ကံကောင်းခြင်းလာဘ်လာဘများ ဆောင်ယူလာသည်ဟု ထိုင်းနိုင်ငံသားများယုံကြည်ကြသာ နတ်အိမ်ငယ်ကိုးကွယ်မှု
ကံကောင်းခြင်းလာဘ်လာဘများ ဆောင်ယူလာသည်ဟု ထိုင်းနိုင်ငံသားများယုံကြည်ကြသာ နတ်အိမ်ငယ်ကိုးကွယ်မှု - Property Knowledge in Myanmar from iMyanmarHouse.com
10 Aug 2024 2:25 pm တွင် တင်ခဲ့သည်
546 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
နေအိမ်၊စီးပွားရေးလာဘ်လာဘပွားများအောင်မြင်ရန် ဖြည့်ဆည်းပေးနိုင်တဲ့ ဝိဉာဉ်ကိုးကွယ်မှုဟာ ထိုင်းနိုင်ငံတလွှားအလွန်ခေတ်စားလှပြီး နတ်ဝိဉာဉ်အစောင့်အရှောက်များအား အဆောင်အယောင်အခမ်းအနားများစွာနဲ့ ပူဇော်ဆည်းကပ်ကြပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံကို အလည်အပတ်သွားရောက်ဖူးသည့် မြန်မာနိုင်ငံသားတိုင်းလိုလို ပုံပါ ဝိဉာဉ်အိမ်ငယ်လေးတွေနှင့် စိမ်းလှမည်ဟု မထင်ပါ။
အရုပ်အိမ်ကလေးသဖွယ် ထိုအိမ်အမျိုးအစားလေးများအား ထိုင်းနိုင်ငံ၏ လူစည်းကားသည့် လမ်းမများတွင် တွေ့မြင်နိုင်ပါသည်။ တစ်ချို့နတ်စင်များတွင် ပန်း၊ရေချမ်း၊စားသောက်ဖွယ်၊ ဖယောင်းတိုင်၊ အမွှေးတိုင် များ ပေးလှူစွန့်ကြဲထားတာကိုတွေ့မြင်နိုင်သည်။ နတ်အိမ်ငယ်များအား " ဆမ်ဖုရာဖွမ် " လို့ ခေါ်ဆိုကာ ထိုင်းနိုင်ငံရဲ့ နေရာတိုင်းလိုလိုတွင် ထိုယဉ်ကျေးမှုအားတွေ့မြင်နိုင်သည်
"အစောင့်အရှောက်တွေက နေရာတိုင်းမှာ ရှိတယ် အိမ်နားမှာပဲဖြစ်ဖြစ် ဘုရားအနား လယ်ကွင်း ဒါမှမဟုတ် မြစ်တွေနားမှာ ရှိကြတယ်။ ကျွန်တော်တို့ကို စောင့်ရှောက်ကြတယ် " လို့ အကြားအမြင်ဆရာတစ်ဦးဖြစ်တဲ့ နယွန်းဒဲ ဆာဖရတ်ထူအဲ ဆိုသူကပြောသည်
ထိုင်းလူဦးရေ ၉၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ထိုင်းလူမျိုးအများစုမှာ ဟိန္ဒူဘာသာမှဆင်းသက်လာသည်ဟု ထင်မှတ်ရသော ထိုဝိဉာဉ်အိမ်အစီအရင်များအပေါ် ယုံကြည်ကြသည်။
ဝိဉာဉ်အိမ် ကိုးကွယ်ခြင်းသည် ကံကောင်းစေသည်။
ဝိဉာဉ်အိမ်ကိုးကွယ်မှုကို ကမ္ဘောဒီးယား၊ လာအို ၊ မြန်မာနိုင်ငံများတွင်ပါ တွေ့မြင်ရပြီး တရုတ်နိုင်ငံတွင်လည်း အလားတူဝိဉာဉ်အိမ်ကိုးကွယ်မှုအမျိုးအစားကိုတွေ့မြင်ရသည်။ နေအိမ်၊စီးပွားလုပ်ငန်းနေရာကို ပိုင်ဆိုင်သည့်နတ်ဝိဉာဉ်များ နေထိုင်ရန် ထိုဝိဉာဉ်အိမ်များကို ဆောက်လုပ်ထားရှိပေးခြင်းဖြစ်ပြီး နတ်ဝိဉာဉ်ဟာ နေအိမ်နဲ့စီးပွားရေးလုပ်ငန်းကိုင်ခန်း အောင်မြင်ကြွယ်ဝချမ်းသာမှု၊ကံကောင်းမှုကို ဆောင်ကျဉ်းပေးတယ်ဟု ယုံကြည်ကြသည်။
