သစ္စာမဖောက်ကြေး ဒေါ်လာ ၅ သန်းတန် စာချုပ်ချုပ်ထားကြသော အော်စကာဆုရှင် ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့စုံတွဲ လမ်းခွဲမည့် သတင်းများထွက်ပေါ်လာနေပြီး မင်္ဂလာဦး စံအိမ်ကြီးကို တရားဝင် အရောင်းဈေးကွက်တင်လာ၊ မူကက်ရှ် အမ်ဘာနီ၏ သမီးထံမှ ဝယ်ယူထားသောအိမ်ဖြစ်

သစ္စာမဖောက်ကြေး ဒေါ်လာ ၅ သန်းတန် စာချုပ်ချုပ်ထားကြသော အော်စကာဆုရှင် ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့စုံတွဲ လမ်းခွဲမည့် သတင်းများထွက်ပေါ်လာနေပြီး မင်္ဂလာဦး စံအိမ်ကြီးကို တရားဝင် အရောင်းဈေးကွက်တင်လာ၊ မူကက်ရှ် အမ်ဘာနီ၏ သမီးထံမှ ဝယ်ယူထားသောအိမ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
30 Jul 2024 12:14 pm တွင် တင်ခဲ့သည်
1417 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့သည် ငယ်ချစ်အတွဲဖြစ်သည်ဟု ဆိုနိုင်ပြီး ၂၀၀၂ ခုနှစ်က စေ့စပ် ကြောင်းလမ်းခဲ့ကြဖူးကာ လက်မတွဲဖြစ်ခဲ့ကြ။

ယင်းနောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်အကြာ ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁၇ ရက်တွင် လာ့စ်ဗီးဂပ်စ်မြို့တွင် လက်ထပ်ခဲ့ကြကာ ဂျော်ဂျီယာပြည်နယ်တွင် မိတ်ဆွေသူငယ်ချင်းများနှင့် မင်္ဂလာအခမ်းအနား ထပ်မံကျင်းပ ခဲ့သေးသည်။

(ဆက်စပ်သတင်း)

ဘင်အက်ဖလက်က သူ၏ ဒေါ်လာ ၉ သန်းတန် ခြံဝန်းကြီးအတွင်း ဂျနီဖာလိုပက်ဇ်နှင့် လက်ထပ်ပွဲ ဆင်နွှဲ

https://www.imyanmarhouse.com/news/read/1029947

ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့သည် အိမ်ထောင်ဖက်အပြင် အခြားသူနှင့် လိင်ဆက်ဆံကြမည်ကို တစ်ဦးနှင့်တစ်ဦး ရတက်မအေးဖြစ်ကြသည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးအကြား ဒေါ်လာ ၅ သန်းတန်ကြေးရှိ သစ္စာမဖောက်ကြေးစာချုပ် ချုပ်ဆိုထားသည်ဟု ဆိုသည်။

(ဆက်စပ်သတင်း)

ခင်ပွန်းနှင့် သစ္စာမဖောက်ကြေး ၅ သန်းတန် စာချုပ်ချုပ်ထားသူ ဂျနီဖာလိုပက်ဇ်၏ စံအိမ်များ

https://www.imyanmarhouse.com/news/read/1036806

စပိန်သတင်းစာ Marca တွင် ဖော်ပြချက်အရ ဂျနီဖာလိုပက်ဇ်က ဘင်အက်ဖလက်၏ စိတ်အပြောင်းအလဲမြန်မှု ကို သဘောမတွေ့ဟု ဆိုသည်။ ခင်ပွန်းဖြစ်သူက မိမိအား ငြီးငွေ့ကာ စွန့်ခွာသွားမည်ကိုလည်း ဂျနီဖာလိုပက်ဇ်က စိုးရိမ်သည်။

စာချုပ်တွင် ဖော်ပြထားချက်အရ သစ္စာဖောက်သူက ဒေါ်လာ ၅ သန်း ပေးလျော်ရမည်ဟူသော အချက် ပါဝင်သည်။

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ စုံတွဲသည် လက်ထပ်ပြီးနောက်ပိုင်း လပေါင်း အတန်ကြာ အချိန်ယူကာ အတူနေထိုင်ရန် နေအိမ်လိုက်လံ ရှာဖွေခဲ့ကြသည်။

(ဆက်စပ်သတင်း)

