ဗြိတိန်တွင် စစ်အေးခေတ်က ဆောက်လုပ်ခဲ့သော အနုမြူဗုံးခိုကျင်းကြီးတစ်ခု ပေါင် ၂၀,၀၀၀ အောက်ဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်တွင် စစ်အေးခေတ်က ဆောက်လုပ်ခဲ့သော အနုမြူဗုံးခိုကျင်းကြီးတစ်ခု ပေါင် ၂၀,၀၀၀ အောက်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 Jul 2024 2:01 pm တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လူသူထူထပ်ရာ၊ မီးခိုးငွေ့ထူထပ်ရာမှ ပုန်းရှောင်လိုစိတ် ဖြစ်ပေါ်နေပါသလား။

သင်အမြဲအိပ်မက်ခဲ့သည့် နေအိမ်မျိုးမဟုတ်သော်လည်း ပေါင် ၂၀,၀၀၀ အောက်မျှဖြင့် အိမ်ခြံမြေ ပိုင်ဆိုင်မှု နယ်ပယ်သို့ စတင်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းတစ်ခု ရှိနေသည်။

စစ်အေးခေတ်က ဆောက်လုပ်ခဲ့သော အနုမြူဗုံးခိုကျင်းကြီးတစ်ခု ပိုင်ဆိုင်ခွင့်ရမည့် ရှားပါးအခွင့်အလမ်းတစ်ခု ဖြစ်သည်။

တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ Cumbria ခရိုင် Sedbergh မြို့တွင် ဖြစ်သည်။

၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၇၆၅ သာနေထိုင်သော မြို့လေးဖြစ်ပြီး Yorkshire Dales အမျိုးသားဥယျာဉ်၏ အနောက်ဘက်တွင် တည်ရှိသည်။

အရောင်းဈေးကွက်တင်သော အကျိုးဆောင်တို့၏ ပြောကြားချက်အရ မျိုးဆက်တစ်ခုတွင် တစ်ကြိမ်သာ ကြုံရမည့် အခွင့်အလမ်းဟုဆိုသည်။

အဆိုပါ ဗုံးခိုကျင်းကြီးကို မကြာမီတွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး ရည်ညွှန်းဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ မှ ပေါင် ၂၀၀၀၀ ကြားဖြစ်သည်။

မြေအောက်ခန်းတစ်ခုကို ပေါင် ၂၀၀၀၀ ပေးရခြင်းဖြစ်သော်လည်း သမိုင်း၏ အစိတ်အပိုင်းတစ်ခုကို ဝယ်ယူခြင်း လည်းဟု ဆိုနိုင်သည်။

အဆိုပါဗုံးခိုကျင်းကြီးကို Royal Observer post ဟုလူသိများသည်။

ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း စစ်ပြီးခေတ် ဗြိတိန်နိုင်ငံတဝန်းတွင် ၁၉၅၀ ပြည့်လွန်ကာလများအတွင်း ဗုံးခိုကျင်း များစွာ ဆောက်လုပ်ခဲ့ကြရာ ယခုဗုံးခိုကျင်းကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။

အနုမြူဗုံးဖြင့် တိုက်ခိုက်ခံရပါက လူ ၃ ဦးနေထိုင် ပုန်းခိုနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည်။

(တန်ဖိုး၏ ၅ ရာခိုင်နှုန်း လက်ငင်းပေးသွင်းပါက ဤဗုံးခိုကျင်းကြီးကို ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။ ဓာတ်ပုံ- Jam Press/ SDL Property Auctions)

အနုမြူလက်နက်ဖြင့် တိုက်ခိုက်ခံရပါက ပုန်းခိုနေသူများအတွက် နောက်ဆုံးအခြေအနေ သတင်းများ ရရှိနိုင်ရန် စီစဉ်ထားသည့်အပြင် အစားအသောက်နှင့် ရေတို့ ရက်သတ္တ ၂ ပတ်ကြာ သုံးစွဲနိုင်ရန်လည်း စီစဉ်ထားသည်။

ရေဒီယို ဆက်သွယ်ရေးနှင့် ဖုန်းကြိုးလိုင်းများ တပ်ဆင်ပေးထားပြီး ယနေ့တိုင် ဖုန်းကြိုးလိုင်းများ ရှိနေဆဲ ဖြစ်သည်။

