ဆီဗက်စတာ စတားလုံး ပိုင်ဆိုင်ခဲ့ဖူးသော နယူးယောက်ပြည်နယ်မှ စံအိမ် ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ

ဆီဗက်စတာ စတားလုံး ပိုင်ဆိုင်ခဲ့ဖူးသော နယူးယောက်ပြည်နယ်မှ စံအိမ် ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ - Property News in Myanmar from iMyanmarHouse.com
29 Jul 2024 1:33 pm တွင် တင်ခဲ့သည်
437 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်၏ မြောက်ပိုင်းတွင် တည်ရှိသော မော်ဒယ်ဗိသုကာဟန် စံအိမ်ကြီးတွင် တချိန်က ဟောလိဝုဒ်ကြယ်ပွင့် ဆီဗက်စတာ စတားလုံး နေထိုင်ခဲ့ဖူးပြီး နောက်ပိုင်းတွင် Vogue မဂ္ဂဇင်း၌ အစားအသောက် အကြောင်းများ ရေးသားခဲ့ပြီး အချက်အပြုတ်စာအုပ်လည်း ရေးသားထုတ်ဝေခဲ့သူ ဘာဘရာ ကပ်ဖ်ကာ နေထိုင်ခဲ့ဖူးသည်။

ယခုအခါ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

နယူးယောက်ပြည်နယ် ၊ Putnam ခရိုင်၊ Garrison ကျေးရွာ၊ High Ridge လမ်း ၊ အမှတ် ၄၀ တွင် တည်ရှိသည်။

၁၉၆၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး ဘရွတ်ကလင်းအခြေစိုက် ဒီဇိုင်းကုမ္ပဏီ Madderlake မှ မကြာသေးမီက ပြန်လည်မွမ်းမံပေးထားသည်။

စတားလုံးက ဤစံအိမ်ကို ၁၉၈၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် ပိုင်ဆိုင်ခဲ့ပြီး ကပ်ဖ်ကာက ၁၉၉၉ ခုနှစ်တွင် ဝယ်ယူခဲ့ကာ ၂၀၁၅ ခုနှစ်အထိ နေထိုင်ခဲ့သည်။

လက်ရှိ ပိုင်ရှင်မှာ စီမံခန့်ခွဲမှု အေဂျင်စီ Artist Commissions ကို တည်ထောင်သူ ရှီယား စပန်ဆာ ဖြစ်သည်။

စပန်ဆာက ဤစံအိမ်ကို Marc Jacobs နှင့် Bergdorf Goodman တို့အပါအဝင် နာမည်ကြီး အမှတ်တံဆိပ်များ အတွက် ဓာတ်ပုံရိုက်ကူးရန် ငှားရမ်းပေးခဲ့ဖူးသည်။

(ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ပြတင်းများကြောင့် ဝန်းကျင်ရှုမျှော်ခင်း အလှအပများကို ထိတွေ့ ခံစားနိုင်သည်။)

စံအိမ်မှာ စတုရန်းပေ ၇,၀၀၀ ကျယ်ဝန်းပြီး မြက်ခင်းတို့ဖြင့် စိမ်းလန်းသော တောင်စောင်းတွင် တည်ရှိကာ ဟတ်ဆန်မြစ်နှင့် ဟတ်ဆန်တောင်ကြားတို့၏ ရှုမျှော်ခင်းများကို ၁၈၀ ဒီဂရီ ကြည့်ရှုခံစားနိုင်သည်။

စံအိမ်မှာ သက်တမ်း ဆယ်စုနှစ် ၅ ခုကျော် ရှိပြီဖြစ်သော်လည်း ရှေးမူလက်ရာများ တွေ့ရှိရမှု နည်းပါးသည်။

စံအိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်သည်။

အခန်းတိုင်းကို ကြီးမားသော ပြတင်းများ လျှောထိုးမှန်တံခါးများဖြင့် ကာရံထားရာ နေအိမ်မှာ သဘာဝအလင်း ကောင်းစွာ ရရှိပြီး စိမ်းလန်းသော ဝန်းကျင်ရှုခင်းတို့နှင့် တိုက်ရိုက်ထိတွေ့နိုင်စေသည်။

(Indoor ရေကူးကန်မှာ မှန်ဖြင့် ကာရံထားသော သီးသန့် အဆောင်တန်းတစ်ခုအနေဖြင့် တည်ရှိသည်။ )