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

https://www.imyanmarhouse.com/news/read/1106880

ယခုအခါ ၎င်းတို့၏ အိမ်ထောင်ရေး ယိမ်းယိုင်နေသည်ဟူသော သတင်းများ ထွက်ပေါ်လာနေခဲ့ပြီးနောက်ပိုင်း လက်ထပ်စက ဝယ်ယူနေထိုင်ခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို တရားဝင် အရောင်းဈေးကွက် တင်လာခဲ့ပြီ ဖြစ်သည်။

(စံအိမ်၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-@CelebCandidly/ MEGA)

အဆိုပါ စံအိမ်ကြီးကို ဂျနီဖာလိုပက်ဇ်တို့စုံတွဲ ဝယ်ယူထားသည်မှာ တစ်နှစ်စွန်းစွန်းသာ ရှိသေးသည်။

အကျယ်အဝန်း စတုရန်းပေ ၃၈၀၀၀ အထိရှိကာ အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၂၄ ခန်း ပါဝင်သော စံအိမ်ကြီးကို အာရှတိုက်၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ် အမ်ဘာနီ၏ သမီး အီရှာ အမ်ဘာနီထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(ဆက်စပ်သတင်း)

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာ အမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ ၆၁ သန်းဖြင့် ရောင်းချ

https://www.imyanmarhouse.com/news/read/1106645

၅ ဧကဝန်းကျင် ကျယ်ဝန်းသော ခြံဝန်းကြီးကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အီရှာ အမ်ဘာနီထံမှ ဝယ်ယူခဲ့ရာ တွင် ကန်ဒေါ်လာ ၆၀ ဒသမ ၈ သန်းပေးခဲ့ရပြီး ယခု ဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၆၈ သန်းဖြစ်သောကြောင့် ဝယ်ယူခဲ့သော ဈေးထက် ကန်ဒေါ်လာ ၇ သန်း ဈေးတင်ထားခြင်းလည်း ဖြစ်သည်။

(စံအိမ်ကြီးကို ဝယ်ထားသည်မှာ တစ်နှစ်စွန်းစွန်းသာ ရှိသေးသည်။ ဓာတ်ပုံ-@CelebCandidly/ MEGA)

(ဂျနီဖာလိုပက်ဇ်က ယခုစံအိမ်ကြီးဝယ်ယူပြီးနောက် ရွှေကမ္ဘာလုံးဆုပေးပွဲသို့ တက်ရောက်ရန် ဝတ်စုံ အစမ်းဝတ်ဆင်ကြည့်သည့် ဓာတ်ပုံ လူမှုကွန်ရက်တွင် တင်ခဲ့ရာ သူ၏ ပရိသတ်များက စံအိမ်တွင်း မြင်ကွင်း တစေ့တစောင်း အကဲခတ်ခွင့် ရခဲ့ကြသည်။ ဓာတ်ပုံ-Jlo/Instagram)

လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်၏ ဈေးအကြီးဆုံးနေရာတွင် တည်ရှိပြီး ပြီးခဲ့သော ၄ လတာအတွင်း အရည်အသွေးအမြင့်မားဆုံး ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

The Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Santiago Arana က အရောင်းဈေးကွက် တင်ပေးခဲ့ခြင်း ဖြစ်သည်။

Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် တင်ခဲ့သော အဆိုပါကြော်ငြာကို ၁၈ နာရီအတွင်း ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၄၀,၀၀၀ ကျော် ရှိနေသည်။

(ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့စုံတွဲကို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ဟောလိဝုဒ်ရှိ Dolby ရုပ်ရှင်ရုံတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-AFP via Getty Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez and Ben Affleck have officially listed their Beverly Hills home amid rumors of a split (nypost)

Photo Credit- AFP via Getty Images, -@CelebCandidly/ MEGA, Jlo/Instagram

[Zawgyi]

သစၥာမေဖာက္ေၾကး ေဒၚလာ ၅ သန္းတန္ စာခ်ဳပ္ခ်ဳပ္ထားၾကေသာ ေအာ္စကာဆုရွင္ ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔စံုတြဲ လမ္းခြဲမည့္ သတင္းမ်ားထြက္ေပၚလာေနျပီး မဂၤလာဦး စံအိမ္ၾကီးကို တရားဝင္ အေရာင္းေစ်းကြက္တင္လာ၊ မူကက္ရွ္ အမ္ဘာနီ၏ သမီးထံမွ ဝယ္ယူထားေသာအိမ္ျဖစ္

