နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု

နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု - Property News in Myanmar from iMyanmarHouse.com
26 Jul 2024 1:15 pm တွင် တင်ခဲ့သည်
2169 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာဖရိက အနောက်တောင်ပိုင်းရှိ သဲကန္တာရတစ်ခုထဲတွင် ရာစုနှစ် ၅ ခုခန့် ပျောက်ဆုံးနေခဲ့သော သင်္ဘောကြီး တစ်စင်းကို ရွှေဒင်္ဂါးပြားအပြည့်ဖြင့် ပြန်လည်တွေ့ရှိခဲ့မှုမှာ မကြာသေးမီ ဆယ်စုနှစ်များအတွင်း ရှေးဟောင်း သုတေသန တွေ့ရှိချက်များတွင် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

The Bom Jesus ( ကောင်းမြတ်သော ယေရှု) ဟု အမည်ရသော ပေါ်တူဂီသင်္ဘောကြီးသည် ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ရှိ ဆိပ်ကမ်းမှ ၁၅၃၃ ခုနှစ်၊ မတ်လ ၇ ရက်၊ သောကြာနေ့တွင် စတင်ထွက်ခွာခဲ့သည်။

(မြန်မာနိုင်ငံတွင်ဆိုလျှင် မော်လမြိုင်ကို အုပ်ချုပ်နေသော သိင်္ဂသူရမင်းက ၁၅၃၃ ခုနှစ်၌ အသပြာ တစ်သိန်း ခြောက်သောင်းဖြင့် ကျိုက်သန်လန်ဘုရားတွင် ခေါင်းလောင်းတစ်လုံး သွန်းလုပ်လှူဒါန်းခဲ့ကြောင်း မှတ်တမ်း ရှိသည်။ ၁၅၃၃ ခုနှစ်တွင် ယိုးဒယားဘုရင် ဗြရာသွန်ဘိဿက မြိတ်နယ်ကို သိမ်းပိုက်ပြီး သင်္ဘောဆိပ် တည်ခဲ့သည်ဟု မှတ်တမ်းလည်းရှိသည်။)

ထိုသင်္ဘော၏ ကံကြမ္မာကို ၂၀၀၈ ခုနှစ်အထိ မသိကြရတော့ဘဲ ပျောက်ဆုံးသွားခဲ့သည်။

၂၀၀၈ ခုနှစ်တွင်မူ အာဖရိကတိုက်မှ နမီးဘီးယားနိုင်ငံ၏ ကမ်းရိုးတန်းအနီး သဲကန္တာရထဲတွင် စိန်တူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်စဉ် အဆိုပါသင်္ဘောကြီး၏ ကြွင်းကျန်ရစ်သော အပျက်အစီးများ ရှာဖွေတွေ့ရှိလာ ခဲ့သည်။

အိန္ဒိယနိုင်ငံသို့ ဦးတည်ထွက်ခွာခဲ့သည့် အဆိုပါသင်္ဘောကြီးပေါ်တွင် ရွှေနှင့် ကြေးနီချောင်းကဲ့သို့ တန်ဖိုးကြီး ပစ္စည်းများ တင်ဆောင်ထားခဲ့ပြီး ပြင်းထန်သည့် မုန်တိုင်းကြီး တိုက်ခတ်စဉ် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

သင်္ဘောကြီးပေါ်တွင် ပါရှိသည့် ရွှေဒင်္ဂါး ၂၀၀၀ နှင့် ကြေးနီချောင်း ပေါင်ချိန်ထောင်ပေါင်းများစွာမှာ Bom Jesus သဘော်ကြီးပေါ်တွင် မည်သူမျှ မထိမတွေ့ရသေးသည့် အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

Bom Jesus သင်္ဘောကြီးသည် နမီးဘီးယား၏ ကမ်းခြေနှင့် အလွန်နီးကပ်စွာ မုန်တိုင်း၏ ဆွဲခေါ်ခံရမှုကြောင့် ကမ်းခြေရှိ ကျောက်ဆောင်များနှင့် တိုက်မိကာ နစ်မြုပ်သွားရခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။

ကမ်းရိုးတန်းဒေသမှ နောင်အခါ ရေဆုတ်သွားချိန်တွင် Bom Jesus မှာ သဲကန္တာရအတွင်း ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

သင်္ဘော၏ အပျက်အစီးအနေအထားကို ကြည့်ရှုခြင်းအားဖြင့် မုန်တိုင်းမှာ အလွန်ပြင်းထန်ခဲ့သည်ဟု ခန့်မှန်းရသည်။

