ချီလီနိုင်ငံတွင် မိမိလစာထက် အဆပေါင်း ၃၃၀ ခန့် မှားယွင်းရရှိခဲ့သော ဝန်ထမ်း အလုပ်ထွက်ကာ ထွက်ပြေးသွား

ချီလီနိုင်ငံတွင် မိမိလစာထက် အဆပေါင်း ၃၃၀ ခန့် မှားယွင်းရရှိခဲ့သော ဝန်ထမ်း အလုပ်ထွက်ကာ ထွက်ပြေးသွား - Property Knowledge in Myanmar from iMyanmarHouse.com
6 Aug 2024 2:02 pm တွင် တင်ခဲ့သည်
921 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လစာထုတ်သောနေ့သည် ပျော်ရွှင်ဖွယ်ရာနေ့တစ်နေ့ ဖြစ်၏။

မိမိ၏ လစာငွေထက် အဆပေါင်း ၃၃၀ ရလာလျှင် မည်သို့ ရှိမည်နည်း။

ထိုငွေပမာဏမှာ မှားယွင်းပေးပို့ခြင်းဖြစ်ကြောင်း ကြာကြာစဉ်းစားရန် မလိုချေ။

ယင်းနောက်တွင်ကား သင့်အတွက် ခက်ခဲသည့် အပိုင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုငွေကို ပြန်ပေးကာ မှန်ကန်သည့် လုပ်ဆောင်ချက် လုပ်ဆောင်မည်လော (သို့မဟုတ်) ကုမ္ပဏီ၏ finance ဌာနမှ သတိမပြုမိမီ သုံးဖြုန်းပစ်မည်လောဟူသည်ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

ချီလီနိုင်ငံမှ အမျိုးသားတစ်ဦးမှာမူ ရသင့်သော လစာထက် ပိုမိုများပြားစွာ ရရှိခဲ့ပြီးနောက် ထိုငွေများကို ယူဆောင်ကာ ထွက်ပြေးပျောက်ကွယ်သွားခဲ့သည်။

ချီလီနိုင်ငံရှိ သားငါး စည်သွပ်ဘူးများ ထုတ်လုပ်သော Consorcio Industrial de Alimentos (Cial) အမည်ရှိ ကုမ္ပဏီသည် ဝန်ထမ်းတစ်ဦးအား လစာအဖြစ် ပီဆိုငွေ ၁၆၅,၃၉၈,၈၅၁ (ကန်ဒေါ်လာ ၁၇၆,၇၉၅) ပေးပို့ ခဲ့သည်။

အဆိုပါ ဝန်ထမ်း၏ ပုံမှန်လစာငွေမှာ ပီဆို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၃၄ ဒသမ ၄၅) ဖြစ်သည်။

ကုမ္ပဏီ၏ HR ဌာနက အဆိုပါ ဘဏ်ငွေလွှဲမှု အမှားကို သိရှိသွားချိန်တွင် Cial က ထိုအမှားကို ပြင်ဆင်ရန် ကြိုးစားခဲ့သည်။

အမည်မသိရသော အဆိုပါဝန်ထမ်းက နောက်နေ့မနက်တွင် ထိုပြဿနာကို ဖြေရှင်းရန်နှင့် လစာမှန်ကို ထုတ်ယူရန်အတွက် ဘဏ်သို့ လာရောက်ရန် သဘောတူခဲ့ကြောင်း Dario Financiero သတင်းဌာနက ဖော်ပြသည်။

 

(ဝန်ထမ်းအမျိုးသားက လစာအမှန်ကို ဖြေရှင်းရယူရန် သဘောတူခဲ့သည်။ ဓာတ်ပုံ-Getty-Stock Photo)

 

သို့သော် ထိုအမျိုးသားသည် နောက်နေ့တွင် အလုပ်မလာခဲ့။

အလုပ်ရှင်တို့က ၎င်းထံ အကြိမ်ကြိမ် ဖုန်းခေါ်ခြင်း၊ မက်ဆေ့ပို့ခြင်း၊ WhatsApp မှ ဆက်သွယ်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း ဆက်သွယ်၍ မရတော့ချေ။

ယင်းနောက်ပိုင်း ၎င်းနှင့် တိုက်ရိုက်အဆက်အသွယ် မရတော့။

သို့သော် ထိုသူက ရှေ့နေတစ်ဦး ငှားရမ်းထားပြီး ရှေ့နေမှတဆင့် ပြောလာသည်မှာ သူ၏ အလုပ်မှ တရားဝင်နှုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။