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တုိ႔သည္ ငယ္ခ်စ္အတြဲျဖစ္သည္ဟု ဆိုႏိုင္ျပီး ၂၀၀၂ ခုႏွစ္က ေစ့စပ္ ေၾကာင္းလမ္းခဲ့ၾကဖူးကာ လက္မတြဲျဖစ္ခဲ့ၾက။

ယင္းေနာက္ပိုင္း ႏွစ္ေပါင္း ၂၀ ေက်ာ္အၾကာ ၂၀၂၂ ခုႏွစ္ ၊ ဇူလိုင္လ ၁၇ ရက္တြင္ လာ့စ္ဗီးဂပ္စ္ျမိဳ႕တြင္ လက္ထပ္ခဲ့ၾကကာ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ မဂၤလာအခမ္းအနား ထပ္မံက်င္းပ ခဲ့ေသးသည္။

(ဆက္စပ္သတင္း)

ဘင္အက္ဖလက္က သူ၏ ေဒၚလာ ၉ သန္းတန္ ျခံဝန္းၾကီးအတြင္း ဂ်နီဖာလိုပက္ဇ္ႏွင့္ လက္ထပ္ပြဲ ဆင္ႏႊဲ

https://www.imyanmarhouse.com/news/read/1029947

ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔သည္ အိမ္ေထာင္ဖက္အျပင္ အျခားသူႏွင့္ လိင္ဆက္ဆံၾကမည္ကို တစ္ဦးႏွင့္တစ္ဦး ရတက္မေအးျဖစ္ၾကသည္။

ထို႔ေၾကာင့္ ၎တုိ႔ႏွစ္ဦးအၾကား ေဒၚလာ ၅ သန္းတန္ေၾကးရွိ သစၥာမေဖာက္ေၾကးစာခ်ဳပ္ ခ်ဳပ္ဆိုထားသည္ဟု ဆိုသည္။

(ဆက္စပ္သတင္း)

ခင္ပြန္းႏွင့္ သစၥာမေဖာက္ေၾကး ၅ သန္းတန္ စာခ်ဳပ္ခ်ဳပ္ထားသူ ဂ်နီဖာလိုပက္ဇ္၏ စံအိမ္မ်ား

https://www.imyanmarhouse.com/news/read/1036806

စပိန္သတင္းစာ Marca တြင္ ေဖာ္ျပခ်က္အရ ဂ်နီဖာလိုပက္ဇ္က ဘင္အက္ဖလက္၏ စိတ္အေျပာင္းအလဲျမန္မႈ ကို သေဘာမေတြ႔ဟု ဆိုသည္။ ခင္ပြန္းျဖစ္သူက မိမိအား ျငီးေငြ႔ကာ စြန္႔ခြာသြားမည္ကိုလည္း ဂ်နီဖာလိုပက္ဇ္က စိုးရိမ္သည္။

စာခ်ဳပ္တြင္ ေဖာ္ျပထားခ်က္အရ သစၥာေဖာက္သူက ေဒၚလာ ၅ သန္း ေပးေလ်ာ္ရမည္ဟူေသာ အခ်က္ ပါဝင္သည္။

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ စံုတြဲသည္ လက္ထပ္ျပီးေနာက္ပိုင္း လေပါင္း အတန္ၾကာ အခ်ိန္ယူကာ အတူေနထိုင္ရန္ ေနအိမ္လိုက္လံ ရွာေဖြခဲ့ၾကသည္။

(ဆက္စပ္သတင္း)

ဂ်နီဖာလိုပက္ႏွင့္ ဘင္အက္ဖလက္တို႔စံုတြဲ နယူးေယာက္ျမဳိ႕တြင္ ေနအိမ္ဝယ္ယူရန္ လိုက္လံရွာေဖြေနေသာ ဓာတ္ပံုမ်ား ထြက္ေပၚလာ

https://www.imyanmarhouse.com/news/read/1106880

ယခုအခါ ၎တို႔၏ အိမ္ေထာင္ေရး ယိမ္းယိုင္ေနသည္ဟူေသာ သတင္းမ်ား ထြက္ေပၚလာေနခဲ့ျပီးေနာက္ပိုင္း လက္ထပ္စက ဝယ္ယူေနထိုင္ခဲ့ေသာ မဂၤလာဦးစံအိမ္ၾကီးကို တရားဝင္ အေရာင္းေစ်းကြက္ တင္လာခဲ့ျပီ ျဖစ္သည္။

