ဟောလိဝုဒ်ကြယ်ပွင့် နစ်ကိုလပ်ကေ့ဂျ်၏ သရဲအလွန်ခြောက်သည့် အိမ်ကြီး ကန်ဒေါ်လာ ၁၀ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟောလိဝုဒ်ကြယ်ပွင့် နစ်ကိုလပ်ကေ့ဂျ်၏ သရဲအလွန်ခြောက်သည့် အိမ်ကြီး ကန်ဒေါ်လာ ၁၀ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
29 Jul 2024 1:40 pm တွင် တင်ခဲ့သည်
461 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းမြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် စံအိမ်ကြီးတစ်လုံးမှာ ၎င်း၏ နောက်ခံသမိုင်းကြောင်းကို မကြောက်သည့် ပိုင်ရှင်သစ်ကို စောင့်မျှော်လျက် ရှိသည်။

Lalaurie အမည်ရှိ စံအိမ်ကြီး၏ လက်ရှိပိုင်ရှင် မိုက်ကယ် ဝှါလန် (Michael Whalen) က ကန်ဒေါ်လာ ၁၀ ဒသမ ၂၅ သန်း ဈေးခေါ်ထားသည်။

အဆိုပါစံအိမ်ကြီးမှာ သရဲအလွန်ခြောက်သည်ဟု နာမည်ကြီးကြောင်း Wall Street ဂျာနယ်က ဖော်ပြသည်။

အကျယ်အဝန်း စတုရန်းပေ ၁၀,၀၀၀ ကျော်ရှိပြီး အိပ်ခန်း ၈ ခန်းပါသော စံအိမ်ကြီး သရဲခြောက်သည်ဟု နာမည်ကြီးသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ကာ ပရလောကသုတေသီတို့ မကြာခဏလာရောက် လေ့လာ ကြသည်။ “ကျွန်တော်က ကက်သလစ် ဘာသာဝင်တစ်ယောက်ပါ။ ဒီလိုမျိုးကိစ္စတွေ အကြောက်အလန့်မရှိပါဘူး”ဟု လက်ရှိပိုင်ရှင် မိုက်ကယ် ဝှါလန်က ဝေါစထရိဂျာနယ်သို့ ပြောသည်။

မိုက်ကယ် ဝှါလန်သည် ရေချိုးခန်း ၁၀ ခန်းပါ ယခုစံအိမ်ကြီးကို ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းခန့်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဟောလိဝုဒ်ရုပ်ရှင်မင်းသား နီကိုလပ်ကေ့ဂျ်က ဤစံအိမ်ကြီးကို ခေတ္တပိုင်ဆိုင်ခဲ့ဖူးပြီး အိမ်ခြံမြေအရစ်ကျ ပေးသွင်းငွေ မပေးသွင်းသောကြောင့် ၂၀၀၉ ခုနှစ်တွင် ဘဏ်မှ သိမ်းယူခံခဲ့ရသည်။

မိုက်ကယ်ဝှါလန်က ဤစံအိမ်ကို ပိုင်ဆိုင်ထားသည့် ၁၅ နှစ်နီးပါး ကာလအတွင်း ကန်ဒေါ်လာ ၄ သန်းကျော် သုံးစွဲကာ ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ခဲ့သည်။

စံအိမ်ရှိ အခန်းတိုင်းကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည့်အပြင် ပုလင်း ၂၀၀၀ ဆန့် ဝိုင်သိုလှောင်ခန်း တစ်ခုလည်း ထည့်သွင်းခဲ့သည်။

ဤစံအိမ်ကြီးကို ၁၈၃၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ပြီး မူရင်းအဆောက်အအုံမှာ ၁၈၃၄ တွင် မီးလောင်ကျွမ်းသွားခဲ့သည်။

ထိုသို့ မီးလောင်သွားသောအခါတွင်မှ နေအိမ်ကြီးအတွင်းရှိ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများကို အိမ်နီးချင်းများ သိရှိလာကြသည်။

ထိုအချိန်က စံအိမ်ပိုင်ရှင်များဖြစ်သော ဒဲလ်ဖင်း မက်ကာတီ လာလော်ရီနှင့် သူမ၏ တတိယမြောက်ခင်ပွန်း ဒေါက်တာ လူးဝစ်လာလော်ရီတို့သည် နေအိမ်မှ ကျွန်များကို အစာအငတ်ထားခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ၎င်းတို့၏ ခန္ဓာကိုယ်များကို သံကြိုးများဖြင့် တုတ်နှောင်ထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိလာသည်။

