အမေရိကန်ပြည်တွင် အသက် ၆၈ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းအမျိုးသားကြီးက ထီမတိုက်ဘဲထားသော ထီလက်မှတ်ဟောင်းတစ်ခုကို ရှပ်အင်္ကျီဟောင်းထဲမှ ရှာတွေ့ကာ ဒေါ်လာ ၂၄ သန်း ဆုငွေကို သက်တမ်း မကုန်မီ လက်မတင်လေး ထုတ်ယူနိုင်ခဲ့သည့်ဖြစ်ရပ်

အမေရိကန်ပြည်တွင် အသက် ၆၈ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းအမျိုးသားကြီးက ထီမတိုက်ဘဲထားသော ထီလက်မှတ်ဟောင်းတစ်ခုကို ရှပ်အင်္ကျီဟောင်းထဲမှ ရှာတွေ့ကာ ဒေါ်လာ ၂၄ သန်း ဆုငွေကို သက်တမ်း မကုန်မီ လက်မတင်လေး ထုတ်ယူနိုင်ခဲ့သည့်ဖြစ်ရပ် - Property News in Myanmar from iMyanmarHouse.com
30 Jul 2024 11:44 am တွင် တင်ခဲ့သည်
863 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေရာတကာတွင် ဆန်းကြယ်မှုများ ရှိနေသည်။

ပင်လယ်ရေအောက်မှ ရတနာသေတ္တာ၊ ပိတ်ထားသော ထပ်ခိုးတစ်ခု၊ ရှေးဟောင်းဂျာနယ်များ အစရှိသည့် နေရာတိုင်းတွင် လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေနိုင်သည်။

အမေရိကန်ပြည်မှ မစ္စတာ ဂျင်မီ စမစ်ဆိုသူမှာ ဆန်းကြယ်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ထီဆုကြီး ကံထူးသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု ရှိသည်။

ဂျင်မီ စမစ်က အဝတ်ဗီရိုထဲတွင် ချိတ်ထားသည့် ရှပ်အင်္ကျီဟောင်းတစ်ထည်ထဲတွင် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခု ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရှပ်အင်္ကျီထဲတွင် တွေ့ခဲ့သော ထီလက်မှတ်ဟောင်းတစ်ခုမှာ ဒေါ်လာ ၂၄ သန်းတန် ထီလက်မှတ်ဖြစ်နေခဲ့ ကြောင်း NJ.com က ဖော်ပြသည်။

ဂျင်မီ စမစ်သည် နယူးဂျာစီပြည်နယ်တွင် နေထိုင်ကာ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

တစ်ရက်တွင် ညနေခင်းသတင်းတစ်ရပ်၌ နယူးယောက်ပြည်နယ် ထီဌာနက ဆုငွေ လာမထုတ်ဘဲ သက်တမ်းကုန်တော့မည့် ဒေါ်လာ ၂၄ သန်းတန် ထီဆုကြီးအကြောင်း သတင်းထုတ်ပြန်ခဲ့မှုကို ဂျင်မီ စမစ် ကြားလိုက်ရသည်။

(နယူးဂျာစီပြည်နယ်၊ East Orange မြို့တွင် နေထိုင်သော ဂျင်မီ စမစ်က နယူးယောက်ထီဌာနတွင် ဒေါ်လာ ၂၄ ဒသမ ၁ သန်းတန် ဆုကြီး ကံထူးခဲ့သည်။ ဓာတ်ပုံ-New York Lottery)

ဂျင်မီလည်း အဝတ်ဗီရိုထဲရှိ သူအကြိုက်ဆုံး ရှပ်အင်္ကျီအိတ်ထဲတွင် ထီမတိုက်ဘဲ ထားသည့် ထီလက်မှတ်များ ထားရှိရာ ထိုလက်မှတ်များကို စစ်ဆေးကြည့်ခဲ့သည်။

