ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ပင်ကြီးမျိုးစိတ်ကို ပန်းအိုးငယ်လေးထဲထည့်ပြီး ရှင်သန်အောင်ပျိုးထောင်ရခြင်းအနုပညာဟာ လွယ်သယောင်နဲ့ခက်ခဲလွန်းပါတယ်။ သစ်ပင်ပျိုးထောင်ခြင်းအနုပညာဖြစ်တဲ့ ဘွန်ဆိုင်းပင်ဟာ ဂျပန်ရိုးရာတစ်ခုလည်းပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ တန်ဖိုးအကြီးဆုံးအလှပဆုံး ဘွန်ဆိုင်းပင်များကို ပြသထားတဲ့ခန်းမများစွာရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ လူအတော်များမသိသေးတဲ့ ဘွန်ဆိုင်းပင်ပျိုးထောင်ခြင်းရဲ့ အကျိုးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အိမ်တွင်းလေထုကိုသန့်စင်ပေးပါတယ်။
ဘွန်ဆိုင်းအပင်များဟာ ကမ္ဘာမြေကြီးရဲ့တစ်စိတ်တစ်ပိုင်းတွေပါပဲ။ တစ်ခြားသော သစ်ပင်များကဲ့သို့ပဲ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူသားတွေရှုသွင်းတဲ့ အောက်စီဂျင်ကို ထုတ်လုပ်ပေးပါတယ်။ သင့်အိမ်တွင်း လေထုညစ်ညမ်းမှုကိုလည်း ပမာဏတစ်ခုအထိ လျော့ချပေးမှာဖြစ်ပြီး အောက်စီဂျင်သန့်သန့်လိုအပ်တဲ့ လူကြီးသူမများအိမ်မှာရှိရင် ဘွန်ဆိုင်းပင်ကို မွေးထားသင့်ပါတယ်။
စိတ်ဖိစီးမှုလျော့ချပေးတယ်
လေ့လာမှုတွေအဆိုအရတော့ သစ်ပင်များနဲ့ထိတွေ့ခြင်းဟာ လူတွေကိုစိတ်ဖိစီးမှုလျော့ကျစေတယ်။ စိတ်ကြည်လင်စေတယ်လို့ဆိုပါတယ်။ အိမ်တွင်းမှာ ဘွန်ဆိုင်းပင်ထားရှိပြီး ပြုစုခြင်းကို နေ့စဉ်အလုပ်ထဲထည့်သွင်းထားမယ်ဆိုရင် ပိုပြီးတော့ စိတ်တွင်းလန်းဆန်းစေတဲ့အပြင်ကိုမှ စိတ်ဖိစီးမှုကိုအတော်လေးလျော့ကျသွားပါလိမ့်မယ်။
စိုက်ပြီးသား ဘွန်ဆိုင်းပင်အလှလေးကို ဝယ်တာဖြစ်စေ၊ ကြီးထွားစ ဘွန်ဆိုင်းပင်တစ်မျိုးကို အိမ်မှာထားပြီး ပျိုးထောင်တာဖြစ်စေ ဘွန်ဆိုင်းပင်ကို စိုက်ပျိုးခြင်းဟာ အလွန်မှ စိတ်ရှည်သည်းခံရသောအလုပ်ဖြစ်ပါတယ်။ ပျိုးထောင်ရတာလည်း နှစ်ချီကြာမြင့်သလို အပင်ကျန်းမာနေအောင်မွေးရတာက ပိုမိုခက်ခဲစိတ်ရှည်ရသောအလုပ်ဖြစ်ပါတယ်။ ဘွန်ဆိုင်းပင်မွေးမြူခြင်းဟာ စိတ်ရှည်သည်းခံမှုပိုတိုးလာစေနိုင်ပါတယ်။
ပိုမိုတိုးတက်လာတဲ့ ဖန်တီးမှု
ဒါကတော့ မပါမဖြစ်ပါပဲ။ အလှတရားတစ်ခုကိုမွေးမြူရတာကြောင့် သေချာပေါက်တိုးတက်လာနိုင်တာ သင့်ရဲ့ဖန်တီးမှုစွမ်းရည်ပါပဲ။ ဘွန်ဆိုင်းပင်မွေးမြူခြင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု Self Confidence တိုးပွားလာစေနိုင်ပါသေးတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Luxury အိမ်တွင်းအလှဆင် ဘွန်ဆိုင်းပင်မွေးမြူခြင်းကပေးတဲ့ ကောင်းကျိုးများ
စိတ်ရှည်သည်းခံမှုပိုမိုရရှိစေပါတယ်။