ထိုသို့သောအရာများကို တွေ့မြင်ရသူများက စက်ဆုပ်မုန်းတီးခဲ့ကြကာ မီးလောင်၍ ကျန်ရစ်ခဲ့သည်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။

လာလော်ရီ မိသားစုက မြေနေရာကို ၁၈၃၇ ခုနှစ်တွင် ရောင်းထုတ်သွားခဲ့ကြသည်။

(နယူးအော်လင်းမြို့၊ Royal လမ်း၊ အမှတ် ၁၁၄၀ တွင် တည်ရှိသည်။ ဓာတ်ပုံ-Google Earth)

(ကန်ဒေါ်လာ ၁၀ ဒသမ ၂၅ သန်း ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Google Earth)

မီးလောင်ပြီးနောက်ပိုင်း နေအိမ်ကို ပြန်လည်ဆောက်လုပ်ခဲ့ပြီး အမျိုးမျိုးအသုံးပြုခဲ့ရာ မိန်းကလေးသီးသန့် အထက်တန်းကျောင်းအဖြစ်လည်း အသုံးပြုခဲ့ဖူးသည်။

(ဆက်စပ်သတင်း)

နီကိုလပ်ကေ့ချ်၏ နယူးအော်လင်းမြို့မှ သရဲခြောက်သော LaLaurie စံအိမ်ကြီး

https://www.imyanmarhouse.com/news/read/1082834

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Haunted New Orleans mansion that Nicolas Cage lost to foreclosure lists for $10.25M

Photo Credit-Google Earth

[Zawgyi]

ေဟာလိဝုဒ္ၾကယ္ပြင့္ နစ္ကိုလပ္ေက့ဂ်္၏ သရဲအလြန္ေျခာက္သည့္ အိမ္ၾကီး ကန္ေဒၚလာ ၁၀ ဒသမ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္ေထာင္စု၊ လူဝီစီယားနားျပည္နယ္၊ နယူးေအာ္လင္းျမိဳ႕တြင္ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသည့္ စံအိမ္ၾကီးတစ္လံုးမွာ ၎၏ ေနာက္ခံသမိုင္းေၾကာင္းကို မေၾကာက္သည့္ ပိုင္ရွင္သစ္ကို ေစာင့္ေမွ်ာ္လ်က္ ရွိသည္။

Lalaurie အမည္ရွိ စံအိမ္ၾကီး၏ လက္ရွိပိုင္ရွင္ မိုက္ကယ္ ဝွါလန္ (Michael Whalen) က ကန္ေဒၚလာ ၁၀ ဒသမ ၂၅ သန္း ေစ်းေခၚထားသည္။

အဆိုပါစံအိမ္ၾကီးမွာ သရဲအလြန္ေျခာက္သည္ဟု နာမည္ၾကီးေၾကာင္း Wall Street ဂ်ာနယ္က ေဖာ္ျပသည္။

အက်ယ္အဝန္း စတုရန္းေပ ၁၀,၀၀၀ ေက်ာ္ရွိျပီး အိပ္ခန္း ၈ ခန္းပါေသာ စံအိမ္ၾကီး သရဲေျခာက္သည္ဟု နာမည္ၾကီးသည္မွာ ကာလၾကာျမင့္ခဲ့ျပီျဖစ္ကာ ပရေလာကသုေတသီတု႔ိ မၾကာခဏလာေရာက္ ေလ့လာ ၾကသည္။ “ကၽြန္ေတာ္က ကက္သလစ္ ဘာသာဝင္တစ္ေယာက္ပါ။ ဒီလိုမ်ဳိးကိစၥေတြ အေၾကာက္အလန္႔မရွိပါဘူး”ဟု လက္ရွိပိုင္ရွင္ မိုက္ကယ္ ဝွါလန္က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္။

မိုက္ကယ္ ဝွါလန္သည္ ေရခ်ဳိးခန္း ၁၀ ခန္းပါ ယခုစံအိမ္ၾကီးကို ၂၀၁၀ ျပည့္ႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၁ သန္းခန္႔ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ေဟာလိဝုဒ္ရုပ္ရွင္မင္းသား နီကိုလပ္ေက့ဂ်္က ဤစံအိမ္ၾကီးကို ေခတၱပိုင္ဆိုင္ခဲ့ဖူးျပီး အိမ္ျခံေျမအရစ္က် ေပးသြင္းေငြ မေပးသြင္းေသာေၾကာင့္ ၂၀၀၉ ခုႏွစ္တြင္ ဘဏ္မွ သိမ္းယူခံခဲ့ရသည္။