ထိုအခါ ထီလက်မှတ်တစ်စောင်မှာ ရုပ်မြင်သံကြားတွင် ကြေညာသွားသော သတင်းထဲမှ နံပါတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ကျွန်တော် ထီလက်မှတ်တွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဒီထဲက လက်မှတ်တစ်စောင်ကတော့ သတင်းထဲမှာ ပါတဲ့ ထီလက်မှတ်ပါပဲ။” ဟု သားသမီး ၂ ဦး ဖခင်၊ မြေး ၁၂ ဦး၏ အဘိုးဖြစ်သူ ဂျင်မီက ထီဌာနမှ အရာရှိများကို ပြောသည်။

“ကျွန်တော် တစ်မိနစ်လောက် မတ်တပ်ရပ်ရင်း တွေးနေမိခဲ့တယ်။ ….ငါအခုတွေ့လိုက်ရတာ တကယ် ဟုတ်ရဲ့လား….ပေါ့။ ကျွန်တော် ပြတင်းပေါက်အပြင်ဘက် ခေါင်းထုတ်ပြီး လေကောင်းလေသန့်တွေ တဝကြီး ရှူလိုက်တယ်။ ကျွန်တော် တကယ်ကို သံသယဖြစ်နေခဲ့မိတာ။ ဒါဟာ တကယ်ပဲလို့ ကိုယ့်ကိုယ်ကိုယ်တောင် ယုံအောင် မနည်းကြိုးစားခဲ့ရပါတယ်”

ဂျင်မီစမစ်က ၎င်းသည် ၁၉၆၀ ပြည့်လွန်ကာလများမှ စတင်ကာ နယူးဂျာစီပြည်နယ်နှင့် နယူးယောက်တို့တွင် ထီလက်မှတ်များ အမြဲဝယ်ယူကံစမ်းနေခဲ့ကြောင်း ထီရုံးအရာရှိများကို ပြောသည်။

သို့သော် ဂျင်မီမှာ အလောသုံးဆယ် ထီတိုက်လေ့မရှိ။

“အချိန်ရရင် ထီတိုက်မယ်လို့ပဲ ကိုယ့်ဟာကိုယ် အမြဲပြောခဲ့ပါတယ်” ဟု ဂျင်မီက ပြောသည်။

ဂျင်မီက ဆုငွေ ထုတ်ယူရန် သက်တမ်းမကုန်မီ ၂ ရက်အလိုတွင် ထုတ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဂျင်မီက သူ၏ ဆုငွေကို တလုံးတခဲတည်းမထုတ်ဘဲ အရစ်ကျ ထုတ်ယူရန် ရွေးချယ်ခဲ့ရာ ဆုငွေကို ၂၆ နှစ်တာ အရစ်ကျ ခွဲဝေရရှိမည် ဖြစ်သည်။

ဂျင်မီ ကံထူးခဲ့သော ထီလက်မှတ်၏ နံပါတ်မှာ 5-12-13-22-25-35 ဖြစ်သည်။

ဂျင်မီသည် အဆိုပါထီလက်မှတ်ကို နယူးယောက်မြို့ မန်ဟက်တန်အောက်ပိုင်း၊ Tribecca အရပ်၊ Church လမ်း၊ အမှတ် ၁၅၈ တွင် တည်ရှိသော ကုန်စုံဆိုင်တစ်ခုမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man found $24 million lottery ticket in an old shirt just before it expired (good)

Photo Credit- New York Lottery

[Zawgyi]

အေမရိကန္ျပည္တြင္ အသက္ ၆၈ ႏွစ္အရြယ္ လံုျခံဳေရးဝန္ထမ္းအမ်ဳိးသားၾကီးက ထီမတိုက္ဘဲထားေသာ ထီလက္မွတ္ေဟာင္းတစ္ခုကို ရွပ္အကၤ်ီေဟာင္းထဲမွ ရွာေတြ႔ကာ ေဒၚလာ ၂၄ သန္း ဆုေငြကို သက္တမ္း မကုန္မီ လက္မတင္ေလး ထုတ္ယူႏိုင္ခဲ့သည့္ျဖစ္ရပ္