အောက်ထပ်တွင် တာရာဇိုအသွင် ကွန်ကရစ်ကြမ်းခင်းများ ရှိသော မီဒီယာခန်းမ၊ ထင်းသုံးမီးလင်းဖို၊ ဟိုတယ်အသွင် Sauna၊ Spa-inspired ရေချိုးခန်း၊ အားကစား လေ့ကျင့်ခန်းမအဖြစ် ပြောင်းလဲအသုံးပြု နိုင်သော နေရာနှင့် ရုပ်ရှင်ရုံတို့ ပါဝင်သည်။

စံအိမ်အတွင်း ရုံးခန်းတစ်ခုနှင့် ကျယ်ဝန်းသည့် အိမ်နောက်ဘက် ကွက်လပ်ဆီသို့ ပေါက်သော Indoor ရေကူးကန်ကြီးတစ်ခုလည်း ရှိသည်။

စံအိမ်အပြင်ဘက်တွင်ကား ကျယ်ပြောသော မြက်ခင်း၊ Zen-inspired ပန်းဥယျာဉ်၊ Built-in ခုံတန်းများ ရှိသည်။

(ဆက်စပ်သတင်းများ)

Adele က စတားလုံးထံမှ ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူထားသော စံအိမ်ကို ဖြိုချ

https://www.imyanmarhouse.com/news/read/1079592

ဗန်ဒိန်း ရုပ်ရှင်လောကအတွင်း မရောက်မီက ဆီဗက်စတာ စတားလုံး၏ အိမ်ကို အုတ်တံတိုင်းကျော်ကာ ဝင်ရောက်ခဲ့သောကြောင့် စတားလုံး၏ ဇနီးက ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ရ၊ ဗန်ဒိန်း၏ ဈေးကွက်တင်ထားသော စံအိမ်

https://www.imyanmarhouse.com/news/read/1060746

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sylvester Stallone’s Former Upstate New York Home Can Be Yours for $4.3 Million (yahoo)

(Photo Credit-Yahoo)

[Zawgyi]

ဆီဗက္စတာ စတားလံုး ပိုင္ဆိုင္ခဲ့ဖူးေသာ နယူးေယာက္ျပည္နယ္မွ စံအိမ္ ကန္ေဒၚလာ ၄ ဒသမ ၃ သန္းျဖင့္ ဝယ္ယူႏိုင္မည့္ အခြင့္အလမ္း ေပၚေပါက္ေန

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျပည္နယ္၏ ေျမာက္ပိုင္းတြင္ တည္ရိွေသာ ေမာ္ဒယ္ဗိသုကာဟန္ စံအိမ္ၾကီးတြင္ တခ်ိန္က ေဟာလိဝုဒ္ၾကယ္ပြင့္ ဆီဗက္စတာ စတားလံုး ေနထုိင္ခဲ့ဖူးျပီး ေနာက္ပိုင္းတြင္ Vogue မဂၢဇင္း၌ အစားအေသာက္ အေၾကာင္းမ်ား ေရးသားခဲ့ျပီး အခ်က္အျပဳတ္စာအုပ္လည္း ေရးသားထုတ္ေဝခဲ့သူ ဘာဘရာ ကပ္ဖ္ကာ ေနထိုင္ခဲ့ဖူးသည္။

ယခုအခါ ကန္ေဒၚလာ ၄ ဒသမ ၃ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

နယူးေယာက္ျပည္နယ္ ၊ Putnam ခရိုင္၊ Garrison ေက်းရြာ၊ High Ridge လမ္း ၊ အမွတ္ ၄၀ တြင္ တည္ရွိသည္။

၁၉၆၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ျပီး ဘရြတ္ကလင္းအေျခစိုက္ ဒီဇိုင္းကုမၸဏီ Madderlake မွ မၾကာေသးမီက ျပန္လည္မြမ္းမံေပးထားသည္။

စတားလံုးက ဤစံအိမ္ကုိ ၁၉၈၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ားတြင္ ပိုင္ဆိုင္ခဲ့ျပီး ကပ္ဖ္ကာက ၁၉၉၉ ခုႏွစ္တြင္ ဝယ္ယူခဲ့ကာ ၂၀၁၅ ခုႏွစ္အထိ ေနထိုင္ခဲ့သည္။

လက္ရွိ ပိုင္ရွင္မွာ စီမံခန္႔ခြဲမႈ ေအဂ်င္စီ Artist Commissions ကို တည္ေထာင္သူ ရွီယား စပန္ဆာ ျဖစ္သည္။