" ကျွန်မအဖေဆိုရင် အရင်က အလုပ်မဲ့ ၊ ဝိဉာဉ်အိမ်ပူဇော်ပြီးတော့မှ အလုပ်တစ်ခုရလာတယ်။ ထီတောင်ပေါက်သေးတယ်။ နောက်တော့ သူ ယုံကြည်သူစစ်စစ်ဖြစ်သွားတာပဲ " ဟု ချာနီဒါဖာ ဆိုသူက ပြောကြာသည်။
ဝိဉာဉ်အိမ်ကို ဘယ်လိုဆောက်လုပ်ကြသလဲ။
ကျောင်းဆောင်ငယ်ဆောက်လုပ်သည့် ပုံစံများမှာ အမျိုးမျိုးကွဲပြားခြားနားစွာရှိကြသည်။ ထိုင်းရိုးရာဆောက်လုပ်မှုပုံစံမှာ ပုံမှန်အားဖြင့် သစ်သား၊ကွန်ကရစ်၊အုတ်ချပ်များဖြင့် ခိုင်ခံ့သပ်ရပ်မှုရှိစွာဆောက်လုပ်ကြသည်။ နတ်အိမ်ငယ်အတွင်းမှာဆိုရင်လည်း ကိုးကွယ်ရာဘုရားရုပ်ထု၊ နတ်ရုပ်ထုငယ်၊ နတ်ကျေးကျွန်ငယ်ရုပ်ထု၊ အစောင့်အရှောက်များဖြစ်သည့် ဆင်ရုပ်၊ကျားရုပ်များအား ထားရှိကိုးကွယ်ကြသည်။
နတ်စင်ငယ်လေးများအား ကောင်းမွန်စွာမြင်တွေ့နိုင်သည့် နေရာများတွင်သာ ထားရှိရမည်။ အရိပ်အာဝါသကောင်းမွန်စွာမရရှိသည့်နေရာ ( သို့မဟုတ် ) အဆောက်အဦးတစ်ခုခုရဲ့ အရိပ်လွှမ်းမိုးနေသော နေရာမျိုးတွင်မထားရှိရပါ။
" နတ်စင်အိမ် ဆောက်တော့မယ်ဆို အရင်ဦးဆုံး မြေကို တစ်ချက်တူးလိုက်တယ် ပြီးတော့ ပိုက်ဆံ၊ ဒင်္ဂါး၊ သတ္တုတစ်မျိုးမျိုးဖြစ်ဖြစ် အရောင်ကျောက်တစ်ခုခုဖြစ်ဖြစ် ထည့်လိုက်ရတယ် " ဟု နာယွန်းဒဲ အမည်ရှိ ယုံကြည်သူတစ်ဦးက ဆိုသည်။
နတ်သူငယ်ပျော်ရွင်ကျေနပ်အောင် ပူဇော်ပသပေးရခြင်း။
ယုံကြည်ကိုးကွယ်မှုအစဉ်အလာအရ နတ်ဝိဉာဉ်တွေဟာ အစားအစာ ကပ်ပေးရန်လိုအပ်သည်။ ပုံမှန်အားဖြင့် ထမင်း၊ သစ်သီးဗန်း၊ မုန့်အချို၊ သောက်စရာအချိုအေး များကို ဆပ်ကပ်ပူဇော်ကြသည်။
ယုံကြည်ကိုးကွယ်သူများဟာ နတ်စင်အနား သူတို့ရဲ့ လိုအင်ဆန္ဒများ ဖွင့်ဟဆုတောင်းကြပြီး နတ်ဝိဉာဉ်မှ ဆုတောင်းအားပြည့်မြောက်အောင် ဖြည့်စွမ်းပေးသည့်အခါမှာတော့ နတ်စင်၌ စားသောက်ဖွယ်ရာအမွှေးအကြိုင်ပစ္စည်းများကပ်လှူပူဇော်ပြီး ယုံကြည်ကိုးစားမှုကို ဖော်ပြကြသည်။
" အကယ်၍ သင်သာ နတ်ဝိဉာဉ်ကို ယုံကြည်ကိုးကွယ်ရင် သူတို့ကလည်း သင့်ကို ပြန်စောင့်ရှောက်လိမ့်မယ် " ဟု ဆုတောင်းများပြည့်မြောက်သွားသူတစ်ဦးဖြစ်သည့် ချန်နီဒါဖ ဆိုသူအမျိုးသမီးမှ ဆိုသည်။
ပုံ ( ၁ ) ထိုင်းနိုင်ငံတွင် စီးပွားလာဘ်လာဘတိုးတက်ပွားများရန်အတွက် နတ်စင်ဆောက်လုပ်ပူဇော်ကြသည်။
ပုံ ( ၂ ) တစ်ချို့သော နတ်စင်များတွင်မှု အများနည်းတူမဟုတ် ကိုးကွယ်ရာနတ်ရုပ်ထုမှာ ပိုမိုများပြားထူးကဲသည်။
ပုံ ( ၃ ) ထိုင်းနိုင်ငံ၏ မြို့လယ်ခေါင်မှာတောင် နတ်စင်များအားတွေ့မြင်နိုင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
Property & Car - Christmas
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service