လူအများစိုးရိမ်ခဲ့ကြသော အနုမြူလက်နက်ဖြင့် တိုက်ခိုက်မှု ပေါ်ပေါက်မလာသောအခါ နောက်ပိုင်းတွင် မြေအောက် ဗုံးခိုကျင်းအများစုကို အသုံးမပြုကြတော့ဘဲ ၁၉၉၃ ခုနှစ်တွင် လေလံတင်ရောင်းချခြင်းများ ပြုလုပ်ခဲ့ကြသည်။

မြေအောက်ဗုံးခိုကျင်းအများစုကို ဆက်သွယ်ရေးကုမ္ပဏီတို့က ဝယ်ယူခဲ့ကြပြီး ဖုန်းဆက်သွယ်ရေးတိုင်များ ထားရှိရာနေရာအဖြစ် အသုံးပြုခဲ့ကြသည်။

(ယခုကဲ့သို့ မြေအောက်ဗုံးခိုကျင်း အများစုကို ၁၉၉၃ ခုနှစ်တွင် အသုံးမပြုတော့ဘဲ လေလံတင် ရောင်းချခဲ့ ကြသည်။ ဓာတ်ပုံ- Jam Press/ SDL Property Auctions)

(လက်ရှိပိုင်ရှင်တို့က ဂိုဒေါင်တစ်ခုလည်း ဆောက်လုပ်ထားသည်။ ဓာတ်ပုံ- Jam Press/ SDL Property Auctions)

ပေါင် ၁၅၀၀၀ ဖြင့် ဝယ်ယူရရှိမည်ဆိုပါက ငွေအားလုံး ပေးချေရန် မလိုဘဲ ၅ ရာခိုင်နှုန်းပေးချေရုံမျှဖြင့် ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Want an escape? This nuclear bunker could be yours for less than £20,000 (metro)

Photo Credit- Jam Press/ SDL Property Auctions

[Zawgyi]

ျဗိတိန္တြင္ စစ္ေအးေခတ္က ေဆာက္လုပ္ခဲ့ေသာ အႏုျမဴဗံုးခိုက်င္းၾကီးတစ္ခု ေပါင္ ၂၀,၀၀၀ ေအာက္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

လူသူထူထပ္ရာ၊ မီးခိုးေငြ႔ထူထပ္ရာမွ ပုန္းေရွာင္လိုစိတ္ ျဖစ္ေပၚေနပါသလား။

သင္အျမဲအိပ္မက္ခဲ့သည့္ ေနအိမ္မ်ဳိးမဟုတ္ေသာ္လည္း ေပါင္ ၂၀,၀၀၀ ေအာက္မွ်ျဖင့္ အိမ္ျခံေျမ ပိုင္ဆိုင္မႈ နယ္ပယ္သို႔ စတင္ဝင္ေရာက္ႏိုင္မည့္ အခြင့္အလမ္းတစ္ခု ရွိေနသည္။

စစ္ေအးေခတ္က ေဆာက္လုပ္ခဲ့ေသာ အႏုျမဴဗံုးခိုက်င္းၾကီးတစ္ခု ပိုင္ဆိုင္ခြင့္ရမည့္ ရွားပါးအခြင့္အလမ္းတစ္ခု ျဖစ္သည္။

တည္ေနရာမွာ အဂၤလန္ႏိုင္ငံ၊ Cumbria ခရိုင္ Sedbergh ျမိဳ႕တြင္ ျဖစ္သည္။

၂၀၁၁ ခုႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၂၇၆၅ သာေနထိုင္ေသာ ျမိဳ႕ေလးျဖစ္ျပီး Yorkshire Dales အမ်ဳိးသားဥယ်ာဥ္၏ အေနာက္ဘက္တြင္ တည္ရွိသည္။

အေရာင္းေစ်းကြက္တင္ေသာ အက်ဳိးေဆာင္တို႔၏ ေျပာၾကားခ်က္အရ မ်ဳိးဆက္တစ္ခုတြင္ တစ္ၾကိမ္သာ ၾကံဳရမည့္ အခြင့္အလမ္းဟုဆိုသည္။

အဆိုပါ ဗံုးခိုက်င္းၾကီးကို မၾကာမီတြင္ ေလလံတင္ေရာင္းခ်မည္ျဖစ္ျပီး ရည္ညႊန္းေစ်းႏႈန္းမွာ ေပါင္ ၁၅၀၀၀ မွ ေပါင္ ၂၀၀၀၀ ၾကားျဖစ္သည္။