ေနရာတကာတြင္ ဆန္းၾကယ္မႈမ်ား ရွိေနသည္။

ပင္လယ္ေရေအာက္မွ ရတနာေသတၱာ၊ ပိတ္ထားေသာ ထပ္ခိုးတစ္ခု၊ ေရွးေဟာင္းဂ်ာနယ္မ်ား အစရွိသည့္ ေနရာတိုင္းတြင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈမ်ား ရွိေနႏိုင္သည္။

အေမရိကန္ျပည္မွ မစၥတာ ဂ်င္မီ စမစ္ဆိုသူမွာ ဆန္းၾကယ္မႈတစ္ခုႏွင့္ ရင္ဆိုင္ခဲ့ရျပီး ထီဆုၾကီး ကံထူးသြား ခဲ့သည့္ ျဖစ္ရပ္တစ္ခု ရွိသည္။

ဂ်င္မီ စမစ္က အဝတ္ဗီရိုထဲတြင္ ခ်ိတ္ထားသည့္ ရွပ္အကၤ်ီေဟာင္းတစ္ထည္ထဲတြင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈ တစ္ခု ရွာေဖြေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ရွပ္အကၤ်ီထဲတြင္ ေတြ႔ခဲ့ေသာ ထီလက္မွတ္ေဟာင္းတစ္ခုမွာ ေဒၚလာ ၂၄ သန္းတန္ ထီလက္မွတ္ျဖစ္ေနခဲ့ ေၾကာင္း NJ.com က ေဖာ္ျပသည္။

ဂ်င္မီ စမစ္သည္ နယူးဂ်ာစီျပည္နယ္တြင္ ေနထုိင္ကာ လံုျခံဳေရးဝန္ထမ္းအျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္သည္။

တစ္ရက္တြင္ ညေနခင္းသတင္းတစ္ရပ္၌ နယူးေယာက္ျပည္နယ္ ထီဌာနက ဆုေငြ လာမထုတ္ဘဲ သက္တမ္းကုန္ေတာ့မည့္ ေဒၚလာ ၂၄ သန္းတန္ ထီဆုၾကီးအေၾကာင္း သတင္းထုတ္ျပန္ခဲ့မႈကို ဂ်င္မီ စမစ္ ၾကားလိုက္ရသည္။

(နယူးဂ်ာစီျပည္နယ္၊ East Orange ျမိဳ႕တြင္ ေနထိုင္ေသာ ဂ်င္မီ စမစ္က နယူးေယာက္ထီဌာနတြင္ ေဒၚလာ ၂၄ ဒသမ ၁ သန္းတန္ ဆုၾကီး ကံထူးခဲ့သည္။ ဓာတ္ပံု-New York Lottery)

ဂ်င္မီလည္း အဝတ္ဗီရိုထဲရွိ သူအၾကိဳက္ဆံုး ရွပ္အကၤ်ီအိတ္ထဲတြင္ ထီမတိုက္ဘဲ ထားသည့္ ထီလက္မွတ္မ်ား ထားရွိရာ ထိုလက္မွတ္မ်ားကို စစ္ေဆးၾကည့္ခဲ့သည္။

ထိုအခါ ထီလက္မွတ္တစ္ေစာင္မွာ ရုပ္ျမင္သံၾကားတြင္ ေၾကညာသြားေသာ သတင္းထဲမွ နံပါတ္ျဖစ္ေနသည္ကို ေတြ႔လုိက္ရသည္။

“ကၽြန္ေတာ္ ထီလက္မွတ္ေတြ အမ်ားၾကီးေတြ႔ခဲ့ရပါတယ္။ ဒီထဲက လက္မွတ္တစ္ေစာင္ကေတာ့ သတင္းထဲမွာ ပါတဲ့ ထီလက္မွတ္ပါပဲ။” ဟု သားသမီး ၂ ဦး ဖခင္၊ ေျမး ၁၂ ဦး၏ အဘုိးျဖစ္သူ ဂ်င္မီက ထီဌာနမွ အရာရွိမ်ားကို ေျပာသည္။

