ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
4 Aug 2024 1:33 pm တွင် တင်ခဲ့သည်
398 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

iMyanmarHouse ဆီသို့ အိမ်ခြံမြေချစ်သူများ ပေးပို့လာတဲ့ ဥပဒေရေးရာမေးခွန်းများထဲမှ သုံးခုကို ဒီတစ်ပတ်အတွက် ဖြေကြားတင်ဆက်ပေးလိုက်ပါတယ်။ ဥပဒေအသိကြွယ်စေဖို့ရာ အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများကို iMyanmarHouse.com မှ အပတ်စဥ် တင်ဆက်ပေးလျက်ရှိပါသည်။

မေးခွန်း (၁) - နိုင်ငံသားဖြစ်သူ ဇနီး၏ အမည်ဖြင့် ဝယ်ယူထားသည့် အိမ်နှင့်မြေအပေါ် ၌နိုင်ငံခြားသားဖြစ်သူ ခင်ပွန်းအနေဖြင့် ပိုင်ဆိုင်မှုအကျိုးခံစားခွင့် ရရှိနိင်ပါသလား။

လင်မယားနှစ်ဦးပိုင်ပစ္စည်းမှာ သာမာန်အခြေအနေ လက်ထပ်မှုပြုရာတွင် အတူပိုင်ဆိုင်ခွင့်ရှိပြီး နှစ်ဦး နှစ်ဖက်လုံးနှင့် သက်ဆိုင်ပါသည်။ ကွာရှင်းမှုပြုလိုလျှင်လဲ ငယ်လင်ငယ်မယားဖြစ်ပါက နှစ်ပါးစုံပစ္စည်းနှင့် လက် ထပ်ပွှားပစ္စည်းများအား ညီတူမျှတူ ခွဲဝေခြင်းပြုနိုင်ပါသည်။

အထက်ဖော်ပြပါ မေးခွန်းအရ နိုင်ငံသားဖြစ်သူ ဇနီး အမည်ဖြင့် ပိုင်ဆိုင်နေသော အိမ်မှာ နိုင်ငံခြားသား ဖြစ်သူခင်ပွန်းမှာ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းအား ကန့်ကွက်မှု ဥပဒေအရ ပိုင်ဆိုင်အကျိုး ခံစားနိုင်သည့် အခွင့်အရေးတစ်စုံတစ်ရာ မရှိပါ။ (ခူဇူး ဖောက်ပါ-၂နှင့် ဒေါ်ပန်၊ ၁၉၉၂ မတ စ ၁၆)

ပုဒ်မ-၄ အရ မည်သည့်နိုင်ငံသား(သို့) နိုင်ငံခြားသားပိုင် ကုမ္ပဏီကမှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ် ခြင်း (သို့) အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်းမပြုရကြောင်း ဖော်ပြထား ပါသည်။ အဆိုပါ ဇနီးဖြစ်သူမှ ဝယ်ယူသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းမှာ စတင်ဝယ်ယူစဉ်ကတည်းက နိုင်ငံ ခြားသားဖြစ်သူ ခင်ပွန်းမှာ အတူမပိုင်ဆိုင်သလို ပူးတွဲပိုင်ဆိုင်မှုလဲ မရှိပါ။ ဧည့်နိုင်ငံသားအဖြစ်ရှိနေသူမှာ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းအား လွှဲပြောင်းပိုင်ဆိုင်ခွင့်မရှိပါ။

အဆိုပါ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်း ကန့်သတ်မှု ဥပဒေကို ဖောက်ဖျက်ကျုးလွန်ကာ နိုင်ငံခြားသားအား လွှဲပြောင်းပေးအပ်မှုပြုလျှင် အနည်းဆုံးထောင်ဒဏ်(၃)နှစ်မှ အများဆုံးထောင် ဒဏ်(၅)နှစ် ထိ ချမှတ်ခြင်းပြု နိုင်ကြောင်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းအားလဲ ပြည်သူ့ဘဏ္ဏာအဖြစ် သိမ်းဆည်းနိုင် ကြောင်း ပုဒ်မ-၁၁ တွင် ပြဌာန်းပြီးဖြစ်ပါသည်။

နိုင်ငံခြားသားများမှာ နိုင်ငံအတွင်း မြေဝယ်ယူနိုင်သည့်အခွင့်အရေးမရှိဘဲ ရင်းနှီးမြုပ်နှံမှုဥပဒေ ပုဒ်မ-၅၀(ခ)အရ ရင်းနှီးမြုပ်နှံလိုပါက အစိုးရမြေ၊ အဖွဲ့အစည်းပိုင်မြေ၊ ပုဂ္ဂလိကမြေအား မြေအသုံးပြုလိုကြောင်း ရင်းနှီးမြုပ်နှံမှုကော်မရှင်ထံတွင် ခွင့်ပြုအတည်ပြုမိန့်ရယူရပါမည်။ မြေအား ခွင့်ပြုအတည်ပြုမိန့်ရလျှင် နှစ်-(၅၀)အထိ ငှားရမ်းလုပ်ပိုင်ခွင့် အခွင့်အရေးရှိပါသည်။

