တူရကီတွင် နိုင်ငံသူ နိုင်ငံသားများမှာ ဂရိနိုင်ငံသို့သာ အလည်အပတ်သွားနေကြရာ ပြည်တွင်းရှိ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၌ လူသူကင်းမဲ့လျက်ရှိ

တူရကီတွင် နိုင်ငံသူ နိုင်ငံသားများမှာ ဂရိနိုင်ငံသို့သာ အလည်အပတ်သွားနေကြရာ ပြည်တွင်းရှိ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၌ လူသူကင်းမဲ့လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Jul 2024 2:15 pm တွင် တင်ခဲ့သည်
2578 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တူရကီ နိုင်ငံသူ နိုင်ငံသားများမှာ ဂရိနိုင်ငံသို့သာ ခရီးထွက်နေကြသောကြောင့် တူရကီ၏ ခရီးသွားလုပ်ငန်းမှာ အလွန်အမင်း ကျဆင်းလျက်ရှိပြီး ဟိုတယ်များမှာ လူသူကင်းမဲ့နေကြောင်း အင်္ဂလန်အခြေစိုက် Express သတင်းဌာနက ဖော်ပြသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ဂရိအစိုးရက တူရကီမှ လာရောက်လည်ပတ်သူတို့အား ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးခဲ့သည်။

ဂရိနိုင်ငံ၏ အဆိုပါ အစီအစဉ်အရ တူရကီနိုင်ငံသားတို့သည် ဂရိနိုင်ငံ၏ ကျွန်း ၁၀ ခုသို့ အဆိုပါ ဗီဇာဖြင့် ၇ ရက်ကြာ နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကြောင့် ဂရိနိုင်ငံသို့ တူရကီ ခရီးသွားများ အလုံးအရင်း မြင့်တက်ခဲ့ပြီး တူရကီရှိ ဟိုတယ်များ နှင့် အပန်းဖြေစခန်းများတွင်မူ လူသူကင်းမဲ့သွားကြောင်း VisaGuide.World က ဖော်ပြသည်။

ဧပြီလ၏ ပထမ ၁၀ ရက်တာ ကာလအတွင်း ဂရိနိုင်ငံမှ Lesvos,Chios,Samos,kos နှင့် Rhodes ကျွန်းများသို့ တူရကီမှ လာရောက်လည်ပတ်သူ စုစုပေါင်း ၂၀,၆၉၀ ဦး ရှိခဲ့သည်။

အဆိုပါ ခရီးသည်များစွာသည် ဗီဇာရရှိရန် ခက်ခဲခဲ့သည့် ယခင်နှစ်များက ၎င်းတို့၏ နိုင်ငံအတွင်းတွင်သာ လည်ပတ်ခဲ့ကြသူများ ဖြစ်သည်။

(တူရကီနိုင်ငံရှိ Bodrum ရဲတိုက်နှင့် Bodrum ဆိပ်ကမ်းတို့၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Getty)

(Rhodes ကျွန်းရှိ Lindos ပင်လယ်ကွေ့။ ဓာတ်ပုံ-Getty)

တူရကီနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတို့က ယခုအခြေအနေအပေါ် စိုးရိမ်လျက် ရှိကြပြီး အဆိုပါ ဆိုက်ရောက်ဗီဇာကို ဖျက်သိမ်းပေးရန် အချို့က တောင်းဆိုနေကြသည်။

ဂရိ သတင်းမီဒီယာတို့တွင် မကြာသေးမီက ဖော်ပြခဲ့သော ဓာတ်ပုံများအရ Ayvali မြို့တွင် တူရကီနိုင်ငံသား များစွာ Lesbos သို့ သွားသည့် ဖယ်ရီပေါ်သို့ တက်ရန် လူတန်းရှည်ကြီး ဖြစ်သည်အထိ စောင့်ဆိုင်းနေကြပုံကို တွေ့ရသည်။

တူရကီတွင် ခရီးသွားလုပ်ငန်း ထိုးကျသွားမှုကြောင့် Bodrum ကဲ့သို့ အပန်းဖြေစခန်းများရှိ အချို့သော ဟိုတယ် တို့မှာ ဇူလိုင်လကုန်ပိုင်းမှစတင်ကာ သြဂုတ်လ ပထမ ၂ ပတ်အထိ ဈေးနှုန်းများကို ၅၀ ရာခိုင်နှုန်းအထက် လျှော့ချပေးပြီး လည်ပတ်သူများရှိလာစေရန် စွဲဆောင်လာကြရသည်။

