ဒူဘိုင်းတွင် အပူချိန်အလွန်ပြင်းထန်နေကာ ဟိုတယ်တည်းခိုခများ ထိုးကျ

ဒူဘိုင်းတွင် အပူချိန်အလွန်ပြင်းထန်နေကာ ဟိုတယ်တည်းခိုခများ ထိုးကျ - Property News in Myanmar from iMyanmarHouse.com
5 Aug 2024 1:11 pm တွင် တင်ခဲ့သည်
733 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ဒူဘိုင်းတွင် အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်၊ ရီယာ့ဒ်တွင် ၁၀၆ ဒီဂရီ ဖာရင်ဟိုက်နှင့် အဘူဒါဘီတွင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိခဲ့သည်။

ထိုမျှ ပြင်းထန်သော အပူချိန်မှာ ကမ္ဘာလှည့်ခရီးသည်တို့အား ဆွဲဆောင်နိုင်ရန် မကောင်းလှချေ။

သို့သော် အရှေ့အလယ်ပိုင်း နိုင်ငံတို့က လာရောက်လည်ပတ်သူများ ရှိလာစေရန် ဆက်လက်ကြိုးပမ်း နေသည်။

ဒူဘိုင်းတွင် ဟိုတယ်တို့က တည်းခိုခများ လျှော့ချလာသည်။ ဇွန်လနှင့် ဇူလိုင်လအတွင်း ဒူဘိုင်းရှိ Luxury ဟိုတယ်ကြီးများမှာ တည်းခိုခ တစ်ညလျှင် ဒေါ်လာ ၂၅၀ အထိ လျှော့ချပေးလာသည်။

ယခင်နှစ်အလားတူ ကာလတွင် ပျှမ်းမျှ တည်းခိုခမှာ ၄၃၅ ဒေါ်လာဖြစ်ကြောင်း Philip Wooler က ပြောသည်။

Philip Wooler သည် အရှေ့အလယ်ပိုင်းမှ ဟိုတယ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်သော STR ၏ အကြီးအကဲဖြစ်သည်။

STR သည် အရှေ့အလယ်ပိုင်းဒေသရှိ ဟိုတယ်ပိုင်ရှင်များ၊ ဟိုတယ်လုပ်ငန်းလည်ပတ်ဆောင်ရွက်သူများနှင့် လက်တွဲဆောင်ရွက်နေခြင်း ဖြစ်သည်။

အပူချိန်များကျဆင်းပြီး လည်ပတ်သူအများဆုံး ကာလဖြစ်သော ဒီဇင်ဘာဆိုလျှင် ဒူဘိုင်းရှိ ဟိုတယ်များတွင် တည်းခိုကြမှုမှာ အခန်းပမာဏ၏ ၉၀ ရာခိုင်နှုန်းအထိ လူပြည့်သည်။

Luxury ဟိုတယ်ကြီးများ၏ ပျှမ်းမျှ တည်းခိုခမှာ ဒေါ်လာ ၆၂၀ ရှိပြီး ထို့ထက်များသည်သာ ရှိသည်။

နှစ်ကုန်ကာလများတွင် ဈေးသင့်သော ဟိုတယ်များ၏ တည်းခိုခသည်ပင်လျှင် တစ်ညလျှင် ဒေါ်လာ ၂၈၀ အထက် ရှိသည်။

“နွေလတွေအတွင်း ဒူဘိုင်းမှာ ငွေတန်ဖိုးဟာ အံ့ဖွယ်ရာပါပဲ။

ကမ္ဘာပေါ်က အကောင်းဆုံး ဟိုတယ်ကြီးတွေမှာ နည်းပါးတဲ့ဈေးနဲ့ တည်းခိုနိုင်မှာ ဖြစ်ပါတယ်” ဟု Wooler က ပြောသည်။

အရှေ့အလယ်ပိုင်း၏ အကြီးမားဆုံး အွန်လိုင်းခရီးသွားအေဂျင်စီများတွင် ပါဝင်သော Wego ၏ Chief Business Officer ဖြစ်သူ Mamoun Hmidan က ပြောသည်မှာ နွေကာလများတွင် ခရီးသွားလုပ်ငန်းကျဆင်းမှု အား မည်သို့လုပ်ဆောင်ရမည်ကို အဖြေရှာနေကြောင်း ပြောသည်။

“ယေဘုယျအားဖြင့် နွေကာလဟာ ဒီဒေသရဲ့ ခရီးသွားကျဆင်းတဲ့ ရာသီပါပဲ။ ဒါက နှစ်တိုင်း တွေ့နေကြပါ။”

“ဒါပေမယ့် ဒီအခြေအနေကို ကိုင်တွယ်ဖို့ ဒူဘိုင်းအာဏာပိုင်တွေက အတော်အတန် စီမံထားခဲ့ပြီး ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့သိပါတယ်။ ခရီးသွား package တွေ ပေးတာမျိုးပေါ့။”

“ဒူဘိုင်းက ဟိုတယ်လုပ်ငန်းရှင်တွေဟာ ဈေးနှုန်း သင့်တင့်စွာနဲ့ luxury ခရီးသွားလိုတဲ့ ခရီးသည်တွေရှိရာ နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွား အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Extreme Heat in Dubai, Extreme Price Drops in Hotels (skift)

[Zawgyi]

ဒူဘိုင္းတြင္ အပူခ်ိန္အလြန္ျပင္းထန္ေနကာ ဟိုတယ္တည္းခိုခမ်ား ထုိးက်

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ဒူဘိုင္းတြင္ အပူခ်ိန္ ၁၀၄ ဒီဂရီ ဖာရင္ဟိုက္၊ ရီယာ့ဒ္တြင္ ၁၀၆ ဒီဂရီ ဖာရင္ဟိုက္ႏွင့္ အဘူဒါဘီတြင္ ၁၂၀ ဒီဂရီ ဖာရင္ဟိုက္အထိ ရွိခဲ့သည္။

