စုပေါင်းပိုင်မြေ မှတ်ပုံတင်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

စုပေါင်းပိုင်မြေ မှတ်ပုံတင်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
4 Aug 2024 1:08 pm တွင် တင်ခဲ့သည်
494 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ပုဂ္ဂလိကမြေအား စုပေါင်းပိုင်အဆောက်အအုံမြေအဖြစ်‌ ပြောင်းလဲခြင်းပြုလိုသည့်အခါ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ-၁၀ပါနှင့် အညီ ပိုင်ဆိုင်ခွင့်လွှဲပြောင်း၍ မှတ်ပုံတင်ထားရှိရမည်ဖြစ်ကာ စုပေါင်း ပိုင်မြေမှာ အနည်းဆုံး စတုရန်းပေ-၂၀၀၀၀နှင့် အထက်ရှိရန် လိုအပ်ပါသည်။

နိုင်ငံမြေပေါ်တွင် စုပေါင်းအဆောက်အအုံ တည်ထောင်ခြင်းဖြစ်ပါက စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ-၁၅ပါနှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ဆောက်လုပ်ခွင့်ရှိပါသည်။

ပုံစံ(၃)ဖြင့် လိုအပ်သည့် စာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြသည့်အခါတွင်လဲ ဦးစီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက် များလဲ လိုက်နာဆောင်ရွက်ရမည်။

ကွန်ဒိုအဆောက်အုံများ ဆောက်လုပ်ရာတွင် မြေရှင်မှ ပူးတွဲတည်ထောင်သူအဖြစ် ဆောက်ရွက်မှုပြုလျှင် စုပေါင်းပိုင်မြေ ပြောင်းလဲရန် မြေရှင်မှ သဘောတူကြောင်း၊ ကွန်ဒိုအဆောက်အအုံ၏ အခန်းများအား ရောင်းချရာ တွင်လဲ မြေအားအချိုးသင့်ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်းအတွက် ကျမ်းကျိန် ကတိသစ္စာပြုလွှာတစ်စောင်အား မြေရှင်မှာ ဌာနမှ သတ်မှတ်ပုံစံ-၅ ဖြင့် ပြုလုပ်ပေးရန် လိုအပ်ပါသည်။

ထို့ပြင် ဌာနမှ သတ်မှတ်ပုံစံ-၆ ဖြင့် စုပေါင်းပိုင်မြေအဖြစ် ပြောင်းလဲမည့်အကြောင်း မြွတ်ဟကြေငြာမှု ကြေငြာချက်လဲ ပြုလုပ်ပေးရပါမည်။ ထို့ပြင် မြေပိုင်ရှင်နှင့် အဆောက်အအုံ ဆောက်လုပ်တည်ထောင်သူတို့ သဘောတူကတိပြုထားသော လုပ်ငန်းသဘောတူစာချုပ်အားလဲ ဌာနသို့ မိတ္တူတစ်စောင် ပြသပေးရပါမည်။ မြွတ်ဟ ကြေငြာချက်နှင့် လုပ်ငန်းသဘောတူစာချုပ်တို့မှာ (၄)လအတွင်း သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့် အညီ မှတ်ပုံတင်ရမည်ဖြစ်ကာ စုပေါင်းပိုင်အဆောက်အအုံအဖြစ် ပြောင်းလဲမှတ်ပုံတင် လိုသူမှ သတ်မှတ်အခွန်အခ အရပ်ရပ်အားလဲ ထမ်းဆောင်ရပါမည်။

မြေရှင်မှာ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူအား မြေလွှဲပြောင်းရောင်းချခြင်းမျိုးဖြစ်ပါက မြေ အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ထားရှိရန်လဲ လိုပါသည်။ ထိုအခါ စုပေါင်းပိုင်မြေအဖြစ် ပြောင်းလဲရန် တည်ထောင်သူမှ ပုံစံ-(၇)ဖြင့် ကတိသစ္စာပြုလွှာ၊ ကျမ်းကျိန်လွှာနှင့်အတူ၊ ပုံစံ-၈ ဖြင့်လဲ မြွတ်ကြေညာချက်တစ် စောင်ပြုလုပ်ကာ အဆိုပါစာရွက်စာတမ်းများအားလဲ (၄)လအတွင်း မှတ်ပုံတင်ရမည်။

အထက်ဖော်ပြပါစုပေါင်းပိုင်အဆောက်အအုံနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများအား မှတ်ပုံတင်ပြီး သည့်အခါ စီမံခန့်ခွဲရေးကော်မတီသို့ ရက်သတ္တပတ်နှစ်ပတ်အတွင်း တင်ပြပေးပို့ရန်လိုပါသည်။ စာရွက်စာတမ်း များနှင့် သတ်မှတ်အချက်အလက်များ ပြည့်စုံမှုရှိသည့်အခါ စီမံခန့်ခွဲရေးကော်မတီမှ စုပေါင်းပိုင် အဆောက်အအုံ အဖြစ် မှတ်ပုံတင်ပေးပြီး သက်ဆိုင်ရာမြို့မြေစာရင်း၊ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ နည်းဥပဒေ-၂၄ နှင့်အညီ စုပေါင်း ပိုင်မြေအဖြစ် ပြောင်းလဲမှတ်သားရန် အကြောင်းကြားစာတစ်စောင်အားလဲ ပေးပို့ဆောင်ရွက်ပေးပါသည်။

စုပေါင်းပိုင်မြေအတွက် မြေငှားဂရန် ထုတ်ပေးသည့်အခါတွင်လဲ အခြားမြေငှားဂရန်များနည်းတူ တည်ဆဲ မြေယာဥပဒေနှင့်အညီ မြေအသုံးပြုခွင့်ဆိုင်ရာ မြေငှားသက်တမ်းအတိုင်း ခွင့်ပြုပေးပြီး သက်တမ်းတိုးမြှင့်လိုသည့် အခါတွင်လဲ သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 














နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service