သင်္ဘောပေါ်တွင် အရိုးစု အစအန အနည်းငယ်မှလွဲပြီး လူရိုးစုများ မတွေ့ရခြင်းကို ကြည့်လျှင် သင်္ဘောပေါ် လိုက်ပါသူ အများစုမှာ နမီးဘီးယားကမ်းခြေသို့ တက်ကာ အသက်ရှင်သန်ခဲ့ကြခြင်း (သို့မဟုတ်) ပင်လယ်တွင် လွင့်ပါ သေဆုံးခဲ့ခြင်း တစ်ခုခု ဖြစ်နိုင်သည်။

တောင်အာဖရိက ရေကြောင်း ရှေးဟောင်းသုတေသနအင်စတီကျု၏ အကြီးအကဲ ဒေါက်တာ နိုလီက ပြောသည်မှာ မကြာသေးမီကာလများအတွင်း အဆိုပါကမ်းရိုးတန်းဒေသများသို့ မုန်တိုင်းများ အလွန် ဝင်ရောက် ကြောင်း၊ သို့ဖြစ်ရာ သင်္ဘောပျက်တစ်စင်းကို ရှာဖွေတွေ့ရှိခြင်းမှာ အံ့အားသင့်ဖွယ် မဟုတ်ကြောင်း ပြောသည်။

တူးဖော်တွေ့ရှိခဲ့သော ရွှေဒင်္ဂါးများမှာ ၁၅၃၃ ခုနှစ်က ပျောက်ဆုံးသွားခဲ့သော ပေါ်တူဂီသင်္ဘောကြီးတစ်စီးမှ ရွှေဒင်္ဂါးများဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ရွှေဒင်္ဂါးပြားများအပြင် ကြေးနီခွက်များနှင့် ရှည်လျားသော သတ္တုတိုင်များလည်း တွေ့ရှိခဲ့ရာ အဆိုပါသတ္တုတိုင် များမှာ အမြှောက်များဖြစ်နေကြောင်း နောက်ပိုင်းတွင် သိရှိလာသည်။

ဒေါက်တာနိုလီနှင့်အဖွဲ့သည် ပြောင်းချော သေနတ်တစ်လက်လည်း ရှာဖွေတွေ့ရှိခဲ့ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀ ခန့်ရှိပြီဟု ခန့်မှန်းထားသည်။

ထို့အပြင် သံလိုက်အိမ်မြှောင်များ၊ ဓားများ၊ နက္ခတ္တဗေဒသုံး ပစ္စည်းကိရိယာများ၊ အမြှောက်များအပြင် ထိုခေတ်ထိုကာလသုံး ပစ္စည်းများစွာလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ရှာဖွေတွေ့ရှိသည့် ပစ္စည်းများတွင် ငွေဒင်္ဂါးများလည်း ပါဝင်သည်ဟု ဆိုသည်။

သင်္ဘောပျက်တွင် ရှာဖွေတွေ့ရှိသည့် ပစ္စည်းများအရ Bom Jesus သည် အိန္ဒိယနိုင်ငံ အနောက်ပိုင်းသို့ ဦးတည်သွားရောက်ခြင်းဖြစ်သည်ဟု ဒေါက်တာ နိုလီနှင့် အခြားပညာရှင်များက ယုံကြည်ကြသည်။

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းဆိပ်ကမ်းမှ အာဖရိကတောင်ဖျားကို ဖြတ်သန်းကာ သွားသည့် လမ်းကြောင်းဖြစ်သည်။

ထိုခေတ်ထိုကာလက ပေါ်တူဂီသင်္ဘောများ သွားလေ့ရှိသည့်လမ်းကြောင်းဖြစ်ပြီး တင်ဆောင်လေ့ရှိသည့် ကုန်စည်များမှာလည်း ယခုကုန်စည်မျိုးပင် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Long-Lost Ship Found in the Desert Laden With Gold (greekreporter)

[Zawgyi]

ႏွစ္ေပါင္း ၅၀၀ နီးပါး ေပ်ာက္ဆံုးေနေသာ သေဘၤာၾကီးတစ္စင္းကို အာဖရိကရွိ သဲကႏၱာရတစ္ခုထဲတြင္ ေရႊဒဂၤါးမ်ားအျပည့္ျဖင့္ ျပန္လည္ေတြ႔ရွိမႈ

အာဖရိက အေနာက္ေတာင္ပိုင္းရွိ သဲကႏၱာရတစ္ခုထဲတြင္ ရာစုႏွစ္ ၅ ခုခန္႔ ေပ်ာက္ဆံုးေနခဲ့ေသာ သေဘၤာၾကီး တစ္စင္းကို ေရႊဒဂၤါးျပားအျပည့္ျဖင့္ ျပန္လည္ေတြ႔ရွိခဲ့မႈမွာ မၾကာေသးမီ ဆယ္စုႏွစ္မ်ားအတြင္း ေရွးေဟာင္း သုေတသန ေတြ႔ရွိခ်က္မ်ားတြင္ စိတ္လႈပ္ရွားဖြယ္အေကာင္းဆံုး ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့သည္။