နိုင်ငံခြားသားများမှ နိုင်ငံအတွင်းနေထိုင်မှုအတွက် ဝယ်ယူပိုင်ဆိုင်ခြင်းပြုလိုပါက ၂၀၁၆ ခုနှစ်၊ စုပေါင်း ပိုင်အဆောက်အအုံဆိုင်ရာဥပဒေ၊နည်းဥပဒေနှင့်အညီ ဆောက်လုပ်ပြီးသော စုစုပေါင်းပိုင်ကွန်ဒို အဆောက်အအုံ ၏ အခန်းအား ၎င်းအုတ်နာဘုတ် အမည်ပေါက်လျှောက်ထားကာ၊ သတ်မှတ်အခွန်အား ထမ်းဆောင်ပြီး ဝယ်ယူ နိုင်သည့် အခွင့်အရေးရှိကြောင်း ရေးသားဖြေဆိုပေးလိုက်ပါသည်။

မေးခွန်း (၂) - ပါမစ်မြေအမျိုးအစားမှ ဂရန်မြေအမျိုးအစားအဖြစ် ပြောင်းလဲလျှောက်ထားခြင်းပြုရာတွင် မည့်သည့်စာရွက်စာတမ်းအထောက်အထားများ လိုအပ်ပါသနည်း

ပါမစ်မြေအား ဂရန်မြေအဖြစ် ပြောင်းလဲလျှောက်ထားလိုလျှင် အခြားမြေအမျိုးအစားများအား ဂရန် လျှောက်ထားခြင်းနည်းတူ အောက်ပါအချက်အလက်များဖြင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။

လျှောက်ထားသူသည်အသက် (၁၈)နှစ်ပြည့်ပြီး စိတ်ပေါ့သွပ်သူမဖြစ်လျှင် သတ်မှတ်မြေငှားခ ထမ်း ဆောင်နိုင်ပါက သက်ဆိုင်ရာမြေစီမံခန့်ခွဲမှုဌာနတွင် ဂရန်လျှောက်ထားခြင်းပြုနိုင်ပါသည်။

ထို့သို့လျှောက်ထားရာတွင် လျှောက်လွှာအား ဌာနမှ သတ်မှတ်ပုံစံနှင့်အညီ လျှောက်ထားရမည်ဖြစ်ကာ မှတ်ပုံတင်၊ မြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သော ပိုင်ဆိုင်မှု စာချုပ်စာတမ်းအထောက်အထားများ ၊ မြေငှား ခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) နောက်ဆုံးထမ်းဆောင်ထားသည့် မြေခွန်ပြေစာတို့အား လျှောက်လွှာနှင့် ပူးတွဲတင်ပြရပါမည်။ ပါမစ်မြေအား ဂရန်လျှောက်ထားခွင့်ရှိသူများမှာ ပါမစ်အမည်ပေါက် ချပေးထားခြင်း ခံရသူ၊ အဆိုပါ ပါမစ်အမည်ပေါက်ထံမှ စာချုပ်အဆက်အစပ်ဖြင့် လွှဲပြောင်းပိုင်ဆိုင်လာသူနှင့် တရားရုံးအမိန့် ဒီဂရီတစ်ရပ်ရပ်ပါရှိပြီး ပိုင်ဆိုင်သူများမှ လျှောက်ထားခြင်းပြုနိုင်ပါသည်။

ဌာနမှ လျှောက်ထားသူ တင်ပြသည့်စာချုပ်စာတမ်းများအား မူရင်းပိုင်ဆိုင်မှု အထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးပြီး အမွေဆက်ခံမှုဖြင့် တင်ပြလျှောက်ထားခြင်းဖြစ်ပါကလဲ လျှောက်ထားသူမှ ကျမ်းကျိန်လွှာ မူရင်း၊ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်၊ သေစာရင်း၊ အိမ်ထောင်စုစာရင်းများ တင်ပြ လျှောက်ထားပေးရန် လိုအပ်ပါသည်။

လျှောက်ထားသူ တင်ပြသည့်အချက်အလက်များ ကိုက်ညီမှုရှိပါက ဌာနမှ ကန့်ကွက်ရန်ကြေငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူအား (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး(၁)စောင်အား ပေးပို့စေကာ လက်ခံရရှိကြောင်း အထောက်အထား(၁)စောင်အားလဲ ဌာနမှ လျှောက်ထားသူအား ပြန်လည်ပေးပို့စေပါသည်။