“မီတာခ၊ ဝန်ထမ်းစရိတ်၊ ဟိုတယ်ငှားရမ်းခ အစရှိတာတွေက ပုံသေကုန်ကျစရိတ်တွေဖြစ်ပြီး တခြား အစားအသောက် အဖျော်ယမကာနဲ့ သန့်ရှင်းရေး စရိတ်တွေက အပြောင်းအလဲရှိနိုင်ပါတယ်။ ဟိုတယ် လုပ်ငန်းရှင်တွေအနေနဲ့ တွက်ချက်မှုတွေလုပ်နေပြီး ဈေးလျှော့ပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အနည်းဆုံး အားဖြင့်တော့ ဟိုတယ်ခန်းတွေ လူသူကင်းမဲ့မနေဘဲ ဝန်ထမ်းတွေ အလုပ်ထုတ်စရာ မလိုဘဲ လုပ်ခပေးနိုင် လာမှာ ဖြစ်ပါတယ်” ဟု တူရကီ ခရီးသွားအေဂျင်စီများအသင်း (TURSAB) ၏ ဥက္ကဌ Mustafa Demir က ပြောသည်။

(တူရကီနိုင်ငံရှိ Bodrum အပန်းဖြေစခန်း မြင်ကွင်း ။ ဓာတ်ပုံ-Getty)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Panic in Turkey with hotels left empty as tourists abandon country and head to Greece (Schengen.News)

Photo Credit: Getty

[Zawgyi]

တူရကီတြင္ ႏိုင္ငံသူ ႏိုင္ငံသားမ်ားမွာ ဂရိႏိုင္ငံသုိ႔သာ အလည္အပတ္သြားေနၾကရာ ျပည္တြင္းရွိ ဟိုတယ္မ်ား၊ အပန္းေျဖစခန္းမ်ား၌ လူသူကင္းမဲ့လ်က္ရွိ

တူရကီ ႏိုင္ငံသူ ႏိုင္ငံသားမ်ားမွာ ဂရိႏိုင္ငံသုိ႔သာ ခရီးထြက္ေနၾကေသာေၾကာင့္ တူရကီ၏ ခရီးသြားလုပ္ငန္းမွာ အလြန္အမင္း က်ဆင္းလ်က္ရွိျပီး ဟိုတယ္မ်ားမွာ လူသူကင္းမဲ့ေနေၾကာင္း အဂၤလန္အေျခစိုက္ Express သတင္းဌာနက ေဖာ္ျပသည္။

၂၀၂၄ ခုႏွစ္၊ ဧျပီလ ၁ ရက္တြင္ ဂရိအစိုးရက တူရကီမွ လာေရာက္လည္ပတ္သူတို႔အား ဆိုက္ေရာက္ဗီဇာ စတင္ထုတ္ေပးခဲ့သည္။

ဂရိႏိုင္ငံ၏ အဆုိပါ အစီအစဥ္အရ တူရကီႏိုင္ငံသားတုိ႔သည္ ဂရိႏိုင္ငံ၏ ကၽြန္း ၁၀ ခုသို႔ အဆုိပါ ဗီဇာျဖင့္ ၇ ရက္ၾကာ ေနထိုင္ခြင့္ ရရွိမည္ ျဖစ္သည္။

အဆုိပါ အစီအစဥ္ေၾကာင့္ ဂရိႏိုင္ငံသုိ႔ တူရကီ ခရီးသြားမ်ား အလံုးအရင္း ျမင့္တက္ခဲ့ျပီး တူရကီရွိ ဟိုတယ္မ်ား ႏွင့္ အပန္းေျဖစခန္းမ်ားတြင္မူ လူသူကင္းမဲ့သြားေၾကာင္း VisaGuide.World က ေဖာ္ျပသည္။

ဧျပီလ၏ ပထမ ၁၀ ရက္တာ ကာလအတြင္း ဂရိႏိုင္ငံမွ Lesvos,Chios,Samos,kos ႏွင့္ Rhodes ကၽြန္းမ်ားသုိ႔ တူရကီမွ လာေရာက္လည္ပတ္သူ စုစုေပါင္း ၂၀,၆၉၀ ဦး ရွိခဲ့သည္။