The Bom Jesus ( ေကာင္းျမတ္ေသာ ေယရႈ) ဟု အမည္ရေသာ ေပၚတူဂီသေဘၤာၾကီးသည္ ေပၚတူဂီႏိုင္ငံ၊ လစၥဘြန္းျမိဳ႕ရွိ ဆိပ္ကမ္းမွ ၁၅၃၃ ခုႏွစ္၊ မတ္လ ၇ ရက္၊ ေသာၾကာေန႔တြင္ စတင္ထြက္ခြာခဲ့သည္။

(ျမန္မာႏိုင္ငံတြင္ဆိုလွ်င္ ေမာ္လျမိဳင္ကို အုပ္ခ်ဳပ္ေနေသာ သိဂၤသူရမင္းက ၁၅၃၃ ခုႏွစ္၌ အသျပာ တစ္သိန္း ေျခာက္ေသာင္းျဖင့္ က်ိဳက္သန္လန္ဘုရားတြင္ ေခါင္းေလာင္းတစ္လံုး သြန္းလုပ္လွဴဒါန္းခဲ့ေၾကာင္း မွတ္တမ္း ရွိသည္။ ၁၅၃၃ ခုႏွစ္တြင္ ယိုးဒယားဘုရင္ ျဗရာသြန္ဘိႆက ျမိတ္နယ္ကို သိမ္းပိုက္ျပီး သေဘၤာဆိပ္ တည္ခဲ့သည္ဟု မွတ္တမ္းလည္းရွိသည္။) ထိုသေဘၤာ၏ ကံၾကမၼာကို ၂၀၀၈ ခုႏွစ္အထိ မသိၾကရေတာ့ဘဲ ေပ်ာက္ဆံုးသြားခဲ့သည္။

၂၀၀၈ ခုႏွစ္တြင္မူ အာဖရိကတိုက္မွ နမီးဘီးယားႏိုင္ငံ၏ ကမ္းရိုးတန္းအနီး သဲကႏၱာရထဲတြင္ စိန္တူးေဖာ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္စဥ္ အဆိုပါသေဘၤာၾကီး၏ ၾကြင္းက်န္ရစ္ေသာ အပ်က္အစီးမ်ား ရွာေဖြေတြ႔ရွိလာ ခဲ့သည္။

အိႏိၵယႏိုင္ငံသို႔ ဦးတည္ထြက္ခြာခဲ့သည့္ အဆိုပါသေဘၤာၾကီးေပၚတြင္ ေရႊႏွင့္ ေၾကးနီေခ်ာင္းကဲ့သို႔ တန္ဖိုးၾကီး ပစၥည္းမ်ား တင္ေဆာင္ထားခဲ့ျပီး ျပင္းထန္သည့္ မုန္တိုင္းၾကီး တိုက္ခတ္စဥ္ နစ္ျမဳပ္သြားခဲ့ျခင္း ျဖစ္သည္။

သေဘၤာၾကီးေပၚတြင္ ပါရွိသည့္ ေရႊဒဂၤါး ၂၀၀၀ ႏွင့္ ေၾကးနီေခ်ာင္း ေပါင္ခ်ိန္ေထာင္ေပါင္းမ်ားစြာမွာ Bom Jesus သေဘ္ာၾကီးေပၚတြင္ မည္သူမွ် မထိမေတြ႔ရေသးသည့္ အေနအထားျဖင့္ ျပန္လည္ေတြ႔ရွိခဲ့သည္။

Bom Jesus သေဘၤာၾကီးသည္ နမီးဘီးယား၏ ကမ္းေျခႏွင့္ အလြန္နီးကပ္စြာ မုန္တိုင္း၏ ဆြဲေခၚခံရမႈေၾကာင့္ ကမ္းေျခရွိ ေက်ာက္ေဆာင္မ်ားႏွင့္ တိုက္မိကာ နစ္ျမဳပ္သြားရျခင္းျဖစ္သည္ဟု ခန္႔မွန္းၾကသည္။

ကမ္းရိုးတန္းေဒသမွ ေနာင္အခါ ေရဆုတ္သြားခ်ိန္တြင္ Bom Jesus မွာ သဲကႏၱာရအတြင္း က်န္ရစ္ခဲ့ျခင္း ျဖစ္သည္။

သေဘၤာ၏ အပ်က္အစီးအေနအထားကို ၾကည့္ရႈျခင္းအားျဖင့္ မုန္တိုင္းမွာ အလြန္ျပင္းထန္ခဲ့သည္ဟု ခန္႔မွန္းရသည္။

