ပြင်သစ်နိုင်ငံတွင် ကျင်းပနေသော အိုလံပစ်ပွဲတော်၌ ရွှေတံဆိပ်ဆုရ ရေကူးချန်ပီယံ ကစားသမားက အိုလံပစ်ကျေးရွာ အဆောက်အအုံများတွင် နေထိုင်ရမှု အခြေအနေများ ဆိုးရွားကြောင်း ဝေဖန်ကာ ပန်းခြံထဲတွင် အိပ်စက်ခဲ့မှု လူမှုကွန်ရက်တွင် ဂယက်ရိုက်

ပြင်သစ်နိုင်ငံတွင် ကျင်းပနေသော အိုလံပစ်ပွဲတော်၌ ရွှေတံဆိပ်ဆုရ ရေကူးချန်ပီယံ ကစားသမားက အိုလံပစ်ကျေးရွာ အဆောက်အအုံများတွင် နေထိုင်ရမှု အခြေအနေများ ဆိုးရွားကြောင်း ဝေဖန်ကာ ပန်းခြံထဲတွင် အိပ်စက်ခဲ့မှု လူမှုကွန်ရက်တွင် ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
9 Aug 2024 12:33 pm တွင် တင်ခဲ့သည်
1071 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ပြင်သစ်နိုင်ငံတွင် ကျင်းပနေသော ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်တွင် ရွှေတံဆိပ်ဆု ရရှိထားသူတစ်ဦး သည် အိုလံပစ်ကျေးရွာ၌ နေထိုင်ရမှု အခြေအနေများကို ဝေဖန်ရှုတ်ချခဲ့ပြီး ပန်းခြံထဲတွင် အိပ်စက်နေသည်ကို တွေ့ခဲ့ရပြီးနောက်ပိုင်း အိုလံပစ်ကျေးရွာနှင့်စပ်လျဉ်းကာ လူပြောများလာသည်။

ကမ္ဘာ့အတော်ဆုံး ဒိတ်ဒိတ်ကြဲ အားကစားသမားများ တည်းခိုရန် အထူးဒီဇိုင်းရေးဆွဲဆောက်လုပ်ထားသော တည်းခိုဆောင်များသည် အားကစားသမားများ စိတ်လှုပ်ရှားဖွယ် အခင်းအကျင်းများ တွေ့ရဖွယ်ရှိသည်ဟု သင့်အနေဖြင့် မှတ်ထင်ဖွယ်ရှိသည်။

သို့သော် ထိုအခြေအနေမျိုး မဟုတ်ခဲ့။

ရွှေတံဆိပ်ဆုရှင် ရေကူးကစားသမားတစ်ဦးဖြစ်သော သောမတ်စ် ချက်ကွန် (Thomas Ceccon) က အိုလံပစ်ရွာတွင် နေထိုင်ရပုံအခြေအနေဆိုးရွားသည့် အကြောင်းများကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ထားသည်။

အီတလီရေကူးကစားသမား ချက်ကွန်သည် ၂၀၂၄ ပြင်သစ်အိုလံပစ်တွင် အမျိုးသား မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိထားသူ ဖြစ်သည်။

သို့သော် ချက်ကွန်က နေထိုင်ရမှု အခြေအနေများနှင့် စပ်လျဉ်းပြီး နေ့ရော ညပါ အိပ်စက်နိုင်ရန် ခက်ခဲကြောင်း ဝေဖန်ရှုတ်ချထားခြင်း ဖြစ်သည်။

“အိုလံပစ်ကျေးရွာမှာ လေအေးပေးစက် မရှိပါဘူး။ အရမ်းပူပါတယ်။ အစားအသောက်ကလည်း အရမ်းညံ့ဖျင်း ပါတယ်။ အားကစားသမားများစွာဟာ ဒါကြောင့် ထွက်သွားကြတာဖြစ်ပါတယ်။ ဒါက အလီဘိုင် (ဒါမှမဟုတ်) ဆင်ခြေတစ်ခု မဟုတ်ပါဘူး။ လူတွေ မသိနိုင်တဲ့ တကယ့်အရှိတရားပါ” ဟု ချက်ကွန်က ပြောထားသည်။

“ကျွန်တော်က အိမ်မှာဆိုရင် မွန်းလွဲချိန်တွေမှာ အမြဲအိပ်လေ့ရှိပါတယ်။ ဒီမှာတော့ အရမ်းပူပြီး ဆူညံတာကြောင့် အိပ်ဖို့ တကယ်အခက်ကြုံရပါတယ်”