ထိုမွ် ျပင္းထန္ေသာ အပူခ်ိန္မွာ ကမၻာလွည့္ခရီးသည္တို႔အား ဆြဲေဆာင္ႏုိင္ရန္ မေကာင္းလွေခ်။

သို႔ေသာ္ အေရွ႕အလယ္ပိုင္း ႏိုင္ငံတို႔က လာေရာက္လည္ပတ္သူမ်ား ရွိလာေစရန္ ဆက္လက္ၾကိဳးပမ္း ေနသည္။

ဒူဘိုင္းတြင္ ဟိုတယ္တို႔က တည္းခိုခမ်ား ေလွ်ာ့ခ်လာသည္။ ဇြန္လႏွင့္ ဇူလိုင္လအတြင္း ဒူဘိုင္းရွိ Luxury ဟိုတယ္ၾကီးမ်ားမွာ တည္းခိုခ တစ္ညလွ်င္ ေဒၚလာ ၂၅၀ အထိ ေလွ်ာ့ခ်ေပးလာသည္။

ယခင္ႏွစ္အလားတူ ကာလတြင္ ပွ်မ္းမွ် တည္းခိုခမွာ ၄၃၅ ေဒၚလာျဖစ္ေၾကာင္း Philip Wooler က ေျပာသည္။

Philip Wooler သည္ အေရွ႕အလယ္ပိုင္းမွ ဟိုတယ္တို႔၏ လုပ္ငန္းေဆာင္ရြက္မႈမ်ားကို ေစာင့္ၾကည့္ေသာ STR ၏ အၾကီးအကဲျဖစ္သည္။

STR သည္ အေရွ႕အလယ္ပိုင္းေဒသရွိ ဟိုတယ္ပိုင္ရွင္မ်ား၊ ဟိုတယ္လုပ္ငန္းလည္ပတ္ေဆာင္ရြက္သူမ်ားႏွင့္ လက္တြဲေဆာင္ရြက္ေနျခင္း ျဖစ္သည္။

အပူခ်ိန္မ်ားက်ဆင္းျပီး လည္ပတ္သူအမ်ားဆံုး ကာလျဖစ္ေသာ ဒီဇင္ဘာဆိုလွ်င္ ဒူဘိုင္းရွိ ဟိုတယ္မ်ားတြင္ တည္းခိုၾကမႈမွာ အခန္းပမာဏ၏ ၉၀ ရာခိုင္ႏႈန္းအထိ လူျပည့္သည္။

Luxury ဟိုတယ္ၾကီးမ်ား၏ ပွ်မ္းမွ် တည္းခိုခမွာ ေဒၚလာ ၆၂၀ ရွိျပီး ထို႔ထက္မ်ားသည္သာ ရွိသည္။ ႏွစ္ကုန္ကာလမ်ားတြင္ ေစ်းသင့္ေသာ ဟိုတယ္မ်ား၏ တည္းခိုခသည္ပင္လွ်င္ တစ္ညလွ်င္ ေဒၚလာ ၂၈၀ အထက္ ရွိသည္။

“ေႏြလေတြအတြင္း ဒူဘိုင္းမွာ ေငြတန္ဖုိးဟာ အံ့ဖြယ္ရာပါပဲ။

ကမၻာေပၚက အေကာင္းဆံုး ဟိုတယ္ၾကီးေတြမွာ နည္းပါးတဲ့ေစ်းနဲ႔ တည္းခိုႏိုင္မွာ ျဖစ္ပါတယ္” ဟု Wooler က ေျပာသည္။

အေရွ႕အလယ္ပိုင္း၏ အၾကီးမားဆံုး အြန္လိုင္းခရီးသြားေအဂ်င္စီမ်ားတြင္ ပါဝင္ေသာ Wego ၏ Chief Business Officer ျဖစ္သူ Mamoun Hmidan က ေျပာသည္မွာ ေႏြကာလမ်ားတြင္ ခရီးသြားလုပ္ငန္းက်ဆင္းမႈ အား မည္သို႔လုပ္ေဆာင္ရမည္ကို အေျဖရွာေနေၾကာင္း ေျပာသည္။

“ေယဘုယ်အားျဖင့္ ေႏြကာလဟာ ဒီေဒသရဲ႕ ခရီးသြားက်ဆင္းတဲ့ ရာသီပါပဲ။ ဒါက ႏွစ္တိုင္း ေတြ႔ေနၾကပါ။”

“ဒါေပမယ့္ ဒီအေျခအေနကို ကိုင္တြယ္ဖုိ႔ ဒူဘိုင္းအာဏာပိုင္ေတြက အေတာ္အတန္ စီမံထားခဲ့ျပီး ျဖစ္ပါတယ္။ ဘယ္လိုလုပ္ရမယ္ဆိုတာ သူတို႔သိပါတယ္။ ခရီးသြား package ေတြ ေပးတာမ်ဳိးေပါ့။”

“ဒူဘိုင္းက ဟိုတယ္လုပ္ငန္းရွင္ေတြဟာ ေစ်းႏႈန္း သင့္တင့္စြာနဲ႔ luxury ခရီးသြားလိုတဲ့ ခရီးသည္ေတြရွိရာ ႏိုင္ငံေတြက ကမၻာလွည့္ခရီးသြား ေအဂ်င္စီေတြနဲ႔ ခ်ိတ္ဆက္ျပီး ေဆာင္ရြက္ေနပါတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Extreme Heat in Dubai, Extreme Price Drops in Hotels (skift)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service