ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ဗြိတိန်တွင် နေအိမ်တစ်လုံး ပေါင် ၃၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်နေပြီး ဗြိတိန်၏ ဈေးအသက်သာဆုံးအိမ် ဟု ခေါ်ဝေါ်ခြင်းခံထားရသည်။
ဝယ်ယူပိုင်ဆိုင်လိုသူများအနေဖြင့်မူ လက်သွက်ရန် လိုအပ်မည်ဖြစ်ကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။
Dunham ခရိုင်၊ Bishop Auckland ဈေးမြို့လေးတွင် တည်ရှိပြီး တိုက်တန်းအိမ်တစ်လုံးဖြစ်ကာ နည်းပါးလှ သော ရည်ညွှန်းဈေးဖြင့် အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။
(မှတ်ချက်။ နေအိမ်ပုံစံတူများစွာ တန်းစီဆောက်လုပ်ထားသည့်အနက်မှ အိမ်တစ်လုံးဖြစ်)
(ပုံတွင်တွေ့ရသော တိုက်တန်းအိမ်ကို ပေါင် ၃၀၀၀ မျှဖြင့် ပိုင်ဆိုင်ရဖွယ် အခွင့်အလမ်းရှိသည်။ ဓာတ်ပုံ-NNP)
(အိပ်ခန်း ၂ ခန်းပါ နေအိမ်၏ အတွင်းပိုင်း မွမ်းမံမှုမှာ လူတိုင်းနှင့် အကြိုက်တူနိုင်ဖွယ်ကား မရှိချေ။ ဓာတ်ပုံ-NNP)
(ဝယ်ယူမည့်သူအနေဖြင့် ခေတ်မီအဆင့်မြှင့်တင်ရန်အတွက် ငွေအချို့သုံးစွဲရလိမ့်မည် ဖြစ်သည်။ ဓာတ်ပုံ-NNP)
အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်း၊ ဧည့်ခန်းနှင့် သီးခြားခွဲထုတ်ထားသော ညစာစားခန်းတို့ ပါဝင်သည်။
နေအိမ်နောက်ဘက်တွင် မြေကွက်လပ်တစ်ခုလည်း ပါဝင်သေးသည်။
ဓာတ်ပုံများတွင် တွေ့ရမှုအရ ခေတ်ဟောင်း လိုက်ကာများ၊ ကော်ဇောများတွေ့ရပြီး ခေတ်မီအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် လိုအပ်သော်လည်း ဝယ်လက်တို့အတွက် အလားအလာကောင်းသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာ နိုင်သည်။
အနီးဆုံး ဘူတာရုံမှ ၂ မိုင်အောက်သာ ဝေးကွာပြီး မူလတန်းနှင့် အလယ်တန်းကျောင်းများ နီးကပ်စွာ တည်ရှိသည်။
နယူးကာဆယ်မြို့သို့ ကားဖြင့်သွားမည်ဆိုလျှင် တစ်နာရီအောက်သာ ကြာမြင့်သည်။
ပြီးခဲ့သောနှစ်အတွင်း Bishop Auckland မြို့တွင် တိုက်တန်းအိမ်တစ်လုံး၏ ပျှမ်းမျှဈေးနှုန်းမှာ ပေါင် ၈၀၉၀၀ ရှိခဲ့သည်။
(အိမ်နောက်ဘက်တွင် မြေကွက်လပ်တစ်ခုလည်းပါသည်။ ဓာတ်ပုံ-NNP)
(မည်သည့်ဝယ်လက်အတွက်မဆို ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခု ဖြစ်လာနိုင်သည်။ ဓာတ်ပုံ-NNP)
(နေအိမ်အနီးတွင် မူလတန်းနှင့် အလယ်တန်းကျောင်း များစွာရှိသည်။ ဓာတ်ပုံ-NNP)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Britain’s ‘cheapest house’ with its own garden & separate dining room on sale for just £3k – but you’ll have to be quick (thesun)
Photo Credit: NNP
[Zawgyi]