အိုလံပစ်ကျေးရွာတွင် ပြင်ဆင်ထားရှိမှုမှာ ‘တော်ရိရော်ရိ’ သာဖြစ်ကြောင်း ချက်ကွန်က ပြောခဲ့ပြီးနောက် ကြောင်အိမ်နှင့်တူသော အိပ်ရာတစ်ခုတွင် အိပ်စက်မည့်အစား ပန်းခြံထဲမှ မြက်ခင်းပေါ်တွင်သာအိပ်ရန် ဆုံးဖြတ်ခဲ့သည်။

၎င်းအား ရိုက်ကူးထားသော ဓာတ်ပုံတစ်ခုတွင် တွေ့ရမှုအရ သောမတ်စ် ချက်ကွန်သည် ပန်းခြံထဲမှ ခုံတန်းတစ်ခုဘေး သစ်ပင်တစ်ပင်အောက်ရှိ မြက်ခင်းပေါ်တွင် အဖြူရောင်တဘက်တစ်ထည် ဖြန့်ခင်းကာ ကွေးအိပ်နေသည်ကို တွေ့ရသည်။

(ရေကူးရွှေတံဆိပ်ဆုရှင် သောမတ်စ် ချက်ကွန် ပန်းခြံထဲတွင် အိပ်စက်နေသည်ကို တွေ့ခဲ့ရပုံ)

(ပဲရစ်မြို့တွင် အားကစားသမားများကို ထားရှိသည့်အခြေအနေမှာ အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းကြောင်း ချက်ကွန်က ဝေဖန်ထားသည်)

ဆော်ဒီမှ လှေလှော်ကစားသမားတစ်ဦးသော Husein Alireza က ချက်ကွန် အိပ်စက်နေပုံကို တွေ့ရှိခဲ့ပြီးနောက် ဓာတ်ပုံရိုက်ကာ သူ၏ အင်စတာဂရမ်အကောင့်တွင် တင်ခဲ့ရာ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်ခဲ့သည်။

သောမတ်စ် ချက်ကွန်အပြင် အမျိုးသမီး အိုလံပစ်အားကစားသမားများဖြစ်သော အမေရိကန်တင်းနစ်မယ် Coco Gauff ၊ သြစတေးလျ ရေကူးကစားသမား Ariarne Titmus နှင့် ပြင်သစ် ရေကူးကစားသမား Assia Touati တို့ကလည်း အိုလံပစ်ကျေးရွာတွင် နေထိုင်ရမှုအခြေအနေ ညံ့ဖျင်းလှသည့်အကြောင်း ဝေဖန်ထားသည်။

အိုလံပစ်ကျေးရွာနှင့် စပ်လျဉ်းပြီး အများဆုံးဝေဖန်ပြောဆိုကြသည်မှာ အိပ်ရာများအကြောင်း ဖြစ်ပြီး သက်တောင့်သက်သာမဖြစ်မှုနှင့် ညဘက်တွင် လန့်နိုးနေရခြင်းများအပေါ် ဝေဖန်ကြသည်။

အိပ်ရာမှာ တစ်ယောက်အိပ် အိပ်ရာများဖြစ်ပြီး Airwave က ထုတ်လုပ်ပေးထားကာ ကတ်ထူပြားပုံးများကို အသုံးပြုထားသည်။ ပွဲစီစဉ်သူတို့က စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး ရည်မှန်းချက်ဖြင့် ယခုကဲ့သို့ ကတ်ထူပုံးများ သုံးခဲ့ခြင်းလည်း ဖြစ်သည်။

(အားကစားသမားများ ပြင်သစ်နိုင်ငံတွင် ၂ ပတ်တာ နေထိုင်စဉ် ကာလအတွင်း အိပ်စက်ရန် ကတ်ထူပုံးများ ပေးထားခဲ့သည်)

(အီတလီ အားကစားကြယ်ပွင့် ချက်ကွန်သည် ပက်လက်ကူးတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gold medal winner found sleeping in park after complaining about 'bad' Olympic village conditions (dailymail, unilad)

Photo Credit-dailymail

[Zawgyi]

ျပင္သစ္ႏိုင္ငံတြင္ က်င္းပေနေသာ အိုလံပစ္ပြဲေတာ္၌ ေရႊတံဆိပ္ဆုရ ေရကူးခ်န္ပီယံ ကစားသမားက အိုလံပစ္ေက်းရြာ အေဆာက္အအံုမ်ားတြင္ ေနထိုင္ရမႈ အေျခအေနမ်ား ဆိုးရြားေၾကာင္း ေဝဖန္ကာ ပန္းျခံထဲတြင္ အိပ္စက္ခဲ့မႈ လူမႈကြန္ရက္တြင္ ဂယက္ရိုက္

