ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
Forbes မဂ္ဂဇင်းကြီး၏ Forbes Advisor က ဖော်ပြသော သုတေသနတစ်ရပ်အရ စင်္ကာပူသည် ကမ္ဘာပေါ်တွင် ခရီးသည်များအတွက် ဘေးအကင်းဆုံးမြို့အဖြစ် ဖော်ပြခံရသည်။
ရာဇဝတ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး၊ သဘာဝကပ်ဘေးများ အန္တရာယ် အစရှိသော အချက်အလက်များအပေါ် အခြေခံသုံးသပ်ထားခြင်းဖြစ်ပြီး ၀ မှတ်မှ အမှတ် ၁၀၀ အထိ ပေးသည်။
အမှတ် အနည်းဆုံးမြို့များမှာ ဘေးအကင်းဆုံးမြို့များဖြစ်သည်။
အဆိုပါ သုတေသနအရ စင်္ကာပူရရှိသော အမှတ်မှာ သုည ဖြစ်သည်။
ကမ္ဘာ့မြို့ကြီးပေါင်း ၆၀ ကို လေ့လာခဲ့ရာ စင်္ကာပူမှာ သဘာဝဘေးအန္တရာယ် ကြုံရနိုင်ချေ အနည်းဆုံး ဖြစ်သည့် အပြင် ကျန်းမာရေး၊ အခြေခံအဆောက်အအုံတို့နှင့် စပ်လျဉ်းပြီး အန္တရာယ်ကြုံရနိုင်ချေ အနည်းဆုံး ဖြစ်သည်ကို လေ့လာတွေ့ရှိခဲ့သည်။
ထိုလေ့လာချက်တွင် digital security risk ကိုလည်း ထည့်သွင်းသုံးသပ်ခဲ့သည်။
Digital security risk ဟူသည်မှာ အွန်လိုင်းတိုက်ခိုက်မှုများ (သို့မဟုတ်) Privacy ချိုးဖောက်ခံရမည့် အန္တရာယ် ကြောက်ရွံ့နေရန် မလိုဘဲ လွတ်လပ်စွာ အင်တာနက် သုံးစွဲနိုင်မှုကို ရည်ညွှန်းထားသည်။
အဆိုပါစာရင်းတွင် စင်္ကာပူမှာ digital security risk အန္တရာယ်အနည်းဆုံး ဒုတိယမြောက်နေရာတွင် ရပ်တည် နေသည်။
ထိုလေ့လာချက်အရ ကမ္ဘာလှည့်ခရီးသည်များအတွက် ဘေးအကင်းဆုံးအဖြစ် စင်္ကာပူပြီးလျှင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့များ အသီးသီး ရပ်တည်နေသည်။
တိုကျိုသည် ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေး အလွန်မြင့်မားမှုသဖြင့် ကျန်းမာရေးကြောင့် အန္တရာယ် ကြုံရနိုင်ချေ အနည်းဆုံးမြို့အဖြစ် သတ်မှတ်ခြင်းခံရသည်။
ထို့အပြင် တိုကျိုသည် အခြေခံအဆောက်အအုံ လုံခြုံရေးအန္တရာယ် အနည်းပါးဆုံးမြို့များတွင် ပဉ္စမနေရာ၌ ရပ်တည်နေသည်။
ယခုလေ့လာချက်တွင် ထိပ်တန်း ၁၀ နေရာ၌ မြို့ ၂ မြို့ ပါဝင်သော နိုင်ငံ ၂ ခုသာရှိပြီး ဂျပန်နှင့် သြစတေးလျ တို့ ဖြစ်သည်။
((Forbe Advisor က ဖော်ပြသော ကမ္ဘာလှည့်ခရီးသည်များအတွက် ဘေးအကင်းဆုံး ကမ္ဘာ့ထိပ်တန်းမြို့ကြီး ၁၀ ခုစာရင်း))
၁။ စင်္ကာပူ
၂။ တိုကျို (ဂျပန်)
၃။ တိုရွန်တို (ကနေဒါ)
၄။ ဆစ်ဒနီ (သြစတေးလျ)
၅။ ဇူးရစ် (ဆွစ်ဇာလန်)
၆။ ကိုပင်ဟေဂင် (ဒိန်းမတ်)
၇။ ဆိုးလ် (တောင်ကိုရီးယား)
၈။ အိုဆာကာ (ဂျပန်)
၉။ မဲလ်ဘုန်း (သြစတေးလျ)
၁၀။ အမ်စတာဒမ် (နယ်သာလန်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: An Asian city is named the safest destination in the world for travelers (cnbc)
[Zawgyi]
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်သော ကမ္ဘာလှည့်ခရီးသွားများအတွက် အလုံခြုံဆုံး ကမ္ဘာ့ထိပ်တန်း ၁၀ မြို့ စာရင်းတွင် စင်္ကာပူမှာ နံပါတ် ၁ နေရာ၌ ဖော်ပြခံရ
၁။ စင်္ကာပူ
၂။ တိုကျို (ဂျပန်)
၃။ တိုရွန်တို (ကနေဒါ)
၎။ ဆစ်ဒနီ (သြစတေးလျ)
၅။ ဇူးရစ် (ဆွစ်ဇာလန်)
၆။ ကိုပင်ဟေဂင် (ဒိန်းမတ်)
၈။ အိုဆာကာ (ဂျပန်)
၉။ မဲလ်ဘုန်း (သြစတေးလျ)
၁၀။ အမ်စတာဒမ် (နယ်သာလန်)