မိုက္ကယ္ဝွါလန္က ဤစံအိမ္ကို ပိုင္ဆိုင္ထားသည့္ ၁၅ ႏွစ္နီးပါး ကာလအတြင္း ကန္ေဒၚလာ ၄ သန္းေက်ာ္ သံုးစြဲကာ ျပဳျပင္မြမ္းမံမႈ မ်ားစြာ ျပဳလုပ္ခဲ့သည္။

စံအိမ္ရွိ အခန္းတုိင္းကို ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည့္အျပင္ ပုလင္း ၂၀၀၀ ဆန္႔ ဝုိင္သုိေလွာင္ခန္း တစ္ခုလည္း ထည့္သြင္းခဲ့သည္။

ဤစံအိမ္ၾကီးကို ၁၈၃၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျပီး မူရင္းအေဆာက္အအံုမွာ ၁၈၃၄ တြင္ မီးေလာင္ကၽြမ္းသြားခဲ့သည္။

ထိုသို႔ မီးေလာင္သြားေသာအခါတြင္မွ ေနအိမ္ၾကီးအတြင္းရွိ ထိတ္လန္႔တုန္လႈပ္ဖြယ္ရာမ်ားကို အိမ္နီးခ်င္းမ်ား သိရွိလာၾကသည္။

ထိုအခ်ိန္က စံအိမ္ပိုင္ရွင္မ်ားျဖစ္ေသာ ဒဲလ္ဖင္း မက္ကာတီ လာေလာ္ရီႏွင့္ သူမ၏ တတိယေျမာက္ခင္ပြန္း ေဒါက္တာ လူးဝစ္လာေလာ္ရီတုိ႔သည္ ေနအိမ္မွ ကၽြန္မ်ားကို အစာအငတ္ထားျခင္း၊ ညွင္းပန္းႏွိပ္စက္ျခင္း၊ ၎တို႔၏ ခႏၶာကိုယ္မ်ားကို သံၾကိဳးမ်ားျဖင့္ တုတ္ေႏွာင္ထားျခင္းတို႔ ျပဳလုပ္ခဲ့ေၾကာင္း ေတြ႔ရွိလာသည္။

ထိုသို႔ေသာအရာမ်ားကို ေတြ႔ျမင္ရသူမ်ားက စက္ဆုပ္မုန္းတီးခဲ့ၾကကာ မီးေလာင္၍ က်န္ရစ္ခဲ့သည္မ်ားကိုလည္း ဖ်က္ဆီးခဲ့ၾကသည္။

လာေလာ္ရီ မိသားစုက ေျမေနရာကို ၁၈၃၇ ခုႏွစ္တြင္ ေရာင္းထုတ္သြားခဲ့ၾကသည္။

(နယူးေအာ္လင္းျမဳိ႕၊ Royal လမ္း၊ အမွတ္ ၁၁၄၀ တြင္ တည္ရွိသည္။ ဓာတ္ပံု-Google Earth)

(ကန္ေဒၚလာ ၁၀ ဒသမ ၂၅ သန္း ေစ်းေခၚထားသည္။ ဓာတ္ပံု-Google Earth)

မီးေလာင္ျပီးေနာက္ပိုင္း ေနအိမ္ကို ျပန္လည္ေဆာက္လုပ္ခဲ့ျပီး အမ်ဳိးမ်ဳိးအသံုးျပဳခဲ့ရာ မိန္းကေလးသီးသန္႔ အထက္တန္းေက်ာင္းအျဖစ္လည္း အသံုးျပဳခဲ့ဖူးသည္။

(ဆက္စပ္သတင္း)

နီကိုလပ္ေက့ခ်္၏ နယူးေအာ္လင္းျမိဳ႕မွ သရဲေျခာက္ေသာ LaLaurie စံအိမ္ၾကီး

https://www.imyanmarhouse.com/news/read/1082834

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Haunted New Orleans mansion that Nicolas Cage lost to foreclosure lists for $10.25M

Photo Credit-Google Earth

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service