မြေကွက်အားကွင်းဆင်းတိုင်းတာစစ်ဆေးသည့်အခါ မြေကွက်အကျယ်အဝန်းမှာ အနည်းဆုံး စတုရန်း ပေ (၁၂၀၀) ပြည့်မှီမှသာ ဂရန်လျှောက်ထားခြင်းအား ခွင့်ပြုပေးမည်ဖြစ်ပါသည်။ ထို့အပြင် ပိုင်ဆိုင်မှုအတွက် ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေငြာခြင်းပြုစေကာ ကန့်ကွက်သူမပေါ်ပေါက်မှသာ ဌာနမှ သတ်မှတ်ဝန် ဆောင်ခ ပေးသွင်းစေမည်ဖြစ်ပါသည်။

ထို့နောက် မြေပုံရေးဆွဲပေးခြင်း၊ မြေငှားစာချုပ်အား အထူးကပ်တံဆိပ်ခေါင်းတို့ ထမ်းဆောင်စေကာ အသိသက်သေများရှေ့တွင် လက်မှတ်ရေးထိုးစေပါသည်။ မြေငှားဂရန်စာအုပ်အား ထုတ်ပေးသည့်အခါတွင်လဲ မြေငှားခ အခွန်စည်းကြပ်ကောက်ခံနိုင်ရန်အတွက် အမှုတွဲအား စနစ်တကျ ထိန်းသိမ်းထားရှိကြောင်း ရေးသား ဖြေဆိုပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အရွယ်မရောက်သေးသူ၏ အမည်ဖြင့် (အိမ်၊ခြံ၊မြေ) ဝယ်ယူလိုပါက သိရှိထားသင့်သည့်အချက်များကို ရှင်းပြပါ။

အသက်အရွယ်(၁၈)နှစ်ပြည့်ပြီးပါက အရွယ်ရောက်သူအဖြစ် သတ်မှတ်ခြင်းပြုနိုင်ပါသည်။ အုပ်ထိန်း သူ ခန့်အပ်ထားပြီးဖြစ်ပါက အရွယ်မရောက်သူမှာ (၂၁)နှစ်ပြည့်မှသာ အရွယ်ရောက်သူအဖြစ် မှတ်ယူရ နိုင်မည်ဖြစ်ပါသည်။ ပဋိဉာဉ်ဥပဒေပုဒ်မ-၁၁ အရ ပဋိဉာဉ်ပြုလုပ်သူများသည် သက်ဆိုင်ရာဥပဒေအရ တရားဝင် အရွယ်ရောက်ပြီးသူ ၊ စိတ်ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည့်အပြင် စိတ်ပေါ့သွပ်သူမဖြစ်ရ။ ဥပဒေအရ အရည်အချင်း ချို့ယွင်းချက်မရှိပါက ၎င်းနှင့်သက်ဆိုင်သည့် ဥပဒေအရ အရွယ်ရောက်ပြီးသူဖြစ်လျှင် ပဋိဉာဉ်ပြု နိုင်သည့် အခွင့်အရေးရှိပါသည်။ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအရ ဆောင်ရွက်ခြင်းများတွင်လဲ အရွယ်မရောက် သေးသူဖြစ်လျှင် လွှဲပြောင်းခြင်းအတည်မဖြစ်ပါ ပျက်ပြယ်ပါသည်။

ဘိုးဘွားမိဘများမှ အရွယ်မရောက်သေးသူအား မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ပေးအပ်ရန် ကြိုတင် ဝယ်ယူခြင်းများလဲရှိပြီး ဘိုးဘွားများ သက်ရှိထင်ရှားရှိနေစဉ် အဆိုပါပစ္စည်းမှာ ဘိုးဘွားများမှ စီမံခန့်ခွဲနိုင် သော်လည်း ကွယ်လွန်သွားပါက အရွယ်မရောက်သေးသူမှ အမည်ပြောင်းဆောင်ရွက်ခြင်းများ မပြုနိုင်သေး သောကြောင့် တရားရုံး၏ ကာကွယ်စောင့်ရှောက်စီမံခန့်ခွဲမှု အောက်တွင်ပင် အဆိုပါပစ္စည်းမှာ ရောက်ရှိပါ သည်။ အရွယ်မရောက်သေးသူမှ (၁၈)နှစ်ပြည့်မှသာ အဆိုပါအိမ်ပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွင့် အခွင့်အရေး တောင်း ဆိုနိုင်မည်ဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ဝယ်ယူခြင်းမှာ မှတ်ပုံတင်စာချုပ်စာတမ်းဥပဒေနှင့်အညီ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှသာ ပိုင်ရေးဆိုင်ခွင့် အတည်ဖြစ်မည်ဖြစ်ပါသည်။

