ပြင်သစ်အစိုးရက ဗြိတိန်၏ ဘုရင်မင်းမြတ် ချားလ်စ်ဘုရင်ကို ဗာဆိုင်းနန်းတော်တွင် ရှားပါး အပြာရောင် ပုဇွန်ထုပ်ကြီး၊ ရှန်ပိန်ဖြင့် နှပ်ထားသော ဝက်သား၊ ပြင်သစ်မှိုဟင်းလျာတို့ဖြင့် ဧည့်ခံခဲ့ရာ ဒေါ်လာ ၅၀၀,၀၀၀ ကုန်ကျခဲ့

ပြင်သစ်အစိုးရက ဗြိတိန်၏ ဘုရင်မင်းမြတ် ချားလ်စ်ဘုရင်ကို ဗာဆိုင်းနန်းတော်တွင် ရှားပါး အပြာရောင် ပုဇွန်ထုပ်ကြီး၊ ရှန်ပိန်ဖြင့် နှပ်ထားသော ဝက်သား၊ ပြင်သစ်မှိုဟင်းလျာတို့ဖြင့် ဧည့်ခံခဲ့ရာ ဒေါ်လာ ၅၀၀,၀၀၀ ကုန်ကျခဲ့ - Property News in Myanmar from iMyanmarHouse.com
6 Aug 2024 12:13 pm တွင် တင်ခဲ့သည်
1132 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

● အပြာရောင် ပုဇွန်ထုပ်ကြီး (ရှားပါး ပြင်သစ်ဟင်းလျာ)၊ ဂဏန်း၊ ရှန်ပိန်ဖြင့် နှပ်ထားသော ဝက်သား၊ ပြင်သစ်မှိုဟင်းတိို့ ပါဝင်

● သရုပ်ဆောင် Hugh Grant ၊ အာဆင်နယ် မန်နေဂျာဟောင်း အာဆင်ဝင်းဂါး၊ ရိုးလင်းစတုန်း ရော့ခ်အဖွဲ့ကြီးမှ အဆိုတော် Mick Jagger တို့ တက်ရောက်ခဲ့

ပြင်သစ်အစိုးရသည် ချားလ်စ်ဘုရင်မင်းမြတ်ကို ခမ်းနားထည်ဝါသော ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ရာ ဒေါ်လာ ၅၀၀,၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း စာရင်းစစ် အစီရင်ခံစာတွင် ဖော်ပြသည်။

ပြင်သစ်သမ္မတ အီမန်ညူယယ် မက်ခရွန်၏ သမ္မတရုံးက ပြီးခဲ့သောနှစ် စက်တင်ဘာလအတွင်း ချားလ်စ်ဘုရင် ပြင်သစ်သို့ အလည်အပတ်ခရီးစဉ် လာရောက်ခဲ့ရာတွင် ခမ်းနားစွာဧည့်ခံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဂုဏ်ပြုညစာစားပွဲကို ဗာဆိုင်းနန်းတော်တွင် ကျင်းပပြီး ဂုဏ်သရေရှိ ဧည့်သည်တော် ၁၅၀ ကျော် တက်ရောက် ခဲ့ကြသည်။

ပြင်သစ်နှင့် ဗြိတိန်အကြား ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။

ညစာစားပွဲသို့ အထင်ကရ အကျော်အမော်များစွာ တက်ရောက်ခဲ့ရာ ရုပ်ရှင်မင်းသား Hugh Grant ၊ အာဆင်နယ်အသင်း ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးနှင့် ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး ရိုးလင်းစတုန်းမှ အဆိုတော်ကြီး Mick Jagger တို့လည်း အပါအဝင် ဖြစ်သည်။

စားသောက်ဖွယ်ရာများတွင် အပြာရောင် ပုဇွန်ထုပ်ကြီး (ရှားပါး ပြင်သစ်ဟင်းလျာ)၊ ဂဏန်း၊ ရှန်ပိန်ဖြင့် နှပ်ထားသော ဝက်သားနှင့် ပြင်သစ်မှိုဟင်းတိို့ ပါဝင်သည်။