ျပင္သစ္ႏိုင္ငံတြင္ က်င္းပေနေသာ ၂၀၂၄ ခုႏွစ္ ေႏြရာသီ အိုလံပစ္ပြဲေတာ္တြင္ ေရႊတံဆိပ္ဆု ရရွိထားသူတစ္ဦး သည္ အိုလံပစ္ေက်းရြာ၌ ေနထိုင္ရမႈ အေျခအေနမ်ားကို ေဝဖန္ရႈတ္ခ်ခဲ့ျပီး ပန္းျခံထဲတြင္ အိပ္စက္ေနသည္ကို ေတြ႔ခဲ့ရျပီးေနာက္ပိုင္း အိုလံပစ္ေက်းရြာႏွင့္စပ္လ်ဥ္းကာ လူေျပာမ်ားလာသည္။

ကမၻာ့အေတာ္ဆံုး ဒိတ္ဒိတ္ၾကဲ အားကစားသမားမ်ား တည္းခိုရန္ အထူးဒီဇိုင္းေရးဆြဲေဆာက္လုပ္ထားေသာ တည္းခိုေဆာင္မ်ားသည္ အားကစားသမားမ်ား စိတ္လႈပ္ရွားဖြယ္ အခင္းအက်င္းမ်ား ေတြ႔ရဖြယ္ရွိသည္ဟု သင့္အေနျဖင့္ မွတ္ထင္ဖြယ္ရွိသည္။

သို႔ေသာ္ ထိုအေျခအေနမ်ဳိး မဟုတ္ခဲ့။

ေရႊတံဆိပ္ဆုရွင္ ေရကူးကစားသမားတစ္ဦးျဖစ္ေသာ ေသာမတ္စ္ ခ်က္ကြန္ (Thomas Ceccon) က အုိလံပစ္ရြာတြင္ ေနထိုင္ရပံုအေျခအေနဆိုးရြားသည့္ အေၾကာင္းမ်ားကို ျပင္းျပင္းထန္ထန္ ေဝဖန္ရႈတ္ခ် ထားသည္။

အီတလီေရကူးကစားသမား ခ်က္ကြန္သည္ ၂၀၂၄ ျပင္သစ္အိုလံပစ္တြင္ အမ်ဳိးသား မီတာ ၁၀၀ ပက္လက္ကူးျပိဳင္ပြဲ၌ ေရႊတံဆိပ္ဆု ရရွိထားသူ ျဖစ္သည္။

သို႔ေသာ္ ခ်က္ကြန္က ေနထိုင္ရမႈ အေျခအေနမ်ားႏွင့္ စပ္လ်ဥ္းျပီး ေန႔ေရာ ညပါ အိပ္စက္ႏိုင္ရန္ ခက္ခဲေၾကာင္း ေဝဖန္ရႈတ္ခ်ထားျခင္း ျဖစ္သည္။

“အိုလံပစ္ေက်းရြာမွာ ေလေအးေပးစက္ မရွိပါဘူး။ အရမ္းပူပါတယ္။ အစားအေသာက္ကလည္း အရမ္းညံ့ဖ်င္း ပါတယ္။ အားကစားသမားမ်ားစြာဟာ ဒါေၾကာင့္ ထြက္သြားၾကတာျဖစ္ပါတယ္။ ဒါက အလီဘိုင္ (ဒါမွမဟုတ္) ဆင္ေျခတစ္ခု မဟုတ္ပါဘူး။ လူေတြ မသိႏိုင္တဲ့ တကယ့္အရွိတရားပါ” ဟု ခ်က္ကြန္က ေျပာထားသည္။

“ကၽြန္ေတာ္က အိမ္မွာဆိုရင္ မြန္းလြဲခ်ိန္ေတြမွာ အျမဲအိပ္ေလ့ရွိပါတယ္။ ဒီမွာေတာ့ အရမ္းပူျပီး ဆူညံတာေၾကာင့္ အိပ္ဖို႔ တကယ္အခက္ၾကံဳရပါတယ္”