ထို့ပြင် အုပ်ထိန်းသူမှတဆင့် အရွယ်မရောက်သေးသူအမည်ဖြင့် အိမ်ခြံမြေဝယ်ယူခွင့်မရှိသလို အရောင်း စာချုပ်၊ အပေါင်စာချုပ်များအား အရွယ်မရောက်သေးသူ ကိုယ်စား အုပ်ထိန်းသူမှ လက်မှတ်ရေးထိုးခွင့်လဲ မရှိပါ။ အရောင်းအဝယ်မဟုတ်သော တရားရုံးခွင့်ပြုချက်အရ အုပ်ထိန်းသူမှ ဆောင်ရွက်ခွင့်ရှိသော ကိစ္စများ တွင်တော့ အုပ်ထိန်းသူမှ အရွယ်မရောက်သေးသူကိုယ်စား ပဋိဉာဉ်စာချုပ်ခြင်း ပြုနိုင်ပါသည်။

အရွယ်မရောက်သေးသူပိုင်ဆိုင်ခွင့်ရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား တရားရုံးခွင့်ပြုချက်ဖြင့် အုပ်ထိန်းသူမှ ရောင်းချပေးခြင်းဖြစ်ပါကလဲ အရွယ်မရောက်သူ အကျိုးအတွက် ဆောင်ရွက်ပေးခြင်း အမှန် တကယ်ဖြစ်ရန် လိုပါသည်။ အုပ်ထိန်းသူအနေဖြင့် ဆောင်ရွက်ခွင့်ရှိသော ကိစ္စအား လုပ်ဆောင်ခြင်းမှာ အရွယ်မရောက်သေးသူ အပေါ်တွင် အတည် ဖြစ်ကြောင်း ပဋိဉာဉ်ဥပဒေပုဒ်မ-၁၁(ဂ)တွင် ဖော်ပြထားပါသည်။

အရွယ်မရောက်ခင် မရွှေ့မပြောင်းနိုင်သောပစ္စည်းအား စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုး ဝယ်ယူလျှင်လဲ အသက်ပြည့်မှီ၍ အရွယ်ရောက်သည့်အချိန် အဆိုပါပစ္စည်းပေါ် ပိုင်ဆိုင်ခွင့်မှာ အတည်မဖြစ်ပါ။ ဝယ်ယူစဉ်က ဥပဒေနှင့်ညီညွှတ်သော ပဋိဉာဉ်မဖြစ်ခဲ့၍ မူလစာချုပ်ချုပ်ဆိုစဉ်ကပင် ပျယ်ပြယ်သော ပဋိဉာဉ်ဖြစ်နေပါသည်။

အရွယ်မရောက်သေးသူနှင့် စာချုပ်ချုပ်ဆိုခြင်းပြုမိသည့်အခါ ၎င်း၏ သဘောတူညီများမှာ အတည် မဖြစ်သော်လည်း တဖက်အရွယ်ရောက်ပြီးသူ၊ စာချုပ်ချုပ်ဆိုသူ၏ သဘောတူညီချက်မှာတော့ အတည်ဖြစ် နေမည်ဖြစ်ပါသည်။ အဆိုပါအရွယ်ရောက်သူ၏ ကတိပြုချက်အတိုင်း ဆောင်ရွက်ရန် အရွယ်မရောက်သူက တောင်းဆိုနိုင်သည့် အခွင့်အရေးရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေဆြးေႏြးအေျဖ႐ွာ ဥပေဒေရးရာ

 

iMyanmarHouse.com ဆီသို႔ အိမ္ျခံေျမခ်စ္သူမ်ား ေပးပို႔လာတဲ့ ဥပေဒေရးရာေမးခြန္းမ်ားထဲမွ သုံးခုကို ဒီတစ္ပတ္အတြက္ ေျဖၾကားတင္ဆက္ေပးလိုက္ပါတယ္။ ဥပေဒအသိႂကြယ္ေစဖို႔ရာ အိမ္ျခံေျမဥပေဒဆိုင္ရာ အေမးအေျဖမ်ားကို iMyanmarHouse.com မွ အပတ္စဥ္ တင္ဆက္ေပးလ်က္႐ွိပါသည္။

ေမးခြန္း (၁) - ႏိုင္ငံသားျဖစ္သူ ဇနီး၏ အမည္ျဖင့္ ဝယ္ယူထားသည့္ အိမ္ႏွင့္ေျမအေပၚ၌ ႏိုင္ငံျခားသားျဖစ္သူ ခင္ပြန္း အေနျဖင့္ ပိုင္ဆိုင္မႈအက်ိဳးခံစားခြင့္ ရ႐ွိနိင္ပါသလား။

လင္မယားႏွစ္ဦးပိုင္ပစၥည္းမွာ သာမာန္အေျခအေန လက္ထပ္မႈျပဳရာတြင္ အတူပိုင္ဆိုင္ခြင့္႐ွိၿပီး ႏွစ္ဦး ႏွစ္ဖက္လုံးႏွင့္ သက္ဆိုင္ပါသည္။ ကြာ႐ွင္းမႈျပဳလိုလွ်င္လဲ ငယ္လင္ငယ္မယားျဖစ္ပါက ႏွစ္ပါးစုံပစၥည္းႏွင့္ လက္ ထပ္ပႊားပစၥည္းမ်ားအား ညီတူမွ်တူ ခြဲေဝျခင္းျပဳႏိုင္ပါသည္။