Cial က ၎င်းတို့ကုမ္ပဏီ၏ ဝန်ထမ်းဟောင်းကို ငွေပြန်လည်ရလိုမှုဖြင့် တရားစွဲခဲ့သည်။

ထိုအမျိုးသားထံ ရောက်ရှိသွားသောငွေများသည် မည်သည့်အလုပ်အကြောင်းအရာနှင့်မှ သက်ဆိုင်ခြင်း မရှိကြောင်း ရှင်းလင်းစွာ အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်ဟု Diario Financiero သတင်းဌာနက ဖော်ပြသည်။

ငွေများကို ထိုဝန်ထမ်းက အပိုင်စီးသွားခြင်းဖြစ်ကြောင်း ကုမ္ပဏီက စွပ်စွဲထားသည်။

အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားအပြီး ၆ လအကြာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း IOL သတင်းဌာန၏ သတင်းတစ်ရပ်အရ ထိုအမျိုးသားကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ဖော်ပြသည်။

လက်ရှိအချိန်အထိ အဆိုပါအမျိုးသား မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရချေ။

ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတစ်ခုတွင် အရက်သောက်ရင်း လစာထုတ်ခဲ့ပုံအကြောင်း ပြန်လည် စိတ်ကူးယဉ်နေဖွယ်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man who was accidentally paid 330 times his salary quits and disappears (unilad)

Photo Credit: Getty Stock Photo

 

 

 

 

[Zawgyi]

 

ခ်ီလီႏိုင္ငံတြင္ မိမိလစာထက္ အဆေပါင္း ၃၃၀ ခန္႔ မွားယြင္းရ႐ွိခဲ့ေသာ ဝန္ထမ္း အလုပ္ထြက္ကာ ထြက္ေျပးသြား

လစာထုတ္ေသာေန႔သည္ ေပ်ာ္႐ႊင္ဖြယ္ရာေန႔တစ္ေန႔ ျဖစ္၏။

မိမိ၏ လစာေငြထက္ အဆေပါင္း ၃၃၀ ရလာလွ်င္ မည္သို႔ ႐ွိမည္နည္း။

ထိုေငြပမာဏမွာ မွားယြင္းေပးပို႔ျခင္းျဖစ္ေၾကာင္း ၾကာၾကာစဥ္းစားရန္ မလိုေခ်။

ယင္းေနာက္တြင္ကား သင့္အတြက္ ခက္ခဲသည့္ အပိုင္းႏွင့္ ရင္ဆိုင္ရမည္ ျဖစ္သည္။

ထိုေငြကို ျပန္ေပးကာ မွန္ကန္သည့္ လုပ္ေဆာင္ခ်က္ လုပ္ေဆာင္မည္ေလာ (သို႔မဟုတ္) ကုမၸဏီ၏ finance ဌာနမွ သတိမျပဳမိမီ သုံးျဖဳန္းပစ္မည္ေလာဟူသည္ကို ဆုံးျဖတ္ရေတာ့မည္ ျဖစ္သည္။

ခ်ီလီႏိုင္ငံမွ အမ်ိဳးသားတစ္ဦးမွာမူ ရသင့္ေသာ လစာထက္ ပိုမိုမ်ားျပားစြာ ရ႐ွိခဲ့ၿပီးေနာက္ ထိုေငြမ်ားကို ယူေဆာင္ကာ ထြက္ေျပးေပ်ာက္ကြယ္သြားခဲ့သည္။

ခ်ီလီႏိုင္ငံ႐ွိ သားငါး စည္သြပ္ဘူးမ်ား ထုတ္လုပ္ေသာ Consorcio Industrial de Alimentos (Cial) အမည္႐ွိ ကုမၸဏီသည္ ဝန္ထမ္းတစ္ဦးအား လစာအျဖစ္ ပီဆိုေငြ ၁၆၅,၃၉၈,၈၅၁ (ကန္ေဒၚလာ ၁၇၆,၇၉၅) ေပးပို႔ ခဲ့သည္။