ျဗိတိန္တြင္ ကိုယ္ပိုင္ပန္းဥယ်ာဥ္တစ္ခုအျပင္ အိမ္မၾကီးမွ ခြဲေဆာက္ထားသည့္ သီးသန႔္ညစာစားခန္းတို႔ ပါေသာ ျဗိတိန္၏ ေစ်းအသက္သာဆံုးအိမ္ ေပါင္ ၃၀၀၀ မွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္ေန၊ လက္သြက္သူသာ ပိုင္ဆိုင္ႏိုင္မည္
ျဗိတိန္တြင္ ေနအိမ္တစ္လံုး ေပါင္ ၃၀၀၀ မွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္ေနျပီး ျဗိတိန္၏ ေစ်းအသက္သာဆံုးအိမ္ ဟု ေခၚေဝၚျခင္းခံထားရသည္။
ဝယ္ယူပိုင္ဆိုင္လုိသူမ်ားအေနျဖင့္မူ လက္သြက္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း The Sun သတင္းဌာနက ေဖာ္ျပသည္။
Dunham ခရိုင္၊ Bishop Auckland ေစ်းျမိဳ႕ေလးတြင္ တည္ရွိျပီး တိုက္တန္းအိမ္တစ္လံုးျဖစ္ကာ နည္းပါးလွ ေသာ ရည္ညႊန္းေစ်းျဖင့္ အေရာင္းေစ်းကြက္ဝင္လာျခင္း ျဖစ္သည္။
(မွတ္ခ်က္။ ေနအိမ္ပံုစံတူမ်ားစြာ တန္းစီေဆာက္လုပ္ထားသည့္အနက္မွ အိမ္တစ္လံုးျဖစ္)
(ပံုတြင္ေတြ႔ရေသာ တိုက္တန္းအိမ္ကို ေပါင္ ၃၀၀၀ မွ်ျဖင့္ ပိုင္ဆိုင္ရဖြယ္ အခြင့္အလမ္းရွိသည္။ ဓာတ္ပံု-NNP)
(အိပ္ခန္း ၂ ခန္းပါ ေနအိမ္၏ အတြင္းပိုင္း မြမ္းမံမႈမွာ လူတိုင္းႏွင့္ အၾကိဳက္တူႏိုင္ဖြယ္ကား မရွိေခ်။ ဓာတ္ပံု-NNP)
(ဝယ္ယူမည့္သူအေနျဖင့္ ေခတ္မီအဆင့္ျမွင့္တင္ရန္အတြက္ ေငြအခ်ဳိ႕သံုးစြဲရလိမ့္မည္ ျဖစ္သည္။ ဓာတ္ပံု-NNP)
အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၁ ခန္း၊ ဧည့္ခန္းႏွင့္ သီးျခားခြဲထုတ္ထားေသာ ညစာစားခန္းတို႔ ပါဝင္သည္။
ေနအိမ္ေနာက္ဘက္တြင္ ေျမကြက္လပ္တစ္ခုလည္း ပါဝင္ေသးသည္။
ဓာတ္ပံုမ်ားတြင္ ေတြ႔ရမႈအရ ေခတ္ေဟာင္း လိုက္ကာမ်ား၊ ေကာ္ေဇာမ်ားေတြ႔ရျပီး ေခတ္မီအဆင့္ျမွင့္တင္မႈမ်ား ျပဳလုပ္ရန္ လိုအပ္ေသာ္လည္း ဝယ္လက္တို႔အတြက္ အလားအလာေကာင္းသည့္ ရင္းႏွီးျမွဳပ္ႏွံမႈတစ္ခု ျဖစ္လာ ႏိုင္သည္။
အနီးဆံုး ဘူတာရံုမွ ၂ မိုင္ေအာက္သာ ေဝးကြာျပီး မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ား နီးကပ္စြာ တည္ရွိသည္။
နယူးကာဆယ္ျမိဳ႕သို႔ ကားျဖင့္သြားမည္ဆိုလွ်င္ တစ္နာရီေအာက္သာ ၾကာျမင့္သည္။
ျပီးခဲ့ေသာႏွစ္အတြင္း Bishop Auckland ျမိဳ႕တြင္ တိုက္တန္းအိမ္တစ္လံုး၏ ပွ်မ္းမွ်ေစ်းႏႈန္းမွာ ေပါင္ ၈၀၉၀၀ ရွိခဲ့သည္။
(အိမ္ေနာက္ဘက္တြင္ ေျမကြက္လပ္တစ္ခုလည္းပါသည္။ ဓာတ္ပံု-NNP)
(မည္သည့္ဝယ္လက္အတြက္မဆို ရင္းႏွီးျမွဳပ္ႏွံမႈေကာင္းတစ္ခု ျဖစ္လာႏိုင္သည္။ ဓာတ္ပံု-NNP)
(ေနအိမ္အနီးတြင္ မူလတန္းႏွင့္ အလယ္တန္းေက်ာင္း မ်ားစြာရွိသည္။ ဓာတ္ပံု-NNP)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Britain’s ‘cheapest house’ with its own garden & separate dining room on sale for just £3k – but you’ll have to be quick (thesun)
Photo Credit: NNP