အထက္ေဖာ္ျပပါ ေမးခြန္းအရ ႏိုင္ငံသားျဖစ္သူ ဇနီး အမည္ျဖင့္ ပိုင္ဆိုင္ေနေသာ အိမ္မွာ ႏိုင္ငံျခားသား ျဖစ္သူခင္ပြန္းမွာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ား လႊဲေျပာင္းျခင္းအား ကန္႔ကြက္မႈ ဥပေဒအရ ပိုင္ဆိုင္အက်ိဳး ခံစားႏိုင္သည့္ အခြင့္အေရးတစ္စုံတစ္ရာ မ႐ွိပါ။ (ခူဇူး ေဖာက္ပါ-၂ႏွင့္ ေဒၚပန္၊ ၁၉၉၂ မတ စ ၁၆)

ပုဒ္မ-၄ အရ မည္သည့္ႏိုင္ငံသား(သို႔) ႏိုင္ငံျခားသားပိုင္ ကုမၸဏီကမွ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ ေပးကမ္းသည္ကို လက္ခံျခင္း၊ ေပါင္ႏွံျခင္း၊ ေပါင္ႏွံသည္ကို လက္ခံျခင္း၊ လဲလွယ္ ျခင္း (သို႔) အျခားနည္းတစ္ရပ္ရပ္ျဖင့္ လႊဲေျပာင္းျခင္း၊ လႊဲေျပာင္းသည္ကို လက္ခံျခင္းမျပဳရေၾကာင္း ေဖာ္ျပထား ပါသည္။

အဆိုပါ ဇနီးျဖစ္သူမွ ဝယ္ယူသည့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမွာ စတင္ဝယ္ယူစဥ္ကတည္းက ႏိုင္ငံ ျခားသားျဖစ္သူ ခင္ပြန္းမွာ အတူမပိုင္ဆိုင္သလို ပူးတြဲပိုင္ဆိုင္မႈလဲ မ႐ွိပါ။ ဧည့္ႏိုင္ငံသားအျဖစ္႐ွိေနသူမွာ မေ႐ႊ႕ မေျပာင္းႏိုင္ေသာ ပစၥည္းအား လႊဲေျပာင္းပိုင္ဆိုင္ခြင့္မ႐ွိပါ။ အဆိုပါ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း လႊဲေျပာင္းျခင္း ကန္႔သတ္မႈ ဥပေဒကို ေဖာက္ဖ်က္က်ဳးလြန္ကာ ႏိုင္ငံျခားသားအား လႊဲေျပာင္းေပးအပ္မႈျပဳလွ်င္ အနည္းဆုံးေထာင္ဒဏ္(၃)ႏွစ္မွ အမ်ားဆုံးေထာင္ ဒဏ္(၅)ႏွစ္ ထိ ခ်မွတ္ျခင္းျပဳ ႏိုင္ေၾကာင္းႏွင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအားလဲ ျပည္သူ႕ဘဏၰာအျဖစ္ သိမ္းဆည္းႏိုင္ ေၾကာင္း ပုဒ္မ-၁၁ တြင္ ျပဌာန္းၿပီးျဖစ္ပါသည္။

ႏိုင္ငံျခားသားမ်ားမွာ ႏိုင္ငံအတြင္း ေျမဝယ္ယူႏိုင္သည့္အခြင့္အေရးမ႐ွိဘဲ ရင္းႏွီးျမဳပ္ႏွံမႈဥပေဒ ပုဒ္မ-၅၀(ခ)အရ ရင္းႏွီးျမဳပ္ႏွံလိုပါက အစိုးရေျမ၊ အဖြဲ႕အစည္းပိုင္ေျမ၊ ပုဂၢလိကေျမအား ေျမအသုံးျပဳလိုေၾကာင္း ရင္းႏွီးျမဳပ္ႏွံမႈေကာ္မ႐ွင္ထံတြင္ ခြင့္ျပဳအတည္ျပဳမိန္႔ရယူရပါမည္။ ေျမအား ခြင့္ျပဳအတည္ျပဳမိန္႔ရလွ်င္ ႏွစ္-(၅၀)အထိ ငွားရမ္းလုပ္ပိုင္ခြင့္ အခြင့္အေရး႐ွိပါသည္။