စပန္ဆာက ဤစံအိမ္ကို Marc Jacobs ႏွင့္ Bergdorf Goodman တို႔အပါအဝင္ နာမည္ၾကီး အမွတ္တံဆိပ္မ်ား အတြက္ ဓာတ္ပံုရိုက္ကူးရန္ ငွားရမ္းေပးခဲ့ဖူးသည္။

(ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ ျပတင္းမ်ားေၾကာင့္ ဝန္းက်င္ရႈေမွ်ာ္ခင္း အလွအပမ်ားကို ထိေတြ႔ ခံစားႏိုင္သည္။)

စံအိမ္မွာ စတုရန္းေပ ၇,၀၀၀ က်ယ္ဝန္းျပီး ျမက္ခင္းတို႔ျဖင့္ စိမ္းလန္းေသာ ေတာင္ေစာင္းတြင္ တည္ရွိကာ ဟတ္ဆန္ျမစ္ႏွင့္ ဟတ္ဆန္ေတာင္ၾကားတို႔၏ ရႈေမွ်ာ္ခင္းမ်ားကို ၁၈၀ ဒီဂရီ ၾကည့္ရႈခံစားႏိုင္သည္။

စံအိမ္မွာ သက္တမ္း ဆယ္စုႏွစ္ ၅ ခုေက်ာ္ ရွိျပီျဖစ္ေသာ္လည္း ေရွးမူလက္ရာမ်ား ေတြ႔ရွိရမႈ နည္းပါးသည္။

စံအိမ္တြင္ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါဝင္သည္။

အခန္းတိုင္းကို ၾကီးမားေသာ ျပတင္းမ်ား ေလွ်ာထိုးမွန္တံခါးမ်ားျဖင့္ ကာရံထားရာ ေနအိမ္မွာ သဘာဝအလင္း ေကာင္းစြာ ရရွိျပီး စိမ္းလန္းေသာ ဝန္းက်င္ရႈခင္းတို႔ႏွင့္ တိုက္ရိုက္ထိေတြ႔ႏိုင္ေစသည္။

(Indoor ေရကူးကန္မွာ မွန္ျဖင့္ ကာရံထားေသာ သီးသန္႔ အေဆာင္တန္းတစ္ခုအေနျဖင့္ တည္ရွိသည္။ )

ေအာက္ထပ္တြင္ တာရာဇိုအသြင္ ကြန္ကရစ္ၾကမ္းခင္းမ်ား ရွိေသာ မီဒီယာခန္းမ၊ ထင္းသံုးမီးလင္းဖို၊ ဟိုတယ္အသြင္ Sauna၊ Spa-inspired ေရခ်ိဳးခန္း၊ အားကစား ေလ့က်င့္ခန္းမအျဖစ္ ေျပာင္းလဲအသံုးျပဳ ႏိုင္ေသာ ေနရာႏွင့္ ရုပ္ရွင္ရံုတို႔ ပါဝင္သည္။

စံအိမ္အတြင္း ရံုးခန္းတစ္ခုႏွင့္ က်ယ္ဝန္းသည့္ အိမ္ေနာက္ဘက္ ကြက္လပ္ဆီသို႔ ေပါက္ေသာ Indoor ေရကူးကန္ၾကီးတစ္ခုလည္း ရိွသည္။

စံအိမ္အျပင္ဘက္တြင္ကား က်ယ္ေျပာေသာ ျမက္ခင္း၊ Zen-inspired ပန္းဥယ်ာဥ္၊ Built-in ခံုတန္းမ်ား ရွိသည္။

(ဆက္စပ္သတင္းမ်ား)

Adele က စတားလံုးထံမွ ေဒၚလာ ၅၈ သန္းျဖင့္ ဝယ္ယူထားေသာ စံအိမ္ကို ျဖိဳခ်

https://www.imyanmarhouse.com/news/read/1079592

ဗန္ဒိန္း ရုပ္ရွင္ေလာကအတြင္း မေရာက္မီက ဆီဗက္စတာ စတားလံုး၏ အိမ္ကို အုတ္တံတိုင္းေက်ာ္ကာ ဝင္ေရာက္ခဲ့ေသာေၾကာင့္ စတားလံုး၏ ဇနီးက ရဲတပ္ဖြဲ႔ကို ေခၚယူခဲ့ရ၊ ဗန္ဒိန္း၏ ေစ်းကြက္တင္ထားေသာ စံအိမ္

https://www.imyanmarhouse.com/news/read/1060746

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sylvester Stallone’s Former Upstate New York Home Can Be Yours for $4.3 Million (yahoo)

(Photo Credit-Yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service