မမှန်သက်သေခံခြင်းအတွက် တရားစွဲဆိုရာတွင် သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေ ဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

မမှန်သက်သေခံခြင်းအတွက် တရားစွဲဆိုရာတွင် သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေ ဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
10 Aug 2024 11:17 am တွင် တင်ခဲ့သည်
809 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

တရားရုံးတွင် တရားစွဲဆိုမှုပြုသော မမှန်သက်သေခံခြင်းအတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၁၉၃ အရ တရားစွဲဆိုလိုခြင်း၊ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ မမှန်စွပ်ဆိုခြင်းအတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၁၁ အရ တရားစွဲဆိုလိုခြင်း၊ စာတမ်းအမှတ်အသား လိမ်လည်အတုပြုပြုမှုအတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၄၆၃ အရ တရားစွဲဆိုလိုခြင်း တို့ပြုရာတွင် တိုင်ကြားလိုသူမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ- ၁၉၅ (၁) ၊ (ခ)၊ (ဂ) နှင့်အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဆိုပါ အမှုအမျိုးအစားများတွင် စာဖြင့် ရေးသားတိုင်တန်းချက် ကိုသာ တရားရုံးမှ အရေးယူပေးမည်ဖြစ်ပါသည်။

ပြစ်မှုဆိုင်ကျင့်ထုံးဥပဒေပုဒ်မ- ၁၉၅ အရ မမှန်သက်သေခံခြင်းဖြင့် တရားစွဲဆိုရန်မှာ သက်ဆိုင်ရာတရား ရုံးတွင် စွဲဆိုရမည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းဖြစ်ပါက အကြီးအကဲ၏ ခွင့်ပြုချက်လိုပါသည်။ သက်ဆိုင်ရာတရားရုံး၏ ရေးသားချက်လဲလိုအပ်ကာ အဆိုပါ တရားရုံးမှတ်ချက် ရေးသားချက်မပါရှိပါက ပြစ်မှုဆိုင်ရာပုဒ်မ- ၁၉၃ အရ အရေးယူခြင်းမပြုနိုင်ပါ။ မမှန်သက်သေခံမှုအား ချက်ချင်းအရေးယူ ဆောင်ရွက်ရမည်ဖြစ်ကာ အချိန်ကြာလွန်မှ တရားစွဲဆိုခြင်း ပြုနိုင်မည်မဟုတ်ပါ။

တရားရုံးမှ လုံလောက်သော အထောက်အထားမရှိပါက အမှုဖွင့်လှစ်ဆောင်ရွက်ပေးမည်မဟုတ်သလို သက်သေထင်ရှားခိုင်လုံမှု မရှိပါက ပြစ်ဒဏ်ချမှတ် အရေးယူခြင်းပြုမည် မဟုတ်ပါ။

ဥပဒေအရ တာဝန်ရှိပါလျက် မိမိသိသည် မြင်သည် ယုံကြည်သည်ဖြစ်သော အကြောင်းချင်းရာတစ်ရပ် အား မမှန်မကန် ထွက်ဆိုသက်သေခံလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၁၉၁ ကို ဖောက်ဖျက်ကျူးလွန်ခြင်းပင်ဖြစ်ပါသည်။ သက်သေတစ်ဦးတစ်ယောက်မှာ တရားရုံး၌ ထွက်ဆိုရာတွင် မိမိမသိသောအရာကို သိသည်ဟု ထွက်ဆိုလျှင်လဲ မမှန်သက်သေခံမှုကို ကျုးလွန်ရာရောက်ပါသည်။ ထိုသို့ကျူးကျော်လွန်ခြင်းမှာ နှုတ်ဖြင့်ကျုးလွန် သက်သေခံသည်အခါဖြစ်စေ၊ အခြားတနည်းနည်းဖြင့်ဖြစ်စေ မမှန်သက်သေခံမှု ကျူးလွန်ခြင်းပင်ဖြစ်ပါသည်။

အမှန်ကို ထွက်ဆိုရန် တာဝန်ရှိပါလျက် ဆန့်ကျင်ဘက်ထွက်ဆိုလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ-၁၃၆အရ မမှန်ထွက်ဆိုခြင်းပင်ဖြစ်ပါသည်။ အမှုနှစ်မှုတွင် သက်သေတစ်ဦးက ကျမ်းကျိန်သစ္စာပြု၍ ကွဲလွှဲစွာထွက်ဆိုလျှင်လဲ မမှန်သက်သေခံမှု ပြစ်မှုကျုးလွန်ခြင်းပင်ဖြစ်ပါသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၁၁အရ ဝန်ထမ်းတစ်ဦးတစ်ယောက်အား အရေးယူစွဲဆိုသောအမှုတွင် အထက် တရားရုံး၊ သက်ဆိုင်ရာတရားရုံး (သို့မဟုတ်) အထက်တရားရုံးတွင် စာဖြင့်တိုင်ကြား အရေးယူပေးရန် လျှောက်ထားမှုပြုရမည်ဖြစ်ပါသည်။အဆိုပါဝန်ထမ်းမှ တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါက တရားရုံးမှအရေးယူ ဆောင်ရွက်ပေးမည်မဟုတ်ပါ။

(အက်စ်ပီအက်စ်ဗာရန် နှင့် မန်နေဂျာ ပြည်သူ့ဘဏ် ၁/၆ မောင်တော ၁၉၆၉ မတစ ( ရုံးချုပ်)၅၁)။ ပြည်သူ့ဝန်ထမ်းအား တရားစွဲဆိုခြင်းပြုရာတွင် အဆိုပါဝန်ထမ်းနှင့် တိုက်ရိုက် သက်ဆိုင် သော အမှုမဟုတ်ဘဲ လုပ်ငန်းဆိုင်ရာ၊ ရာထူးနှင့် သက်ဆိုင်ခြင်းဖြစ်ပါက ၎င်း၏ အကြီးအကဲထံ နို့တစ်စာပေးပို့၍ အသိပေး အကြောင်းကြားရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖြေဆိုပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 












နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service