ႏိုင္ငံျခားသားမ်ားမွ ႏိုင္ငံအတြင္းေနထိုင္မႈအတြက္ ဝယ္ယူပိုင္ဆိုင္ျခင္းျပဳလိုပါက ၂၀၁၆ ခုႏွစ္၊ စုေပါင္း ပိုင္အေဆာက္အအုံဆိုင္ရာဥပေဒ၊နည္းဥပေဒႏွင့္အညီ ေဆာက္လုပ္ၿပီးေသာ စုစုေပါင္းပိုင္ကြန္ဒို အေဆာက္အအုံ ၏ အခန္းအား ၎အုတ္နာဘုတ္ အမည္ေပါက္ေလွ်ာက္ထားကာ၊ သတ္မွတ္အခြန္အား ထမ္းေဆာင္ၿပီး ဝယ္ယူ ႏိုင္သည့္ အခြင့္အေရး႐ွိေၾကာင္း ေရးသားေျဖဆိုေပးလိုက္ပါသည္။

ေမးခြန္း (၂) - ပါမစ္ေျမအမ်ိဳးအစားမွ ဂရန္ေျမအမ်ိဳးအစားအျဖစ္ ေျပာင္းလဲေလွ်ာက္ထားျခင္းျပဳရာတြင္ မည့္သည့္စာ႐ြက္ စာတမ္းအေထာက္အထားမ်ား လိုအပ္ပါသနည္း။

ပါမစ္ေျမအား ဂရန္ေျမအျဖစ္ ေျပာင္းလဲေလွ်ာက္ထားလိုလွ်င္ အျခားေျမအမ်ိဳးအစားမ်ားအား ဂရန္ ေလွ်ာက္ထားျခင္းနည္းတူ ေအာက္ပါအခ်က္အလက္မ်ားျဖင့္ ကိုက္ညီမႈ႐ွိရန္ လိုအပ္ပါသည္။

ေလွ်ာက္ထားသူသည္အသက္ (၁၈)ႏွစ္ျပည့္ၿပီး စိတ္ေပါ့သြပ္သူမျဖစ္လွ်င္ သတ္မွတ္ေျမငွားခ ထမ္း ေဆာင္ႏိုင္ပါက သက္ဆိုင္ရာေျမစီမံခန္႔ခြဲမႈဌာနတြင္ ဂရန္ေလွ်ာက္ထားျခင္းျပဳႏိုင္ပါသည္။

ထို႔သို႔ေလွ်ာက္ထားရာတြင္ ေလွ်ာက္လႊာအား ဌာနမွ သတ္မွတ္ပုံစံႏွင့္အညီ ေလွ်ာက္ထားရမည္ျဖစ္ကာ မွတ္ပုံတင္၊ ေျမပိုင္ဆိုင္မႈႏွင့္ သက္ဆိုင္ေသာ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းအေထာက္အထားမ်ား ၊ ေျမငွား ခေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္(သို႔) ေနာက္ဆုံးထမ္းေဆာင္ထားသည့္ ေျမခြန္ေျပစာတို႔အား ေလွ်ာက္လႊာႏွင့္ ပူးတြဲတင္ျပရပါမည္။ ပါမစ္ေျမအား ဂရန္ေလွ်ာက္ထားခြင့္႐ွိသူမ်ားမွာ ပါမစ္အမည္ေပါက္ ခ်ေပးထားျခင္း ခံရသူ၊ အဆိုပါ ပါမစ္အမည္ေပါက္ထံမွ စာခ်ဳပ္အဆက္အစပ္ျဖင့္ လႊဲေျပာင္းပိုင္ဆိုင္လာသူႏွင့္ တရား႐ုံးအမိန္႔ ဒီဂရီတစ္ရပ္ရပ္ပါ႐ွိၿပီး ပိုင္ဆိုင္သူမ်ားမွ ေလွ်ာက္ထားျခင္းျပဳႏိုင္ပါသည္။

ဌာနမွ ေလွ်ာက္ထားသူ တင္ျပသည့္စာခ်ဳပ္စာတမ္းမ်ားအား မူရင္းပိုင္ဆိုင္မႈ အေထာက္အထားမ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးၿပီး အေမြဆက္ခံမႈျဖင့္ တင္ျပေလွ်ာက္ထားျခင္းျဖစ္ပါကလဲ ေလွ်ာက္ထားသူမွ က်မ္းက်ိန္လႊာ မူရင္း၊ေထာက္ခံက်မ္းက်ိန္လႊာ(၂)ေစာင္၊ ေသစာရင္း၊ အိမ္ေထာင္စုစာရင္းမ်ား တင္ျပ ေလွ်ာက္ထားေပးရန္ လိုအပ္ပါသည္။

ေလွ်ာက္ထားသူ တင္ျပသည့္အခ်က္အလက္မ်ား ကိုက္ညီမႈ႐ွိပါက ဌာနမွ ကန္႔ကြက္ရန္ေၾကျငာစာကို ေျမေပၚတြင္(၁)ေစာင္၊ ေလွ်ာက္ထားသူအား (၁)ေစာင္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး(၁)ေစာင္အား ေပးပို႔ေစကာ လက္ခံရ႐ွိေၾကာင္း အေထာက္အထား(၁)ေစာင္အားလဲ ဌာနမွ ေလွ်ာက္ထားသူအား ျပန္လည္ေပးပို႔ေစပါသည္။