အိုလံပစ္ေက်းရြာတြင္ ျပင္ဆင္ထားရွိမႈမွာ ‘ေတာ္ရိေရာ္ရိ’ သာျဖစ္ေၾကာင္း ခ်က္ကြန္က ေျပာခဲ့ျပီးေနာက္ ေၾကာင္အိမ္ႏွင့္တူေသာ အိပ္ရာတစ္ခုတြင္ အိပ္စက္မည့္အစား ပန္းျခံထဲမွ ျမက္ခင္းေပၚတြင္သာအိပ္ရန္ ဆံုးျဖတ္ခဲ့သည္။

၎အား ရိုက္ကူးထားေသာ ဓာတ္ပံုတစ္ခုတြင္ ေတြ႔ရမႈအရ ေသာမတ္စ္ ခ်က္ကြန္သည္ ပန္းျခံထဲမွ ခံုတန္းတစ္ခုေဘး သစ္ပင္တစ္ပင္ေအာက္ရွိ ျမက္ခင္းေပၚတြင္ အျဖဴေရာင္တဘက္တစ္ထည္ ျဖန္႔ခင္းကာ ေကြးအိပ္ေနသည္ကို ေတြ႔ရသည္။

(ေရကူးေရႊတံဆိပ္ဆုရွင္ ေသာမတ္စ္ ခ်က္ကြန္ ပန္းျခံထဲတြင္ အိပ္စက္ေနသည္ကို ေတြ႔ခဲ့ရပံု)

(ပဲရစ္ျမိဳ႕တြင္ အားကစားသမားမ်ားကို ထားရွိသည့္အေျခအေနမွာ အလြန္တရာ စိတ္ပ်က္ဖြယ္ေကာင္းေၾကာင္း ခ်က္ကြန္က ေဝဖန္ထားသည္)

ေဆာ္ဒီမွ ေလွေလွာ္ကစားသမားတစ္ဦးေသာ Husein Alireza က ခ်က္ကြန္ အိပ္စက္ေနပံုကို ေတြ႔ရွိခဲ့ျပီးေနာက္ ဓာတ္ပံုရိုက္ကာ သူ၏ အင္စတာဂရမ္အေကာင့္တြင္ တင္ခဲ့ရာ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ဂယက္ရိုက္ခဲ့သည္။

ေသာမတ္စ္ ခ်က္ကြန္အျပင္ အမ်ဳိးသမီး အိုလံပစ္အားကစားသမားမ်ားျဖစ္ေသာ အေမရိကန္တင္းနစ္မယ္ Coco Gauff ၊ ၾသစေတးလ် ေရကူးကစားသမား Ariarne Titmus ႏွင့္ ျပင္သစ္ ေရကူးကစားသမား Assia Touati တို႔ကလည္း အိုလံပစ္ေက်းရြာတြင္ ေနထိုင္ရမႈအေျခအေန ညံ့ဖ်င္းလွသည့္အေၾကာင္း ေဝဖန္ထားသည္။

အိုလံပစ္ေက်းရြာႏွင့္ စပ္လ်ဥ္းျပီး အမ်ားဆံုးေဝဖန္ေျပာဆိုၾကသည္မွာ အိပ္ရာမ်ားအေၾကာင္း ျဖစ္ျပီး သက္ေတာင့္သက္သာမျဖစ္မႈႏွင့္ ညဘက္တြင္ လန္႔ႏိုးေနရျခင္းမ်ားအေပၚ ေဝဖန္ၾကသည္။

အိပ္ရာမွာ တစ္ေယာက္အိပ္ အိပ္ရာမ်ားျဖစ္ျပီး Airwave က ထုတ္လုပ္ေပးထားကာ ကတ္ထူျပားပံုးမ်ားကို အသံုးျပဳထားသည္။ ပြဲစီစဥ္သူတု႔ိက စဥ္ဆက္မျပတ္အသံုးျပဳႏုိင္ေရး ရည္မွန္းခ်က္ျဖင့္ ယခုကဲ့သို႔ ကတ္ထူပံုးမ်ား သံုးခဲ့ျခင္းလည္း ျဖစ္သည္။

(အားကစားသမားမ်ား ျပင္သစ္ႏိုင္ငံတြင္ ၂ ပတ္တာ ေနထိုင္စဥ္ ကာလအတြင္း အိပ္စက္ရန္ ကတ္ထူပံုးမ်ား ေပးထားခဲ့သည္)

(အီတလီ အားကစားၾကယ္ပြင့္ ခ်က္ကြန္သည္ ပက္လက္ကူးတြင္ ေရႊတံဆိပ္ဆု ရရွိခဲ့သည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Gold medal winner found sleeping in park after complaining about 'bad' Olympic village conditions (dailymail, unilad)

Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service