“ကၽြန္ေတာ္ တစ္မိနစ္ေလာက္ မတ္တပ္ရပ္ရင္း ေတြးေနမိခဲ့တယ္။ ….ငါအခုေတြ႔လိုက္ရတာ တကယ္ ဟုတ္ရဲ႕လား….ေပါ့။ ကၽြန္ေတာ္ ျပတင္းေပါက္အျပင္ဘက္ ေခါင္းထုတ္ျပီး ေလေကာင္းေလသန္႔ေတြ တဝၾကီး ရွဴလိုက္တယ္။ ကၽြန္ေတာ္ တကယ္ကို သံသယျဖစ္ေနခဲ့မိတာ။ ဒါဟာ တကယ္ပဲလို႔ ကိုယ့္ကိုယ္ကိုယ္ေတာင္ ယံုေအာင္ မနည္းၾကိဳးစားခဲ့ရပါတယ္”

ဂ်င္မီစမစ္က ၎သည္ ၁၉၆၀ ျပည့္လြန္ကာလမ်ားမွ စတင္ကာ နယူးဂ်ာစီျပည္နယ္ႏွင့္ နယူးေယာက္တို႔တြင္ ထီလက္မွတ္မ်ား အျမဲဝယ္ယူကံစမ္းေနခဲ့ေၾကာင္း ထီရံုးအရာရွိမ်ားကို ေျပာသည္။

သို႔ေသာ္ ဂ်င္မီမွာ အေလာသံုးဆယ္ ထီတိုက္ေလ့မရွိ။

“အခ်ိန္ရရင္ ထီတိုက္မယ္လို႔ပဲ ကိုယ့္ဟာကိုယ္ အျမဲေျပာခဲ့ပါတယ္” ဟု ဂ်င္မီက ေျပာသည္။

ဂ်င္မီက ဆုေငြ ထုတ္ယူရန္ သက္တမ္းမကုန္မီ ၂ ရက္အလိုတြင္ ထုတ္ယူႏိုင္ခဲ့ျခင္း ျဖစ္သည္။

ဂ်င္မီက သူ၏ ဆုေငြကို တလံုးတခဲတည္းမထုတ္ဘဲ အရစ္က် ထုတ္ယူရန္ ေရြးခ်ယ္ခဲ့ရာ ဆုေငြကို ၂၆ ႏွစ္တာ အရစ္က် ခြဲေဝရရွိမည္ ျဖစ္သည္။

ဂ်င္မီ ကံထူးခဲ့ေသာ ထီလက္မွတ္၏ နံပါတ္မွာ 5-12-13-22-25-35 ျဖစ္သည္။

ဂ်င္မီသည္ အဆိုပါထီလက္မွတ္ကို နယူးေယာက္ျမိဳ႕ မန္ဟက္တန္ေအာက္ပိုင္း၊ Tribecca အရပ္၊ Church လမ္း၊ အမွတ္ ၁၅၈ တြင္ တည္ရွိေသာ ကုန္စံုဆိုင္တစ္ခုမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man found $24 million lottery ticket in an old shirt just before it expired (good)

Photo Credit- New York Lottery

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ...

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်ဆန် ဖြတ်သန်းခဲ့...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီးပွားရေးဖွံ့ဖြိုးသွားပုံ...
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
တောအုပ်ထဲမှ ထူးဆန်းသော ဂျက်လေယာဉ် ဟိုတယ်ကြီးတစ်ခုအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေအကျိုးဆောင်အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဆပ်ပြာမှုန့်လုပ်ငန်းရှင် အိန္ဒိယဘီလျံနာ ကာရ်ဆန်း ဘာဟီး ပတေး အကြောင်း...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိပြု...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
ဗြိတိန်မှ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ (DEC) က မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ် အကူအညီတောင်း အသနားခံသည့် ဗွီဒီယိုဖိုင်ကို Sky News, ITV တို့ အပါအဝင် ဗြိတိန်ရုပ်သံလိုင်းများ မှတဆင့် ထုတ်လွှင့်...
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service