ေျမကြက္အားကြင္းဆင္းတိုင္းတာစစ္ေဆးသည့္အခါ ေျမကြက္အက်ယ္အဝန္းမွာ အနည္းဆုံး စတုရန္း ေပ (၁၂၀၀) ျပည့္မွီမွသာ ဂရန္ေလွ်ာက္ထားျခင္းအား ခြင့္ျပဳေပးမည္ျဖစ္ပါသည္။ ထို႔အျပင္ ပိုင္ဆိုင္မႈအတြက္ ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာေၾကျငာျခင္းျပဳေစကာ ကန္႔ကြက္သူမေပၚေပါက္မွသာ ဌာနမွ သတ္မွတ္ဝန္ ေဆာင္ခ ေပးသြင္းေစမည္ျဖစ္ပါသည္။

ထို႔ေနာက္ ေျမပုံေရးဆြဲေပးျခင္း၊ ေျမငွားစာခ်ဳပ္အား အထူးကပ္တံဆိပ္ေခါင္းတို႔ ထမ္းေဆာင္ေစကာ အသိသက္ေသမ်ားေ႐ွ႕တြင္ လက္မွတ္ေရးထိုးေစပါသည္။ ေျမငွားဂရန္စာအုပ္အား ထုတ္ေပးသည့္အခါတြင္လဲ ေျမငွားခ အခြန္စည္းၾကပ္ေကာက္ခံႏိုင္ရန္အတြက္ အမႈတြဲအား စနစ္တက် ထိန္းသိမ္းထား႐ွိေၾကာင္း ေရးသား ေျဖဆိုေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - အ႐ြယ္မေရာက္ေသးသူ၏ အမည္ျဖင့္ (အိမ္၊ျခံ၊ေျမ) ဝယ္ယူလိုပါက သိ႐ွိထားသင့္သည့္အခ်က္မ်ားကို ႐ွင္းျပပါ။

အသက္အ႐ြယ္(၁၈)ႏွစ္ျပည့္ၿပီးပါက အ႐ြယ္ေရာက္သူအျဖစ္ သတ္မွတ္ျခင္းျပဳႏိုင္ပါသည္။ အုပ္ထိန္း သူ ခန္႔အပ္ထားၿပီးျဖစ္ပါက အ႐ြယ္မေရာက္သူမွာ (၂၁)ႏွစ္ျပည့္မွသာ အ႐ြယ္ေရာက္သူအျဖစ္ မွတ္ယူရ ႏိုင္မည္ျဖစ္ပါသည္။ ပဋိဉာဥ္ဥပေဒပုဒ္မ-၁၁ အရ ပဋိဉာဥ္ျပဳလုပ္သူမ်ားသည္ သက္ဆိုင္ရာဥပေဒအရ တရားဝင္ အ႐ြယ္ေရာက္ၿပီးသူ ၊ စိတ္က်န္းမာေရး ေကာင္းမြန္သူျဖစ္ရမည့္အျပင္ စိတ္ေပါ့သြပ္သူမျဖစ္ရ။ ဥပေဒအရ အရည္အခ်င္း ခ်ိဳ႕ယြင္းခ်က္မ႐ွိပါက ၎ႏွင့္သက္ဆိုင္သည့္ ဥပေဒအရ အ႐ြယ္ေရာက္ၿပီးသူျဖစ္လွ်င္ ပဋိဉာဥ္ျပဳ ႏိုင္သည့္ အခြင့္အေရး႐ွိပါသည္။ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒအရ ေဆာင္႐ြက္ျခင္းမ်ားတြင္လဲ အ႐ြယ္မေရာက္ ေသးသူျဖစ္လွ်င္ လႊဲေျပာင္းျခင္းအတည္မျဖစ္ပါ ပ်က္ျပယ္ပါသည္။