အဆုိပါ ခရီးသည္မ်ားစြာသည္ ဗီဇာရရွိရန္ ခက္ခဲခဲ့သည့္ ယခင္ႏွစ္မ်ားက ၎တို႔၏ ႏိုင္ငံအတြင္းတြင္သာ လည္ပတ္ခဲ့ၾကသူမ်ား ျဖစ္သည္။

(တူရကီႏိုင္ငံရွိ Bodrum ရဲတုိက္ႏွင့္ Bodrum ဆိပ္ကမ္းတို႔၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု-Getty)

(Rhodes ကၽြန္းရွိ Lindos ပင္လယ္ေကြ႔။ ဓာတ္ပံု-Getty)

တူရကီႏိုင္ငံရွိ ကမၻာလွည့္ခရီးသြားလုပ္ငန္းမွ တာဝန္ရွိသူတို႔က ယခုအေျခအေနအေပၚ စိုးရိမ္လ်က္ ရွိၾကျပီး အဆုိပါ ဆုိက္ေရာက္ဗီဇာကို ဖ်က္သိမ္းေပးရန္ အခ်ိဳ႕က ေတာင္းဆိုေနၾကသည္။

ဂရိ သတင္းမီဒီယာတုိ႔တြင္ မၾကာေသးမီက ေဖာ္ျပခဲ့ေသာ ဓာတ္ပံုမ်ားအရ Ayvali ျမိဳ႕တြင္ တူရကီႏိုင္ငံသား မ်ားစြာ Lesbos သို႔ သြားသည့္ ဖယ္ရီေပၚသုိ႔ တက္ရန္ လူတန္းရွည္ၾကီး ျဖစ္သည္အထိ ေစာင့္ဆုိင္းေနၾကပံုကို ေတြ႔ရသည္။

တူရကီတြင္ ခရီးသြားလုပ္ငန္း ထုိးက်သြားမႈေၾကာင့္ Bodrum ကဲ့သို႔ အပန္းေျဖစခန္းမ်ားရွိ အခ်ဳိ႕ေသာ ဟိုတယ္ တုိ႔မွာ ဇူလိုင္လကုန္ပိုင္းမွစတင္ကာ ၾသဂုတ္လ ပထမ ၂ ပတ္အထိ ေစ်းႏႈန္းမ်ားကို ၅၀ ရာခိုင္ႏႈန္းအထက္ ေလွ်ာ့ခ်ေပးျပီး လည္ပတ္သူမ်ားရွိလာေစရန္ စြဲေဆာင္လာၾကရသည္။

“မီတာခ၊ ဝန္ထမ္းစရိတ္၊ ဟိုတယ္ငွားရမ္းခ အစရွိတာေတြက ပံုေသကုန္က်စရိတ္ေတြျဖစ္ျပီး တျခား အစားအေသာက္ အေဖ်ာ္ယမကာနဲ႔ သန္႔ရွင္းေရး စရိတ္ေတြက အေျပာင္းအလဲရွိႏိုင္ပါတယ္။ ဟိုတယ္ လုပ္ငန္းရွင္ေတြအေနနဲ႔ တြက္ခ်က္မႈေတြလုပ္ေနျပီး ေစ်းေလွ်ာ့ေပးမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အနည္းဆံုး အားျဖင့္ေတာ့ ဟိုတယ္ခန္းေတြ လူသူကင္းမဲ့မေနဘဲ ဝန္ထမ္းေတြ အလုပ္ထုတ္စရာ မလိုဘဲ လုပ္ခေပးႏိုင္ လာမွာ ျဖစ္ပါတယ္” ဟု တူရကီ ခရီးသြားေအဂ်င္စီမ်ားအသင္း (TURSAB) ၏ ဥကၠဌ Mustafa Demir က ေျပာသည္။

(တူရကီႏိုင္ငံရွိ Bodrum အပန္းေျဖစခန္း ျမင္ကြင္း ။ ဓာတ္ပံု-Getty)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Panic in Turkey with hotels left empty as tourists abandon country and head to Greece (Schengen.News)

Photo Credit: Getty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service