(စံအိမ္၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု-@CelebCandidly/ MEGA)

အဆိုပါ စံအိမ္ၾကီးကို ဂ်နီဖာလိုပက္ဇ္တို႔စံုတြဲ ဝယ္ယူထားသည္မွာ တစ္ႏွစ္စြန္းစြန္းသာ ရွိေသးသည္။

အက်ယ္အဝန္း စတုရန္းေပ ၃၈၀၀၀ အထိရွိကာ အိပ္ခန္း ၁၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂၄ ခန္း ပါဝင္ေသာ စံအိမ္ၾကီးကို အာရွတိုက္၏ အခ်မ္းသာဆံုးသူေဌးၾကီး မူကက္ရွ္ အမ္ဘာနီ၏ သမီး အီရွာ အမ္ဘာနီထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(ဆက္စပ္သတင္း)

မူကက္ရွ္အမ္ဘာနီ၏ သမီး အီရွာ အမ္ဘာနီက ေလာ့စ္အိန္ဂ်လိစံအိမ္ကို ဂ်နီဖာလိုပက္ႏွင့္ ဘင္အက္ဖလက္တို႔ စံုတြဲထံ ကန္ေဒၚလာ ၆၁ သန္းျဖင့္ ေရာင္းခ်

https://www.imyanmarhouse.com/news/read/1106645

၅ ဧကဝန္းက်င္ က်ယ္ဝန္းေသာ ျခံဝန္းၾကီးကို ၂၀၂၃ ခုႏွစ္၊ ဇြန္လအတြင္း အီရွာ အမ္ဘာနီထံမွ ဝယ္ယူခဲ့ရာ တြင္ ကန္ေဒၚလာ ၆၀ ဒသမ ၈ သန္းေပးခဲ့ရျပီး ယခု ေစ်းေခၚထားသည္မွာ ကန္ေဒၚလာ ၆၈ သန္းျဖစ္ေသာေၾကာင့္ ဝယ္ယူခဲ့ေသာ ေစ်းထက္ ကန္ေဒၚလာ ၇ သန္း ေစ်းတင္ထားျခင္းလည္း ျဖစ္သည္။

(စံအိမ္ၾကီးကို ဝယ္ထားသည္မွာ တစ္ႏွစ္စြန္းစြန္းသာ ရွိေသးသည္။ ဓာတ္ပံု-@CelebCandidly/ MEGA)

(ဂ်နီဖာလိုပက္ဇ္က ယခုစံအိမ္ၾကီးဝယ္ယူျပီးေနာက္ ေရႊကမၻာလံုးဆုေပးပြဲသုိ႔ တက္ေရာက္ရန္ ဝတ္စံု အစမ္းဝတ္ဆင္ၾကည့္သည့္ ဓာတ္ပံု လူမႈကြန္ရက္တြင္ တင္ခဲ့ရာ သူ၏ ပရိသတ္မ်ားက စံအိမ္တြင္း ျမင္ကြင္း တေစ့တေစာင္း အကဲခတ္ခြင့္ ရခဲ့ၾကသည္။ ဓာတ္ပံု-Jlo/Instagram)

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္၏ ေစ်းအၾကီးဆံုးေနရာတြင္ တည္ရွိျပီး ျပီးခဲ့ေသာ ၄ လတာအတြင္း အရည္အေသြးအျမင့္မားဆံုး ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

The Agency အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Santiago Arana က အေရာင္းေစ်းကြက္ တင္ေပးခဲ့ျခင္း ျဖစ္သည္။

Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ တင္ခဲ့ေသာ အဆိုပါေၾကာ္ျငာကို ၁၈ နာရီအတြင္း ဝင္ေရာက္ၾကည့္ရႈမႈ အၾကိမ္ေရ ၄၀,၀၀၀ ေက်ာ္ ရွိေနသည္။

(ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔စံုတြဲကို ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕ ေဟာလိဝုဒ္ရွိ Dolby ရုပ္ရွင္ရံုတြင္ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၃ ရက္က ေတြ႔ခဲ့ရပံု။ ဓာတ္ပံု-AFP via Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez and Ben Affleck have officially listed their Beverly Hills home amid rumors of a split (nypost)

Photo Credit- AFP via Getty Images, -@CelebCandidly/ MEGA, Jlo/Instagram

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service