း ျဖစ္သည္။
အိုမာဟာျမိဳ႕အေျခစိုက္ Berkshire Hathaway က ဒုတိယ ၃ လပတ္ ဝင္ေငြကို ထုတ္ျပန္ခဲ့ရာတြင္ ယခုႏွစ္ ဒုတိယ ၃ လပတ္ကုန္၌ Berkshire Hathaway သည္ iPhone ထုတ္လုပ္သူ Apple ၏ ရွယ္ယာ ကန္ေဒၚလာ ၈၄ ဒသမ ၂ ဘီလီယံဖုိး ပိုင္ဆိုင္ထားေၾကာင္း ေဖာ္ျပခဲ့သည္။
ထိုေဖာ္ျပခ်က္အရ Berkshire Hathaway သည္ ၎တို႔ဝယ္ယူထားေသာ Apple ၏ ရွယ္ယာ ၄၉ ရာခိုင္ႏႈန္း ေက်ာ္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ေရာင္းထုတ္ခဲ့သည့္တိုင္ Berkshire Hathaway သည္ Apple ၏ ရွယ္ယာမ်ားျပားစြာ ပိုင္ဆိုင္ထားဆဲ ျဖစ္သည္။
Warren Buffett ၏ Berkshire Hathaway သည္ ယခုႏွစ္ ဒုတိယ ၃ လပတ္ကာလအတြင္း ရွယ္ယာမ်ား ၇၅ ဘီလီယံေက်ာ္ဖုိး ေရာင္းထုတ္ခဲ့ရာတြင္ Apple ၏ ရွယ္ယာမ်ားကိုလည္း ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။
ထိုသို႔ ေရာင္းထုတ္ခဲ့မႈေၾကာင့္ Berkshire Hathaway ၏ ေငြသားပမာဏမွာ ကန္ေဒၚလာ ၂၇၇ ဘီလီယံအထိ စံခ်ိန္တင္ ေရာက္ရွိခဲ့သည္။
Warren Buffett သည္ ယခုႏွစ္ ပထမ ၃ လပတ္အတြင္း Apple ၏ ရွယ္ယာ ၁၃ ရာခိုင္ႏႈန္း ေရာင္းထုတ္ခဲ့သည္။
လြန္ခဲ့ေသာ ေမလအတြင္း က်င္းပခဲ့သည့္ Berkshire Hathaway ၏ ႏွစ္ပတ္လည္ အစည္းအေဝးတြင္ အခြန္အေၾကာင္းရပ္မ်ားေၾကာင့္ ရွယ္ယာမ်ား ေရာင္းထုတ္ျခင္းျဖစ္ေၾကာင္း Buffett က အရိပ္အျမြက္ ေျပာၾကားခဲ့သည္။
ယခုႏွစ္အတြင္း Apple ၏ ရွယ္ယာအခ်ဳိ႕ ေရာင္းထုတ္ျခင္းမွာ ရွယ္ယာရွင္မ်ားအတြက္ ေရရွည္ေကာင္းက်ဳိးရွိ လိမ့္မည္ျဖစ္ေၾကာင္း Buffett က ေျပာခဲ့သည္။
အေမရိကန္အစိုးရ၏ ဘ႑ာေရးလိုေငြျပမႈ ျမင့္တက္လာမႈကို အစိုးရက ေလွ်ာ့ခ်ႏိုင္ေရးအတြက္ အရင္းအႏွီးတိုးပြားမႈအေပၚ အခြန္ျမွင့္တင္ဖြယ္ရွိသည့္ အလားအလာေၾကာင့္ ယခုကဲ့သို႔ ေရာင္းထုတ္လာျခင္းလည္း ျဖစ္သည္။
သို႔ေသာ္ ေရာင္းခ်ခဲ့သည့္ ရွယ္ယာပမာဏကို ေထာက္ဆလွ်င္ အခြန္သက္သာလိုျခင္းထက္ ပိုမိုေသာ အေၾကာင္းရင္းမ်ား ရွိႏိုင္သည္။
Apple ႏွင့္ ပတ္သက္သည့္ စိုးရိမ္မႈမ်ားရွိခဲ့ရာ AI နည္းပညာတြင္ ေနာက္က် က်န္ခဲ့မည္ေလာဟူသည့္ စိုးရိမ္မႈျဖစ္သည္။
ယခုႏွစ္ ပထမ ၃ လပတ္တြင္ အဆုိပါ စိုးရိမ္မႈမ်ား ေလ်ာ့ပါးသြားခဲ့ရာ Apple ၏ ရွယ္ယာေစ်းမ်ားမွာ ဒုတိယ ၃ လပတ္ကာလတြင္ ၂၃ ရာခိုင္ႏႈန္းအထိ စံခ်ိန္တင္ ျမင့္တက္ခဲ့သည္။
Warren Buffett က Berkshire Hathaway ဝယ္ယူပိုင္ဆိုင္ထားသည့္ Apple ၏ ရွယ္ယာမ်ား အဘယ္ေၾကာင့္ ေရာင္းထုတ္ရသည္မွာမူ မရွင္းလွ။
ကုမၸဏီ၏ သီးျခားအေၾကာင္းရင္း၊ ေစ်းကြက္တန္ဖိုး၊ ပိုင္ဆိုင္မႈမ်ား စီမံခန္႔ခြဲမႈဆိုင္ရာ ရတက္မေအးမႈ အစရွိသျဖင့္ မည္သည့္အေၾကာင္းရပ္ေၾကာင့္ ျဖစ္သည္ကို မသိရေခ်။
Warren Buffett သည္ ပံုမွန္အားျဖင့္ဆိုလွ်င္ ကုမၸဏီတစ္ခုတည္း၏ ရွယ္ယာမ်ားကို မ်ားျပားစြာ ဝယ္ယူစုေဆာင္းထားေလ့မရွိ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Warren Buffett's Berkshire Hathaway sold nearly half its stake in Apple (cnbc)