ဘိုးဘြားမိဘမ်ားမွ အ႐ြယ္မေရာက္ေသးသူအား မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား ေပးအပ္ရန္ ႀကိဳတင္ ဝယ္ယူျခင္းမ်ားလဲ႐ွိၿပီး ဘိုးဘြားမ်ား သက္႐ွိထင္႐ွား႐ွိေနစဥ္ အဆိုပါပစၥည္းမွာ ဘိုးဘြားမ်ားမွ စီမံခန္႔ခြဲႏိုင္ ေသာ္လည္း ကြယ္လြန္သြားပါက အ႐ြယ္မေရာက္ေသးသူမွ အမည္ေျပာင္းေဆာင္႐ြက္ျခင္းမ်ား မျပဳႏိုင္ေသး ေသာေၾကာင့္ တရား႐ုံး၏ ကာကြယ္ေစာင့္ေ႐ွာက္စီမံခန္႔ခြဲမႈ ေအာက္တြင္ပင္ အဆိုပါပစၥည္းမွာ ေရာက္႐ွိပါ သည္။ အ႐ြယ္မေရာက္ေသးသူမွ (၁၈)ႏွစ္ျပည့္မွသာ အဆိုပါအိမ္ပိုင္ဆိုင္ခြင့္ႏွင့္ စီမံခန္႔ခြင့္ အခြင့္အေရး ေတာင္း ဆိုႏိုင္မည္ျဖစ္ပါသည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား ဝယ္ယူျခင္းမွာ မွတ္ပုံတင္စာခ်ဳပ္စာတမ္းဥပေဒႏွင့္အညီ မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုမွသာ ပိုင္ေရးဆိုင္ခြင့္ အတည္ျဖစ္မည္ျဖစ္ပါသည္။

ထို႔ျပင္ အုပ္ထိန္းသူမွတဆင့္ အ႐ြယ္မေရာက္ေသးသူအမည္ျဖင့္ အိမ္ျခံေျမဝယ္ယူခြင့္မ႐ွိသလို အေရာင္း စာခ်ဳပ္၊ အေပါင္စာခ်ဳပ္မ်ားအား အ႐ြယ္မေရာက္ေသးသူ ကိုယ္စား အုပ္ထိန္းသူမွ လက္မွတ္ေရးထိုးခြင့္လဲ မ႐ွိပါ။ အေရာင္းအဝယ္မဟုတ္ေသာ တရား႐ုံးခြင့္ျပဳခ်က္အရ အုပ္ထိန္းသူမွ ေဆာင္႐ြက္ခြင့္႐ွိေသာ ကိစၥမ်ား တြင္ေတာ့ အုပ္ထိန္းသူမွ အ႐ြယ္မေရာက္ေသးသူကိုယ္စား ပဋိဉာဥ္စာခ်ဳပ္ျခင္း ျပဳႏိုင္ပါသည္။

အ႐ြယ္မေရာက္ေသးသူပိုင္ဆိုင္ခြင့္႐ွိေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား တရား႐ုံးခြင့္ျပဳခ်က္ျဖင့္ အုပ္ထိန္းသူမွ ေရာင္းခ်ေပးျခင္းျဖစ္ပါကလဲ အ႐ြယ္မေရာက္သူ အက်ိဳးအတြက္ ေဆာင္႐ြက္ေပးျခင္း အမွန္ တကယ္ျဖစ္ရန္ လိုပါသည္။ အုပ္ထိန္းသူအေနျဖင့္ ေဆာင္႐ြက္ခြင့္႐ွိေသာ ကိစၥအား လုပ္ေဆာင္ျခင္းမွာ အ႐ြယ္မေရာက္ေသးသူ အေပၚတြင္ အတည္ ျဖစ္ေၾကာင္း ပဋိဉာဥ္ဥပေဒပုဒ္မ-၁၁(ဂ)တြင္ ေဖာ္ျပထားပါသည္။

အ႐ြယ္မေရာက္ခင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား စာခ်ဳပ္ခ်ဳပ္ဆို လက္မွတ္ေရးထိုး ဝယ္ယူလွ်င္လဲ အသက္ျပည့္မွီ၍ အ႐ြယ္ေရာက္သည့္အခ်ိန္ အဆိုပါပစၥည္းေပၚ ပိုင္ဆိုင္ခြင့္မွာ အတည္မျဖစ္ပါ။ ဝယ္ယူစဥ္က ဥပေဒႏွင့္ညီၫႊတ္ေသာ ပဋိဉာဥ္မျဖစ္ခဲ့၍ မူလစာခ်ဳပ္ခ်ဳပ္ဆိုစဥ္ကပင္ ပ်ယ္ျပယ္ေသာ ပဋိဉာဥ္ျဖစ္ေနပါသည္။

အ႐ြယ္မေရာက္ေသးသူႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းျပဳမိသည့္အခါ ၎၏ သေဘာတူညီမ်ားမွာ အတည္ မျဖစ္ေသာ္လည္း တဖက္အ႐ြယ္ေရာက္ၿပီးသူ၊ စာခ်ဳပ္ခ်ဳပ္ဆိုသူ၏ သေဘာတူညီခ်က္မွာေတာ့ အတည္ျဖစ္ ေနမည္ျဖစ္ပါသည္။ အဆိုပါအ႐ြယ္ေရာက္သူ၏ ကတိျပဳခ်က္အတိုင္း ေဆာင္႐ြက္ရန္ အ႐ြယ္မေရာက္သူက ေတာင္းဆိုႏိုင္သည့္ အခြင့္အေရး႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service