ေျမေအာက္ခန္းတစ္ခုကို ေပါင္ ၂၀၀၀၀ ေပးရျခင္းျဖစ္ေသာ္လည္း သမိုင္း၏ အစိတ္အပိုင္းတစ္ခုကို ဝယ္ယူျခင္း လည္းဟု ဆိုႏိုင္သည္။

အဆိုပါဗံုးခိုက်င္းၾကီးကို Royal Observer post ဟုလူသိမ်ားသည္။

ဒုတိယကမၻာစစ္ၾကီးေနာက္ပိုင္း စစ္ျပီးေခတ္ ျဗိတိန္ႏိုင္ငံတဝန္းတြင္ ၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း ဗံုးခိုက်င္း မ်ားစြာ ေဆာက္လုပ္ခဲ့ၾကရာ ယခုဗံုးခိုက်င္းၾကီးလည္း တစ္ခုအပါအဝင္ ျဖစ္သည္။

အႏုျမဴဗံုးျဖင့္ တိုက္ခိုက္ခံရပါက လူ ၃ ဦးေနထိုင္ ပုန္းခိုႏိုင္ရန္ ရည္ရြယ္ေဆာက္လုပ္ခဲ့သည္။

(တန္ဖုိး၏ ၅ ရာခိုင္ႏႈန္း လက္ငင္းေပးသြင္းပါက ဤဗံုးခိုက်င္းၾကီးကို ပိုင္ဆိုင္ခြင့္ရမည္ ျဖစ္သည္။ ဓာတ္ပံု- Jam Press/ SDL Property Auctions)

အႏုျမဴလက္နက္ျဖင့္ တိုက္ခိုက္ခံရပါက ပုန္းခိုေနသူမ်ားအတြက္ ေနာက္ဆံုးအေျခအေန သတင္းမ်ား ရရွိႏိုင္ရန္ စီစဥ္ထားသည့္အျပင္ အစားအေသာက္ႏွင့္ ေရတို႔ ရက္သတၱ ၂ ပတ္ၾကာ သံုးစြဲႏိုင္ရန္လည္း စီစဥ္ထားသည္။

ေရဒီယို ဆက္သြယ္ေရးႏွင့္ ဖုန္းၾကိဳးလိုင္းမ်ား တပ္ဆင္ေပးထားျပီး ယေန႔တုိင္ ဖုန္းၾကိဳးလိုင္းမ်ား ရွိေနဆဲ ျဖစ္သည္။

လူအမ်ားစိုးရိမ္ခဲ့ၾကေသာ အႏုျမဴလက္နက္ျဖင့္ တိုက္ခိုက္မႈ ေပၚေပါက္မလာေသာအခါ ေနာက္ပိုင္းတြင္ ေျမေအာက္ ဗံုးခိုက်င္းအမ်ားစုကို အသံုးမျပဳၾကေတာ့ဘဲ ၁၉၉၃ ခုႏွစ္တြင္ ေလလံတင္ေရာင္းခ်ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

ေျမေအာက္ဗံုးခိုက်င္းအမ်ားစုကို ဆက္သြယ္ေရးကုမၸဏီတို႔က ဝယ္ယူခဲ့ၾကျပီး ဖုန္းဆက္သြယ္ေရးတိုင္မ်ား ထားရွိရာေနရာအျဖစ္ အသံုးျပဳခဲ့ၾကသည္။

(ယခုကဲ့သို႔ ေျမေအာက္ဗံုးခိုက်င္း အမ်ားစုကို ၁၉၉၃ ခုႏွစ္တြင္ အသံုးမျပဳေတာ့ဘဲ ေလလံတင္ ေရာင္းခ်ခဲ့ ၾကသည္။ ဓာတ္ပံု- Jam Press/ SDL Property Auctions)

(လက္ရွိပိုင္ရွင္တို႔က ဂိုေဒါင္တစ္ခုလည္း ေဆာက္လုပ္ထားသည္။ ဓာတ္ပံု- Jam Press/ SDL Property Auctions)

ေပါင္ ၁၅၀၀၀ ျဖင့္ ဝယ္ယူရရွိမည္ဆိုပါက ေငြအားလံုး ေပးေခ်ရန္ မလိုဘဲ ၅ ရာခိုင္ႏႈန္းေပးေခ်ရံုမွ်ျဖင့္ ပိုင္ဆိုင္ခြင့္ရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Want an escape? This nuclear bunker could be yours for less than £20,000 (metro)

Photo Credit- Jam Press/ SDL Property Auctions

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service