အဆိုပါ ဝန္ထမ္း၏ ပုံမွန္လစာေငြမွာ ပီဆို ၅၀၀,၀၀၀ (ကန္ေဒၚလာ ၅၃၄ ဒသမ ၄၅) ျဖစ္သည္။

ကုမၸဏီ၏ HR ဌာနက အဆိုပါ ဘဏ္ေငြလႊဲမႈ အမွားကို သိ႐ွိသြားခ်ိန္တြင္ Cial က ထိုအမွားကို ျပင္ဆင္ရန္ ႀကိဳးစားခဲ့သည္။

အမည္မသိရေသာ အဆိုပါဝန္ထမ္းက ေနာက္ေန႔မနက္တြင္ ထိုျပႆနာကို ေျဖ႐ွင္းရန္ႏွင့္ လစာမွန္ကို ထုတ္ယူရန္အတြက္ ဘဏ္သို႔ လာေရာက္ရန္ သေဘာတူခဲ့ေၾကာင္း Dario Financiero သတင္းဌာနက ေဖာ္ျပသည္။

(ဝန္ထမ္းအမ်ိဳးသားက လစာအမွန္ကို ေျဖ႐ွင္းရယူရန္ သေဘာတူခဲ့သည္။ ဓာတ္ပုံ-Getty-Stock Photo)

သို႔ေသာ္ ထိုအမ်ိဳးသားသည္ ေနာက္ေန႔တြင္ အလုပ္မလာခဲ့။

အလုပ္႐ွင္တို႔က ၎ထံ အႀကိမ္ႀကိမ္ ဖုန္းေခၚျခင္း၊ မက္ေဆ့ပို႔ျခင္း၊ WhatsApp မွ ဆက္သြယ္ျခင္းမ်ား ျပဳလုပ္ခဲ့ ေသာ္လည္း ဆက္သြယ္၍ မရေတာ့ေခ်။

ယင္းေနာက္ပိုင္း ၎ႏွင့္ တိုက္႐ိုက္အဆက္အသြယ္ မရေတာ့။

သို႔ေသာ္ ထိုသူက ေ႐ွ႕ေနတစ္ဦး ငွားရမ္းထားၿပီး ေ႐ွ႕ေနမွတဆင့္ ေျပာလာသည္မွာ သူ၏ အလုပ္မွ တရားဝင္ႏႈတ္ထြက္ခဲ့ၿပီးျဖစ္ေၾကာင္း ေျပာသည္ဟု ဆိုသည္။

Cial က ၎တို႔ကုမၸဏီ၏ ဝန္ထမ္းေဟာင္းကို ေငြျပန္လည္ရလိုမႈျဖင့္ တရားစြဲခဲ့သည္။

ထိုအမ်ိဳးသားထံ ေရာက္႐ွိသြားေသာေငြမ်ားသည္ မည္သည့္အလုပ္အေၾကာင္းအရာႏွင့္မွ သက္ဆိုင္ျခင္း မ႐ွိေၾကာင္း ႐ွင္းလင္းစြာ အသိေပးအေၾကာင္းၾကားခဲ့ၿပီးျဖစ္ေၾကာင္း တရား႐ုံးစာ႐ြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္ဟု Diario Financiero သတင္းဌာနက ေဖာ္ျပသည္။

ေငြမ်ားကို ထိုဝန္ထမ္းက အပိုင္စီးသြားျခင္းျဖစ္ေၾကာင္း ကုမၸဏီက စြပ္စြဲထားသည္။

အထက္ပါ ျဖစ္ရပ္မ်ား ျဖစ္ပြားအၿပီး ၆ လအၾကာ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း IOL သတင္းဌာန၏ သတင္းတစ္ရပ္အရ ထိုအမ်ိဳးသားကို ရဲတပ္ဖြဲ႕က ႐ွာေဖြေတြ႕႐ွိျခင္း မ႐ွိေသးေၾကာင္း ေဖာ္ျပသည္။

လက္႐ွိအခ်ိန္အထိ အဆိုပါအမ်ိဳးသား မည္သည့္ေနရာတြင္ ေရာက္႐ွိေနသည္ကို မသိရေခ်။

ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ႀကီးတစ္ခုတြင္ အရက္ေသာက္ရင္း လစာထုတ္ခဲ့ပုံအေၾကာင္း ျပန္လည္ စိတ္ကူးယဥ္ေနဖြယ္႐ွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man who was accidentally paid 330 times his salary quits and disappears (unilad)

Photo Credit: Getty Stock Photo

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service