Vintage ဝိုင်မျိုးစုံ၊ ရှန်ပိန်မျိုးစုံ၊ နိုင်ငံတကာ ချိစ်များဖြင့်လည်း တည်ခင်းဧည့်ခံခဲ့သည်။

အချိုတည်းစရာအနေဖြင့် လိုင်ချီးဖြင့် ပြုလုပ်ထားသော ပြင်သစ် ဘီစကွတ်၊ နှင်းဆီရေခဲမုန့်နှင့် ရပ်စ်ဘယ်ရီ သစ်သီးယိုတို့ တည်ခင်းခဲ့သည်။

ပြင်သစ် စာရင်းစစ်အဖွဲ့ဖြစ်သော Cour des Comptes ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် နိုင်ငံတော် ဧည့်ခံပွဲများအတွက် အသုံးစရိတ်မှာ ကန်ဒေါ်လာ ၉ သန်းခန့်ရှိခဲ့ကြောင်း ဖော်ပြသည်။

ချားလ်စ်ဘုရင်မင်းမြတ်ကို ဧည့်ခံခဲ့သည့် ကုန်ကျစရိတ်စုစုပေါင်းမှာ ကန်ဒေါ်လာ ၅၁၃,၀၀၀ ရှိခဲ့ပြီး ယင်းအနက် ဒေါ်လာ ၁၇၉,၀၀၀ မှာ အစားအသောက်အတွက်ဖြစ်ပြီး ဒေါ်လာ ၄၆,၀၀၀ မှာ အဖျော်ယမကာများအတွက် ဖြစ်သည်။

ပြင်သစ်အစိုးရသည် ၂၀၂၃ ခုနှစ်အတွင်းကလည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကို Louvre ပြတိုက်တွင် ဂုဏ်ပြုညစာဧည့်ခံကျွေးမွေးခဲ့ရာ ကန်ဒေါ်လာ ၄၄၆,၀၀၀ ကုန်ကျခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lavish Blue Lobster, Wine Feast For King Charles Cost France ₹ 4 Crore (ndtv)

[Zawgyi]

ျပင္သစ္အစိုးရက ျဗိတိန္၏ ဘုရင္မင္းျမတ္ ခ်ားလ္စ္ဘုရင္ကို ဗာဆိုင္းနန္းေတာ္တြင္ ရွားပါး အျပာေရာင္ ပုဇြန္ထုပ္ၾကီး၊ ရွန္ပိန္ျဖင့္ ႏွပ္ထားေသာ ဝက္သား၊ ျပင္သစ္မႈိဟင္းလ်ာတို႔ျဖင့္ ဧည့္ခံခဲ့ရာ ေဒၚလာ ၅၀၀,၀၀၀ ကုန္က်ခဲ့

● အျပာေရာင္ ပုဇြန္ထုပ္ၾကီး (ရွားပါး ျပင္သစ္ဟင္းလ်ာ)၊ ဂဏန္း၊ ရွန္ပိန္ျဖင့္ ႏွပ္ထားေသာ ဝက္သား၊ ျပင္သစ္မိႈဟင္းတိုိ႔ ပါဝင္

● သရုပ္ေဆာင္ Hugh Grant ၊ အာဆင္နယ္ မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါး၊ ရိုးလင္းစတုန္း ေရာ့ခ္အဖြဲ႔ၾကီးမွ အဆိုေတာ္ Mick Jagger တို႔ တက္ေရာက္ခဲ့

ျပင္သစ္အစိုးရသည္ ခ်ားလ္စ္ဘုရင္မင္းျမတ္ကို ခမ္းနားထည္ဝါေသာ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံခဲ့ရာ ေဒၚလာ ၅၀၀,၀၀၀ ခန္႔ ကုန္က်ခဲ့ေၾကာင္း စာရင္းစစ္ အစီရင္ခံစာတြင္ ေဖာ္ျပသည္။

ျပင္သစ္သမၼတ အီမန္ညဴယယ္ မက္ခရြန္၏ သမၼတရံုးက ျပီးခဲ့ေသာႏွစ္ စက္တင္ဘာလအတြင္း ခ်ားလ္စ္ဘုရင္ ျပင္သစ္သို႔ အလည္အပတ္ခရီးစဥ္ လာေရာက္ခဲ့ရာတြင္ ခမ္းနားစြာဧည့္ခံရန္ စီစဥ္ခဲ့ျခင္း ျဖစ္သည္။