သေဘၤာေပၚတြင္ အရိုးစု အစအန အနည္းငယ္မွလြဲျပီး လူရိုးစုမ်ား မေတြ႔ရျခင္းကို ၾကည့္လွ်င္ သေဘၤာေပၚ လိုက္ပါသူ အမ်ားစုမွာ နမီးဘီးယားကမ္းေျခသို႔ တက္ကာ အသက္ရွင္သန္ခဲ့ၾကျခင္း (သို႔မဟုတ္) ပင္လယ္တြင္ လြင့္ပါ ေသဆံုးခဲ့ျခင္း တစ္ခုခု ျဖစ္ႏိုင္သည္။

ေတာင္အာဖရိက ေရေၾကာင္း ေရွးေဟာင္းသုေတသနအင္စတီက်ဳ၏ အၾကီးအကဲ ေဒါက္တာ ႏိုလီက ေျပာသည္မွာ မၾကာေသးမီကာလမ်ားအတြင္း အဆိုပါကမ္းရိုးတန္းေဒသမ်ားသုိ႔ မုန္တိုင္းမ်ား အလြန္ ဝင္ေရာက္ ေၾကာင္း၊ သို႔ျဖစ္ရာ သေဘၤာပ်က္တစ္စင္းကို ရွာေဖြေတြ႔ရွိျခင္းမွာ အံ့အားသင့္ဖြယ္ မဟုတ္ေၾကာင္း ေျပာသည္။

တူးေဖာ္ေတြ႔ရွိခဲ့ေသာ ေရႊဒဂၤါးမ်ားမွာ ၁၅၃၃ ခုႏွစ္က ေပ်ာက္ဆံုးသြားခဲ့ေသာ ေပၚတူဂီသေဘၤာၾကီးတစ္စီးမွ ေရႊဒဂၤါးမ်ားျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့သည္။

ေရႊဒဂၤါးျပားမ်ားအျပင္ ေၾကးနီခြက္မ်ားႏွင့္ ရွည္လ်ားေသာ သတၱဳတိုင္မ်ားလည္း ေတြ႔ရွိခဲ့ရာ အဆိုပါသတၱဳတိုင္ မ်ားမွာ အေျမွာက္မ်ားျဖစ္ေနေၾကာင္း ေနာက္ပိုင္းတြင္ သိရွိလာသည္။

ေဒါက္တာႏိုလီႏွင့္အဖြဲ႔သည္ ေျပာင္းေခ်ာ ေသနတ္တစ္လက္လည္း ရွာေဖြေတြ႔ရွိခဲ့ျပီး သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၅၀၀ ခန္႔ရွိျပီဟု ခန္႔မွန္းထားသည္။

ထို႔အျပင္ သံလိုက္အိမ္ေျမွာင္မ်ား၊ ဓားမ်ား၊ နကၡတၱေဗဒသံုး ပစၥည္းကိရိယာမ်ား၊ အေျမွာက္မ်ားအျပင္ ထိုေခတ္ထိုကာလသံုး ပစၥည္းမ်ားစြာလည္း ရွာေဖြေတြ႔ရွိခဲ့သည္။

ရွာေဖြေတြ႔ရွိသည့္ ပစၥည္းမ်ားတြင္ ေငြဒဂၤါးမ်ားလည္း ပါဝင္သည္ဟု ဆိုသည္။

သေဘၤာပ်က္တြင္ ရွာေဖြေတြ႔ရွိသည့္ ပစၥည္းမ်ားအရ Bom Jesus သည္ အိႏိၵယႏိုင္ငံ အေနာက္ပိုင္းသို႔ ဦးတည္သြားေရာက္ျခင္းျဖစ္သည္ဟု ေဒါက္တာ ႏိုလီႏွင့္ အျခားပညာရွင္မ်ားက ယံုၾကည္ၾကသည္။

ေပၚတူဂီႏိုင္ငံ၊ လစၥဘြန္းဆိပ္ကမ္းမွ အာဖရိကေတာင္ဖ်ားကို ျဖတ္သန္းကာ သြားသည့္ လမ္းေၾကာင္းျဖစ္သည္။

ထိုေခတ္ထိုကာလက ေပၚတူဂီသေဘၤာမ်ား သြားေလ့ရွိသည့္လမ္းေၾကာင္းျဖစ္ျပီး တင္ေဆာင္ေလ့ရွိသည့္ ကုန္စည္မ်ားမွာလည္း ယခုကုန္စည္မ်ဳိးပင္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Long-Lost Ship Found in the Desert Laden With Gold (greekreporter)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service