ဂုဏ္ျပဳညစာစားပြဲကို ဗာဆိုင္းနန္းေတာ္တြင္ က်င္းပျပီး ဂုဏ္သေရရွိ ဧည့္သည္ေတာ္ ၁၅၀ ေက်ာ္ တက္ေရာက္ ခဲ့ၾကသည္။

ျပင္သစ္ႏွင့္ ျဗိတိန္အၾကား ခိုင္မာသည့္ မဟာမိတ္ဆက္ဆံေရးကို ျမွင့္တင္ရန္ ၾကိဳးပမ္းမႈလည္း ျဖစ္သည္။

ညစာစားပြဲသို႔ အထင္ကရ အေက်ာ္အေမာ္မ်ားစြာ တက္ေရာက္ခဲ့ရာ ရုပ္ရွင္မင္းသား Hugh Grant ၊ အာဆင္နယ္အသင္း ဂႏၳဝင္နည္းျပၾကီး အာဆင္ဝင္းဂါးႏွင့္ ကမၻာေက်ာ္ ေရာ့ခ္အဖြဲ႔ၾကီး ရိုးလင္းစတုန္းမွ အဆိုေတာ္ၾကီး Mick Jagger တို႔လည္း အပါအဝင္ ျဖစ္သည္။

စားေသာက္ဖြယ္ရာမ်ားတြင္ အျပာေရာင္ ပုဇြန္ထုပ္ၾကီး (ရွားပါး ျပင္သစ္ဟင္းလ်ာ)၊ ဂဏန္း၊ ရွန္ပိန္ျဖင့္ ႏွပ္ထားေသာ ဝက္သားႏွင့္ ျပင္သစ္မိႈဟင္းတိုိ႔ ပါဝင္သည္။

Vintage ဝုိင္မ်ဳိးစံု၊ ရွန္ပိန္မ်ဳိးစံု၊ ႏိုင္ငံတကာ ခ်ိစ္မ်ားျဖင့္လည္း တည္ခင္းဧည့္ခံခဲ့သည္။

အခ်ဳိတည္းစရာအေနျဖင့္ လိုင္ခ်ီးျဖင့္ ျပဳလုပ္ထားေသာ ျပင္သစ္ ဘီစကြတ္၊ ႏွင္းဆီေရခဲမုန္႔ႏွင့္ ရပ္စ္ဘယ္ရီ သစ္သီးယိုတို႔ တည္ခင္းခဲ့သည္။

ျပင္သစ္ စာရင္းစစ္အဖြဲ႔ျဖစ္ေသာ Cour des Comptes ၏ ႏွစ္ပတ္လည္ အစီရင္ခံစာတြင္ ႏိုင္ငံေတာ္ ဧည့္ခံပြဲမ်ားအတြက္ အသံုးစရိတ္မွာ ကန္ေဒၚလာ ၉ သန္းခန္႔ရွိခဲ့ေၾကာင္း ေဖာ္ျပသည္။

ခ်ားလ္စ္ဘုရင္မင္းျမတ္ကို ဧည့္ခံခဲ့သည့္ ကုန္က်စရိတ္စုစုေပါင္းမွာ ကန္ေဒၚလာ ၅၁၃,၀၀၀ ရွိခဲ့ျပီး ယင္းအနက္ ေဒၚလာ ၁၇၉,၀၀၀ မွာ အစားအေသာက္အတြက္ျဖစ္ျပီး ေဒၚလာ ၄၆,၀၀၀ မွာ အေဖ်ာ္ယမကာမ်ားအတြက္ ျဖစ္သည္။

ျပင္သစ္အစိုးရသည္ ၂၀၂၃ ခုႏွစ္အတြင္းကလည္း အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီကို Louvre ျပတိုက္တြင္ ဂုဏ္ျပဳညစာဧည့္ခံေကၽြးေမြးခဲ့ရာ ကန္ေဒၚလာ ၄၄၆,၀၀၀ ကုန္က်ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lavish Blue Lobster, Wine Feast For King Charles Cost France ₹ 4 Crore (ndtv)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service